All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သုံးလခံသန္ဓတားဆေး(Depo)၏အကျိုးအပြစ်များ

1 Mins read

သုံးလခံသန္ဓတားဆေး(Depo)၏အကျိုးအပြစ်များ

သန္ဓေတားဆေး(Depo)ကအသားထဲထိုးရတာဖြစ်ပြီးအရမ်းကိုလွယ်ကူထိရောက်ပြီးရက်သတ္တပတ် ၁၁ပတ်မှ၁၄ပတ် ပုံမှန်အားဖြင့်၃လအထိ ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။မြန်မာနိူင်ငံမှာသုံးလခံသန္ဓေတားဆေးဆိုရင်မသိတဲ့မိခင်ဆိုတာအရမ်းရှားပါတယ်။သုံးလခံသန္ဓေတားဆေး(depo)ကတစ်နှစ်မှာပုံမှန်အားဖြင့်လေးကြိမ်ထိုးရပါမည်။ Depoတားဆေးက progestin ခေါ်medroxy progesterone acetate ဆိုတဲ့ hormone ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပြီးသုံးလလောက်ကိုယ်ဝန်ရနိူင်ခြင်းကိုတားဆီးပေးပါတယ်။progestin ဟော်မုန်းကသားဥကြွေခြင်းovulation နှင့် သားအိမ်ခေါင်းအကျိအချွဲထူခြင်း thicking the cervical mucus တို့ကိုကာကွယ်ပေးခြင်းဖြင့်သားဆက်ခြားခြင်းကိုထိထိရောက်ရောက်ကာကွယ်ပေးပါသည်။ Depo သားဆက်ခြားဆေးသည်လေ့လာစမ်းသပ်ချက်များအရအသုံးပြုသောမိခင်များတွင်လူအယောက်(၁၀၀)တွင်(၃)ယောက်သာကိုယ်ဝန်ရပြီး း၉၄% မှ ၉၉% ထိကိုယ်ဝန်ရနိူင်ခြင်းကိုတားဆီးပေးပါသည်။

အခြားတစ်ဖက်မှာလည်းသုံးလခံဆေး(Depo)အသုံးပြုခြင်းအားဖြင့်

၁။ပထမဆုံးအကြိမ်ထိုးခြင်းတွင်(၆)လကနေ(၁၂)လအထိ ရာသီအချိန်မမှန်ခြင်း

၂။ရာသီသွေးဆင်းများခြင်း

၃။ အစားစားချင်စိတ်များပြောင်းလဲခြင်း

၄။လိင်မှုကိစ္စများတွင်စိတ်ဝင်စားမှုလျော့နည်းခြင်း

၅။ပျို့ခြင်း ခေါင်းကိုက်ခြင်း ရင်သားများနာခြင်း

၆။ကိုယ်အလေးချိန်တက်ခြင်း

၇။ဝက်ခြံများထွက်ခြင်းတို့ကိုများသောအားဖြင့်ဖြစ်တတ်ကြပါသည်။

အဆိုးဆုံးအနေနဲ့ကတော့ကြာရှည်စွာအသုံးပြုလျှင်ရင်သွေးလိုချင်သောအခါကိုယ်ဝန်ဆောင်နိူင်ရန်ခက်ခဲခြင်းနှင့်အရိုးများ၏သိပ်သည်းဆကိုလည်းနည်းပါးစေသောကြောင့်အရိုးပါးရောဂါများကိုလည်းခံစားရနိူင်ပါသည်။

သုံးလခံတားဆေး(Depo)ကိုဘယ်လိုများစပြီးသုံးသင့်ပြီးဘယ်လိုမျိုးအချိန်ကျရင်ရပ်သင့်သလဲဆိုတာသိထားဖို့လိုအပ်ပါသည်။ သုံးလခံတားဆေးကိုစသုံးတော့မည်ဆိုလျှင်နီးစပ်ရာကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်ပြီးလိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမူများကိုပြုလုပ်ပြီးမှထိုးသင့်ပါသည်။ ဘယ်လိုအချိန်မျိုးတွေမှာရပ်သင့်သလိုဆိုတော့ခလေးလိုချင်တော့သည့်အချိန်အခါမျိုးတွင်ကျန်းမာရေးဝန်ထမ်းများဖြင့်တိုင်ပင်ပြီးမှရပ်သင့်ပါသည်။ များသောအားဖြင့်မိခင်များသည် ခန္ဓာကိုယ်အလေးချိန်တိုးလာသောအခါတွင်depoတားဆေးအသုံးပြုခြင်းကိုရပ်တန့်ပစ်ကြပါသည်။ Depoတားဆေးအသုံးပြုပြီးခန္ဓာကိုယ်အလေးချိန်မတက်အောင် အဆီအစိမ့်ကင်း၍အာဟာရမျှတသောအစားအစာစားသုံးခြင်းနှင့်သင့်တင့်မျှတသောအားကစားပြုလုပ်ပေးခြင်းဖြင့်လည်းဝိတ်မတက်အောင်ပြုလုပ်ပေးနိူင်ပါသည်။

ပျော်ရွှင်ကျန်းမာသောမိသားစုကိုပိုင်ဆိုင်ပါစေ။

ဒေါက်တာအာကာမျိုးသန့်

သုံးလခံသႏၶတားေဆး(Depo)၏အက်ိဳးအျပစ္မ်ား

သေႏၶတားေဆး(Depo)ကအသားထဲထိုးရတာျဖစ္ၿပီးအရမ္းကိုလြယ္ကူထိေရာက္ၿပီးရက္သတၱပတ္ ၁၁ပတ္မွ၁၄ပတ္ ပုံမွန္အားျဖင့္၃လအထိ ကိုယ္ဝန္မရေအာင္ကာကြယ္ေပးပါတယ္။ျမန္မာႏိူင္ငံမွာသုံးလခံသေႏၶတားေဆးဆိုရင္မသိတဲ့မိခင္ဆိုတာအရမ္းရွားပါတယ္။သုံးလခံသေႏၶတားေဆး(depo)ကတစ္ႏွစ္မွာပုံမွန္အားျဖင့္ေလးႀကိမ္ထိုးရပါမည္။ Depoတားေဆးက progestin ေခၚmedroxy progesterone acetate ဆိုတဲ့ hormone ေဟာ္မုန္းတစ္မ်ိဳးကိုထုတ္ေပးၿပီးသုံးလေလာက္ကိုယ္ဝန္ရႏိူင္ျခင္းကိုတားဆီးေပးပါတယ္။progestin ေဟာ္မုန္းကသားဥေႂကြျခင္းovulation ႏွင့္ သားအိမ္ေခါင္းအက်ိအခြၽဲထူျခင္း thicking the cervical mucus တို႔ကိုကာကြယ္ေပးျခင္းျဖင့္သားဆက္ျခားျခင္းကိုထိထိေရာက္ေရာက္ကာကြယ္ေပးပါသည္။ Depo သားဆက္ျခားေဆးသည္ေလ့လာစမ္းသပ္ခ်က္မ်ားအရအသုံးျပဳေသာမိခင္မ်ားတြင္လူအေယာက္(၁၀၀)တြင္(၃)ေယာက္သာကိုယ္ဝန္ရၿပီး း၉၄% မွ ၉၉% ထိကိုယ္ဝန္ရႏိူင္ျခင္းကိုတားဆီးေပးပါသည္။

အျခားတစ္ဖက္မွာလည္းသုံးလခံေဆး(Depo)အသုံးျပဳျခင္းအားျဖင့္

၁။ပထမဆုံးအႀကိမ္ထိုးျခင္းတြင္(၆)လကေန(၁၂)လအထိ ရာသီအခ်ိန္မမွန္ျခင္း

၂။ရာသီေသြးဆင္းမ်ားျခင္း

၃။ အစားစားခ်င္စိတ္မ်ားေျပာင္းလဲျခင္း

၄။လိင္မႈကိစၥမ်ားတြင္စိတ္ဝင္စားမႈေလ်ာ့နည္းျခင္း

၅။ပ်ိဳ႕ျခင္း ေခါင္းကိုက္ျခင္း ရင္သားမ်ားနာျခင္း

၆။ကိုယ္အေလးခ်ိန္တက္ျခင္း

၇။ဝက္ၿခံမ်ားထြက္ျခင္းတို႔ကိုမ်ားေသာအားျဖင့္ျဖစ္တတ္ၾကပါသည္။

အဆိုးဆုံးအေနနဲ႔ကေတာ့ၾကာရွည္စြာအသုံးျပဳလွ်င္ရင္ေသြးလိုခ်င္ေသာအခါကိုယ္ဝန္ေဆာင္ႏိူင္ရန္ခက္ခဲျခင္းႏွင့္အ႐ိုးမ်ား၏သိပ္သည္းဆကိုလည္းနည္းပါးေစေသာေၾကာင့္အ႐ိုးပါးေရာဂါမ်ားကိုလည္းခံစားရႏိူင္ပါသည္။

သုံးလခံတားေဆး(Depo)ကိုဘယ္လိုမ်ားစၿပီးသုံးသင့္ၿပီးဘယ္လိုမ်ိဳးအခ်ိန္က်ရင္ရပ္သင့္သလဲဆိုတာသိထားဖို႔လိုအပ္ပါသည္။ သုံးလခံတားေဆးကိုစသုံးေတာ့မည္ဆိုလွ်င္နီးစပ္ရာကြၽမ္းက်င္ေသာက်န္းမာေရးဝန္ထမ္းမ်ားႏွင့္တိုင္ပင္ၿပီးလိုအပ္တဲ့က်န္းမာေရးစစ္ေဆးမူမ်ားကိုျပဳလုပ္ၿပီးမွထိုးသင့္ပါသည္။ ဘယ္လိုအခ်ိန္မ်ိဳးေတြမွာရပ္သင့္သလိုဆိုေတာ့ခေလးလိုခ်င္ေတာ့သည့္အခ်ိန္အခါမ်ိဳးတြင္က်န္းမာေရးဝန္ထမ္းမ်ားျဖင့္တိုင္ပင္ၿပီးမွရပ္သင့္ပါသည္။ မ်ားေသာအားျဖင့္မိခင္မ်ားသည္ ခႏၶာကိုယ္အေလးခ်ိန္တိုးလာေသာအခါတြင္depoတားေဆးအသုံးျပဳျခင္းကိုရပ္တန႔္ပစ္ၾကပါသည္။ Depoတားေဆးအသုံးျပဳၿပီးခႏၶာကိုယ္အေလးခ်ိန္မတက္ေအာင္ အဆီအစိမ့္ကင္း၍အာဟာရမွ်တေသာအစားအစာစားသုံးျခင္းႏွင့္သင့္တင့္မွ်တေသာအားကစားျပဳလုပ္ေပးျခင္းျဖင့္လည္းဝိတ္မတက္ေအာင္ျပဳလုပ္ေပးႏိူင္ပါသည္။

ေပ်ာ္႐ႊင္က်န္းမာေသာမိသားစုကိုပိုင္ဆိုင္ပါေစ။

ေဒါက္တာအာကာမ်ိဳးသန႔္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *