ဆေးအညွှန်း၊ လူနာအညွှန်း၊ ဆရာဝန်အညွှန်း

“ဆရာပေးလိုက်တဲ့ဆေးက အဆိပ်တွေလားလို့ ပြန်လာပြတာ´´ ကြားလု့ိ ရုတ်တရက်လန့်သွား မိပါသည်။ အပြင်က တပည့်ကျော်စောလှဖြူကို လူနာအထဲ အမြန်လွှတ်ခိုင်းလိုက်ရသည်။´

“ဘယ်ဆေးက အဆိပ်လဲ။ ပြပါဦး´´

“ဆရာလေး၊ ခုနက ထည့်ပေးလိုက်တဲ့ဆေးပုလင်းမှာ အဆိပ် (Poison) လို့ရေးထားတယ်´´

ဟုတ်ပ။ ကျွန်တော် ခုနက MPF ဖီနိုအိပ်ဆေးကို ပုလင်းကုန်ခါနီးမို့ ပုလင်းလိုက် ပေးလိုက်မိပါသည်။ အဖျားကြီးပြီး တက်သောကလေးများကို တိုက်ခြင်းဖြစ်ပါသည်။ အနှီဆေးမျိုးသည် များများသောက်က အန္တရာယ်ဖြစ်နိုင်သဖြင့် အဆိပ်ဟု တံဆိပ်ရိုက်ထားခြင်းဖြစ်သည်။

“တန်ဆေး လွန်ဘေး ဦးလေရဲ့။ ကျွန်တော်ညွှန်းတဲ့ အချိန်အဆအတိုင်း သောက်ရင် ရောဂါသက် သာမယ်။ ပိုသောက်ရင် အဆိပ်ဖြစ်မယ်´´

“သိပါဘူး၊ ဆရာလေး ဆေးမှားပေးသလားလို့´´

“ ကလင်၊ ကလင်´´

တီဗီကြည့်နေရာမှ ဖုန်းကိုကောက်ကိုင်လိုက်သည်။

“ဆရာ၊ ညနေကလာပြတဲ့ ကလေးလူနာမောင်သက်ရှည်ကို ဆေးတိုက်ပြီးမှ ဆေးပုလင်းကို လှုပ် တိုက်ရမယ်လို့ ဆရာပြောတာ သတိရတယ်။ အဲဒါကလေးကိုကိုင်လှုပ်ပေးရင်း ရမလားဆရာ´´

“နေဦး၊ အဲဒီလိုမလုပ်နဲ့။ ဆေးပုးလင်းထဲက အရည်က အနည်ထိုင်နေလို့ မတိုက်မီ လှုပ်တိုက်ရ မယ်ပြောတာ။ နောက်တစ်ကြိမ်တိုက်ရင်သာ လှုပ်ပြီးတိုက်လိုက်ပါ။

ဝူး … လူနာများကို တစ်ယောက်ချင်းရှင်းမပြနိုင်သည့် ကိုယ့်အပြစ်ပါတကား။

“ဆရာ၊ ကျွန်တော့်ကလေး အားဆေးကောင်းကောင်းညွှန်းပါဦး´´

“ဟင်..အရင်တစ်ခါ ညွှန်ထားတဲအားဆေး ကောင်းသာပဲ။ အဲဒါရော´´

“အဲဒီဆေးဗူးမှာက Keep out of reach of children လို့ရေးထားတော့ ကလေးတွေ လက်လှမ်း မမီတဲ့နေရာထားဆိုလို့ ကလေးနဲ့မတည့်ဘူးထင်တာကြောင့် မတိုက်ဘူးဆရာ´´

သေလိုက်ပါတော့။ ဆေးကအရသာရှိတော့ တစ်နေ့တစ်လုံး သောက်ရမယ့် အစား ခဏ ခဏယူ သောက်မှာစိုးလို့ ရေးထားတာကို ကလေးမသောက်ရလို့ ထင်နေတာကိုး။

ဆရားဝန်များသည် လူနာများစွာကြည့်ရသဖြင့် ဆေးအညွှန်းကို သေချာစွာရှင်းပြရန် အချိန်ပရပေ။ အချိုးဆေးခန်းများတွင် ဆေးရောင်ညွှန်းက တစ်မျိုး၊ လူနာအယူအဆက တစ်မျိုးဖြစ်နေသည်။ ကလေးများ ကို ကိုယ်အလေးအချိန်အလိုက် ဆေးပေးသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဆေးအချိန်အဆ မတူနိုင်ပေ။ တစ်ခါတရံ ဆေးဒဏ်မခံနိုင်လျှင် လျှော့ပေးရပေမည်။ ဆေးပုလင်းများတွင် မည်သို့သောက်ရ မည့်အညွှန်းပါသည်။ သို့သော် အောက်ဆုံးတွင်း As directed by physician ဆရာဝန်ညွှန်ကြားချက်အ တိုင်း သောက်ပါဟု ဆိုထားပါသည်။ ဆရာဝန်ကချိန်ဆပြီးမှ ပေးလိုက်သည်ပန်း ရှိနိုင်ပါသည်။

ကလေးမာျးအတွက် အိမ်တွင် ဆောင်ထားသော ပါရာစီတမောဆိုပါစို့။ ကိုယ်ပူမှ တိုက်သင့်ပါ သည်။ ဒီအချိန် အဖျားတက်နောကျဆိုပြီး မတက်မီကြိုတိုက်ပါက အဖျားမရှိလျှင် ခြေလက်အေးစက်သွား သဖြင့် ကြောက်လန့်နိုင်ပါသည်။ ပါရာစီတမော့မှာ ကုမ္ပဏီများမှ မျိုးကွဲများစွာ တင်သွင်းကြသဖြင့် အချို့လူနာများသည် Biogesic, Tylenol တို့သည် ပါရာစီတမောမှန်း မသိပါ။ အခြားပါရာစီတမောပေါင်းစပ် ထားသောဆေးများ ဥပမာ – Fluza, Decolgen တို့နှင့် တွဲတိုက်ပါသည်။ ချွေးလွန်စွာထွက်ပြီး ခြေလက် အေးစက်သွားနိုင်ပါသည်။ စအိုထဲထည့်သော ပါရာစီတမောများ ခေတ်စားပါသည်။ သို့ရာတွင် ဝမ်းသွားပြီး ဖျားသောလူနားများတွင် မထည့်သင့်ပါ။ ဝမ်းချူသလိုမျိုးဖြစ်မည်။ ကြာကြာမနေဘဲ ပြန်ထွက်သွားလျှင် အဖျားမကျနိုင်ပါ။

ကလေးများကို ဆေးတိုက်ရသည်မှာ အလွန်ခက်ပါသည်။ ဆေးတော်တော် များများကလည်းခါးပါ သည်။ ထို့ကြောင့် ချိုမွှေးအရည်အဖြစ်လည်းကောင်း၊ တစ်နေ့အကြိမ်ရေနည်း တိုက်နိုင်သည့်ဆေးအား လည်းကောင်း ရွေးချယ်လေ့ရှိပါသည်။ တစ်နေ့ သုံးကြိမ် သောက်ရမည့်ဆေးကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သောက်ရုံး ဖြင့်လုံလောက်သည့် ဓာတုဖွဲ့စည်းပုံပြောင်းလဲထားသောဆေးများကို သုံးစွဲပါသည်။ ဈေးပိုကြီးသွားပါသည်။ အချို့ဆေးများမှာမူ လူကြီးများအတွက် တစ်နေ့တစ်ကြိတ်ပြီး သောက်ရအောင် ထုပ်ပိုးမှုပုံစံ ပြောင်းထားသောဆေးများရှိပါသည်။ အထူးပြုလုပ်ထားသော အကာထဲတွင် ဆေးအချိန်အဆ ကို တစ်နေ့တာအတွက် များများထည့်ထားပါသည်။ ဗိုက်ထဲရောက်လျှင် ဆေးတောင့်အကာ ကြေမသွားဘဲ ဆေးသည် တဖြည်းဖြည်းစိမ့်ထွက်ခြင်း ဖြစ်ပါသည်။ ထိုဆေးမျိုးကိုကြိတ်ပြီး အမှုန့်တိုက်လိုက်လျှင် ကလေးတွင် ဆေးအချိန်အဆ များသွားပါမည်။

ကလေးဆေးအရည်များကို အနံ့အရသာကောင်အောင် မွမ်းမံထားပါသည်။ ထို့ကြောင့် ဈေးကြီးပါ သည်။ သို့သော်ဖျော်စပ်အရည် Glycol ပါလျှင် အဆိပ်သင့်နိုင်ပါသည်။ မှတ်ပုံတင်မထားသော ဆေးရည် များတွင် ပါနိုင်သည်။ Glycol သည်အနံ့မရှိ။ ချိုသည်။ ဈေးပေါသည့်အတွက် စီးပွားရေးသမားသုံးကြခြင်း ဖြစ်သည်။ Glycol ကြောင့် တက်ခြင်း၊ သတိလစ်ခြင်း၊ ကျောက်ကပ်ထိခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အချို့ ဆေးရည်များတွင် Alcohol ပါပါသည်။ အရက်ကြောင့် ကလေးမှိန်နေနိုင်ပါသည်။ ထို့ကြောင့် ဆေးများတွင် Alcohol Free ဟုရေးပြီး အခြားအရည်ဖြင့် ဖျော်စပ်ထားသဖြင့် ဈေးပိုကြီးပါသည်။

အနောက်နိုင်ငံဆေးများသည် ဓာတုပစ္စည်းများ ဖြစ်ပါသည်။ ဆေးတိုင်းမတည့်နိုင်ပါ။ ဖြေးဆေးဘာ မီတွန်ကိုပင် မတည့်သူများရှိပါသည်။ အသက်အန္တရာယ်ဖြစ်နိုင်သော ဆေးမတည့်မှုများ ရှိပါသည်။ မိမိ ကလေး မတည့်သောဆေးများကိုသိလျှင် ကြိုတင်ပြောပါ။ အထူးသဖြင့် G6PD အင်ဇိုင်းချို့တဲ့သော လူနာ များတွင် မတည့်သောဆေး အများအပြားရှိနိုင်ပါသည်။ မိမိကလေးတွင် ထိုရောဂါရှိလျှင်ကြိုတင်ပြောရပါ မည်။

ဆရာဝန်လက်ရေးများသည် အများအားဖြင့် ဆိုးပါသည်။ အတိုကောက်လည်း အများဆုံးရေးပါ သည်။ လူနာများလို့ သော့ရေးရသည်။ အတိုကောက်ရေးရသည်ဟု ကျွန်တော်ကိုယ်တိုင် ဆင်ခြေပေးနေပါ သည်။ အတိုကောက်ရေးရသည်ဟု ကျွန်တော်ကိုယ်တိုင် ဆင်ခြေပေးနေပါသည်။ မိမိဘာသာရေး၊ မိမိ ဘာသာ ဆေးပေးလျှင် ကိစ္စမရှိ။ အခြားလူများ မိမိလက်ရေးမဖတ်တတ်သဖြင့် ဆေးမှာပေးမှုမျိုး ကြုံနိုင်ပါ သည်။ အချို့ဆရာဝန်များကလည်း ကျင့်ဝတ်ချိုးဖောက်ပြီး ဆေးနာမည်မရေး။ ဆေးအရောင်၊ အလုံး၊ အရည်ပြောပြီး ဘယ်လိုတိုက်ရမည် ညွှန်းပါသည်။ လူနာကလည်း ဒီဆေးလုံး၊ အတောင့်ပြပြီး ဆေးဆိုင်မှာ ဆေးဝယ်ပါသည်။ ရောင်းသူကလည်း အတူဆုံးဆေးကို ရွေးရောင်းပါသည်။ အန္တရာယ်အလွန်ကြီးပါသည်။

ဆေးများတွင် ဆေး၏မူရင်နာမည်နှင့် ကုမ္ပဏီ၏တံဆိပ်နာမည် (Trade Name) နှစ်မျိုးရှိနိုင်ပါ သည်။ ဥပမာ – ပါရာစီတမောသည် မူရင်းနာမည်ဖြစ်ပါသည်။ ကုမ္ပဏီများက ယင်းကို သူ့ကုမ္ပဏီတံဆိပ် နာမည်အသသစ်ပေးပြီး Calpol, Tylenol, Biogesic ဟုခေါ်ကြပါသည်။ အချို့ Trade Name များမှာ ဆင်ကြပါသည်။ သို့သော် မူရင်ဆေးမှာ တခြားစီးဖြစ်ပါသည်။ ထို့ကြောင့် ဆေးနာမည်မသေချာလျှင် မူရင်နာမည်နှင့် ကုမ္ပဏီတံဆိပ်နာမည် နှစ်ခုစလုံး ထည့်ရေးရပါမည်။ ဆေးအချိန်အဆ မတူတာမျိုးရှီသဖြင့် 250 mg၊ 125 mg စသဖြင့် အတိအကျ ထည့်ပေးသင့်ပါသည်။ ရောင်းသူဘက်မှလည်း Trade name နှင့် ဆေးအချိန်အဆ အားအတိုင်း တိတိကျကျရောင်းသင့်ပါသည်။ ဆေးပြောင်း မပေးသင့်ပါ။

ကလေးဆေးအရည်များသည် အမှုန့်အဖြစ် လာလေ့ရှိပြီး တိုက်ခါနီးမှ သတ်မှတ်ထားသော အမှတ် အထိ ရေးထည့်ဖျော်ရပါသည်။ ရေဖျော်ပြီးပါက အာနိသင်မှာ အလွန်ဆုံးရှိလှ တစ်ပတ်သာရှိပါသည်။ တစ်ပတ်ကျော်သိမ်းထားပြီး နောက်တစ်ကြိမ်ဖျားလျှင် တိုက်ပါက အာနိသင်မရှိနိုင်ပါ။ အချို့အမေများသည် ကြာရှည်သိမ်းလို့်ရအောင်ဆိုပြီး တစ်ခါတည်းမဖျော်ဘဲ ဆေးတိုက်ခွက်ထဲတွင် အမှုန့်နည်းနည်းထည့်၊ 5 ml ထိအောင် ရေဖျော်တိုက်ပါသည်။ ဆေးအချိန်အဆမှာနိုင်ပါသည်။ မလုပ်သင့်ပါ။ ဆရာဝန်ညွှန်ကြားသည့် အတိုင်း အတိအကျဖျော်၊ အတိအကျတိုက်၊ အတိအကျရက်ကျော်လျှင် စွန့်ပစ်ရပါမည်။

ဆေးတိုင်းတွင် ဆေးအညွှန်းပါပါသည်။ ဆရာဝန်များက ဆေးအချိန်အဆ၊ တိုက်ရမည့် အချိန်ကို ချင့်ချိန်၍ ပေးသင့်သည်ကို ပေးပါလိမ့်မည်။ ဤသို့ ချင့်ချင့် ချိန်ချိန် ကုသသည့်ကြားမှ မလိုလားအပ်သော ဆေး၏အေးထွက်ဆိုးကျိုးများပေါ်နိုင်ပါသည်။ လူနာအချင်းချင်း အညွှန်းနှင့်မသောက်စေလိုပါ။ နောက်ဆုံး သတိချပ်ရမှာကား “တန်ဆေး၊ လွန်ဘေး” ဖြစ်ပါသည်။

ဒေါက်တာအောင်ကြည်ဝင်း

ေဆးအၫႊန္း၊ လူနာအၫႊန္း၊ ဆရာ၀န္အၫႊန္း

“ဆရာေပးလိုက္တဲ့ေဆးက အဆိပ္ေတြလားလို႔ ျပန္လာျပတာ´´ ၾကားလု႔ိ ႐ုတ္တရက္လန္႔သြား မိပါသည္။ အျပင္က တပည့္ေက်ာ္ေစာလွျဖဴကို လူနာအထဲ အျမန္လႊတ္ခိုင္းလိုက္ရသည္။´

“ဘယ္ေဆးက အဆိပ္လဲ။ ျပပါဦး´´

“ဆရာေလး၊ ခုနက ထည့္ေပးလိုက္တဲ့ေဆးပုလင္းမွာ အဆိပ္ (Poison) လုိ႔ေရးထားတယ္´´

ဟုတ္ပ။ ကၽြန္ေတာ္ ခုနက MPF ဖီႏိုအိပ္ေဆးကို ပုလင္းကုန္ခါနီးမို႔ ပုလင္းလုိက္ ေပးလိုက္မိပါသည္။ အဖ်ားႀကီးၿပီး တက္ေသာကေလးမ်ားကို တိုက္ျခင္းျဖစ္ပါသည္။ အႏွီေဆးမ်ိဳးသည္ မ်ားမ်ားေသာက္က အႏၱရာယ္ျဖစ္ႏိုင္သျဖင့္ အဆိပ္ဟု တံဆိပ္႐ိုက္ထားျခင္းျဖစ္သည္။

“တန္ေဆး လြန္ေဘး ဦးေလရဲ႕။ ကၽြန္ေတာ္ၫႊန္းတဲ့ အခ်ိန္အဆအတိုင္း ေသာက္ရင္ ေရာဂါသက္ သာမယ္။ ပိုေသာက္ရင္ အဆိပ္ျဖစ္မယ္´´

“သိပါဘူး၊ ဆရာေလး ေဆးမွားေပးသလားလို႔´´

“ ကလင္၊ ကလင္´´

တီဗီၾကည့္ေနရာမွ ဖုန္းကိုေကာက္ကုိင္လိုက္သည္။

“ဆရာ၊ ညေနကလာျပတဲ့ ကေလးလူနာေမာင္သက္ရွည္ကို ေဆးတိုက္ၿပီးမွ ေဆးပုလင္းကို လႈပ္ တုိက္ရမယ္လို႔ ဆရာေျပာတာ သတိရတယ္။ အဲဒါကေလးကိုကုိင္လႈပ္ေပးရင္း ရမလားဆရာ´´

“ေနဦး၊ အဲဒီလိုမလုပ္နဲ႔။ ေဆးပုးလင္းထဲက အရည္က အနည္ထုိင္ေနလို႔ မတုိက္မီ လႈပ္တုိက္ရ မယ္ေျပာတာ။ ေနာက္တစ္ႀကိမ္တိုက္ရင္သာ လႈပ္ၿပီးတုိက္လုိက္ပါ။

၀ူး … လူနာမ်ားကို တစ္ေယာက္ခ်င္းရွင္းမျပႏုိင္သည့္ ကိုယ့္အျပစ္ပါတကား။

“ဆရာ၊ ကၽြန္ေတာ့္ကေလး အားေဆးေကာင္းေကာင္းၫႊန္းပါဦး´´

“ဟင္..အရင္တစ္ခါ ၫႊန္ထားတဲအားေဆး ေကာင္းသာပဲ။ အဲဒါေရာ´´

“အဲဒီေဆးဗူးမွာက Keep out of reach of children လို႔ေရးထားေတာ့ ကေလးေတြ လက္လွမ္း မမီတဲ့ေနရာထားဆိုလို႔ ကေလးနဲ႔မတည့္ဘူးထင္တာေၾကာင့္ မတိုက္ဘူးဆရာ´´

ေသလိုက္ပါေတာ့။ ေဆးကအရသာရွိေတာ့ တစ္ေန႔တစ္လံုး ေသာက္ရမယ့္ အစား ခဏ ခဏယူ ေသာက္မွာစိုးလို႔ ေရးထားတာကို ကေလးမေသာက္ရလို႔ ထင္ေနတာကိုး။

ဆရား၀န္မ်ားသည္ လူနာမ်ားစြာၾကည့္ရသျဖင့္ ေဆးအၫႊန္းကို ေသခ်ာစြာရွင္းျပရန္ အခ်ိန္ပရေပ။ အခ်ိဳးေဆးခန္းမ်ားတြင္ ေဆးေရာင္ၫႊန္းက တစ္မ်ိဳး၊ လူနာအယူအဆက တစ္မ်ိဳးျဖစ္ေနသည္။ ကေလးမ်ား ကုိ ကုိယ္အေလးအခ်ိန္အလုိက္ ေဆးေပးသည့္အတြက္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေဆးအခ်ိန္အဆ မတူႏုိင္ေပ။ တစ္ခါတရံ ေဆးဒဏ္မခံႏိုင္လွ်င္ ေလွ်ာ့ေပးရေပမည္။ ေဆးပုလင္းမ်ားတြင္ မည္သုိ႔ေသာက္ရ မည့္အၫႊန္းပါသည္။ သို႔ေသာ္ ေအာက္ဆံုးတြင္း As directed by physician ဆရာ၀န္ၫႊန္ၾကားခ်က္အ တိုင္း ေသာက္ပါဟု ဆိုထားပါသည္။ ဆရာ၀န္ကခ်ိန္ဆၿပီးမွ ေပးလုိက္သည္ပန္း ရွိႏုိင္ပါသည္။

ကေလးမာ်းအတြက္ အိမ္တြင္ ေဆာင္ထားေသာ ပါရာစီတေမာဆိုပါစို႔။ ကိုယ္ပူမွ တုိက္သင့္ပါ သည္။ ဒီအခ်ိန္ အဖ်ားတက္ေနာက်ဆိုၿပီး မတက္မီႀကိဳတိုက္ပါက အဖ်ားမရွိလွ်င္ ေျခလက္ေအးစက္သြား သျဖင့္ ေၾကာက္လန္႔ႏုိင္ပါသည္။ ပါရာစီတေမာ့မွာ ကုမၸဏီမ်ားမွ မ်ိဳးကြဲမ်ားစြာ တင္သြင္းၾကသျဖင့္ အခ်ိဳ႕လူနာမ်ားသည္ Biogesic, Tylenol တို႔ုသည္ ပါရာစီတေမာမွန္း မသိပါ။ အျခားပါရာစီတေမာေပါင္းစပ္ ထားေသာေဆးမ်ား ဥပမာ – Fluza, Decolgen တို႔ႏွင့္ တြဲတုိက္ပါသည္။ ေခၽြးလြန္စြာထြက္ၿပီး ေျခလက္ ေအးစက္သြားႏုိင္ပါသည္။ စအုိထဲထည့္ေသာ ပါရာစီတေမာမ်ား ေခတ္စားပါသည္။ သို႔ရာတြင္ ၀မ္းသြားၿပီး ဖ်ားေသာလူနားမ်ားတြင္ မထည့္သင့္ပါ။ ၀မ္းခ်ဴသလိုမ်ိဳးျဖစ္မည္။ ၾကာၾကာမေနဘဲ ျပန္ထြက္သြားလွ်င္ အဖ်ားမက်ႏုိင္ပါ။

ကေလးမ်ားကို ေဆးတိုက္ရသည္မွာ အလြန္ခက္ပါသည္။ ေဆးေတာ္ေတာ္ မ်ားမ်ားကလည္းခါးပါ သည္။ ထို႔ေၾကာင့္ ခ်ိဳေမႊးအရည္အျဖစ္လည္းေကာင္း၊ တစ္ေန႔အႀကိမ္ေရနည္း တိုက္ႏုိင္သည့္ေဆးအား လည္းေကာင္း ေရြးခ်ယ္ေလ့ရွိပါသည္။ တစ္ေန႔ သံုးႀကိမ္ ေသာက္ရမည့္ေဆးကို တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ေသာက္႐ံုး ျဖင့္လံုေလာက္သည့္ ဓာတုဖြဲ႕စည္းပံုေျပာင္းလဲထားေသာေဆးမ်ားကို သံုးစြဲပါသည္။ ေစ်းပိုႀကီးသြားပါသည္။ အခ်ိဳ႕ေဆးမ်ားမွာမူ လူႀကီးမ်ားအတြက္ တစ္ေန႔တစ္ႀကိတ္ၿပီး ေသာက္ရေအာင္ ထုပ္ပိုးမႈပံုစံ ေျပာင္းထားေသာေဆးမ်ားရွိပါသည္။ အထူးျပဳလုပ္ထားေသာ အကာထဲတြင္ ေဆးအခ်ိန္အဆ ကို တစ္ေန႔တာအတြက္ မ်ားမ်ားထည့္ထားပါသည္။ ဗိုက္ထဲေရာက္လွ်င္ ေဆးေတာင့္အကာ ေၾကမသြားဘဲ ေဆးသည္ တျဖည္းျဖည္းစိမ့္ထြက္ျခင္း ျဖစ္ပါသည္။ ထိုေဆးမ်ိဳးကိုႀကိတ္ၿပီး အမႈန္႔တိုက္လိုက္လွ်င္ ကေလးတြင္ ေဆးအခ်ိန္အဆ မ်ားသြားပါမည္။

ကေလးေဆးအရည္မ်ားကို အနံ႔အရသာေကာင္ေအာင္ မြမ္းမံထားပါသည္။ ထို႔ေၾကာင့္ ေစ်းႀကီးပါ သည္။ သို႔ေသာ္ေဖ်ာ္စပ္အရည္ Glycol ပါလွ်င္ အဆိပ္သင့္ႏုိင္ပါသည္။ မွတ္ပံုတင္မထားေသာ ေဆးရည္ မ်ားတြင္ ပါႏုိင္သည္။ Glycol သည္အနံ႔မရွိ။ ခ်ိဳသည္။ ေစ်းေပါသည့္အတြက္ စီးပြားေရးသမားသံုးၾကျခင္း ျဖစ္သည္။ Glycol ေၾကာင့္ တက္ျခင္း၊ သတိလစ္ျခင္း၊ ေက်ာက္ကပ္ထိျခင္းတို႔ ျဖစ္ေပၚနုိင္ပါသည္။ အခ်ိဳ႕ ေဆးရည္မ်ားတြင္ Alcohol ပါပါသည္။ အရက္ေၾကာင့္ ကေလးမွိန္ေနႏုိင္ပါသည္။ ထို႔ေၾကာင့္ ေဆးမ်ားတြင္ Alcohol Free ဟုေရးၿပီး အျခားအရည္ျဖင့္ ေဖ်ာ္စပ္ထားသျဖင့္ ေစ်းပိုႀကီးပါသည္။

အေနာက္ႏုိင္ငံေဆးမ်ားသည္ ဓာတုပစၥည္းမ်ား ျဖစ္ပါသည္။ ေဆးတိုင္းမတည့္ႏုိင္ပါ။ ေျဖးေဆးဘာ မီတြန္ကိုပင္ မတည့္သူမ်ားရွိပါသည္။ အသက္အႏၱရာယ္ျဖစ္ႏိုင္ေသာ ေဆးမတည့္မႈမ်ား ရွိပါသည္။ မိမိ ကေလး မတည့္ေသာေဆးမ်ားကိုသိလွ်င္ ႀကိဳတင္ေျပာပါ။ အထူးသျဖင့္ G6PD အင္ဇိုင္းခ်ိဳ႕တဲ့ေသာ လူနာ မ်ားတြင္ မတည့္ေသာေဆး အမ်ားအျပားရွိႏိုင္ပါသည္။ မိမိကေလးတြင္ ထိုေရာဂါရွိလွ်င္ႀကိဳတင္ေျပာရပါ မည္။

ဆရာ၀န္လက္ေရးမ်ားသည္ အမ်ားအားျဖင့္ ဆုိးပါသည္။ အတိုေကာက္လည္း အမ်ားဆံုးေရးပါ သည္။ လူနာမ်ားလို႔ ေသာ့ေရးရသည္။ အတိုေကာက္ေရးရသည္ဟု ကၽြန္ေတာ္ကိုယ္တိုင္ ဆင္ေျခေပးေနပါ သည္။ အတိုေကာက္ေရးရသည္ဟု ကၽြန္ေတာ္ကိုယ္တိုင္ ဆင္ေျခေပးေနပါသည္။ မိမိဘာသာေရး၊ မိမိ ဘာသာ ေဆးေပးလွ်င္ ကိစၥမရွိ။ အျခားလူမ်ား မိမိလက္ေရးမဖတ္တတ္သျဖင့္ ေဆးမွာေပးမႈမ်ိဳး ႀကံဳႏိုင္ပါ သည္။ အခ်ိဳ႕ဆရာ၀န္မ်ားကလည္း က်င့္၀တ္ခ်ိဳးေဖာက္ၿပီး ေဆးနာမည္မေရး။ ေဆးအေရာင္၊ အလံုး၊ အရည္ေျပာၿပီး ဘယ္လိုတုိက္ရမည္ ၫႊန္းပါသည္။ လူနာကလည္း ဒီေဆးလံုး၊ အေတာင့္ျပၿပီး ေဆးဆုိင္မွာ ေဆး၀ယ္ပါသည္။ ေရာင္းသူကလည္း အတူဆံုးေဆးကို ေရြးေရာင္းပါသည္။ အႏၱရာယ္အလြန္ႀကီးပါသည္။

ေဆးမ်ားတြင္ ေဆး၏မူရင္နာမည္ႏွင့္ ကုမၸဏီ၏တံဆိပ္နာမည္ (Trade Name) ႏွစ္မ်ိဳးရွိႏိုင္ပါ သည္။ ဥပမာ – ပါရာစီတေမာသည္ မူရင္းနာမည္ျဖစ္ပါသည္။ ကုမၸဏီမ်ားက ယင္းကို သူ႔ကုမၸဏီတံဆိပ္ နာမည္အသသစ္ေပးၿပီး Calpol, Tylenol, Biogesic ဟုေခၚၾကပါသည္။ အခ်ိဳ႕ Trade Name မ်ားမွာ ဆင္ၾကပါသည္။ သို႔ေသာ္ မူရင္ေဆးမွာ တျခားစီးျဖစ္ပါသည္။ ထို႔ေၾကာင့္ ေဆးနာမည္မေသခ်ာလွ်င္ မူရင္နာမည္ႏွင့္ ကုမၸဏီတံဆိပ္နာမည္ ႏွစ္ခုစလံုး ထည့္ေရးရပါမည္။ ေဆးအခ်ိန္အဆ မတူတာမ်ိဳးရွီသျဖင့္ 250 mg၊ 125 mg စသျဖင့္ အတိအက် ထည့္ေပးသင့္ပါသည္။ ေရာင္းသူဘက္မွလည္း Trade name ႏွင့္ ေဆးအခ်ိန္အဆ အားအတိုင္း တိတိက်က်ေရာင္းသင့္ပါသည္။ ေဆးေျပာင္း မေပးသင့္ပါ။

ကေလးေဆးအရည္မ်ားသည္ အမႈန္႔အျဖစ္ လာေလ့ရွိၿပီး တိုက္ခါနီးမွ သတ္မွတ္ထားေသာ အမွတ္ အထိ ေရးထည့္ေဖ်ာ္ရပါသည္။ ေရေဖ်ာ္ၿပီးပါက အာနိသင္မွာ အလြန္ဆံုးရွိလွ တစ္ပတ္သာရွိပါသည္။ တစ္ပတ္ေက်ာ္သိမ္းထားၿပီး ေနာက္တစ္ႀကိမ္ဖ်ားလွ်င္ တုိက္ပါက အာနိသင္မရွိႏိုင္ပါ။ အခ်ိဳ႕အေမမ်ားသည္ ၾကာရွည္သိမ္းလို္႔ရေအာင္ဆိုၿပီး တစ္ခါတည္းမေဖ်ာ္ဘဲ ေဆးတိုက္ခြက္ထဲတြင္ အမႈန္႔နည္းနည္းထည့္၊ 5 ml ထိေအာင္ ေရေဖ်ာ္တုိက္ပါသည္။ ေဆးအခ်ိန္အဆမွာႏိုင္ပါသည္။ မလုပ္သင့္ပါ။ ဆရာ၀န္ၫႊန္ၾကားသည့္ အတုိင္း အတိအက်ေဖ်ာ္၊ အတိအက်တိုက္၊ အတိအက်ရက္ေက်ာ္လွ်င္ စြန္႔ပစ္ရပါမည္။

ေဆးတိုင္းတြင္ ေဆးအၫႊန္းပါပါသည္။ ဆရာ၀န္မ်ားက ေဆးအခ်ိန္အဆ၊ တုိက္ရမည့္ အခ်ိန္ကို ခ်င့္ခ်ိန္၍ ေပးသင့္သည္ကို ေပးပါလိမ့္မည္။ ဤသို႔ ခ်င့္ခ်င့္ ခ်ိန္ခ်ိန္ ကုသသည့္ၾကားမွ မလိုလားအပ္ေသာ ေဆး၏ေအးထြက္ဆိုးကိ်ဳးမ်ားေပၚႏုိင္ပါသည္။ လူနာအခ်င္းခ်င္း အၫႊန္းႏွင့္မေသာက္ေစလိုပါ။ ေနာက္ဆံုး သတိခ်ပ္ရမွာကား “တန္ေဆး၊ လြန္ေဘး” ျဖစ္ပါသည္။

ေဒါက္တာေအာင္ၾကည္ဝင္း

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *