All Articlesမိခင်နှင့်ကလေးကျန်းမာရေးအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Skincare အရွေးမှားလျှင် ကြုံရသောပြဿနာများ

1 Mins read

Skincare အရွေးမှားလျှင် ကြုံရသောပြဿနာများ

အပြိုင်အဆိုင်တွေ လှပနေတဲ့ခုလိုခေတ်ကြီးထဲမှာ တံဆိပ်ပေါင်းများစွာ၊အမျိုးအမည်ပေါင်းများစွာနဲ့ အရေပြားထိန်းသိမ်းရေးပစ္စည်းပေါင်းများစွာဈေးကွက်ထဲမှာတွေ့မြင်နိုင်ပါတယ်။ လှချင်လို့မို့ skin care product တွေဝယ်သုံးခါမှ မိမိနဲ့အဆင်မပြေတာမျိုး၊ပစ္စည်းစစ်မှန်မှုမရှိတဲ့အခါမျိုးမှာ ပြဿနာပေါင်းများစွာကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့ skin care တွေအရွေးမှားမိလို့ဖြစ်လေ့ရှိသော အရေပြားဆိုင်ရာပြဿနာများကို ဆွေးနွေးရေးသားလိုက်ပါတယ်။

Skin care ရွေးချယ်မှုမှားလို့ ကြုံတွေ့ရသောပြဿနာတွေကဘာတွေများလဲ???

၁။အရေပြားဟာ photosensitive ဖြစ်သွားလွန်းခြင်း။ သင်နဲ့အဆင်မပြေ/မတည့်တဲ့ skin care များသုံးမိတဲ့အခါမှာ သင့်အရေပြားဟာနေရောင်ခြည်ကို တုန့်ပြန်ထိခိုက်မှုများလွန်းပြီး နေလောင်ဒဏ်ကိုပြင်းထန်စွာခံစားရနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ အရေပြားတွေနီရဲလာခြင်း၊ယားယံခြင်း၊ပူစပ်နာကျင်လာခြင်းနဲ့ အရည်ကြည်ဖု/အနာများပါဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ဒုတိယအနေနဲ့ အဆင်မပြေတဲ့/မတည့်တဲ့ skin care တွေကိုရေရှည်သုံးစွဲမိနေခြင်းဟာ သင့်မျက်နှာမှာဝက်ခြံတွေကိုပိုထွက်လာစေနိုင်ပါတယ်။

၃။မျက်နှာအရွယ်ကိုကျစေနိုင်ခြင်း။

လွဲမှားနေတဲ့ skin care များကိုတာရှည်သုံးစွဲခြင်းဟာ သင့်ရဲ့ရှိရင်းစွဲအသက်ထက်ပိုရင့်သွားစေတတ်ပါတယ်။ ဒါဟာဘာကြောင့်ဖြစ်လဲဆိုရရင် အရေပြားများပါးလာခြင်း၊အရေပြားတင်းအားလျော့ကျလာခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

၄။အရေပြားအရောင်ပြောင်းလဲခြင်း/အရောင်စွန်းထင်းခြင်း။

အရည်အသွေးပြည့်ဝမှုမရှိတဲ့ skin careတွေမှာပါတဲ့ ဓါတ်ပစ္စည်းတွေဟာ အသားအရေကိုအရောင်စွန်းထင်းတာတွေဖြစ်စေနိုင်ပါတယ်။

၅။အရေပြားကင်ဆာကိုဖြစ်စေနိုင်ခြင်း။

စစ်မှန်မှုမရှိတဲ့ skin care products တွေမှာပါဝင်တတ်တဲ့ mercury နဲ့ parabens တို့ဟာကင်ဆာဆဲလ်တွေကိုအားပေးတာကြောင့် ရေရှည်စွဲသုံးပါက ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

၆။အရေပြားပိုးဝင်စေနိုင်ခြင်း။

Skin care products တွေမှာပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ အရေပြားနဲ့မတည့်တဲ့အခါ အရေပြားဆဲလ်တွေကိုထိခိုက်ပျက်စီးစေပြီး အရေပြားကိုရောဂါပိုးများဝင်ရောက်နိုင်စေပါတယ်။

၇။ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ခြင်း။

နည်းနည်းတော့အံ့သြစရာဖြစ်နေမှာပါ။ မျက်နှာမှာလိမ်းတဲ့ကိစ္စ ဘယ်လိုခန္ဓာကိုယ်ကိုထိသွားတာလဲဆိုပြီး။ ကျွန်တော်တို့တွေရဲ့အရေပြားမှာ အညစ်အကြေး/ချွေးတွေကိုစစ်ထုတ်ဖို့အပေါက်ကလေးတွေပါပါတယ်။ လိမ်းထားတဲ့ဆေးတွေဟာ ၎င်းအပေါက်ကလေးများမှတစ်ဆင့် အရေပြားအောက်စိမ့်ဝင်ပြီး သွေးကြောထဲမှနေ၍ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားစေနိုင်ပါတယ်။ ၎င်းကမှတစ်ဆင့် အတွင်းကလီစာတွေရော အပြင်ကိုယ်ခန္ဓာကိုယ်ပါထိခိုက်နိုင်ပါတယ်။

၈။အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ခြင်း။

နှုတ်ခမ်းနီ၊ကာခြယ်၊အိုင်းရှဲဒိုးတွေမှာပါတဲ့ leadလိုမျိုး ကင်ဆာဖြစ်စေနိုင်ပြီး အာရုံကြောကိုအဆိပ်အတောက်ဖြစ်စေတဲ့ဓါတ်ပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ရဲ့အာရုံကြောစနစ်ကို ထိခိုက်စေတတ်ပါတယ်။ ခုလောက်ဆို အလှပြင်/အရေပြားထိန်းသိမ်းပစ္စည်းတွေရွေးချယ်မှုဟာ ကျန်းမာရေးအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာသိကြလောက်ပါပြီ။

ဒါကြောင့်မို့ ကိုယ်နဲ့သင့်တော်အဆင်ပြေပြီး စစ်မှန်၍ဘေးထွက်ဆိုးကျိုးကင်းသော skin care product များကိုအသုံးပြုကာ လှပကျန်းမာသောအသားအရေလေးများပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…