Premature Ejaculation

ဒီနေရာမှ မြန်ရသလား ဗျာ

ကိုရွှေကြာတစ်ယောက်နာမည်နဲ့လိုက်အောင်နေရာတကာလုပ်တာကိုင်တာကြာလွန်းသူဖြစ်သည်။ သူ့မိန်းမ တစ်ခုခုများ ခိုင်းရင် မနက်ကခိုင်း ညနေမှရတာမို့ မိန်းမ ရန်စောင်တာကိုခံရနေကြ။

အဲ ဒါပေမယ့် မြန်တဲ့နေရာ တစ်ခုတော့ရှိတယ် ။

အဲဒါကတော့” အိပ်ရာထဲက ကိစ္စ” ဒီတစ်လော ကိုရွှေကြာတစ်ယောက် အလုပ်မှာ ရာထူးတိုးတယ်၊ ရာထူးတိုးလာတာနဲ့အမျှ တာဝန်တွေ၊ စိတ်ဖိစီးမှုတွေ ပိုများလာတယ်။

ပိုသိသာလာတာက ဒီလို အလုပ်တွေများပြီးချိန်လောက်မှာဘဲ မိန်းမနဲ့ အပေးအယူမမျှတော့ဘူး။ မမြန်သင့်တဲ့ အိပ်ရာပေါ်က ကိစ္စပါမြန်လာတယ်။ သုတ်လွှတ်စောလာတယ်။ မိန်းမကလည်း မကြည်လင်ချင်တော့ဘူး။

ကိစ္စကိုဒီအတိုင်းထားလို့မရ၊ ခင်နေတဲ့ မိသားစုဆရာဝန်လေးဆီ တိုင်ပင်ဖို့ထွက်လာလိုက်တယ်။

ကိုရွှေကြာတစ်ယောက် သူ့ပြသနာကိုပြောအပြီးမှာ ဆရာဝန်လေးက

” ဒီလိုဗျ အမျိုးသား၂၀%လောက်ဟာ သက်တမ်းတစ်လျှောက်မှာ ဒီသုတ်လွှတ်မြန်တဲ့ ပြသနာနဲ့ကြုံတွေဖို့ အခြေအနေတွေရှိတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းတွေကတော့ စိတ်ပိုင်းဆိုင်ရာအားဖြင့်

  • အလျင်လိုတဲ့ လိင်ဆက်ဆံမှုအခြေအနေမျိုး
  • လိင်စိတ်အင်မတန်လှုပ်ရှားနေစဉ်ဆက်ဆံမိတာမျိုး
  • အလုပ်၊ ကိုယ်ရေးကိုယ်တာ စိတ်ဖိစီးမှုများနေတာမျိုးဆို ပိုတွေ့ရတတ်ပါတယ်။

ကိုယ်ခန္တာရောဂါအနေနဲ့ကတော့

  • လိင်အဂါၤရောင်ယမ်းနေတဲ့အချိန်
  • အာရုံကြောစနစ်ထိခိုက်ထားသူများ
  • နှလုံး၊ ဆီးချိုရှိသူများ
  • ဟော်မုန်း ပမာဏ နည်းသူတွေမှာတွေ့ရတတ်ပါတယ်”

ကိုရွှေကြာတစ်ယောက် အားတက်သွားသည်။ “အနာသိ ဆေးရှိသည်”ဟုလည်းတွေးလိုက်သည်။

” ကုလို့ရလားဆရာ”

ဆရာဝန်ကလည်း ” ကုသဖို့ဆိုရင် အရင်ဆုံး စိတ်ကိုထိန်းဖို့ ကျင့်ရပါမယ်။ အတူနေလို့ ခံစားချက်အထွဋ်အထိပ်ရောက်လို့ ပြီးခါနီးဆိုရင် တစ်ခြားက်ု အာရုံပြောင်းတာမျိုးလုပ်ပြီး ကျင့်ကြည့်ပါ။ နောက်တစ်မျိုးအနေနဲ့ ‘ Condom(ကွန်ဒုံး) သုံးပြီးဆက်ဆံခြင်း၊ လိင်အဂါၤ ထိတွေ့မှုကိုလျှော့စေတဲ့ Gel သုံးပြီးဆက်ဆံခြင်း
တို့ကလည်း ဆက်ဆံချိန်ကြာစေပြီး သုတ်လွှတ်မြန်တာကိုဖြေရှင်းပေးပါတယ်။

နောက်ဆုံးအနေနဲ့ လိုအပ်လာရင်တော့ စိတ်ကျရောဂါ( Depression)နဲ့ တွဲဖြစ်တတ်တာမို့ စိတ်ငြိမ်ဆေး( Anti depressent) မျိုးကို ကျွန်တော်တို့ဆရာဝန်အနေနဲ့ ညွှန်ပေးပါမယ်”

ကိုရွှေကြာတစ်ယောက်တော့ ဆေးခန်းကအပြန် မိန်းမနဲ့ ပြေလည်ဖို့အရေး တွေးသာနေလိုက်တော့တယ်။

မယ်တင်( ဆေး ၁)

 

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *