အချိန်ကြာလွန်းတဲ့ ကျောက်တိုင်တွေ

ယောကျာ်းလေးအများစုမှာလိင်ကိစ္စနဲ့ပတ်သက်ပြီး ပူပင်စရာတစ်ခုရှိကြပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုပြသချိန်မှာ စိတ်ကျေနပ်လောက်တဲ့အချိန်အတိုင်းအတာအထိ တောင့်တောင့်တင်းတင်းမရှိမှာကို အသက်ကြီးလာလေလေ ကြောက်ကြလေလေပါပဲ။ အဲ တစ်ချို့ကျပြန်တော့ နာရီပေါင်းများစွာ မာလွန်းတောင့်လွန်းနေတဲ့အခါ ဝေဒနာတွေတိုးပြီး မခံမရပ်နိုင်ဖြစ်ကြရသူတွေလည်း ရှိပါတယ်။ ဒါဟာ ကျန်းမာရေးထိခိုက်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ လိင်အင်္ဂါနဲ့လိင်မှုဆိုင်ရာစွမ်းရည်ကိုတစ်သက်လုံးကျဆင်းစေနိုင်တဲ့အထိ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။

ပုံမှန်ထက်အလွန်ကြာရှည်စွာ လိင်တံထောင်မတ်နေခြင်း (Priapism)

Priapismကိုအကြမ်းဖျင်းနှစ်မျိုးခွဲပါတယ်။ တစ်ကခုတော့ သွေးကြောပိတ်ခြင်းကြောင့်ရောဂါဖြစ်ခြင်းနုဲ့ သွေးစီးဆင်းမှုများခြင်းကြောင့်ရောဂါဖြစ်ခြင်းပါပဲ။

သွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့ Priapism ဆိုတာဟာ လိင်စိတ်ကြောင့်လိင်တံကြီးမားလာပြီးတဲ့နောက် သွေးပြန်ကြောပိတ်သွားပြီး လိင်တံတစ်လျှောက်စီးဆင်းတဲ့သွေးတွေဟာ ပြန်မထွက်နိုင်ဘဲ သွေးများစုပြီးနာကျင်ကာ ပြန်လည်သေးမသွားနိုင်တော့တာပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

  • လိင်စိတ်လှုံ့ဆော်မှုရှိသည်ဖြစ်စေ၊ မရှိဘဲနှင့်ဖြစ်စေ လေးနာရီနှင့်အထက် ဆက်တိုက်ထောင်မတ်နေခြင်း
  • လိင်တံထိပ်မှအရင်းထိ တောင့်တင်းနေခြင်း
  • ၎င်းတို့နှင့်အတူ မခံမရပ်နိုင်အောင်နာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်ကို သွေးနီဥပုံမမှန်သော Sickle cell anaemiaလိုသွေးအားနည်းရောဂါ၊ လူကီးမီးယားသွေးကင်ဆာရောဂါသည်များနဲ့
အခြားသွေးရောဂါဝေဒနာရှင်များမှာဖြစ်တတ်လေ့ရှိပြီး အချို့သောစိတ်ငြိမ်ဆေးသောက်သုံးသူများ၊ ဟော်မုန်းဆေးသောက်သူများမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။ အရက်၊ဆေးခြောက်နဲ့မူးယစ်ဆေးဝါးသုံးစွဲသူတို့မှာ တခါတရံအခန့်မသင့်ရင် သွေးကြောပိတ်priapism ဖြစ်တတ်ပြီး လိင်အင်္ဂါတစ်ဝိုက် အင်းဆက်၊ပင့်ကူကိုက်ခံရတဲ့အခါမှာလည်း ကြုံတွေ့ရတတ်ပါတယ်။

သွေးစီးဆင်းမှုများပြီး လိင်တံကြာရှည်စွာထောင်မတ်နေခြင်းကိုတော့ အာရှတိုက်ရှိအချို့သောနိုင်ငံများမှထွက်သော တိုင်းရင်းဆေးများသုံးစွဲတဲ့အခါမှာ ဖြစ်တတ်တာကိုတွေ့ရပါတယ်။ ဒီလိုထောင်မတ်ခြင်းကတော့နာကျင်ခြင်းမရှိတဲ့အတွက် ကာမသုခခံစားရစေတာမှန်ပေမယ့် အသုံးပြုပါများရင်တော့ သဘာဝသမားရိုးကျ လိင်စိတ်ရဲ့တုန့်ပြန်မှု(ထောင်မတ်မှု)အားလျော့ကျနိုင်ပြီး အခန့်မသင့်ရင် သွေးကြောပိတ်priapism ဖြစ်သွားတတ်တယ်လို့ဆိုကြပါတယ်။အာသာဖြေမှုများပြီး သွေးကြောပိတ်ကာ priapismဆန်ဆန်ရုတ်တရက်နာကျင်လာတတ်တာမျိုးလဲရှိပါတယ်။ ဒါကို အချို့က အရပ်အခေါ် တိုနာ လို့လဲခေါ်ပါသေးတယ်။

ဒီလိုဝေဒနာခံစားရပြီဆိုရင်တော့ အရေးပေါ်အခြေအနေ့ဖသ်တာကြောင့် ဆရာဝန်များနှင့်အမြန်ကုသမှုခံယူသင့်ကြောင်း တင်ပြရင်း အချိန်ကြာလွန်းတဲ့ ကျောက်တိုင်များရဲ့ အန္တရာယ်ကို တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

အခ်ိန္ၾကာလြန္းတဲ့ ေက်ာက္တိုင္ေတြ

ေယာက်ာ္းေလးအမ်ားစုမွာလိင္ကိစၥနဲ႔ပတ္သက္ၿပီး ပူပင္စရာတစ္ခု႐ွိၾကပါတယ္။ ကိုယ့္ရဲ႕စြမ္းေဆာင္ရည္ကိုျပသခ်ိန္မွာ စိတ္ေက်နပ္ေလာက္တဲ့အခ်ိန္အတိုင္းအတာအထိ ေတာင့္ေတာင့္တင္းတင္းမ႐ွိမွာကို အသက္ႀကီးလာေလေလ ေၾကာက္ၾကေလေလပါပဲ။ အဲ တစ္ခ်ိဳ႕က်ျပန္ေတာ့ နာရီေပါင္းမ်ားစြာ မာလြန္းေတာင့္လြန္းေနတဲ့အခါ ေဝဒနာေတြတိုးၿပီး မခံမရပ္ႏိုင္ျဖစ္ၾကရသူေတြလည္း ႐ွိပါတယ္။ ဒါဟာ က်န္းမာေရးထိခိုက္ေစႏိုင္ၿပီး ေနာက္ဆက္တြဲအေနနဲ႔ လိင္အဂၤါနဲ႔လိင္မႈဆိုင္ရာစြမ္းရည္ကိုတစ္သက္လံုးက်ဆင္းေစႏိုင္တဲ့အထိ စိုးရိမ္စရာကိစၥတစ္ခုျဖစ္ပါတယ္။

ပံုမွန္ထက္အလြန္ၾကာ႐ွည္စြာ လိင္တံေထာင္မတ္ေနျခင္း (Priapism)

Priapismကိုအၾကမ္းဖ်င္းႏွစ္မ်ိဳးခြဲပါတယ္။ တစ္ကခုေတာ့ ေသြးေၾကာပိတ္ျခင္းေၾကာင့္ေရာဂါျဖစ္ျခင္းႏုုဲ႔ ေသြးစီးဆင္းမႈမ်ားျခင္းေၾကာင့္ေရာဂါျဖစ္ျခင္းပါပဲ။

ေသြးေၾကာပိတ္ျခင္းေၾကာင့္ျဖစ္တဲ့ Priapism ဆိုတာဟာ လိင္စိတ္ေၾကာင့္လိင္တံႀကီးမားလာၿပီးတဲ့ေနာက္ ေသြးျပန္ေၾကာပိတ္သြားၿပီး လိင္တံတစ္ေလ်ွာက္စီးဆင္းတဲ့ေသြးေတြဟာ ျပန္မထြက္ႏိုင္ဘဲ ေသြးမ်ားစုၿပီးနာက်င္ကာ ျပန္လည္ေသးမသြားႏိုင္ေတာ့တာပဲျဖစ္ပါတယ္။ ေရာဂါလကၡဏာေတြကေတာ့

  • လိင္စိတ္လွံု႔ေဆာ္မႈ႐ွိသည္ျဖစ္ေစ၊ မ႐ွိဘဲႏွင့္ျဖစ္ေစ ေလးနာရီႏွင့္အထက္ ဆက္တိုက္ေထာင္မတ္ေနျခင္း
  • လိင္တံထိပ္မွအရင္းထိ ေတာင့္တင္းေနျခင္း
  • ၎တို႔ႏွင့္အတူ မခံမရပ္ႏိုင္ေအာင္နာက်င္ျခင္း တို႔ပဲျဖစ္ပါတယ္။

ဒီလိုျဖစ္ရပ္ကို ေသြးနီဥပံုမမွန္ေသာ Sickle cell anaemiaလိုေသြးအားနည္းေရာဂါ၊ လူကီးမီးယားေသြးကင္ဆာေရာဂါသည္မ်ားနဲ႔
အျခားေသြးေရာဂါေဝဒနာ႐ွင္မ်ားမွာျဖစ္တတ္ေလ့႐ွိၿပီး အခ်ိဳ႕ေသာစိတ္ၿငိမ္ေဆးေသာက္သံုးသူမ်ား၊ ေဟာ္မုန္းေဆးေသာက္သူမ်ားမွာလည္းျဖစ္ႏိုင္ေျခ႐ွိပါတယ္။ အရက္၊ေဆးေျခာက္နဲ႔မူးယစ္ေဆးဝါးသံုးစြဲသူတို႔မွာ တခါတရံအခန္႔မသင့္ရင္ ေသြးေၾကာပိတ္priapism ျဖစ္တတ္ၿပီး လိင္အဂၤါတစ္ဝိုက္ အင္းဆက္၊ပင့္ကူကိုက္ခံရတဲ့အခါမွာလည္း ၾကံဳေတြ႔ရတတ္ပါတယ္။

ေသြးစီးဆင္းမႈမ်ားၿပီး လိင္တံၾကာ႐ွည္စြာေထာင္မတ္ေနျခင္းကိုေတာ့ အာ႐ွတိုက္႐ွိအခ်ိဳ႕ေသာႏိုင္ငံမ်ားမွထြက္ေသာ တိုင္းရင္းေဆးမ်ားသံုးစြဲတဲ့အခါမွာ ျဖစ္တတ္တာကိုေတြ႔ရပါတယ္။ ဒီလိုေထာင္မတ္ျခင္းကေတာ့နာက်င္ျခင္းမ႐ွိတဲ့အတြက္ ကာမသုခခံစားရေစတာမွန္ေပမယ့္ အသံုးျပဳပါမ်ားရင္ေတာ့ သဘာဝသမား႐ိုးက် လိင္စိတ္ရဲ႕တုန္႔ျပန္မႈ(ေထာင္မတ္မႈ)အားေလ်ာ့က်ႏိုင္ၿပီး အခန္႔မသင့္ရင္ ေသြးေၾကာပိတ္priapism ျဖစ္သြားတတ္တယ္လို႔ဆိုၾကပါတယ္။အာသာေျဖမႈမ်ားၿပီး ေသြးေၾကာပိတ္ကာ priapismဆန္ဆန္႐ုတ္တရက္နာက်င္လာတတ္တာမ်ိဳးလဲ႐ွိပါတယ္။ ဒါကို အခ်ိဳ႕က အရပ္အေခၚ တိုနာ လို႔လဲေခၚပါေသးတယ္။

ဒီလိုေဝဒနာခံစားရၿပီဆိုရင္ေတာ့ အေရးေပၚအေျခအေန႔ဖသ္တာေၾကာင့္ ဆရာဝန္မ်ားႏွင့္အျမန္ကုသမႈခံယူသင့္ေၾကာင္း တင္ျပရင္း အခ်ိန္ၾကာလြန္းတဲ့ ေက်ာက္တိုင္မ်ားရဲ႕ အႏၲရာယ္ကို တင္ျပလိုက္ရပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *