All Articlesအခြားရောဂါများအထွေထွေရောဂါများ

Prevention Is Better Than Cure

1 Mins read

ရောဂါကာကွယ်ရေးအတွက် အရေးပါသော ကုသခြင်း၏အခန်းဏ္ဍ

ဆေးပညာနှင့်ကျန်းမာရေးနယ်ပယ်တွင် ”Prevention is better then Cure ” ” ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်” ဟူငေသာ စကားရပ်က လူတိုင်း ကျွမ်းဝင်ကြားဖူးနေသော စကားလုံးပင် ဖြစ်သည်။ ရောဂါမဖြစ်မီ ကြိုတင်ကာ ကွယ်ခြင်းသည် ဖြစ်ပြီးမှ ကုသခြင်းထက် အဘက်ဘက်မှ ပိုမိုထိရောက်မှုရှိကြောင်း ထင်ဟပ်ပြခြင်းပင် ဖြစ်ပါသည်။

သို့သော်လည်း ယခုနောက်ပိုင်းတွင် ပြည်သူ့ကျန်းာရေး ကဏ္ဍအတွက် ထပ်မံ၍ တွင်ကျယ်လာနေသော အသုံး အနှုန်းက ကုသခြင်းသည်လည်း ကာကွယ်ခြင်းတစ်မျိုး ပင် ဖြစ်သည်။ ”Treatment as preventions” ဟူသော စကားရပ်ပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကုသခြင်းသည်လည်း ကာကွယ်ခြင်းအတွက် အရေးပါလှ ကြောင်း ထင်ဟပ်ပြနေခြင်းပင် ဖြစ်ပါသည်။ ယခင်ကလို ကာကွယ်ခြင်းက သပ်သပ်၊ ကုသခြင်းက သပ်သပ်ဟု မှတ်ယူ၍ မရတော့ဘဲ ကုသခြင်းသည်ပင် ကာကွယ်ခြင်း အတွက် အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပါသည်။ ရောဂါပိုးထိန်းချုပ်ရေးအတွက် ကာ ကွယ်ရေးနှင့် ကုသရေးသည်ပင် ကာကွယ်ရေးအတွက် လက်နက်(Tool) တစ်ခုလို အရေးပါလာကြောင်း ထင်ရှားလာနေပါသည်။ ကုသနေခြင်းသည်ပင် တစ်ဖက်က ကာကွယ်ရေးလုပ်နေသကဲ့သို့ ဖြစ်လာပါသည်။ သိနေကြပြီးဖြစ်သည့် ရောဂါကြီးသုံးမျိုး ကိုပင် ဥပမာထား တင်ပြရမည်ဖြစ်ပါသည်။

ထပ်မံရှင်းလင်းဖော်ပြရသော ရင်းနှီးနေပြီးဖြစ်ကြသော HIV/ AIDS ကုသ ရေးတွင် ART ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးသတ်ဆေးနှင့် စနစ်တကျ ကုသမှုခံယူခြင်းသည် ကာကွယ်ရေးအတွက် များစွာမှ အထောက်အကူဖြစ်ကြောင်း တွေ့ရှိရပါသည်။ ART ဆေးဖြင့် ကုသမှုခံယူရန် သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဝေဒနာရှင်ပါ ဆုံးဖြတ်ကြပြီး သည့်နောက် ညွှန်ကြားထားသော ဆေးဝါးကုထုံးများအတိုင်း စနစ်တကျ စွဲမြဲမှန်ကန်စွာ ကုသမှုခံယူခြင်းသည် ကောင်းမွန်သော ဆေးဝါးကုသမှုရလဒ်များသာမက နည်းလမ်း အသွယ်သွယ်ဖြင့် ရောဂါကူးစက်ခြင်းမှလည်း ကာကွယ်နိုင်ကြောင်း သုတေသနတွေ့ ရှိချက်များမှ တစ်ဆင့် သိရှိလာရပါသည်။ ထိုကဲ့သို့ စနစ်တကျ ကုသမှုခံယူခြင်းဖြင့် Viral Load ဗိုင်းရပ်စ်ပိုးပမာဏကို အနည်းဆုံးအထိ သိသိသာသာ လျှော့ချလာနိုင် သည်နှင့်အမျှ ူ အခြားသူများသို့ ကူးစက်နိုင်မှုနှုန်းကိုလည်း ထိရောက်စွာ တားဆီးနိုင် ကြောင်း တွေ့ရှိလာရပါသည်။ ထို့ကြောင့်လည်း HIV/ AIDS ကာကွယ်ကုသရေးတွင် Test and Treat ရောဂါ ရှာဖွေစမ်းသပ်ပြီးနောက် ကုသရန် လိုအပ်လာပါက ထိရောက် စွာ ကုသရေးသည် HIV/ AIDS ကာကွယ်ရေးအတွက်ပါ အရေးကြီးလာကြောင်း သိရပါ သည်။ ယခင်က သိထားကြသကဲ့သို့ လိင်ကိစ္စရှောင်ကြဉ်ခြင်း၊ တစ်လင် တစ်မ ယားစနစ်ကျင့်သုံး၊ ကွန်ဒုံးသုံးရုံမျှမက ဝေဒနာရှင်များကို စောစီးထိရောက်စွာ ကုသမှု ပေးခြင်းကလည်း နည်းလမ်းတစ်ခုလို ပါဝင်လာတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် ဝေဒနာရှင်များကို စောစီးထိရောက်စွာကုသမှုပေးခြင်းလည်း နည်းလမ်းတစ်ခုလို ပါဝင် လာတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် ဝေဒနာရှင်များအတွက် ထိရောက်စွာ ကုသမှုပေးနိုင်ရန် ပံ့ပိုးကူညီခြင်းသည် အဆိုပါ ဝေဒနာရှင် ရောဂါပျောက်ကင်းရုံ သာမက ပြည်သူအားလုံး၏ ရောဂါကာကွယ်ရေး အတွက်လည်း ဆိုနိုင်ပါသည်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဟုလည်း ဆိုနိုင်ပါသည်။ ထို့ကြောင့်လည်း ထိရော က်စွာ ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အစိုးရပိုင်းကရော အဖွဲ့အစည်း၊ရောဂါပိုးရှိနေသူ များနှင့်ပြည်သူများကပါ ဝိုင်းဝန်းစောင်ရှောက်သောစနစ်သို့လှမ်းနေပြီဖြစ်ပါသည်။ လူနာများ ပူးပေါင်းပါဝင်ရေး Patient Empowermet နှင့် လူထုပူးပေါင်းပါဝင်လာရေး Community Empowrment စသည်တို့ အရေးပါလာခြင်းဖြစ်ပါသည်။ ရောဂါကို စွဲမြဲစွာ ကုသမှုခံယူနိုင်ရေးအတွက်လည်း ကုသမှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းများ (Adherence Counselling) ကိုလည်း အသုံးပြုလျက်ရှိပါသည်။ ရောဂါ မဖြစ်အောင် မည်မျှပင် ကာကွယ်နိုင်ပါစေ၊ ရှိနေသော လူနာများကို ထိရောက်စွာ မကုသနိုင်ပါက ရောဂါထိန်းချုပ်ရေးလုပ်ငန်းလည်း အောင်မြင် မဟုတ်ပါ။

တီဘီရောဂါ ကာကွယ်ကုသရေးတွင်လည်း ထို့အတူပင်။ တီဘီရောဂါကို စနစ်တကျ စောစီးစွာ ရောဂါရှာဖွေကာ စနစ်တကျကုသခြင်းသည် အခြားသူများသို့ ရောဂါကူးစက်နိုင်ခြင်းကို တစ်ဖက်တစ်လမ်းမှ လျှော့ချနေခြင်း ဖြစ်ပါသည်။ ရောဂါ ကာကွယ်တားဆီးရေးအတွက်မည်မျှပင်ပညာပေးကာ ဆောင်ရွက်နေသော် လည်း ရောဂါ ဖြစ်ပွားနေသော လူနာကို သေချာစွာ မကုသပါက ထိန်းချုပ်ရေးလုပ်ငန်း မအောင်မြင်နိုင်ပါ။ တီဘီရောဂါပိုးရှိသူတစ်ဦး ရောဂါသေချာစွာ ရှာဖွေကုသခြင်း မရှိပါက တစ်နှစ်အတွင်း လေထဲမှ တစ်ဆင့် အခြားလူ ၁၀ ဦးထံသို့ ကူးစက်နိုင်ပါ သည်။ ရောဂါပိုးရှိနေသော လူနာကို စနစ်တကျ ကုသပါက ကုသမှုပထမနှစ်လ (Intensive Phase)တွင်ပင် ကူးစက်မှုကို သိသာစွာ လျှော့ချနိုင်မည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း လက်ရှိဝေဒနာရှင်အတွက် စနစ်တကျ ကုသမှုခံယူခြင်းဖြင့် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနိုင်မှုမှလည်း ကာကွယ်နိုင်ပါသည်။

ငှက်ဖျားရောဂါကို စောစီးလျင်မြန်စွာ ကုသနိုင်ပါမှ သက်ဆိုင်ရာလူနာ၏ သွေးထဲ တွင် ငှက်ဖျားပိုးကို လျှော့ချစေခြင်းဖြင့် တခြားသူအား ခြင်မှ တစ်ဆင့် ကူးစက်နိုင်မှုကို နည်းပါးစေပါသည်။ ကူးစက်တ်သော ရောဂါများ (Communicable Diseases) အတွက် သက်ဆိုင်ရာ ဝေဒနာရှင်များကို သုသပေးခြင်းသည် ရောဂါကူးစက်မှုကို လျှော့ ချပေးနေခြင်းဖြစ်ရာ တစ်ဖက်မှလည်း အခြားသူများတွက် ရောဂါကာကွယ်ရေးကို ဆောင်ရွက်နေသည်ဟု ဆိုနိုင်ပါသည်။

ထိုနည်းတူစွာပင် သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါများကို စနစ်တကျကုသ နေခြင်းသည် အဆိုပါ ရောဂါများ သက်သာနေရုံသာ မဟုတ်ဘဲ နောက်ဆက်တွဲရောဂါ များ (နှလုံးသွေးကြောရောဂါများ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါများ စသည်တို့မှ) ကာကွယ်နေခြင်းပင် ဖြစ်ပါသည်။ အမှန်စင်စစ်နောက်ဆက်တွဲဝေဒနာများကို ကျဆင်း စေရာ ကာကွယ်၍ ရနိုင်သည်နှင့်အမျှ ကာကွယ်ထားဖို့လည်း လိုအပ်ပါသည်။ ဝေဒနာရှင်ရောဂါများကို ကုသနေ ရုံ မမြင်ဘဲ ကူးစက်တတ်သော ရောဂါများအတွက် အခြားသူများသို့ ကူးစက်ခြင်းနည်းပါးသွားအောင် ကူညီပေးနေသည် ဟုလည်းကောင်း၊ မကူးစက်တတ်သောရောဂါများ(Non- communicable) အတွက် ရေရှည် နောက်ဆက် တွဲရောဂါများ မဖြစ်အောင် ကာကွယ်နေသည်ဟုလည်းကောင်း မှန်ကန်စွာရူမြင်ခံယူ တတ်ဖို့လိုပါသည်။ (Tertiary prevention) တတိယအဆင့် ရောဂါကာကွယ်ခြင်းဟု လည်း ဆိုကြပါသည်။ မည်သို့ပင်ဖြစ်စေ ရောဂါများကို တတ်နိုင်သလောက် ကာကွယ် ထားနိုင်ရန် အရေးကြီးလှပါသည်။ ရောဂါကုသရေးနှင့် ကာကွယ်ခြင်းလုပ်ငန်းများကို ဟန် ချက်ညီညီ လုပ်ဆောင်နိုင်မျ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော် ယနေ့ကဲ့သို့ ပြည်သူ့ကျန်းမာရေးခေတ်သစ်ကာလ တွင် ဝေဒနာရှင်များသာမက မိသားစုဝင်များ၊ ပြည်သူလူထုများကပါ ထိရောက်စွာ ရောဂါကုသခြင်း၏ တန်ဖိုးကို နားလည်းသက်ဆိုင်ရာ ရောဂါများကို အောင်မြင်စွာ ကုသရေး ပံ့ပိုးကူညီခြင်းအားဖြင့် ရောဂါကာကွယ်ရေးအပိုင်းတွင် ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ကုသခြင်းသည်လည်း ရောဂါကာကွယ်နေခြင်းပင်။

ဒေါက်တာသက်နိုင်မောင်

ေရာဂါကာကြယ္ေရးအတြက္ အေရးပါေသာ ကုသျခင္း၏အခန္း႑

ေဆးပညာႏွင့္က်န္းမာေရးနယ္ပယ္တြင္ ”Prevention is better then Cure ” ” ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပိုမုိေကာင္းမြန္သည္” ဟူေငသာ စကားရပ္က လူတုိင္း ကၽြမ္း၀င္ၾကားဖူးေနေသာ စကားလုံးပင္ ျဖစ္သည္။ ေရာဂါမျဖစ္မီ ႀကိဳတင္ကာ ကြယ္ျခင္းသည္ ျဖစ္ၿပီးမွ ကုသျခင္းထက္ အဘက္ဘက္မွ ပုိမုိထိေရာက္မႈရွိေၾကာင္း ထင္ဟပ္ျပျခင္းပင္ ျဖစ္ပါသည္။

သို႕ေသာ္လည္း ယခုေနာက္ပိုင္းတြင္ ျပည္သူ႕က်န္းာေရး က႑အတြက္ ထပ္မံ၍ တြင္က်ယ္လာေနေသာ အသုံး အႏႈန္းက ကုသျခင္းသည္လည္း ကာကြယ္ျခင္းတစ္မ်ဳိး ပင္ ျဖစ္သည္။ ”Treatment as preventions” ဟူေသာ စကားရပ္ပင္ျဖစ္ပါသည္။ တစ္နည္းအားျဖင့္ဆုိရေသာ္ ကုသျခင္းသည္လည္း ကာကြယ္ျခင္းအတြက္ အေရးပါလွ ေၾကာင္း ထင္ဟပ္ျပေနျခင္းပင္ ျဖစ္ပါသည္။ ယခင္ကလုိ ကာကြယ္ျခင္းက သပ္သပ္၊ ကုသျခင္းက သပ္သပ္ဟု မွတ္ယူ၍ မရေတာ့ဘဲ ကုသျခင္းသည္ပင္ ကာကြယ္ျခင္း အတြက္ အစိတ္အပုိင္းတစ္ခုလုိ ျဖစ္လာပါသည္။ ေရာဂါပုိးထိန္းခ်ဳပ္ေရးအတြက္ ကာ ကြယ္ေရးႏွင့္ ကုသေရးသည္ပင္ ကာကြယ္ေရးအတြက္ လက္နက္(Tool) တစ္ခုလုိ အေရးပါလာေၾကာင္း ထင္ရွားလာေနပါသည္။ ကုသေနျခင္းသည္ပင္ တစ္ဖက္က ကာကြယ္ေရးလုပ္ေနသကဲ့သုိ႕ ျဖစ္လာပါသည္။ သိေနၾကျပီးျဖစ္သည့္ ေရာဂါႀကီးသုံးမ်ဳိး ကုိပင္ ဥပမာထား တင္ျပရမည္ျဖစ္ပါသည္။

ထပ္မံရွင္းလင္းေဖာ္ျပရေသာ ရင္းႏွီးေနၿပီးျဖစ္ၾကေသာ HIV/ AIDS ကုသ ေရးတြင္ ART ဟုေခၚသည့္ ဗုိင္းရပ္စ္ပုိးသတ္ေဆးႏွင့္ စနစ္တက် ကုသမႈခံယူျခင္းသည္ ကာကြယ္ေရးအတြက္ မ်ားစြာမွ အေထာက္အကူျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။ ART ေဆးျဖင့္ ကုသမႈခံယူရန္ သက္ဆုိင္ရာ ဆရာ၀န္ႀကီးမ်ားႏွင့္ ေ၀ဒနာရွင္ပါ ဆုံးျဖတ္ၾကၿပီး သည့္ေနာက္ ညႊန္ၾကားထားေသာ ေဆး၀ါးကုထုံးမ်ားအတုိင္း စနစ္တက် စြဲၿမဲမွန္ကန္စြာ ကုသမႈခံယူျခင္းသည္ ေကာင္းမြန္ေသာ ေဆး၀ါးကုသမႈရလဒ္မ်ားသာမက နည္းလမ္း အသြယ္သြယ္ျဖင့္ ေရာဂါကူးစက္ျခင္းမွလည္း ကာကြယ္ႏုိင္ေၾကာင္း သုေတသနေတြ႕ ရွိခ်က္မ်ားမွ တစ္ဆင့္ သိရွိလာရပါသည္။ ထုိက့ဲသို႕ စနစ္တက် ကုသမႈခံယူျခင္းျဖင့္ Viral Load ဗိုင္းရပ္စ္ပုိးပမာဏကို အနည္းဆုံးအထိ သိသိသာသာ ေလွ်ာ့ခ်လာႏုိင္ သည္ႏွင့္အမွ် ူ အျခားသူမ်ားသို႕ ကူးစက္ႏုိင္မႈႏႈန္းကိုလည္း ထိေရာက္စြာ တားဆီးႏုိင္ ေၾကာင္း ေတြ႕ရွိလာရပါသည္။ ထုိ႕ေၾကာင့္လည္း HIV/ AIDS ကာကြယ္ကုသေရးတြင္ Test and Treat ေရာဂါ ရွာေဖြစမ္းသပ္ၿပီးေနာက္ ကုသရန္ လုိအပ္လာပါက ထိေရာက္ စြာ ကုသေရးသည္ HIV/ AIDS ကာကြယ္ေရးအတြက္ပါ အေရးႀကီးလာေၾကာင္း သိရပါ သည္။ ယခင္က သိထားၾကသကဲ့သုိ႕ လိင္ကိစၥေရွာင္ၾကဥ္ျခင္း၊ တစ္လင္ တစ္မ ယားစနစ္က်င့္သုံး၊ ကြန္ဒုံးသုံး႐ုံမွ်မက ေ၀ဒနာရွင္မ်ားကို ေစာစီးထိေရာက္စြာ ကုသမႈ ေပးျခင္းကလည္း နည္းလမ္းတစ္ခုလုိ ပါ၀င္လာေတာ့မည္ ျဖစ္ပါသည္။ ထို႕ေၾကာင့္ ေ၀ဒနာရွင္မ်ားကုိ ေစာစီးထိေရာက္စြာကုသမႈေပးျခင္းလည္း နည္းလမ္းတစ္ခုလုိ ပါ၀င္ လာေတာ့မည္ ျဖစ္ပါသည္။ ထုိ႕ေၾကာင့္ ေ၀ဒနာရွင္မ်ားအတြက္ ထိေရာက္စြာ ကုသမႈေပးႏုိင္ရန္ ပံ့ပုိးကူညီျခင္းသည္ အဆုိပါ ေ၀ဒနာရွင္ ေရာဂါေပ်ာက္ကင္း႐ုံ သာမက ျပည္သူအားလုံး၏ ေရာဂါကာကြယ္ေရး အတြက္လည္း ဆိုႏုိင္ပါသည္။ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ဟုလည္း ဆုိႏုိ္င္ပါသည္။ ထုိ႕ေၾကာင့္လည္း ထိေရာ က္စြာ ေဆး၀ါးကုသမႈ ခံယူႏုိင္ေရးအတြက္ အစိုးရပုိင္းကေရာ အဖြဲ႕အစည္း၊ေရာဂါပုိးရွိေနသူ မ်ားႏွင့္ျပည္သူမ်ားကပါ ၀ုိင္း၀န္းေစာင္ေရွာက္ေသာစနစ္သို႔လွမ္းေနၿပီျဖစ္ပါသည္။ လူနာမ်ား ပူးေပါင္းပါ၀င္ေရး Patient Empowermet ႏွင့္ လူထုပူးေပါင္းပါ၀င္လာေရး Community Empowrment စသည္တုိ႕ အေရးပါလာျခင္းျဖစ္ပါသည္။ ေရာဂါကို စဲြၿမဲစြာ ကုသမႈခံယူႏုိင္ေရးအတြက္လည္း ကုသမႈဆုိင္ရာ ႏွစ္သိမ့္ေဆြးေႏြးျခင္းမ်ား (Adherence Counselling) ကိုလည္း အသုံးျပဳလ်က္ရွိပါသည္။ ေရာဂါ မျဖစ္ေအာင္ မည္မွ်ပင္ ကာကြယ္ႏုိ္င္ပါေစ၊ ရွိေနေသာ လူနာမ်ားကုိ ထိေရာက္စြာ မကုသႏုိင္ပါက ေရာဂါထိိန္းခ်ဳပ္ေရးလုပ္ငန္းလည္း ေအာင္ျမင္ မဟုတ္ပါ။

တီဘီေရာဂါ ကာကြယ္ကုသေရးတြင္လည္း ထုိ႕အတူပင္။ တီဘီေရာဂါကို စနစ္တက် ေစာစီးစြာ ေရာဂါရွာေဖြကာ စနစ္တက်ကုသျခင္းသည္ အျခားသူမ်ားသို႔ ေရာဂါကူးစက္ႏုိင္ျခင္းကုိ တစ္ဖက္တစ္လမ္းမွ ေလွ်ာ့ခ်ေနျခင္း ျဖစ္ပါသည္။ ေရာဂါ ကာကြယ္တားဆီးေရးအတြက္မည္မွ်ပင္ပညာေပးကာ ေဆာင္ရြက္ေနေသာ္ လည္း ေရာဂါ ျဖစ္ပြားေနေသာ လူနာကုိ ေသခ်ာစြာ မကုသပါက ထိန္းခ်ဳပ္ေရးလုပ္ငန္း မေအာင္ျမင္ႏုိင္ပါ။ တီဘီေရာဂါပုိးရွိသူတစ္ဦး ေရာဂါေသခ်ာစြာ ရွာေဖြကုသျခင္း မရွိပါက တစ္ႏွစ္အတြင္း ေလထဲမွ တစ္ဆင့္ အျခားလူ ၁၀ ဦးထံသုိ႕ ကူးစက္ႏုိင္ပါ သည္။ ေရာဂါပုိးရွိေနေသာ လူနာကုိ စနစ္တက် ကုသပါက ကုသမႈပထမႏွစ္လ (Intensive Phase)တြင္ပင္ ကူးစက္မႈကုိ သိသာစြာ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ပါသည္။ တစ္ဖက္တြင္လည္း လက္ရွိေ၀ဒနာရွင္အတြက္ စနစ္တက် ကုသမႈခံယူျခင္းျဖင့္ ေဆးယဥ္ပါးတီဘီ ျဖစ္ပြားႏုိင္မႈမွလည္း ကာကြယ္ႏုိင္ပါသည္။

ငွက္ဖ်ားေရာဂါကုိ ေစာစီးလ်င္ျမန္စြာ ကုသႏုိင္ပါမွ သက္ဆုိင္ရာလူနာ၏ ေသြးထဲ တြင္ ငွက္ဖ်ားပုိးကို ေလွ်ာ့ခ်ေစျခင္းျဖင့္ တျခားသူအား ျခင္မွ တစ္ဆင့္ ကူးစက္ႏိုင္မႈကုိ နည္းပါးေစပါသည္။ ကူးစက္တ္ေသာ ေရာဂါမ်ား (Communicable Diseases) အတြက္ သက္ဆုိင္ရာ ေ၀ဒနာရွင္မ်ားကို သုသေပးျခင္းသည္ ေရာဂါကူးစက္မႈကုိ ေလွ်ာ့ ခ်ေပးေနျခင္းျဖစ္ရာ တစ္ဖက္မွလည္း အျခားသူမ်ားတြက္ ေရာဂါကာကြယ္ေရးကုိ ေဆာင္ရြက္ေနသည္ဟု ဆုိႏုိင္ပါသည္။

ထုိနည္းတူစြာပင္ ေသြးတုိးေရာဂါ၊ ေသြးခ်ဳိ၊ ဆီးခ်ဳိေရာဂါမ်ားကုိ စနစ္တက်ကုသ ေနျခင္းသည္ အဆုိပါ ေရာဂါမ်ား သက္သာေန႐ုံသာ မဟုတ္ဘဲ ေနာက္ဆက္တြဲေရာဂါ မ်ား (နွလုံးေသြးေၾကာေရာဂါမ်ား၊ ေလျဖတ္ျခင္း၊ ေက်ာက္ကပ္ေရာဂါမ်ား စသည္တုိ႕မွ) ကာကြယ္ေနျခင္းပင္ ျဖစ္ပါသည္။ အမွန္စင္စစ္္ေနာက္ဆက္တြဲေ၀ဒနာမ်ားကုိ က်ဆင္း ေစရာ ကာကြယ္၍ ရႏုိင္သည္ႏွင့္အမွ် ကာကြယ္ထားဖုိ႕လည္း လိုအပ္ပါသည္။ ေ၀ဒနာရွင္ေရာဂါမ်ားကုိ ကုသေန     ႐ုံ မျမင္ဘဲ ကူးစက္တတ္ေသာ ေရာဂါမ်ားအတြက္ အျခားသူမ်ားသုိ႕ ကူးစက္ျခင္းနည္းပါးသြားေအာင္ ကူညီေပးေနသည္ ဟုလည္းေကာင္း၊ မကူးစက္တတ္ေသာေရာဂါမ်ား(Non- communicable) အတြက္ ေရရွည္ ေနာက္ဆက္ တြဲေရာဂါမ်ား မျဖစ္ေအာင္ ကာကြယ္ေနသည္ဟုလည္းေကာင္း မွန္ကန္စြာ႐ူျမင္ခံယူ တတ္ဖို႕လိုပါသည္။ (Tertiary prevention) တတိယအဆင့္ ေရာဂါကာကြယ္ျခင္းဟု လည္း ဆုိၾကပါသည္။ မည္သုိ႕ပင္ျဖစ္ေစ ေရာဂါမ်ားကုိ တတ္ႏုိင္သေလာက္ ကာကြယ္ ထားႏုိင္ရန္ အေရးႀကီးလွပါသည္။ ေရာဂါကုသေရးႏွင့္ ကာကြယ္ျခင္းလုပ္ငန္းမ်ားကို ဟန္ ခ်က္ညီညီ လုပ္ေဆာင္ႏုိင္မ် ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ေအာင္ျမင္မည္ ျဖစ္ပါသည္။

နိဂုံးခ်ဳပ္အားျဖင့္ဆုိရေသာ္ ယေန႕ကဲ့သုိ႕ ျပည္သူ႕က်န္းမာေရးေခတ္သစ္ကာလ တြင္ ေ၀ဒနာရွင္မ်ားသာမက မိသားစု၀င္မ်ား၊ ျပည္သူလူထုမ်ားကပါ ထိေရာက္စြာ ေရာဂါကုသျခင္း၏ တန္ဖုိးကို နားလည္းသက္ဆုိင္ရာ ေရာဂါမ်ားကုိ ေအာင္ျမင္စြာ ကုသေရး ပ့ံပုိးကူညီျခင္းအားျဖင့္ ေရာဂါကာကြယ္ေရးအပိုင္းတြင္ ပူးေပါင္းပါ၀င္ေဆာင္ ရြက္ႏုိင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းလုိက္ပါသည္။

ကုသျခင္းသည္လည္း ေရာဂါကာကြယ္ေနျခင္းပင္။

ေဒါက္တာသက္ႏုိင္ေမာင္

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *