mydoctor-top-telemedicine

ကိုယ်ဝန်ဆောင်နှင့် နာနတ်သီး

ကိုယ်ဝန်ဆောင်ချိန် နာနတ်သီးစားရင် ကိုယ်ဝန်ပျက်ကျတတ်တယ်ဆိုပြီး ပြောကြပါတယ်။ အချင်းချင်းပြောတာတွေရော၊ မှာ ရေးထားတာတွေရော အမျိုးမျိုးပါပဲ။ ယုံရအခက် မယုံရအခက် ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေဟာ စိုးရမ်သောက များတတ်ပါတယ်။ တနေ့တနေ့စားတာတွေ တည့်ရဲ့လား၊ ကလေးကို ထိခိုက်စေမလား စသဖြင့် စိတ်ဖိစီးမှု များနေတတ်ပါတယ်။ အများအားဖြင့် ကိုယ်ဝစဆောင်ချိန်မှာ ပိုဆိုးပါတယ်။ ကလေးမမြဲမှာ ကြောက်တတ်ကြပါတယ်။ ပတ်ဝန်းကျင်က ဟိုဟာစားရင် ကိုယ်ဝန်ပျက်ကြတယ်၊ ဒီဟာစားရင် ကလေး ချို့ယွင်းတတ်တယ် စသဖြင့် ပြောကြတဲ့ အခါ ဘာကိုမှ မစားရဲ မသောက်ရဲ ဖြစ်လာပါတယ်။ အများအားဖြင့်တော့ နာနတ်သီးစားရင် ကိုယ်ဝန်ပျက်ကြတတ်တယ်ဆိုတဲ့ အယူရှိပါတယ်။ အဲဒါ မှန်လား မမှန်လား ဆိုတာ အဖြေရှာကြည့်ရအောင်။

နာနတ်သီးမှာ ဘရိုမီလိန်း (Bromelain) ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါသည်။ ဒီ ဘရိုမီလိန်းဓာတ်ဟာ သားအိမ်ခေါင်းကို ပျော့စေပြီး ကလေးမွေးဖို့လှုံ့ဆော်ပေးတဲ့ ဆေးနဲ့အာနိသင်တူနေပါတယ်။ ဒါပေမယ့် ဒီလို အာနိသင် ရဖို့အတွက်ဆိုရင် နာနတ်သီး ၇လုံးမှ ၁၀ လုံးအထိ တစ်ထိုင်တည်း စားမှ ဖြစ်မှာပါ။ ပုံမှန် စားနေကျ ၁ စိတ် ၂ စိတ် နဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လေ့လာတွေ့ရှိချက်တွေ အရ နာနတ်သီး ကို ပုံမှန်စားနေကျ အတိုင်းစားလို့ရပါတယ်။ အသီးပဲ စားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက်၊ ဒိန်ချဉ်ထဲ ထည့်သောက်တာဖြစ်ဖြစ်၊ နာနတ်သီး ကိတ်မုန့်၊ ကွတ်ကီး၊ ယို စတာတွေကို အသင့်အတင့် စားလို့ရပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း နေ့တိုင်းဆက်တိုက်စားတာမျိုး၊ အလွန် အကျွံစားတာမျိုး တော့ ရှောင်ရပါမယ်။ တစ်နေ့တာ လိုအပ်တဲ့ အသီး ၂ ကြိမ် မှာ တစ်ကြိမ်ကို နာနတ်သီး စားတာမျိုး၊ ၁ ပတ်ကို ၂ ကြိမ် ခန့်စားတာမျိုးက ဥပါဒ် ကင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ဖြစ်၊ သာမာန်လူဖြစ်ဖြစ် ကိုယ်ကြိုက်တိုင်း အလွန် အကျွံစားတာမျိုး ကို ရှောင်သင့်ပါတယ်။ ကျမတို့ ခန္တာကိုယ်က အာဟာရ တစ်မျိုးတည်း လိုတာ မဟုတ်ပါဘူး။ မျှတတဲ့ အာဟာရ ကို လိုတာပါ။ အစားအစာတွေကို အလွန်အမင်း ရှောင်ကျဉ် ခြင်းကလည်း အာဟာရ ချို့တဲ့ စေတဲ့ အတွက် မိခင် အတွက်ရော ကလေးအတွက်ပါ မကောင်းပါဘူး။ နေ့စဉ် သင့်တင့်မျှတတဲ့ အာဟာရ ကို ရွေးချယ်စားသုံးခြင်းဖြင့် ကျန်းမာသော ကိုယ်ဝန်ဆောင် ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

Dr. Jasmine

ကိုယ္၀န္ေဆာင္နွင့္ နာနတ္သီး

ကိုယ္၀န္ေဆာင္ခ်ိန္ နာနတ္သီးစားရင္ ကိုယ္၀န္ပ်က္က်တတ္တယ္ဆိုျပီး ေျပာၾကပါတယ္။ အခ်င္းခ်င္းေျပာတာေတြေရာ၊ မွာ ေရးထားတာေတြေရာ အမ်ိဳးမ်ိဳးပါပဲ။ ယံုရအခက္ မယံုရအခက္ ျဖစ္ေနတတ္ပါတယ္။ ကိုယ္၀န္ေဆာင္ကာလမွာ မိခင္ေလာင္းေတြဟာ စိုးရမ္ေသာက မ်ားတတ္ပါတယ္။ တေန ့တေန ့စားတာေတြ တည့္ရဲ ့လား၊ ကေလးကို ထိခိုက္ေစမလား စသျဖင့္ စိတ္ဖိစီးမွု မ်ားေနတတ္ပါတယ္။ အမ်ားအားျဖင့္ ကိုယ္၀စေဆာင္ခ်ိန္မွာ ပိုဆိုးပါတယ္။ ကေလးမျမဲမွာ ေၾကာက္တတ္ၾကပါတယ္။ ပတ္၀န္းက်င္က ဟိုဟာစားရင္ ကိုယ္၀န္ပ်က္ၾကတယ္၊ ဒီဟာစားရင္ ကေလး ခ်ိဳ ့ယြင္းတတ္တယ္ စသျဖင့္ ေျပာၾကတဲ့ အခါ ဘာကိုမွ မစားရဲ မေသာက္ရဲ ျဖစ္လာပါတယ္။ အမ်ားအားျဖင့္ေတာ့ နာနတ္သီးစားရင္ ကိုယ္၀န္ပ်က္ၾကတတ္တယ္ဆိုတဲ့ အယူရွိပါတယ္။ အဲဒါ မွန္လား မမွန္လား ဆိုတာ အေျဖရွာၾကည့္ရေအာင္။

နာနတ္သီးမွာ ဘရိုမီလိန္း (Bromelain) ဆိုတဲ့ ဓာတ္တစ္မ်ိဳးပါ၀င္ပါသည္။ ဒီ ဘရိုမီလိန္းဓာတ္ဟာ သားအိမ္ေခါင္းကို ေပ်ာ့ေစျပီး ကေလးေမြးဖို ့လွုံ ့ေဆာ္ေပးတဲ့ ေဆးနဲ ့အာနိသင္တူေနပါတယ္။ ဒါေပမယ့္ ဒီလို အာနိသင္ ရဖို ့အတြက္ဆိုရင္ နာနတ္သီး ၇လံုးမွ ၁၀ လံုးအထိ တစ္ထိုင္တည္း စားမွ ျဖစ္မွာပါ။ ပံုမွန္ စားေနက် ၁ စိတ္ ၂ စိတ္ နဲ ့ေတာ့ မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ေလ့လာေတြ ့ရွိခ်က္ေတြ အရ နာနတ္သီး ကို ပံုမွန္စားေနက် အတိုင္းစားလို ့ရပါတယ္။ အသီးပဲ စားစား၊ ေဖ်ာ္ရည္ပဲ လုပ္ေသာက္ေသာက္၊ ဒိန္ခ်ဥ္ထဲ ထည့္ေသာက္တာျဖစ္ျဖစ္၊ နာနတ္သီး ကိတ္မုန္ ့၊ ကြတ္ကီး၊ ယို စတာေတြကို အသင့္အတင့္ စားလို ့ရပါတယ္။

တန္ေဆးလြန္ေဘးဆိုတဲ့ အတိုင္း ေန ့တိုင္းဆက္တိုက္စားတာမ်ိဳး၊ အလြန္ အကၽြံစားတာမ်ိဳး ေတာ့ ေရွာင္ရပါမယ္။ တစ္ေန ့တာ လိုအပ္တဲ့ အသီး ၂ ၾကိမ္ မွာ တစ္ၾကိမ္ကို နာနတ္သီး စားတာမ်ိဳး၊ ၁ ပတ္ကို ၂ ၾကိမ္ ခန္ ့စားတာမ်ိဳးက ဥပါဒ္ ကင္းပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ျဖစ္ျဖစ္၊ သာမာန္လူျဖစ္ျဖစ္ ကိုယ္ၾကိဳက္တိုင္း အလြန္ အကၽြံစားတာမ်ိဳး ကို ေရွာင္သင့္ပါတယ္။ က်မတို ့ ခႏၱာကိုယ္က အာဟာရ တစ္မ်ိဳးတည္း လိုတာ မဟုတ္ပါဘူး။ မ်ွတတဲ့ အာဟာရ ကို လိုတာပါ။ အစားအစာေတြကို အလြန္အမင္း ေရွာင္က်ဥ္ ျခင္းကလည္း အာဟာရ ခ်ိဳ ့တဲ့ ေစတဲ့ အတြက္ မိခင္ အတြက္ေရာ ကေလးအတြက္ပါ မေကာင္းပါဘူး။ ေန ့စဥ္ သင့္တင့္မ်ွတတဲ့ အာဟာရ ကို ေရြးခ်ယ္စားသံုးျခင္းျဖင့္ က်န္းမာေသာ ကိုယ္၀န္ေဆာင္ ဘ၀ကို ပိုင္ဆိုင္နိုင္မွာပါ။

Dr. Jasmine

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *