နွေရာသီရဲ့မိတ်ဖက်၊ နွေရာသီရဲ့မိတ်ဖု
နွေရာသီရောက်ပြီဆိုရင် သားသားမီးမီးတို့မှာရော ဖေဖေမေမေတို့မှာပါ ဟိုနေရာက ဖုတုတု၊ ဒီနေရာက ယားတားတားနဲ့ အပြင်လိုက်ပြုတ်ကလေးတွေထ လာတတ်ပြီး မိတ်ဖုလို့ခေါ်တဲ့ ယားဖုလေးတွေပေါက်လာတတ်ကြပါတယ်။ မိတ်ဖုလေးတွေကို ဆေးပညာအခေါ်အရ Miliara rubra လို့ခေါ်ပါတယ်။ Miliara ဆိုတာ အဖုသေးသေးလေးတွေလို့ ဆိုလိုတာဖြစ်ပြီး Rubra ဆိုတာကတော့ Rubyဆိုတဲ့ပတ္တမြားလို နီရဲရဲဖြစ်နေတာကိုခေါ်တာပါ။ အဲဒီတော့ မိတ်ဖုဆိုတာ နာမည်အတိုင်း နီနီရဲရဲ ယားဖုသေးသေးလေးတွေအစုလိုက်ပေါက်နေလေသတည်းပေါ့။
“မိတ်ဖု ဘာကြောင့်ပေါက်”
မိတ်ဖုလေးတွေဟာ နွေရာသီမှာပိုပေါက်ပါတယ်ဆိုတော့ ချွေး၊အပူ တို့နဲ့ဆိုင်မယ်ဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်။ အပူရှိန်များတဲ့အခါမှာ ခန္ဓာကိုယ်အရေပြားပေါ်က ချွေးပေါက်လေးတွေကနေ ချွေးထွက်လာပါတယ်။ ဒီအခါမှာ လေအေးတိုက်လာတဲ့အခါ၊ ဒါမှမဟုတ် အေးမြတဲ့အရိပ်အောက်မှာ အနားယူလိုက်မယ်ဆိုရင် ချွေးတွေဟာအငွေ့ပျံသွားပြီး ခန္ဓာကိုယ်ကိုအေးမြစေပါတယ်။ ဒါပေမယ့် အပူရှိန်ဟာ ဆက်တိုက်မြင့်တက်နေမယ်ဆိုရင်တော့ ချွေးတွေဟာ ဆက်တိုက်ထွက်လာပြီး ချွေးပေါက်လေးတွေမှာ ပြည့်လာတဲ့အခါ ချွေးပေါက်တွေကိုပိတ်သွားစေတတ်ပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်အရေပြားအောက်မှာချွေးတွေစုပြီး ဖုန်၊အညစ်အကြေးတို့နဲ့ပေါင်းကာ မိတ်လို့ ခေါ်တဲ့ယားဖုလေးတွေဖြစ်လာစေပါတယ်။
မိတ်ဖုလေးတွေဟာ လူကြီးတွေမှာရော လူငယ်တွေမှာပါဖြစ်တတ်ပါတဲ့ ဒါပေမယ့် ကလေးတွေမှာပိုပြီးဖြစ်တတ်တာကိုတွေ့ရပါတယ်။ လည်ပင်း၊ ပုခုံးနဲ့ ရင်ဘတ်တို့မှာ ပိုဖြစ်တတ်ပြီး ခြေလက်တွေမှာလဲ မိတ်ပေါက်နိုင်ပါတယ်။
မိတ်ဖုတွေဟာ သဘာဝအရ အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ယားတာကိုသက်သာအောင် အရေပြညးအေးမြစေတဲ့ အယားပျောက်ဆေး (Calamine lotion)တွေလိမ်းပေးလို့ရပါတယ်။ အပူကြောင့်ပေါက်တာဖြစ်တဲ့အတွက် ရေချိုးပေးခြင်းကလည်း မိတ်ပေါက်တာကိုသက်သာစေနိုင်ပါတယ်။
မိတ်ပေါက်ခြင်းကို ကာကွယ်ဖို့အတွက် အဆီဓာတ်များတဲ့ Lotionတွေကိုမလိမ်းဖို့၊ ထူပျစ်လွန်းတဲ့အရေပြားလိမ်း creamတွေမသုံးမိဖို့လိုအပ်ပါတယ်။ ပွပွချောင်ချောင်အဝတ်များကို ရွေးချယ်ဝတ်ပေးမယ်၊ ချွေးအရမ်းထွက်ပါက ချွေးစိုအကျီျိများကို လဲလှယ်ဝတ်ဆင်မယ်ဆိုရင်တော့ မိတ်ဖုပေါက်ခြင်းကို အနည်းနဲ့အများ ကာကွယ်လာနိုင်မှာဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေႏြရာသီရဲ႕မိတ္ဖက္၊ ေႏြရာသီရဲ႕မိတ္ဖု
ေႏြရာသီေရာက္ၿပီဆိုရင္ သားသားမီးမီးတို႔မွာေရာ ေဖေဖေမေမတို႔မွာပါ ဟိုေနရာက ဖုတုတု၊ ဒီေနရာက ယားတားတားနဲ႔ အျပင္လိုက္ျပဳတ္ကေလးေတြထ လာတတ္ၿပီး မိတ္ဖုလို႔ေခၚတဲ့ ယားဖုေလးေတြေပါက္လာတတ္ၾကပါတယ္။ မိတ္ဖုေလးေတြကို ေဆးပညာအေခၚအရ Miliara rubra လို႔ေခၚပါတယ္။ Miliara ဆိုတာ အဖုေသးေသးေလးေတြလို႔ ဆိုလိုတာျဖစ္ၿပီး Rubra ဆိုတာကေတာ့ Rubyဆိုတဲ့ပတၱျမားလို နီရဲရဲျဖစ္ေနတာကိုေခၚတာပါ။ အဲဒီေတာ့ မိတ္ဖုဆိုတာ နာမည္အတိုင္း နီနီရဲရဲ ယားဖုေသးေသးေလးေတြအစုလိုက္ေပါက္ေနေလသတည္းေပါ့။
“မိတ္ဖု ဘာေၾကာင့္ေပါက္”
မိတ္ဖုေလးေတြဟာ ေႏြရာသီမွာပိုေပါက္ပါတယ္ဆိုေတာ့ ေခြၽး၊အပူ တို႔နဲ႔ဆိုင္မယ္ဆိုတာကို ခန္႔မွန္းမိၾကမယ္ထင္ပါတယ္။ အပူ႐ွိန္မ်ားတဲ့အခါမွာ ခႏၶာကိုယ္အေရျပားေပၚက ေခြၽးေပါက္ေလးေတြကေန ေခြၽးထြက္လာပါတယ္။ ဒီအခါမွာ ေလေအးတိုက္လာတဲ့အခါ၊ ဒါမွမဟုတ္ ေအးျမတဲ့အရိပ္ေအာက္မွာ အနားယူလိုက္မယ္ဆိုရင္ ေခြၽးေတြဟာအေငြ႔ပ်ံသြားၿပီး ခႏၶာကိုယ္ကိုေအးျမေစပါတယ္။ ဒါေပမယ့္ အပူ႐ွိန္ဟာ ဆက္တိုက္ျမင့္တက္ေနမယ္ဆိုရင္ေတာ့ ေခြၽးေတြဟာ ဆက္တိုက္ထြက္လာၿပီး ေခြၽးေပါက္ေလးေတြမွာ ျပည့္လာတဲ့အခါ ေခြၽးေပါက္ေတြကိုပိတ္သြားေစတတ္ပါတယ္။ ဒီအခါမွာ ခႏၶာကိုယ္အေရျပားေအာက္မွာေခြၽးေတြစုျပီး ဖုန္၊အညစ္အေၾကးတို႔နဲ႔ေပါင္းကာ မိတ္လို႔ ေခၚတဲ့ယားဖုေလးေတြျဖစ္လာေစပါတယ္။
မိတ္ဖုေလးေတြဟာ လူႀကီးေတြမွာေရာ လူငယ္ေတြမွာပါျဖစ္တတ္ပါတဲ့ ဒါေပမယ့္ ကေလးေတြမွာပိုၿပီးျဖစ္တတ္တာကိုေတြ႔ရပါတယ္။ လည္ပင္း၊ ပုခံုးနဲ႔ ရင္ဘတ္တို႔မွာ ပိုျဖစ္တတ္ၿပီး ေျခလက္ေတြမွာလဲ မိတ္ေပါက္ႏိုင္ပါတယ္။
မိတ္ဖုေတြဟာ သဘာဝအရ အလိုလိုေပ်ာက္ကင္းသြားတတ္ပါတယ္။ ယားတာကိုသက္သာေအာင္ အေရျပညးေအးျမေစတဲ့ အယားေပ်ာက္ေဆး (Calamine lotion)ေတြလိမ္းေပးလို႔ရပါတယ္။ အပူေၾကာင့္ေပါက္တာျဖစ္တဲ့အတြက္ ေရခ်ိဳးေပးျခင္းကလည္း မိတ္ေပါက္တာကိုသက္သာေစႏိုင္ပါတယ္။
မိတ္ေပါက္ျခင္းကို ကာကြယ္ဖို႔အတြက္ အဆီဓာတ္မ်ားတဲ့ Lotionေတြကိုမလိမ္းဖို႔၊ ထူပ်စ္လြန္းတဲ့အေရျပားလိမ္း creamေတြမသံုးမိဖို႔လိုအပ္ပါတယ္။ ပြပြေခ်ာင္ေခ်ာင္အဝတ္မ်ားကို ေရြးခ်ယ္ဝတ္ေပးမယ္၊ ေခြၽးအရမ္းထြက္ပါက ေခြၽးစိုအက်ီိ်မ်ားကို လဲလွယ္ဝတ္ဆင္မယ္ဆိုရင္ေတာ့ မိတ္ဖုေပါက္ျခင္းကို အနည္းနဲ႔အမ်ား ကာကြယ္လာႏိုင္မွာျဖစ္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ