April လ ထဲမွေးမယ့်မေမေတွေ ဘာတွေကြိုပြင်ဆင်မလဲ?
မေမေတို့ရေ မေမေတို့ ကိုးလလွယ်ထားတဲ့ ကိုယ်ဝန်ရဲ့ မွေးဖွားခန့်မှန်းထားတယ့်ရက်ဟာ သင်္ကြန်နဲ့ တော်တော်လေး ရက်ကပ်နေပါသလား? ဒါဆို April Born Baby လေးမို့ ချစ်ဖို့ကောင်းမှာတော့ အသေချာပါပဲ။
ဒါပေမယ့် သင်္ကြန်နားနီးနီးမှာမွေးမယ့် မေမေတွေဟာ အခြားမေမေတွေထက် ဝီရိယ ပိုဖို့တော့ လိုပါတယ်။
သင်္ကြန်ဆို သွားရေး လာရေး၊ အစားအသောက်၊ ဆေးရုံဆေးခန်းက အစ ကြိုစီစဉ်ထားရပါတော့မယ်။
ဒါတွေအတွက် Check List ( လုပ်ဆောင်ရမယ့် စာရင်းလေး) နဲ့ကြိုတင်စီစဉ်ထားမယ်ဆိုရင် သိပ်ခေါင်းခဲစရာ မလိုတော့ဘူးပေါ့နော်။
ဘာတွေကို စပြီးပြင်ဆင်ကြမလဲ?
အရင်ဆုံးတော့ ကျန်းမာရေးကောင်းအောင် အအိပ်၊ အစားမှန်အောင် ကြိုပြင်ဆင်ထားပါ။ မွေးဖွားချိန် ရိုးရိုးမွေးဖွားမယ့် မေမေတွေအနေနဲ့တော့ အသက်ရှူလေ့ကျင့်ခန်းပုံမှန် လေ့ကျင့်ပေးပါ။ မွေးဖွားမယ့် ဆေးရုံဆေးခန်း ကြိုစီစဉ်ထားပါ။
ခွဲမွေးမယ်ဆိုရင်တော့ သွားရမယ့်ရက်၊ သွားရမယ့် ဆေးရုံကို ကြိုတင် ဘိုကင်တင်ထားနိုင်ပါတယ်။ ရိုးရိုးမွေးမယ့်မေမေတွေကတော့ ကိုယ်မွေးမယ်ွဆေးရုံကို သွားဖို့ သွားရန်ကြာနိုင်ချိန်၊ ဘယ်လမ်းကြောင်းကသွားမယ်။ သွားမယ့် ကားစတာတွေကို ဗိုက်နာတဲ့အချိန်မှ စီစဉ်ရင် ကသီနိုင်တာမို့ ကြိုတင်စီစဉ်ထားပါလို့။ ဆေးရုံသွားရင် ယူရမယ့် ပစ္စည်းလေးတွေ ကြိုထုတ်ပိုးထားပါ။
မွေးဖွားမယ့်ရက်နဲ့ တစ်လလောက်အလိုထဲက ဆေးရုံသွားရင်ယူသွားမယ့် ပစ္စည်းတွေကြိုထုတ်ပိုးထားတာဟာ တကယ် ဗိုက်နာလို့သွားမယ်ဆိုရင်တောင် အထုတ်အပိုးလေး အဆင်သင့်ဆွဲသွားနိုင်တာမို့ အရမ်းအဆင်ပြေစေမှာပါ။ ညအိပ်ဝတ်စုံပွပွလေးတွေယူသွားပါ။
ဘာပစ္စည်းတွေ ယူသွားသင့်လဲဆိုရင်တော့
* မေမေတွေအတွက်ကတော့
- ၁) ( မွေးပြီးနို့တိုက်ရမှာမို့ ရှေ့ခွဲအကျီၤလေးတွေဆို ပိုကောင်းပါမယ်)
- ၂) အမျိုးသမီးလစဉ်သုံးပစ္စည်း( Sanitary Pad) လေးကြိုဝယ်သွားပါ။( မွေးပြီးမိခင်သုံးသီးသန့်မေးဝယ်နိုင်ပါတယ်)
- ၃) ခေါင်းစည်းကြိုး၊ ဆံညှပ်မျိုးယူသွားပါ။ ( နို့တိုက်တဲ့အချိန်အဆင်ပြေနိုင်အောင်ပါ)
- ၄) တကိုယ်ရေ သန့်ရှင်း ( မျက်နှာသစ်၊ လိုးရှင်း စသည်တို့) ကိုလည်း ထည့်ထားပါ။
*ကလေးလေးအတွက်ကတော့
၁) မွေးပြီးတာနဲ့ ဝတ်ပေးမယ့်အကျီၤ ၊ ထွေးမယ့်အနှီး၊ ခေါင်းစွပ်၊ လက်အိပ် စတာလေးတွေကြိုပြင်ပြီးထုတ်ပိုးထားပါ။ ##သတိထားဖို့ကတော့.. ကလေးအနီး၊ အဝတ်တို့ကို လျှော်ဖွပ်၊ မီးပူတိုက်ထားနိုင်ပါတယ်။ ပရုတ်လုံးတော့ မထည့်ထားသင့်ပါ။ G6PD ဓာတ်ချို့တဲ့ တဲ့ ကလေးတွေအတွက် မသင့်တော်လို့ပါ။
၂) ကလေး အိပ်ရာ၊ ခေါင်းအုံးလေးတွေလည်းကြိုထုတ်ထားပေးပါ။ မေမေရော လာစောင့်တဲ့လူတွေရော အဆင်ပြေစေဖို့ ဓာတ်ဘူး၊ တစ်ခါသုံးခွက်၊ ပန်းကန် အနည်းငယ်ကိုလည်း ယူသွားသင့်ပါတယ်။
ဒီပစ္စည်းလေးတွေကို ခရီးဆောင်အိတ်လေးနဲ့ ပြင်ဆင်ထားမယ်ဆို ဘယ်အချိန် ဆေးရုံသွားသွား အဆင်ပြေသွားပြီပေါ့နော် မေမေတို့ရေ။
* နောက်တစ်ခုက တစ်ကယ် ကလေးမွေးချင်လို့ ဗိုက်နာတာမှ ဟုတ်ရဲ့လား?
သားဦးမိခင်များအဖို့ ဝေခွဲရခက်တတ်လို့ပါ။ ဗိုက်တစ်ခုလုံး လုံးတက်လာပြီး နာလာတယ်။ ညှစ်ချင်သလိုခံစားချက်မျိုးရှိလာမယ်။ ဆီးသွားသလို ရေတွေအများကြီးဆင်းလာတာမျိုးဟာ ကလေးမွေးခြင်တဲ့ လက္ခဏာဖြစ်လို့ စီစဉ်ထားတဲ့ ပစ္စည်းလေးတွေကိုဆွဲပြီးသာ ဆေးရုံသွားပါလို့ ပြောချင်ပါတယ်။
မယ်တင်( ဆေး ၁)
April လ ထဲေမြးမယ့္ေမေမေတြ ဘာေတြႀကိဳျပင္ဆင္မလဲ?
ေမေမတို႔ေရ ေမေမတို႔ ကိုးလလြယ္ထားတဲ့ ကို္ယ္ဝန္ရဲ႕ ေမြးဖြားခန္႔မွန္းထားတယ့္ရက္ဟာ သႀကၤန္နဲ႔ ေတာ္ေတာ္ေလး ရက္ကပ္ေနပါသလား? ဒါဆို April Born Baby ေလးမို႔ ခ်စ္ဖို႔ေကာင္းမွာေတာ့ အေသခ်ာပါပဲ။
ဒါေပမယ့္ သႀကၤန္နားနီးနီးမွာေမြးမယ့္ ေမေမေတြဟာ အျခားေမေမေတြထက္ ဝီရိယ ပိုဖို႔ေတာ့ လိုပါတယ္။
သႀကၤန္ဆို သြားေရး လာေရး၊ အစားအေသာက္၊ ေဆးရံုေဆးခန္းက အစ ႀကိဳစီစဥ္ထားရပါေတာ့မယ္။
ဒါေတြအတြက္ Check List ( လုပ္ေဆာင္ရမယ့္ စာရင္းေလး) နဲ႔ႀကိဳတင္စီစဥ္ထားမယ္ဆိုရင္ သိပ္ေခါင္းခဲစရာ မလိုေတာ့ဘူးေပါ့ေနာ္။
ဘာေတြကို စၿပီးျပင္ဆင္ၾကမလဲ?
အရင္ဆံုးေတာ့ က်န္းမာေရးေကာင္းေအာင္ အအိပ္၊ အစားမွန္ေအာင္ ႀကိဳျပင္ဆင္ထားပါ။ ေမြးဖြားခ်ိန္ ရိုးရိုးေမြးဖြားမယ့္ ေမေမေတြအေနနဲ႔ေတာ့ အသက္ရႉေလ့က်င့္ခန္းပံုမွန္ ေလ့က်င့္ေပးပါ။ ေမြးဖြားမယ့္ ေဆးရံုေဆးခန္း ႀကိဳစီစဥ္ထားပါ။
ခြဲေမြးမယ္ဆိုရင္ေတာ့ သြားရမယ့္ရက္၊ သြားရမယ့္ ေဆးရံုကို ႀကိဳတင္ ဘိုကင္တင္ထားႏိုင္ပါတယ္။ ရိုးရိုးေမြးမယ့္ေမေမေတြကေတာ့ ကိုယ္ေမြးမယ္ြေဆးရံုကို သြားဖို႔ သြားရန္ၾကာႏိုင္ခ်ိန္၊ ဘယ္လမ္းေၾကာင္းကသြားမယ္။ သြားမယ့္ ကားစတာေတြကို ဗိုက္နာတဲ့အခ်ိန္မွ စီစဥ္ရင္ ကသီႏိုင္တာမို႔ ႀကိဳတင္စီစဥ္ထားပါလို႔။ ေဆးရံုသြားရင္ ယူရမယ့္ ပစၥည္းေလးေတြ ႀကိဳထုတ္ပိုးထားပါ။
ေမြးဖြားမယ့္ရက္နဲ႔ တစ္လေလာက္အလိုထဲက ေဆးရံုသြားရင္ယူသြားမယ့္ ပစၥည္းေတြႀကိဳထုတ္ပိုးထားတာဟာ တကယ္ ဗိုက္နာလို႔သြားမယ္ဆိုရင္ေတာင္ အထုတ္အပိုးေလး အဆင္သင့္ဆြဲသြားႏိုင္တာမို႔ အရမ္းအဆင္ေျပေစမွာပါ။ ညအိပ္ဝတ္စံုပြပြေလးေတြယူသြားပါ။
ဘာပစၥည္းေတြ ယူသြားသင့္လဲဆိုရင္ေတာ့
* ေမေမေတြအတြက္ကေတာ့
- ၁) ( ေမြးၿပီးႏို႔တိုက္ရမွာမို႔ ေရွ႕ခြဲအက်ီၤေလးေတြဆို ပိုေကာင္းပါမယ္)
- ၂) အမ်ိဳးသမီးလစဥ္သံုးပစၥည္း( Sanitary Pad) ေလးႀကိဳဝယ္သြားပါ။( ေမြးၿပီးမိခင္သံုးသီးသန္႔ေမးဝယ္ႏိုင္ပါတယ္)
- ၃) ေခါင္းစည္းႀကိဳး၊ ဆံညႇပ္မ်ိဳးယူသြားပါ။ ( ႏို႔တိုက္တဲ့အခ်ိန္အဆင္ေျပႏိုင္ေအာင္ပါ)
- ၄) တကိုယ္ေရ သန္႔ရွင္း ( မ်က္ႏွာသစ္၊ လိုးရွင္း စသည္တို႔) ကိုလည္း ထည့္ထားပါ။
*ကေလးေလးအတြက္ကေတာ့
၁) ေမြးၿပီးတာနဲ႔ ဝတ္ေပးမယ့္အက်ီၤ ၊ ေထြးမယ့္အႏွီး၊ ေခါင္းစြပ္၊ လက္အိပ္ စတာေလးေတြႀကိဳျပင္ၿပီးထုတ္ပိုးထားပါ။ ##သတိထားဖို႔ကေတာ့.. ကေလးအနီး၊ အဝတ္တို႔ကို ေလၽွာ္ဖြပ္၊ မီးပူတိုက္ထားႏိုင္ပါတယ္။ ပရုတ္လံုးေတာ့ မထည့္ထားသင့္ပါ။ G6PD ဓာတ္ခ်ိဳ႕တဲ့ တဲ့ ကေလးေတြအတြက္ မသင့္ေတာ္လို႔ပါ။
၂) ကေလး အိပ္ရာ၊ ေခါင္းအံုးေလးေတြလည္းႀကိဳထုတ္ထားေပးပါ။ ေမေမေရာ လာေစာင့္တဲ့လူေတြေရာ အဆင္ေျပေစဖို႔ ဓာတ္ဘူး၊ တစ္ခါသံုးခြက္၊ ပန္းကန္ အနည္းငယ္ကိုလည္း ယူသြားသင့္ပါတယ္။
ဒီပစၥည္းေလးေတြကို ခရီးေဆာင္အိတ္ေလးနဲ႔ ျပင္ဆင္ထားမယ္ဆို ဘယ္အခ်ိန္ ေဆးရံုသြားသြား အဆင္ေျပသြားၿပီေပါ့ေနာ္ ေမေမတို႔ေရ။
* ေနာက္တစ္ခုက တစ္ကယ္ ကေလးေမြးခ်င္လို႔ ဗိုက္နာတာမွ ဟုတ္ရဲ႕လား?
သားဦးမိခင္မ်ားအဖို႔ ေဝခြဲရခက္တတ္လို႔ပါ။ ဗိုက္တစ္ခုလံုး လံုးတက္လာၿပီး နာလာတယ္။ ညႇစ္ခ်င္သလိုခံစားခ်က္မ်ိဳးရွိလာမယ္။ ဆီးသြားသလို ေရေတြအမ်ားႀကီးဆင္းလာတာမ်ိဳးဟာ ကေလးေမြးျခင္တဲ့ လကၡဏာျဖစ္လို႔ စီစဥ္ထားတဲ့ ပစၥည္းေလးေတြကိုဆြဲၿပီးသာ ေဆးရံုသြားပါလို႔ ေျပာခ်င္ပါတယ္။
မယ္တင္( ေဆး ၁)