မျက်ကပ်မှန်တပ်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုး နှစ်ဖြာ

မျက်ကပ်မှန်လေးတွေက မျက်လုံးရဲ့အလှအပကို ပိုမိုဝင်းလက်စေပါတယ်။

အရောင်အသွေးစုံ၊ ဒီဇိုင်းစုံတဲ့ မျက်ကပ်မှန်လေးတွေက အလုံးစုံကောင်းတာလား?

ဒီအဖြေကိုသိဖို့ဆက်ဖတ်ကြည့်ရအောင်လား။

ကောင်းတဲ့ဘက်ကပြောမယ်ဆိုရင်တော့

– မျက်ကပ်မှန်တပ်ထားမယ်ဆိုရင် မျက်မှန်တပ်သလို နှာခေါင်းပေါ်မှာလေးနေတာ၊မျိုးမရှိပါဘူး။

– ရောင်စုံ၊ ဒီဇိုင်းစုံရှိတော့ မျက်ဝန်းအလှပိုတာပေါ့နော်။

– မျက်မှန်လိုဘောင်ထဲကြည့် ရတာမဟုတ်လို့ ပိုပြီး ကြည့်လို့ကောင်းပါတယ်။

– မျက်မှန်လို အပူအအေးမမျှတဲ့အခါ ရေငွေ့ပျံမှာမျိုးမပူရပါဘူး။

– ကားမောင်းတဲ့ အချိန်ဆိုရင် မျက်ကပ်မှန်က ပိုကြည့်လို့ကောင်းပါတယ်။

– အားကစားလှုပ်တဲ့အခါ။ လှုပ်ရှားကစားတဲ့အခါ မျက်မှန်လိုပြုတ်ကျမှာမျိုးမပူရပါဘူး။မကောင်းတဲ့ဘက်ကဆိုရင်တော့

– မျက်ကပ်မှန် တပ်ဆင်ဖို့ အစဉ်သန့်ရှင်းနေဖို့လိုပါတယ်။ ဒါမှသာ မျက်လုံးပိုးမဝင်မှာဖြစ်ပါတယ်။ခရီးသွားတဲ့အခါမျိုးမှာတော့ မျက်ကပ်မှန်သန့်စင်ဖို့ဆေးကြောရတာက အလုပ်တစ်ခုလိုတော့ ဖြစ်နေမှာပါ။

– ကာင်းစွာ သန့်စင်မထားတဲ့မျက်ကပ်မှန်တပ်မိပြန်ရင်လည်း မျက်သားပိုးဝင်နိုင်ခြေရှိပါတယ်။မျက်သားပေါ်မှာ ယားယံခြင်း၊ နီမြန်းခြင်းဖြစ်စေနိုင်ပါတယ်။

– မျက်ကပ်မှန်လေးတွေက အလွန်နူးညံ့တာကြောင့် မျက်မှန်ထက်စာရင် ပျကိစီး ၊ ပျောက်ဆုံးနိုင်ခြေပိုများပါတယ်။

– တစ်ချို့ မျက်ကပ်မှန်တပ်လို့ မနေတတ်ပါဘူးဆိုတဲ့လူတွေလည်း ရှိနိုင်ပါတယ်။

– မျက်ကပ်မှန်က မျက်သားကိုခြောက်စေပါတယ်။ မျက်သားဆီကို Oxygen မရောက်အောင်တားထားသလိုဖြစ်စေတာကြောင့် ရေရှည်မှာတော့ မျက်လုံးထိခိုက်နိုင်ပါတယ်။

– မျက်ကပ်မှန် တပ်တဲ့လူဟာ ဓာတ်မတည့်တတ်တဲ့လူဖြစ်ပါက တချို့ရာသီဥတုတွေမှာ မျက်ကပ်မှန်တပ်ဖို့အဆင်မပြေနိုင်ပါဘူး။

– ဘယ်အချိန်ဖြစ်ဖြစ် အရမ်းပင်ပန်းပြီးအိပ်ချင်နေရင်တောင် မျက်ကပ်မှန်ချွတ်အိပ်ဖို့ အမြဲသတိထားရပါလိမ့်မယ်။ဒါဆ်ု မျက်ကပ်မှန်ကိုယ်နဲ့ ကိုက်၏။ မကိုက်၏။ စဉ်းစားနိုင်မယ်ထင်ပါတယ်။

မယ်တင်( ဆေး ၁)

မ်က္ကပ္မွန္တပ္ျခင္းရဲ႕ေကာင္းက်ိဳးဆိုးက်ိဳး ႏွစ္ျဖာ

မ်က္ကပ္မွန္ေလးေတြက မ်က္လံုးရဲ႕အလွအပကို ပိုမိုဝင္းလက္ေစပါတယ္။

အေရာင္အေသြးစံု၊ ဒီဇိုင္းစံုတဲ့ မ်က္ကပ္မွန္ေလးေတြက အလံုးစံုေကာင္းတာလား?

ဒီအေျဖကိုသိဖို႔ဆက္ဖတ္ၾကည့္ရေအာင္လား။

ေကာင္းတဲ့ဘက္ကေျပာမယ္ဆိုရင္ေတာ့

– မ်က္ကပ္မွန္တပ္ထားမယ္ဆိုရင္ မ်က္မွန္တပ္သလို ႏွာေခါင္းေပၚမွာေလးေနတာ၊မ်ိဳးမရွိပါဘူး။

– ေရာင္စံု၊ ဒီဇိုင္းစံုရွိေတာ့ မ်က္ဝန္းအလွပိုတာေပါ့ေနာ္။

– မ်က္မွန္လိုေဘာင္ထဲၾကည့္ ရတာမဟုတ္လို႔ ပိုၿပီး ၾကည့္လို႔ေကာင္းပါတယ္။

– မ်က္မွန္လို အပူအေအးမမၽွတဲ့အခါ ေရေငြ႕ပ်ံမွာမ်ိဳးမပူရပါဘူး။

– ကားေမာင္းတဲ့ အခ်ိန္ဆိုရင္ မ်က္ကပ္မွန္က ပိုၾကည့္လို႔ေကာင္းပါတယ္။

– အားကစားလႈပ္တဲ့အခါ။ လႈပ္ရွားကစားတဲ့အခါ မ်က္မွန္လိုျပဳတ္က်မွာမ်ိဳးမပူရပါဘူး။မေကာင္းတဲ့ဘက္ကဆိုရင္ေတာ့

– မ်က္ကပ္မွန္ တပ္ဆင္ဖို႔ အစဥ္သန္႔ရွင္းေနဖို႔လိုပါတယ္။ ဒါမွသာ မ်က္လံုးပိုးမဝင္မွာျဖစ္ပါတယ္။ခရီးသြားတဲ့အခါမ်ိဳးမွာေတာ့ မ်က္ကပ္မွန္သန္႔စင္ဖို႔ေဆးေၾကာရတာက အလုပ္တစ္ခုလိုေတာ့ ျဖစ္ေနမွာပါ။

– ကာင္းစြာ သန္႔စင္မထားတဲ့မ်က္ကပ္မွန္တပ္မိျပန္ရင္လည္း မ်က္သားပိုးဝင္ႏိုင္ေျခရွိပါတယ္။မ်က္သားေပၚမွာ ယားယံျခင္း၊ နီျမန္းျခင္းျဖစ္ေစႏိုင္ပါတယ္။

– မ်က္ကပ္မွန္ေလးေတြက အလြန္ႏူးညံ့တာေၾကာင့္ မ်က္မွန္ထက္စာရင္ ပ်ကိစီး ၊ ေပ်ာက္ဆံုးႏိုင္ေျခပုိမ်ားပါတယ္။

– တစ္ခ်ိဳ႕ မ်က္ကပ္မွန္တပ္လို႔ မေနတတ္ပါဘူးဆိုတဲ့လူေတြလည္း ရွိႏိုင္ပါတယ္။

– မ်က္ကပ္မွန္က မ်က္သားကိုေျခာက္ေစပါတယ္။ မ်က္သားဆီကို Oxygen မေရာက္ေအာင္တားထားသလိုျဖစ္ေစတာေၾကာင့္ ေရရွည္မွာေတာ့ မ်က္လံုးထိခိုက္ႏိုင္ပါတယ္။

– မ်က္ကပ္မွန္ တပ္တဲ့လူဟာ ဓာတ္မတည့္တတ္တဲ့လူျဖစ္ပါက တခ်ိဳ႕ရာသီဥတုေတြမွာ မ်က္ကပ္မွန္တပ္ဖို႔အဆင္မေျပႏိုင္ပါဘူး။

– ဘယ္အခ်ိန္ျဖစ္ျဖစ္ အရမ္းပင္ပန္းၿပီးအိပ္ခ်င္ေနရင္ေတာင္ မ်က္ကပ္မွန္ခၽြတ္အိပ္ဖို႔ အျမဲသတိထားရပါလိမ့္မယ္။ဒါဆ္ု မ်က္ကပ္မွန္ကိုယ္နဲ႔ ကိုက္၏။ မကိုက္၏။ စဥ္းစားႏိုင္မယ္ထင္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…

Leave a Reply

Your email address will not be published. Required fields are marked *