အချိန်မတိုင်ခင် ရွှေပန်းက ရေပန်းဖျာတာ စောခြင်း

“အချိန်မတိုင်ခင် ရွှေပန်းက ရေပန်းဖျာတာ စောခြင်း” ဆိုလို့စာဖတ်သူတွေ နားရှုပ်သွားကြသလား ။မရှုပ်ကြပါနဲ့ဗျာ ၊ပြောချင်တာက ဇီဝကတို့လို ဆရာဝန်
တွေကို အမျိုးသားလူနာတွေ အမေးများတဲ့ အထဲက “သုတ်လွှတ်စောခြင်း” အကြောင်းကို ပြောချင်တာဗျာ့ ။

အချိန်အဆက တယ်အရေးကြီး သဗျာ့ ။ဘယ်နေရာမှာမဆိုပေါ့ ။ အိပ်ရာထက်က ချစ်မှုရေးရာမှာလည်း အရေးပါတယ်နော့် ။တကယ်လို့ သာယာမှု အထွဋ်အထိပ်မရောက်ခင် သုတ်လွှတ်စောခဲ့ရင် အမျိုးသားရော အမျိုးသမီးပါ စိတ်ကျေနပ်မှု အပြည့်အ၀ ရမှာ မဟုတ် ။အမျိုးသားတွေအတွက်တော့ တကယ့် စိတ်ပျက်စရာပဲပေါ့ ၊ “ယောကျာၤး မပီသဘူး” လို့ မိမိကိုယ်တိုင်လည်း ခံစားရသလို မိမိလိင်ဆက်ဆံဖော်ကလည်း အထင်သေးသွားမှာ စိုးရိမ်မိတတ်ကြပါတယ် ။အကြိမ်တိုင်း သုတ်လွှတ်တာ စောနေရင် ချစ်မှုရေးရာမှာ ၊အိမ်ထောင်ရေးမှာ အက်ကြောင်းလေးတွေ ထင်းလာနိုင်တာပေါ့ ။

သုတ်လွှတ်စောတယ်ဆိုတာ ဘယ်လိုပါလဲ

တကယ်တော့ စောတယ်လို့ ပြောဖို့ကို အချိန် အတိအကျ သတ်မှတ်ဖို့ရာ ခက်ပါတယ် ။တစ်ယောက်နဲ့ တစ်ယောက်မှ မတူတာကိုးဗျာ့ ။

ယေဘူယျအားဖြင့်ကတော့ အမျိုးသမီးနဲ့ မဆက်ဆံမီ အမျိုးသမီး အင်္ဂါထဲ မထည့်ခင် ၊ဒါမှမဟုတ် ထည့်ပြီး လိင်ဆက်ဆံတာ တစ်မိနစ် မပြည့်ခင်မှာတင် သုတ်ရည်ထွက်တာကို သုတ်လွှတ်စောတယ်လို့ သတ်မှတ်ထားကြပါတယ် ။

သုတ်လွှတ်စောတာ ပြဿနာ တစ်ရပ်လား

သုတ်လွှတ်စောတာ ပြဿနာ တစ်ရပ်လို့ သတ်မှတ်လို့ရပါတယ် ။ ဘာလို့လဲ ဆိုရင် သုတ်ရည်ထွက်ပြီးတာနဲ့ အမျိုးသားရဲ့ လိင်တံဟာ ပျော့ခွေသွားပြီး ဆက်ပြီး လိင်ဆက်ဆံဖို့ အဆင်သင့် မဖြစ်တော့လို့ပါ ။

ဒါကြောင့် အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ချစ်မှုရေးရာမှာ အနှောင့်အယှက်ဖြစ်လာတာ ပါ ။

သုတ်လွှတ်စောတာဟာ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ ။အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ ၃၀-၄၀ ရာခိုင်နှုန်းဟာ သုတ်လွှတ်စောတာကို တစ်ကြိမ်မဟုတ် တစ်ကြိမ် ခံစားဖူးကြပါတယ် ။

ဘာတွေကြောင့် သုတ်လွှတ်စောတတ်ကြတာလဲ

ဘာကြောင့် သုတ်လွှတ်စောတယ်ဆိုတာ အတိအကျ ပြောဖို့ခက်ပါတယ် ။အဖြစ်အများဆုံးကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများပဲ ဖြစ်ပါတယ် ။စိတ်ဖိစီးမှုများခြင်း ၊စိတ်ဓာတ်ကျခြင်း ၊လိင်ဆက်ဆံရာမှာ စိတ်လှုပ်ရှားလွန်းခြင်း ၊အပြစ်ရှိသလို ခံစားရခြင်း ၊အမျိုးသားနဲ့ အမျိုးသမီးအကြား ဆက်ဆံရေး အဆင်မပြေခြင်း စတာတွေပဲ ဖြစ်ပါတယ် ။ဒါ့အပြင် သုတ်လွှတ်စောခြင်းဟာ ပန်းသေပန်းညှိုးရောဂါရဲ့ လက္ခဏာ ဖြစ်တတ်ပါသေးတယ် ။ဒါကြောင့် ပေါ့ဆလို့တော့ မရပါဘူး ။

ဘယ်အချိန်မှာ သင့်မိသားစု ဆရာဝန်နဲ့ ပြသမလဲ

  • သုတ်လွှတ်စောတာ အကြိမ်အရေအတွက် စိပ်လာရင်
  • သုတ်လွှတ်စောခြင်းက မိမိမှာရော ၊မိမိရဲ့ လိင်ဆက်ဆံဖော်မှာရော စိတ်အနှောင့်အယှက် ပေးလာရင်
  • ပန်းသေပန်းညှိုးရဲ့ လက္ခဏာလို့ ယူဆရင် မိမိတို့ရဲ့ မိသားစု ဆရာဝန်နဲ့ ပြသပါ ။

မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ

“Stop and Squeeze”

အချိန်မတိုင်ခင် သုတ်လွှတ်ခြင်းလာရင် သင့်ဘာသာဖြစ်စေ ၊သင့်လိင်ဆက်ဆံဖက်ကဖြစ်စေ လိင်တံကို စက္ကန့်ပိုင်းလောက် ၊ဒါမှမဟုတ် သုတ်လွှတ်ချင်တဲ့စိတ်ကုန်သွားတဲ့အထိ ညှစ်ပေးထားပါ ။

ကွန်ဒုံး စွပ်ထားခြင်းဖြင့်လည်း သင့်ရဲ့ အာရုံခံမှုကို လျော့ချပေးခြင်းဖြင့်လည်း သုတ်လွှတ်စောခြင်းကို သက်သာစေနိုင်ပါတယ် ။

တချို့သောလေ့လာမှုများအရ မိမိ လိင်ဆက်ဆံဖက်နဲ့ မဆက်ဆံမီ နာရီပိုင်း အလိုလောက်ကတည်းက အာသာဖြေမှုများဖြင့် သုတ်ရည်ထွက်အောင် ကြိုတင် လုပ်ထား သူများသည် သုတ်လွှတ်စောတာ နည်းတယ်လို့ ဆိုကြပါတယ် ။

ဘယ်လိုကုသလို့ရသလဲ

သုတ်လွှတ်မြန်ခြင်း အတွက် ဆေးဝါးသီးသန့်တော့ မပေါ်သေးပါ ။ ပန်းသေးပန်းညှိုးနဲ့ တွဲဖြစ်ရင်တော့ ဆေးဝါးကုထုံး ရှိပါတယ် ။

အဓိကကတော့ အထက်ပါအပြုအမူများ ကျင့်သုံးရမယ့် အပြင် စိတ်ပိုင်းနဲ့ အပြုအမူ ပိုင်းဆိုင်ရာကုထုံး Cognitive Behavioral Therapy များနဲ့ ကုသနိုင်ပါတယ် ။

ခေတ်သစ် ဇီဝက

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *