ရေနွေးကြမ်း၏ ကောင်းကျိုးများ
ရေနွေးကြမ်းဆိုတာ မြန်မာတို့ အနှစ်သက်ဆုံး ထဲက တစ်ခုဖြစ်ပါတယ်။ ထမင်းပွဲတိုင်း၊ ဧည့်ခံပွဲတိုင်း၊ အချိုပွဲတိုင်း မပါမဖြစ် ဖြစ်ပါတယ်။ ရေနွေးကြမ်းနဲ့မြန်မာ့ဓလေ့ ဟာ ခွဲမရခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကပါပဲ။ မြန်မာရေနွေးကြမ်းဟာ ဆေးဖက်ဝင်ပါတယ်။ ကောင်းကျိုးတွေလည်း များစွာရှိပါတယ်။ လူကြီးတွေ အများအားဖြင့် ပိုနှစ်သက်ကြပါတယ်။ အင်္ဂလိပ် အခေါ် Tea မှာ မျိုးကွဲပေါင်းများစွာ ရှိပေမယ့် မြန်မာ့ ရေနွေးကြမ်းကတော့ လက်ဖက်ခြောက် ကို ဆိုလိုတာ ဖြစ်ပါတယ်။ အခါးရည်၊ အဖန်ရည် စသဖြင့်လည်း ခေါ်ကြပါတယ်။ လက်ဖက်စိမ်းကို နေလှမ်းအခြောက်ခံထားတာ ဖြစ်ပါတယ်။ Green tea နဲ့မတူပါဘူး။
မြန်မာ့ ရေနွေးကြမ်းရဲ့ကောင်းကျိုးတွေကတော့ Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတယ်။ ဆဲလ်တွေ အချိန်မတိုင်ခင် ပျက်စီးခြင်းကို ကာကွယ်ပါတယ်။ ရေနွေးကြမ်းဟာ ကော်ဖီလောက် ကဖင်းဓာတ် မများပါဘူး။ ရင်တုန်တာ တို့ဖြစ်ခဲပါတယ်။ ရေနွေးကြမ်းဟာ ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ နှလုံးရောဂါကိုလည်း တစ်နည်း ကာကွယ်ပေးပါတယ်။ ကဖင်း အနည်းငယ်ပါဝင်တာကြောင့် အာရုံကို နိုးကြားစေပါတယ်။ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ အလွန်အကျွံသောက်ရင်တော့ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။
ဒါ့အပြင် လက်ဖက်မှာ ပါဝင်တဲ့ Polyphenols နဲ့catechins လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေဟာ ကင်ဆာရောဂါကို လျှော့ချပေးနိုင်တယ်လို့သုတေသနတွေက ပြောကြပါတယ်။ လေ့လာတွေ့ရှိချက် တစ်ခုအရ ရေနွေးကြမ်းသောက်တဲ့ အမျိုးသမီးများမှာ သားဥအိမ်ကင်ဆာ အဖြစ်နည်းတယ်လို့ဆိုပါတယ်။ ကောင်းကျိုးတွေ အလွန်များပါတယ်။ ဒါပေမယ့် သတိထားစရာ အနည်းငယ်ရှိပါတယ်။
ရေနွေးကြမ်းကို ထမင်းစားပြီးပြီးချင်း သောက်တာဟာ အစားအစာမှာ ပါတဲ့ သံဓာတ်စုပ်ယူမှုကို ကျဆင်းစေပါတယ်။ လက်ဖက်ခြောက်မှာပါတဲ့ Tannin ကြောင့် အူတွေက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ နောက်ဆက်တွဲ သွေးအားနည်းတာမျိုးထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုသိသာပါတယ်။ ရာသီလာချိန် သွေးဆုံးရှုံးတာ၊ ကလေးမွေးဖွားချိန် သွေးဆုံးရှုံးတာတွေ ရှိတတ်တာကြောင့် အမျိူးသမီးတွေ အနည်းငယ် သတိထားသင့််ပါတယ်။ ညနေခင်းနဲ့ ညအိပ်ခါနီးထိ ရေနွေးကြမ်းသောက်တာကြောင့် လူကြီးတစ်ချို့မှာ အိပ်မပျော်တာလေးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ညဖက်ကို ချင့်ချိန်သောက်သင့်ပါတယ်။
ထွေထွေထူးထူး ဆိုးကျိုး အနေနဲ့မရှိတာကြောင့် ရေနွေးကြမ်း သောက်တဲ့ အလေ့အထလေးဟာ တကယ်ကို ကောင်းမွန်ပါတယ်။ အနည်းငယ်ချင့်ချိန်ပြီး သောက်သုံးမယ်ဆိုရင် ကောင်းကျိုးအလွန်များပါတယ်။
ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။
ေရေႏြးၾကမ္း၏ ေကာင္းက်ိဳးမ်ား
ေရေႏြးၾကမ္းဆိုတာ ျမန္မာတို ့ အနွစ္သက္ဆံုး ထဲက တစ္ခုျဖစ္ပါတယ္။ ထမင္းပြဲတိုင္း၊ ဧည့္ခံပြဲတိုင္း၊ အခ်ိ္ဳပြဲတိုင္း မပါမျဖစ္ ျဖစ္ပါတယ္။ ေရေႏြးၾကမ္းနဲ ့ျမန္မာ့ဓေလ့ ဟာ ခြဲမရခဲ့တာ လြန္ခဲ့တဲ့ နွစ္ေပါင္းမ်ားစြာ ကတည္းကပါပဲ။ ျမန္မာေရေႏြးၾကမ္းဟာ ေဆးဖက္၀င္ပါတယ္။ ေကာင္းက်ိဳးေတြလည္း မ်ားစြာရွိပါတယ္။ လူၾကီးေတြ အမ်ားအားျဖင့္ ပိုနွစ္သက္ၾကပါတယ္။ အဂၤလိပ္ အေခၚ Tea မွာ မ်ိဳးကြဲေပါင္းမ်ားစြာ ရွိေပမယ့္ ျမန္မာ့ ေရေႏြးၾကမ္းကေတာ့ လက္ဖက္ေျခာက္ ကို ဆိုလိုတာ ျဖစ္ပါတယ္။ အခါးရည္၊ အဖန္ရည္ စသျဖင့္လည္း ေခၚၾကပါတယ္။ လက္ဖက္စိမ္းကို ေနလွမ္းအေျခာက္ခံထားတာ ျဖစ္ပါတယ္။ Green tea နဲ ့မတူပါဘူး။
ျမန္မာ့ ေရေႏြးၾကမ္းရဲ ့ေကာင္းက်ိဳးေတြကေတာ့ Antioxidants လိ္ု ့ေခၚတဲ့ ဓာတ္တိုးဆန္ ့က်င္ပစၥည္းေတြပါတယ္။ ဆဲလ္ေတြ အခ်ိန္မတိုင္ခင္ ပ်က္စီးျခင္းကို ကာကြယ္ပါတယ္။ ေရေႏြးၾကမ္းဟာ ေကာ္ဖီေလာက္ ကဖင္းဓာတ္ မမ်ားပါဘူး။ ရင္တုန္တာ တို ့ျဖစ္ခဲပါတယ္။ ေရေႏြးၾကမ္းဟာ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစပါတယ္။ နွလံုးေရာဂါကိုလည္း တစ္နည္း ကာကြယ္ေပးပါတယ္။ ကဖင္း အနည္းငယ္ပါ၀င္တာေၾကာင့္ အာရုံကို နိုးၾကားေစပါတယ္။ အာရံုစူးစိုက္မွု ေကာင္းေစပါတယ္။ အလြန္အကၽြံေသာက္ရင္ေတာ့ အိပ္မေပ်ာ္တာမ်ိဳး ျဖစ္တတ္ပါတယ္။
ဒါ့အျပင္ လက္ဖက္မွာ ပါ၀င္တဲ့ Polyphenols နဲ ့catechins လို ့ေခၚတဲ့ ဓာတ္ေပါင္းေတြဟာ ကင္ဆာေရာဂါကို ေလ်ွာ့ခ်ေပးနိုင္တယ္လို ့သုေတသနေတြက ေျပာၾကပါတယ္။ ေလ့လာေတြ ့ရွိခ်က္ တစ္ခုအရ ေရေႏြးၾကမ္းေသာက္တဲ့ အမ်ိဳးသမီးမ်ားမွာ သားဥအိမ္ကင္ဆာ အျဖစ္နည္းတယ္လို ့ဆိုပါတယ္။ ေကာင္းက်ိဳးေတြ အလြန္မ်ားပါတယ္။ ဒါေပမယ့္ သတိထားစရာ အနည္းငယ္ရွိပါတယ္။
ေရေႏြးၾကမ္းကို ထမင္းစားျပီးျပီးခ်င္း ေသာက္တာဟာ အစားအစာမွာ ပါတဲ့ သံဓာတ္စုပ္ယူမွဳကို က်ဆင္းေစပါတယ္။ လက္ဖက္ေျခာက္မွာပါတဲ့ Tannin ေၾကာင့္ အူေတြက သံဓာတ္စုပ္ယူမွဳကို အေနွာင့္အယွက္ျဖစ္ေစပါတယ္။ ေနာက္ဆက္တြဲ ေသြးအားနည္းတာမ်ိဳးထိ ျဖစ္တတ္ပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုသိသာပါတယ္။ ရာသီလာခ်ိန္ ေသြးဆံုးရွံဳးတာ၊ ကေလးေမြးဖြားခ်ိန္ ေသြးဆံုးရွံဳးတာေတြ ရွိတတ္တာေၾကာင့္ အမ်ိဴးသမီးေတြ အနည္းငယ္ သတိထားသင့္္ပါတယ္။ ညေနခင္းနဲ ့ ညအိပ္ခါနီးထိ ေရေႏြးၾကမ္းေသာက္တာေၾကာင့္ လူၾကီးတစ္ခ်ိဳ ့မွာ အိပ္မေပ်ာ္တာေလးေတြ ရွိတတ္ပါတယ္။ ဒါေၾကာင့္ ညဖက္ကို ခ်င့္ခ်ိန္ေသာက္သင့္ပါတယ္။
ေထြေထြထူးထူး ဆိုးက်ိဳး အေနနဲ ့မရွိတာေၾကာင့္ ေရေႏြးၾကမ္း ေသာက္တဲ့ အေလ့အထေလးဟာ တကယ္ကို ေကာင္းမြန္ပါတယ္္။ အနည္းငယ္ခ်င့္ခ်ိန္ျပီး ေသာက္သံုးမယ္ဆိုရင္ ေကာင္းက်ိဳးအလြန္မ်ားပါတယ္။
က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။