ကလေးငယ်များ ကျောင်းမှာ ခြင်ကိုက်မခံရစေဖို့ရာ

အခုဆိုရင်ဇွန်လရောက်လို့ ကျောင်းတွေလဲဖွင့်ကြပါတော့မယ်။ မိုးတွင်းလဲရောက်လာပါပြီ။ မိုးရာသီနဲ့အတူ ကလေးငယ်များဆီကို ချဉ်းကပ်လာတဲ့အန္တရာယ်တစ်ခုကတော့ သွေးလွန်တုပ်ကွေးပဲဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဆိုတာဟာ အေးဒီးစ်အမျိုးအစားခြင်ကိုက်တာကြောင့် ရောဂါဖြစ်ပွားရခြင်းဖြစ်ပါတယ်။ အေးဒီးစ်ခြင်ဟာနေ့ဘက်မှာကိုက်တတ်တဲ့ခြင်ဖြစ်ပါတယ်။

ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းဆိုတာဟာ ကလေးငယ်ရဲ့ဒုတိယအိမ်ပဲဖြစ်ပါတယ်။ ကလေးငယ်ရဲ့နေ့ခင်းတစ်ပိုင်းလုံးကိုကျောင်းမှာပဲစာသင်ကြားရင်းကုန်ဆုံးရတာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းချိန်အတွင်း ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းဟာ သွေးလွန်တုပ်ကွေးရောဂါကိုကာကွယ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။

“ထွက်မပြေးနိုင်တဲ့အကောင်ကိုရှင်း ပိုလည်းလွယ်တယ် ပိုလည်းထိရောက်တယ်”

ခြင်ဆိုတာဟာ လောက်လမ်းဘဝကဖြစ်လာတာပါ။ အေးဒီးစ်ခြင်ဟာ ရေကြည်ရေသန့်မှာပေါက်တာဖြစ်တဲ့အတွက် ကျောင်းမှာမိုးရေတင်နိုင်တဲ့ ပန်းအိုးအလွတ်၊ပန်းကန်၊ရေစည်ပိုင်း၊ ရေတင်နိုင်တဲ့ချိုင့်ခွက်နဲ့ ပန်းအိုးတွေကို ဆရာ၊ဆရာမများလမ်းညွှန်တဲ့အတိုင်း ကလေးများကပါဝင်ပြီးရှင်းလင်းဖို့ မိဘများကလည်းအားပေးသင့်ပါတယ်။ လောက်လန်းဘဝမှာ ဒီခြင်လောင်းလျာဟာ ရေထဲကနေဘယ်ကိုမှထွက်မပြေးနိုင်ပါဘူး။ ခြင်ဘဝရောက်လို့အတောင်ပေါက်ရင် တစ်ကောင်တောင်မိအောင်မနည်းဖမ်းရတာဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူရှင်းထုတ်နိုင်တဲ့အချိန်ဖြစ်တဲ့ လောက်လန်းဘဝမှာကတည်းက ရှင်းပစ်ထားတာဟာ သွေးလွန်တုပ်ကွေးရောဂါကို အထိရောက်ဆုံးကာကွယ်ခြင်းပဲဖြစ်ပါတယ်။

“အဘိတ် ဆိုတဲ့ ထိရောက်လွန်းတဲ့ဆေး”

အခုနောက်ပိုင်းမှာ ရေကန်အုတ်ကန်တွေကို အဘိတ်ဆေးခန်းပြီးပိုးလောက်လန်းမပေါက်အောင်လုပ်ကြပါတယ်။ အလွန်ထိရောက်မှုရှိပါတယ်။ အဘိတ်(Temphos)ထည့်ထားရင် လောက်လန်းလုံးဝမပေါက်နိုင်တော့ပါဘူး။ အခုနောက်ပိုင်းမှာ ကုမ္မဏီတွေကလည်းတင်သွင်းလာပြီး လွယ်လွယ်ကူကူဝယ်နိုင်တဲ့အတွက် နိုင်ငံတော်ကဖြန့်ဖြူးမှုနဲ့မလုံလောက်ပါက တစ်နိုင်တစ်ပိုင်ဝယ်ယူကာ အသုံးပြုကြသင့်ပါတယ်။

“လက်ဆင့်မကမ်းကောင်းသောအရာ”

အကယ်၍များ မိဘတို့အနေနဲ့ မိမိရဲ့ကဖျေားနာနေပြီဆိုရင်တော့ ကျောင်းကိုမလွှတ်ဘဲ အိမ်မှာပဲနားခိုင်းထားစေချင်ပါတယ်။ အကယ်၍သာ သွေးလွန်တုပ်ကွေးဖျားသာဆိုရင် ရောဂါရှင်ကလေးငယ်ဆီကနေ ခြင်မှတဆင့် တခြားကလေးတွေဆီကိုပါကူးစက်ပြီး သွေးလွန်တုပ်ကွေးပျံ့ပွားသွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။

“အထွေထွေနေထိုင်မှု မှတ်ကာသားကာဂရုပြု”

ခြင်ပေါက်ပွားမှုကိုလည်းကာကွယ်သလိုပါပဲ ခြင်မကိုက်အောင်လည်းကာကွယ်ရပါမယ်။ ကျောင်းအခန်းများလင်းလင်းခြင်းခြင်းရှိမှု၊ ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကျုရှင်းလင်းမှု။ ခြင်အန္တရာယ်ကို ကလေးငယ်များနားလည်နိုင်သလောက်ပညာပေးမှုတွေကိုလည်း မိဘများနှင့်ဆရာများပူးပေါင်းဂရုစိုက်ကာ ကလေးများကိုခြင်ကိုက်မခံရအောင်ကာကွယ်ရင်း သွေးလွန်တုပ်ကွေးရောဂါကို ပူးပေါင်းကာကွယ်ကြပါစို့လား…။

မေတ္တာဖြင့်

စိုင်းမြတ်သူ

mosquito3

ကေလးငယ္မ်ား ေက်ာင္းမွာ ျခင္ကိုက္မခံရေစဖို႔ရာ

အခုဆိုရင္ဇြန္လေရာက္လို႔ ေက်ာင္းေတြလဲဖြင့္ၾကပါေတာ့မယ္။ မိုးတြင္းလဲေရာက္လာပါၿပီ။ မိုးရာသီနဲ႔အတူ ကေလးငယ္မ်ားဆီကို ခ်ဥ္းကပ္လာတဲ့အႏၲရာယ္တစ္ခုကေတာ့ ေသြးလြန္တုပ္ေကြးပဲျဖစ္ပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါဆိုတာဟာ ေအးဒီးစ္အမ်ိဳးအစားျခင္ကိုက္တာေၾကာင့္ ေရာဂါျဖစ္ပြားရျခင္းျဖစ္ပါတယ္။ ေအးဒီးစ္ျခင္ဟာေန႔ဘက္မွာကိုက္တတ္တဲ့ျခင္ျဖစ္ပါတယ္။

ေက်ာင္းဖြင့္ရာသီမွာ စာသင္ေက်ာင္းဆိုတာဟာ ကေလးငယ္ရဲ႕ဒုတိယအိမ္ပဲျဖစ္ပါတယ္။ ကေလးငယ္ရဲ႕ေန႔ခင္းတစ္ပိုင္းလံုးကိုေက်ာင္းမွာပဲစာသင္ၾကားရင္းကုန္ဆံုးရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းခ်ိန္အတြင္း ျခင္ကိုက္မခံရေအာင္ကာကြယ္ျခင္းဟာ ေသြးလြန္တုပ္ေကြးေရာဂါကိုကာကြယ္ျခင္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

“ထြက္မေျပးႏိုင္တဲ့အေကာင္ကို႐ွင္း ပိုလည္းလြယ္တယ္ ပိုလည္းထိေရာက္တယ္”

ျခင္ဆိုတာဟာ ေလာက္လမ္းဘဝကျဖစ္လာတာပါ။ ေအးဒီးစ္ျခင္ဟာ ေရၾကည္ေရသန္႔မွာေပါက္တာျဖစ္တဲ့အတြက္ ေက်ာင္းမွာမိုးေရတင္ႏိုင္တဲ့ ပန္းအိုးအလြတ္၊ပန္းကန္၊ေရစည္ပိုင္း၊ ေရတင္ႏိုင္တဲ့ခ်ိဳင့္ခြက္နဲ႔ ပန္းအိုးေတြကို ဆရာ၊ဆရာမမ်ားလမ္းၫႊန္တဲ့အတိုင္း ကေလးမ်ားကပါဝင္ၿပီး႐ွင္းလင္းဖို႔ မိဘမ်ားကလည္းအားေပးသင့္ပါတယ္။ ေလာက္လန္းဘဝမွာ ဒီျခင္ေလာင္းလ်ာဟာ ေရထဲကေနဘယ္ကိုမွထြက္မေျပးႏိုင္ပါဘူး။ ျခင္ဘဝေရာက္လို႔အေတာင္ေပါက္ရင္ တစ္ေကာင္ေတာင္မိေအာင္မနည္းဖမ္းရတာျဖစ္ပါတယ္။ ဒါေၾကာင့္ လြယ္လြယ္ကူကူ႐ွင္းထုတ္ႏိုင္တဲ့အခ်ိန္ျဖစ္တဲ့ ေလာက္လန္းဘဝမွာကတည္းက ႐ွင္းပစ္ထားတာဟာ ေသြးလြန္တုပ္ေကြးေရာဂါကို အထိေရာက္ဆံုးကာကြယ္ျခင္းပဲျဖစ္ပါတယ္။

“အဘိတ္ ဆိုတဲ့ ထိေရာက္လြန္းတဲ့ေဆး”

အခုေနာက္ပိုင္းမွာ ေရကန္အုတ္ကန္ေတြကို အဘိတ္ေဆးခန္းၿပီးပိုးေလာက္လန္းမေပါက္ေအာင္လုပ္ၾကပါတယ္။ အလြန္ထိေရာက္မႈ႐ွိပါတယ္။ အဘိတ္(Temphos)ထည့္ထားရင္ ေလာက္လန္းလံုးဝမေပါက္ႏိုင္ေတာ့ပါဘူး။ အခုေနာက္ပိုင္းမွာ ကုမၼဏီေတြကလည္းတင္သြင္းလာၿပီး လြယ္လြယ္ကူကူဝယ္ႏိုင္တဲ့အတြက္ ႏိုင္ငံေတာ္ကျဖန္႔ျဖဴးမႈနဲ႔မလံုေလာက္ပါက တစ္ႏိုင္တစ္ပိုင္ဝယ္ယူကာ အသံုးျပဳၾကသင့္ပါတယ္။

“လက္ဆင့္မကမ္းေကာင္းေသာအရာ”

အကယ္၍မ်ား မိဘတို႔အေနနဲ႔ မိမိရဲ႕ကေဖ်ားနာေနၿပီဆိုရင္ေတာ့ ေက်ာင္းကိုမလႊတ္ဘဲ အိမ္မွာပဲနားခိုင္းထားေစခ်င္ပါတယ္။ အကယ္၍သာ ေသြးလြန္တုပ္ေကြးဖ်ားသာဆိုရင္ ေရာဂါ႐ွင္ကေလးငယ္ဆီကေန ျခင္မွတဆင့္ တျခားကေလးေတြဆီကိုပါကူးစက္ၿပီး ေသြးလြန္တုပ္ေကြးပ်ံ့ပြားသြားေစႏိုင္တာေၾကာင့္ျဖစ္ပါတယ္။

“အေထြေထြေနထိုင္မႈ မွတ္ကာသားကာဂ႐ုျပဳ”

ျခင္ေပါက္ပြားမႈကိုလည္းကာကြယ္သလိုပါပဲ ျခင္မကိုက္ေအာင္လည္းကာကြယ္ရပါမယ္။ ေက်ာင္းအခန္းမ်ားလင္းလင္းျခင္းျခင္း႐ွိမႈ၊ ျခင္ခိုေအာင္းႏိုင္တဲ့ေနရာေတြက်ဳ႐ွင္းလင္းမႈ။ ျခင္အႏၲရာယ္ကို ကေလးငယ္မ်ားနားလည္ႏိုင္သေလာက္ပညာေပးမႈေတြကိုလည္း မိဘမ်ားႏွင့္ဆရာမ်ားပူးေပါင္းဂ႐ုစိုက္ကာ ကေလးမ်ားကိုျခင္ကိုက္မခံရေအာင္ကာကြယ္ရင္း ေသြးလြန္တုပ္ေကြးေရာဂါကို ပူးေပါင္းကာကြယ္ၾကပါစို႔လား…။

ေမတၱာျဖင့္

စိုင္းျမတ္သူ

mosquito3

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *