ဗိုက်ဗိုက်ရေသင်္ကြန်လည်ဖို့အဆင်သင့်ဖြစ်ပြီလား?
သင်္ကြန်ကလည်းနီးလာပြီဆိုတော့ ခုကိုယ်ဝန်ဆောင်နေတဲ့ မဗိုက်တို့ရော ဘယ်လိုအစီအစဉ်တွေဆွဲထားကြပြီးပီလဲ?
မဗိုက်တစ်ချို့ကလည်း ကိုယ်ဝန်ဆောင်ချိန် သင်္ကြန်လည်ဖို့မှ
အဆင်ပြေပါ့မလား။ ရပါ့မလားတွေးနေကြပါလိမ့်မယ်။
ဒါဆို အတူအဖြေရှာကြည့်ဆို့လား?
မဗိုက်ရဲ့ကိုယ်ဝန်က ဘယ်နှလလဲသိဖို့လိုပါတယ်။
ကိုယ်ဝန်၃၄ပတ်ကျော် ၈လကျော်လောက်ဆိုရင်တော့ သင်္ကြန်မလည်သင့်တောွပါဘူး။
မဗိုက်တို့ဟာအချိန်မရွေး ဗိုက်နာနိုင် မွေးဖွားနိုင်တာမို့ လမ်းကြပ်တဲ့လမ်းပိတ်တဲ့ သင်္ကြန်လည်တာမျိုးတော့ မလုပ်သင့်တော့ပါဘူးလို့ပြောပါရစေ။
ဒါဆို ကိုယ်ဝန်ရှိစက ၈လအထိရောဆိုရင်တော့?
ဘယ်လိုလည်မှာလဲအပေါ်မူတည်ပါတယ်။
ရေဆင်း၊ သွေးဆင်းတာမျိုးမရှိဘူး။ ကိုယ်ဝန်ဆိပ်တက်တာမျိုးမရှိဘူးဆိုရင်တော့လည်လို့ရပါတယ်။
ဒါပေမယ့် မခုန်ပေါက်မိဖို့၊ ဗိုက်ကို ထိခိုက်ခြင်း၊ ချော်လဲခြင်းမရှိစေဖို့သတိထားပါ။
ဒါဆို ဗိုက်ဗိုက်တွေသင်္ကြန်လည်ဖို့ဘာတွေပြင်ဆင်သွားမလဲ?
_ စလည်ထဲက လုံလုံခြုံခြုံအအေးမပတ်အောင်ဝတ်သွားပါ။
မိုးကာ၊ သဘက်တို့ဆောင်သွားပါ။ အရမ်းစိုလာရင်လဲဖို့အကျီၤယူသွားပါ။
_ ရေသန့်ဘူး သို့ ဓာတ်ဆားဘူးဆောင်သွားပါ။
သိကြတဲ့အတိုင်း သင်္ကြန်ဟာ နွေနေပူတဲ့အချိန်ဖြစ်တာကြောင့် ရေဓာတ်ခမ်းခြောက်တာမဖြစ်ရအောင် ရေဘူးဆောင်ပြီး ရေဆာတိုင်းသောက်ပေးပါ။
_ အစားအသောက်ကြိုစီစဉ်သွားပါ။
သင်္ကြန်တွင်း အစားအစာတွေပေါတယ်ဆိုပေမယ့် မဗိုက်တို့ဟာ တွေ့ရာစားဖို့မသင့်တော်ပါဘူး။ ဝမ်းပျက်မယ်။ ပိုးဝင်မယ်ဆို မိမိရောကလေးပါ
ထိခိုက်နိုင်တာမို့ အိမ်ထဲက သန့်ရှင်းတဲဘအစားအစာ ကြိုစီစဉ်သွားပါ။
_ ဖိနပ်ရွေးချယ်ပါ။
သင်္ကြန်တွင်းရေစိုခံ ကြိုးသိုင်းဖိနပ်အပါးမျိုးက အသင့်တော်ဆုံးဖြစ်နိုင်
ပါတယ်။ မလည်ခင်ထဲကကြို စီးထားပါ။ လည်တဲ့နေ့မှ စီးသွားရင် ဖိနပ်ပေါက်တာမျိုးဖြစ်နိုင်လို့ပါ။
ချော်မလဲစေရန် အဖော်တယောက်ဘေးမှာ အမြဲရှိနေပါစေ။
ဒါဆို သင်္ကြန်လည်မယ့် မဗိုက်တွေ အတွက်
အထောက်အကူဖြစ်မယ်ထင်ပါတယ်နော်။
မယ်တင်( ဆေး ၁)
ဗိုက္ဗိုက္ေရသႀကၤန္လည္ဖို႔အဆင္သင့္ျဖစ္ၿပီလား?
သႀကၤန္ကလည္းနီးလာၿပီဆိုေတာ့ ခုကိုယ္ဝန္ေဆာင္ေနတဲ့ မဗိုက္တို႔ေရာ ဘယ္လိုအစီအစဥ္ေတြဆြဲထားၾကၿပီီးပီလဲ?
မဗိုက္တစ္ခ်ိဳ႕ကလည္း ကိုယ္ဝန္ေဆာင္ခ်ိန္ သႀကၤန္လည္ဖို႔မွ
အဆင္ေျပပါ့မလား။ ရပါ့မလားေတြးေနၾကပါလိမ့္မယ္။
ဒါဆို အတူအေျဖရွာၾကည့္ဆို႔လား?
မဗိုက္ရဲ႕ကိုယ္ဝန္က ဘယ္ႏွလလဲသိဖို႔လိုပါတယ္။
ကိုယ္ဝန္၃၄ပတ္ေက်ာ္ ၈လေက်ာ္ေလာက္ဆိုရင္ေတာ့ သႀကၤန္မလည္သင့္ေတာြပါဘူး။
မဗိုက္တို႔ဟာအခ်ိန္မေရြး ဗိုက္နာႏိုင္ ေမြးဖြားႏိုင္တာမို႔ လမ္းၾကပ္တဲ့လမ္းပိတ္တဲ့ သႀကၤန္လည္တာမ်ိဳးေတာ့ မလုပ္သင့္ေတာ့ပါဘူးလို႔ေျပာပါရေစ။
ဒါဆို ကိုယ္ဝန္ရွိစက ၈လအထိေရာဆိုရင္ေတာ့?
ဘယ္လိုလည္မွာလဲအေပၚမူတည္ပါတယ္။
ေရဆင္း၊ ေသြးဆင္းတာမ်ိဳးမရွိဘူး။ ကိုယ္ဝန္ဆိပ္တက္တာမ်ိဳးမရွိဘူးဆိုရင္ေတာ့လည္လို႔ရပါတယ္။
ဒါေပမယ့္ မခုန္ေပါက္မိဖို႔၊ ဗိုက္ကို ထိခိုက္ျခင္း၊ ေခ်ာ္လဲျခင္းမရွိေစဖို႔သတိထားပါ။
ဒါဆို ဗိုက္ဗိုက္ေတြသႀကၤန္လည္ဖို႔ဘာေတြျပင္ဆင္သြားမလဲ?
_ စလည္ထဲက လံုလံုျခံဳျခံဳအေအးမပတ္ေအာင္ဝတ္သြားပါ။
မိုးကာ၊ သဘက္တို႔ေဆာင္သြားပါ။ အရမ္းစိုလာရင္လဲဖို႔အက်ီၤယူသြားပါ။
_ ေရသန္႔ဘူး သို႔ ဓာတ္ဆားဘူးေဆာင္သြားပါ။
သိၾကတဲ့အတိုင္း သႀကၤန္ဟာ ေႏြေနပူတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ေရဓာတ္ခမ္းေျခာက္တာမျဖစ္ရေအာင္ ေရဘူးေဆာင္ၿပီး ေရဆာတိုင္းေသာက္ေပးပါ။
_ အစားအေသာက္ႀကိဳစီစဥ္သြားပါ။
သႀကၤန္တြင္း အစားအစာေတြေပါတယ္ဆိုေပမယ့္ မဗိုက္တို႔ဟာ ေတြ႕ရာစားဖို႔မသင့္ေတာ္ပါဘူး။ ဝမ္းပ်က္မယ္။ ပိုးဝင္မယ္ဆို မိမိေရာကေလးပါ
ထိခိုက္ႏိုင္တာမို႔ အိမ္ထဲက သန္႔ရွင္းတဲဘအစားအစာ ႀကိဳစီစဥ္သြားပါ။
_ ဖိနပ္ေရြးခ်ယ္ပါ။
သႀကၤန္တြင္းေရစိုခံ ႀကိဳးသိုင္းဖိနပ္အပါးမ်ိဳးက အသင့္ေတာ္ဆံုးျဖစ္ႏိုင္
ပါတယ္။ မလည္ခင္ထဲကႀကိဳ စီးထားပါ။ လည္တဲ့ေန႔မွ စီးသြားရင္ ဖိနပ္ေပါက္တာမ်ိဳးျဖစ္ႏိုင္လို႔ပါ။
ေခ်ာ္မလဲေစရန္ အေဖာ္တေယာက္ေဘးမွာ အျမဲရွိေနပါေစ။
ဒါဆို သႀကၤန္လည္မယ့္ မဗိုက္ေတြ အတြက္
အေထာက္အကူျဖစ္မယ္ထင္ပါတယ္ေနာ္။
မယ္တင္( ေဆး ၁)