လေထုညစ်ညမ်းမှုကနေ မိမိကိုယ်ကိုဘယ်လိုကာကွယ်မလဲ?

Air Pollution လို့ခေါ်တဲ့လေထုညစ်ညမ်းမှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သတိပြုပြီးပြသနာဖြစ်ပေမယ့် ကျွန်မတို့နိုင်ငံမှာတော့ ဒီရက်ပိုင်းမှာ ထိန်ပင်အမှိုက်ပုံမီးလောင်တာကစလို့ သတိပြုစရာ ကျန်းမာရေးပြသနာတစ်ခုဖြစ် လာပါတယ်။

တကယ်ဆို ဒီလိုအမှိုက်ပုံကြီးမီးလောင်တာကသိသာလွန်းတဲ့ လေထုညစ်ညမ်းမှုဆိုပေမယ့် ကျွန်မတို့ပတ်ဝန်းကျင်မှာ အိမ်တွင်းခြံတွင်း အမှိုက်တွေကို မီးရှို့နေတာဟာလည်း လေထုညစ်ညမ်းမှုကိုဖြစ်စေတာပါပဲ။

ခုပတ်ဝန်းကျင်မှာသိသိသာသာ လေထုထဲမီးခိုးငွေ့တွေတွေ့နေရတာ၊ မြူဆိုင်းသလိုဖြစ်နေတာတွေ တွေ့တော့ ကျွန်မတို့တစ်ကိုယ်ရေ ကာကွယ်ဖို့နည်းလမ်းတွေသိထားဖို့လိုလာပါတယ်။

၁) မလိုအပ်ဘဲအပြင်မထွက်ပါနဲ့။

ဟုတ်ကဲ့။ Outdoor Air Pollution အိမ်ပြင်ပလေထုညစ်ညမ်းမှုဟာ အိမ်တွင်းထက်အများကြီးများတာမို့အိမ်ထဲမှာ တံခါးအနည်းငယ်သာဖွင့် သို့ Air Purifier တပ်ပြီး တံခါးပိတ်နေတာက လေထုညစ်ညမ်းမှုနဲ့ထိတွေ့စေဖို့ အများကြီးလျှော့ချပေးပါလိမ့်မယ်။

၂) မဖြစ်မနေသွားရမယ်ဆိုရင် နှာခေါင်းစည်း( Mask) တပ်ဖို့ သတိပြုပါ။

မိမိသွားမယ့်နေရာဟာ မြို့လယ်ခေါင်လို ( ကားကျပ်၊ ကားမီးခိုးအထွက်များ) တဲ့နေရာမျိုးဖြစ်ပါက Mask တပ်ထားမှသာသင့်တော်ပါလိမ့်မယ်။ Mask ရွေးချယ်တဲ့နေရာမှာ ရိုးရိုးသာမန် Mask ( Surgical Mask) လေးတွေကတော့ မြင်နိုင်တဲ့ ဖုန်၊ အမှုန်လောက်ကိုသာ ကာကွယ်ပေးပါတယ်။

လေထဲပါလာတဲ့ Chemical ( ဓာတုပစ္စည်း) တွေကိုကာကွယ်ဖို့ဆိုရင်တော့ Respirator ပါတဲ့ Mask တွေက ပိုသင့်တော်ပါတယ်။ Respirator ပါတိုင်းလည်း Chemical အကုန်လုံးကိုမကာကွယ်နိုင်လို့ Mask ဝယ်မယ်ဆိုရင် ဘာတွေကို ကာကွယ်ပေးတယ်ဆိုတာ သေချာရွေးချယ်ဝယ်ယူဖို့အကြံပေးပါရစေ။

၃) သွားမယ်ဆိုရင် အချိန်ရွေးသွားပါ။

Mask လည်း ဆောင်ပြီးပြီဆိုရင်တော့ သွားမယ့်အချိန်ကို ရွေးလိုက်ပါ။ လေထုညစ်ညမ်းမှုတွေအဆိုးဆုံးအချိန်ဟာ နေ့လည် ၁၂နောက်ပိုင်းမှ ၃နာရီလောက်ထိ အပူချိန်အမြင့်ဆုံးအချိန်တွေမှာဖြစ်တတ်လို့ အဲ့ဒီအချိန်တွေကို ရှောင်သွားတာ အကောင်းဆုံးဖြစ်ပါတယ်။

၄) အိမ်တွင်းလေထုညစ်ညမ်းမှုကို လျှော့ချပါ။

အပြင်မသွားပေမယ့် အိမ်တွင်းမှာလေထုညစ်ညမ်းနေမယ်ဆိုလည်း မထူးခြားနား ဖြစ်နေမှာပါ။ ဒါကြောင့် အိမ်ထဲမှာဆေးလိပ်သောက်တာ၊ ခြင်ဆေး၊ အမွှေးတိုင်ထွန်းတာတွေလျှော့ချမယ်ဆိုရင် အိမ်ထဲမှာလေကောင်းလေသန့် လေးရနေစေမှာပါ။နောက်တစ်ချက်အနေနဲ့ အိမ်မှာဖုန်သုတ်ရင်လည်း ရေစိုဝတ်လေးနဲ့ သုတ်ပေးမယ်ဆိုရင် ဖုန်ထတာကို သက်သာစေမှာပါ။

ပိုပြီး လေသန့်ချင်တယ်ဆိုရင် အိမ်တွင်းစိုက်အပင်သေး( Indoor Plant) လေးတွေစိုက်ထားမယ်ဆို မျက်စိပဒသဖြစ်ပြီး အပင်လေးတွေက Oxygen ထုတ်ပေးမှာမို့ကျန်းမာရေးအတွက်အလွန်ကောင်းစေမှာပါ။

၅) ကိုယ်ခံအားကောင်းအောင်နေပါ။

ရေများများသောက်ပေးမယ်။ အခြားအသီးဖျော်ရည်လေးတွေသောက်ပေးမယ်။ အရည်ရွှမ်းတဲ့ ဓာတ်တိုးဆန့်ကျင်ပေမယ့် အသီးအနှံလေးတွေစားပေးမယ် ( ဥပမာ_ ပန်းသီး၊ လိမ္မော်သီး ၊မုန်လာဥနီ) ဗီတာမင်အားဆေးလေးတွေသောက်ထားမယ်။ အရက်၊ ဆေးလိပ်စတာတွေရှောင်မယ်ဆိုရင်တော်ရုံလေထုညစ်ညမ်းမှုကို ကိုယ်ခံအားကကာကွယ်ပေးပါလိမ့်မယ်။

၆) ထိကပ်လာတဲ့အမှုန်တွေကို သန့်စင်ပေးပါ။

အပြင်သွားပြီးပြန်လာရင် လက်ဆေးပေးခြင်း။ ရေချ်ုးပေးခြင်းဖြင့် ကပ်ညှိလာတဲ့ဖုန်၊ အမှုန်တွေကို ဖယ်ရှားပေးပါ။ အိမ်တွင်းကိုလည်းတစ်နေ့တစ်ခါ ရေစိုဝတ်နဲ့ တိုက်ပေးမယ်ဆိုရင် လွှင့်လာတဲ့ ညစ်ညမ်းမှုတွေ ကို လျှော့ကျစေမှာပါ။ ဒီလောက်ဆို လေထုညစ်ညမ်းမှုကိုတွေးပြီးကြောက်တာထက် ကိုယ်ကာကွယ်နိုင်တာလေးတွေ ကာကွယ်ကြဖို့ နှိုးဆော်ရင်း နိဂုန်းချုပ်ပါရစေ။

မယ်တင်( ဆေး ၁)

ေလထုညစ္ညမ္းမႈကေန မိမိကိုယ္ကိုဘယ္လိုကာကြယ္မလဲ?

Air Pollution လို႔ေခၚတဲ့ေလထုညစ္ညမ္းမႈဟာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ သတိျပဳၿပီးျပသနာျဖစ္ေပမယ့္ ကၽြန္မတို႔ႏိုင္ငံမွာေတာ့ ဒီရက္ပိုင္းမွာ ထိန္ပင္အမႈိက္ပံုမီးေလာင္တာကစလို႔ သတိျပဳစရာ က်န္းမာေရးျပသနာတစ္ခုျဖစ္ လာပါတယ္။

တကယ္ဆို ဒီလိုအမႈိက္ပံုႀကီးမီးေလာင္တာကသိသာလြန္းတဲ့ ေလထုညစ္ညမ္းမႈဆိုေပမယ့္ ကၽြန္မတို႔ပတ္ဝန္းက်င္မွာ အိမ္တြင္းျခံတြင္း အမႈိက္ေတြကို မီးရႈိ့ေနတာဟာလည္း ေလထုညစ္ညမ္းမႈကိုျဖစ္ေစတာပါပဲ။

ခုပတ္ဝန္းက်င္မွာသိသိသာသာ ေလထုထဲမီးခိုးေငြ႕ေတြေတြ႕ေနရတာ၊ ျမဴဆိုင္းသလိုျဖစ္ေနတာေတြ ေတြ႕ေတာ့ ကၽြန္မတို႔တစ္ကိုယ္ေရ ကာကြယ္ဖို႔နည္းလမ္းေတြသိထားဖို႔လိုလာပါတယ္။

၁) မလိုအပ္ဘဲအျပင္မထြက္ပါနဲ႔။

ဟုတ္ကဲ့။ Outdoor Air Pollution အိမ္ျပင္ပေလထုညစ္ညမ္းမႈဟာ အိမ္တြင္းထက္အမ်ားႀကီးမ်ားတာမို႔အိမ္ထဲမွာ တံခါးအနည္းငယ္သာဖြင့္ သို႔ Air Purifier တပ္ၿပီး တံခါးပိတ္ေနတာက ေလထုညစ္ညမ္းမႈနဲ႔ထိေတြ႕ေစဖို႔ အမ်ားႀကီးေလၽွာ့ခ်ေပးပါလိမ့္မယ္။

၂) မျဖစ္မေနသြားရမယ္ဆိုရင္ ႏွာေခါင္းစည္း( Mask) တပ္ဖို႔ သတိျပဳပါ။

မိမိသြားမယ့္ေနရာဟာ ၿမိဳ႕လယ္ေခါင္လို ( ကားက်ပ္၊ ကားမီးခိုးအထြက္မ်ား) တဲ့ေနရာမ်ိဳးျဖစ္ပါက Mask တပ္ထားမွသာသင့္ေတာ္ပါလိမ့္မယ္။ Mask ေရြးခ်ယ္တဲ့ေနရာမွာ ရိုးရိုးသာမန္ Mask ( Surgical Mask) ေလးေတြကေတာ့ ျမင္ႏိုင္တဲ့ ဖုန္၊ အမႈန္ေလာက္ကိုသာ ကာကြယ္ေပးပါတယ္။

ေလထဲပါလာတဲ့ Chemical ( ဓာတုပစၥည္း) ေတြကိုကာကြယ္ဖို႔ဆိုရင္ေတာ့ Respirator ပါတဲ့ Mask ေတြက ပိုသင့္ေတာ္ပါတယ္။ Respirator ပါတိုင္းလည္း Chemical အကုန္လံုးကိုမကာကြယ္ႏိုင္လို႔ Mask ဝယ္မယ္ဆိုရင္ ဘာေတြကို ကာကြယ္ေပးတယ္ဆိုတာ ေသခ်ာေရြးခ်ယ္ဝယ္ယူဖို႔အၾကံေပးပါရေစ။

၃) သြားမယ္ဆိုရင္ အခ်ိန္ေရြးသြားပါ။

Mask လည္း ေဆာင္ၿပီးၿပီဆိုရင္ေတာ့ သြားမယ့္အခ်ိန္ကို ေရြးလိုက္ပါ။ ေလထုညစ္ညမ္းမႈေတြအဆိုးဆံုးအခ်ိန္ဟာ ေန႔လည္ ၁၂ေနာက္ပိုင္းမွ ၃နာရီေလာက္ထိ အပူခ်ိန္အျမင့္ဆံုးအခ်ိန္ေတြမွာျဖစ္တတ္လို႔ အဲ့ဒီအခ်ိန္ေတြကို ေရွာင္သြားတာ အေကာင္းဆံုးျဖစ္ပါတယ္။

၄) အိမ္တြင္းေလထုညစ္ညမ္းမႈကို ေလၽွာ့ခ်ပါ။

အျပင္မသြားေပမယ့္ အိမ္တြင္းမွာေလထုညစ္ညမ္းေနမယ္ဆိုလည္း မထူးျခားနား ျဖစ္ေနမွာပါ။ ဒါေၾကာင့္ အိမ္ထဲမွာေဆးလိပ္ေသာက္တာ၊ ျခင္ေဆး၊ အေမႊးတိုင္ထြန္းတာေတြေလၽွာ့ခ်မယ္ဆိုရင္ အိမ္ထဲမွာေလေကာင္းေလသန္႔ ေလးရေနေစမွာပါ။ေနာက္တစ္ခ်က္အေနနဲ႔ အိမ္မွာဖုန္သုတ္ရင္လည္း ေရစိုဝတ္ေလးနဲ႔ သုတ္ေပးမယ္ဆိုရင္ ဖုန္ထတာကို သက္သာေစမွာပါ။

ပိုၿပီး ေလသန္႔ခ်င္တယ္ဆိုရင္ အိမ္တြင္းစိုက္အပင္ေသး( Indoor Plant) ေလးေတြစိုက္ထားမယ္ဆို မ်က္စိပဒသျဖစ္ၿပီး အပင္ေလးေတြက Oxygen ထုတ္ေပးမွာမို႔က်န္းမာေရးအတြက္အလြန္ေကာင္းေစမွာပါ။

၅) ကိုယ္ခံအားေကာင္းေအာင္ေနပါ။

ေရမ်ားမ်ားေသာက္ေပးမယ္။ အျခားအသီးေဖ်ာ္ရည္ေလးေတြေသာက္ေပးမယ္။ အရည္ရႊမ္းတဲ့ ဓာတ္တိုးဆန္႔က်င္ေပမယ့္ အသီးအႏွံေလးေတြစားေပးမယ္ ( ဥပမာ_ ပန္းသီး၊ လိေမၼာ္သီး ၊မုန္လာဥနီ) ဗီတာမင္အားေဆးေလးေတြေသာက္ထားမယ္။ အရက္၊ ေဆးလိပ္စတာေတြေရွာင္မယ္ဆိုရင္ေတာ္ရံုေလထုညစ္ညမ္းမႈကို ကိုယ္ခံအားကကာကြယ္ေပးပါလိမ့္မယ္။

၆) ထိကပ္လာတဲ့အမႈန္ေတြကို သန္႔စင္ေပးပါ။

အျပင္သြားၿပီးျပန္လာရင္ လက္ေဆးေပးျခင္း။ ေရခ်္ဳးေပးျခင္းျဖင့္ ကပ္ညႇိလာတဲ့ဖုန္၊ အမႈန္ေတြကို ဖယ္ရွားေပးပါ။ အိမ္တြင္းကိုလည္းတစ္ေန႔တစ္ခါ ေရစိုဝတ္နဲ႔ တိုက္ေပးမယ္ဆိုရင္ လႊင့္လာတဲ့ ညစ္ညမ္းမႈေတြ ကို ေလၽွာ့က်ေစမွာပါ။ ဒီေလာက္ဆို ေလထုညစ္ညမ္းမႈကိုေတြးၿပီးေၾကာက္တာထက္ ကိုယ္ကာကြယ္ႏိုင္တာေလးေတြ ကာကြယ္ၾကဖို႔ ႏႈိးေဆာ္ရင္း နိဂုန္းခ်ဳပ္ပါရေစ။

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *