ကိုယ်ဝန်ဆောင်စဉ် ကားဖြင့် ခရီးသွားခြင်း
ခရီးထွက်ရတာ ဝါသနာပါသူ ခရီးမကြာခဏ သွားရသူ အမျိုးသမီးတစ်ယောက်အတွက် သာမာန်အချိန်များတွင် ပြသနာမရှိလှသော်လည်း ကိုယ်ဝန်ဆောင်စဉ်အခါတွင် သွားသင့်မသွားသင့် စဉ်းစားရသည်မှာ ကိုယ့်ရင်သွေးကို ဂရုတစိုက်ရှိသည့် မိခင်လောင်းများအတွက် ခေါင်းခဲစရာတစ်ခုပဲ ဖြစ်သည် ။
စိတ်မပူပါနဲ့ … ခရီးသွားခြင်းက သင့်ရင်သွေးကို အန္တရာယ်မပေးပါဘူး ။ တချို့အချက်လေးတွေ လိုက်နာရုံနဲ့ ပူပင်သောကမရှိ စိတ်အေး လက်အေး ခရီးသွားနိုင်ပါပြီ ။ ဒါကြောင့် အကြောင်းတစ်စုံတစ်ခုကြောင့် ခရီးထွက်ရမယ်ဆို ဘယ်လိုဟာလေးတွေပြင်ဆင်ရမလဲဆိုတာ ကြည့်လိုက်ကြရအောင်လား
၁။ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ
ခရီးသွားစရာပေါ်လာခြင်း ၊ အပန်းဖြေခရီးထွက်ခြင်း ဘယ်ခရီးသွားခြင်းမဆို ပေါ်လာသည်နှင့် အရင်ဆုံး သင့်အနေနဲ့ ဆက်သွယ်တိုင်ပင်ရမှာကတော့ သင်နဲ့သင့်ကလေးကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်ကိုပါပဲ ။ ဒါမှသာ ကိုယ့်လက်ရှိကျန်းမာရေးအခြေအနေ နဂိုရှိရင်းစွဲရောဂါ အခြေအနေပေါ်မုတည်ပြီး သွားသင့် မသွားသင့်ဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ် ။
၂ ။ ကိုယ်ဝန် ဒုတိယသုံးလပတ်မှာ သွားပါ
ကားနဲ့ခရီးသွားမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဒုတိယသုံးလပတ် အတောအတွင်းဟာ အကောင်းဆုံးပါပဲ ။ ဒီအတောအတွင်းဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ သက်တောင့်သက်သာအရှိဆုံး ၊ ခံစားလို့အကောင်းဆုံးကာလဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးလဲ နည်းပါးတဲ့ ကာလဖြစ်ပါတယ် ။
၃ ။ ရေများများသောက်ပါ
ရေဓာတ်ခန်းခြောက်ခြင်းနဲ့သားအိမ်ရဲ့ညှစ်နိုင်စွမ်းဟာ ကြီးမားတဲ့ ဆက်နွယ်မှုရှိတဲ့အတွက် ရေဓာတ် လုံလုံလောက်လောက်ရရှိစေရန် သတိထားပြီး ရေကို များများသောက်ပေးဖို့လိုပါတယ် ။ ခရီးစဉ်တစ်လျှောက်ရေဘူးကို ရေအေးအေးလေးဖြည့်ထားပြီး ကားအတွင်း အလွယ်တကူ လက်လှမ်းမီနိုင်မယ့်နေရာမှာအမြဲထားပြီး သောက်ပေးပါ ။
၄ ။ ဆေးတွေကို ပိုပိုလိုလိုယူသွားပါ
သောက်ရမယ့်ဆေးတွေ အားဆေးတွေ အကုန်ပါမပါသေချာစစ်ဆေးပြီး ထည့်မှသာ မိမိရော မိမိရင်သွေးကျန်းမာနေရမှာဖြစ်သလို ဆေးတွေကို ရက်အတိအကျထည့်ထားထာထက် အပိုထည့်သွားသင့်ပါတယ် ။ လမ်းခရီးမှာ နှောင့်နှေးနေတာ ခရီးမှာ လိုတာထက်ပိုကြာနေတာ အစရှိတဲ့အခြေအနေမျိုးတွေအတွက် ပြင်ဆင်ထားဖို့အတွက်ပဲ ဖြစ်ပါတယ် ။
၅ ။ ကားစီးတိုင်း ခါးပတ်ပတ်ပါ
သင့်အနေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကားအတွင်း ခါးပတ်ပတ်ခြင်းဟာ ကိုယ်ဝန်အတွင်းရှိ ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ ယုံတမ်းစကားတွေ ကြားဖူးပါလိမ့်မယ် ။ ဒါတွေဟာ မမှန်ကန်ပါဘူး ။ အဝေးပြေးလမ်းမဆိုင်ရာ သုသေတနရလာဒ်တွေအရ မည်သည့်ကိုယ်ဝန်ဆောင်လအပိုင်းအခြားတွင်မဆို ကိုယ်ဝန်ဆောင်များဟာ ခါးပတ် ပတ်ကိုပတ်ထားသင့်ကြောင်း ပတ်ထားနိုင်ကြောင်းပြောပါတယ် ။
၆ ။ မကြာခဏ ကားကိုရပ်တန့်ပြီး အပန်းဖြေပါ
တွေ့ရှိချက်များအရ ကားဖြင့်ခရီးသွားတဲ့အခါ နှစ်နာရီကြာတိုင်း ကားကိုရပ်တန့်ပြီး အကြောအချဉ်တွေ ဆန့်ပေးပါ ။ ဒါဟာဘာအတွက်လဲဆိုတော့ သွေးလည်ပတ်မှုဟာ ခန္ဓာကိုယ်အောက်ပိုင်း သွေးတွေစုနေရာကနေ ခြေထောက်မယ် သွေးကြောထုံးတွေဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်စေဖို့ပါ ။
နောက်ဆုံးအဓိက စီစဉ်ရမှာကတော့ သင့်အနေနဲ့ ကိုယ်ဝန်နဲ့ပတ်သတ်ပြီး မမျှော်လင့်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါ ဘယ်လို လုပ်မလဲ ဆိုတာပဲဖြစ်ပါတယ် ။ ဖြစ်ပွားလာတဲ့အခါ ဘယ်လိုဆက်သွယ်မလဲ အဲ့လမ်းကြောင်း အတွင်းရှိ ဆေးရုံ ကျန်းမာရေးဆေးခန်း အစရှိသိတို့ကို သေချာသိရှိအောင် ကြိုတင်ပြင်သွားသင့်ပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
ကိုယ္ဝန္ေဆာင္စဥ္ ကားျဖင့္ ခရီးသြားျခင္း
ခရီးထြက္ရတာ ဝါသနာပါသူ ခရီးမၾကာခဏ သြားရသူ အမ်ဳိးသမီးတစ္ေယာက္အတြက္ သာမာန္အခ်ိန္မ်ားတြင္ ျပသနာမရွိလွေသာ္လည္း ကိုယ္ဝန္ေဆာင္စဥ္အခါတြင္ သြားသင့္မသြားသင့္ စဥ္းစားရသည္မွာ ကိုယ့္ရင္ေသြးကို ဂ႐ုတစိုက္ရွိသည့္ မိခင္ေလာင္းမ်ားအတြက္ ေခါင္းခဲစရာတစ္ခုပဲ ျဖစ္သည္ ။
စိတ္မပူပါနဲ႔ … ခရီးသြားျခင္းက သင့္ရင္ေသြးကို အႏၲရာယ္မေပးပါဘူး ။ တခ်ဳိ့အခ်က္ေလးေတြ လိုက္နာ႐ုံနဲ႔ ပူပင္ေသာကမရွိ စိတ္ေအး လက္ေအး ခရီးသြားႏိုင္ပါၿပီ ။ ဒါေၾကာင့္ အေၾကာင္းတစ္စုံတစ္ခုေၾကာင့္ ခရီးထြက္ရမယ္ဆို ဘယ္လိုဟာေလးေတြျပင္ဆင္ရမလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္လား
၁။ သင့္ဆရာဝန္ႏွင့္တိုင္ပင္ပါ
ခရီးသြားစရာေပၚလာျခင္း ၊ အပန္းေျဖခရီးထြက္ျခင္း ဘယ္ခရီးသြားျခင္းမဆို ေပၚလာသည္ႏွင့္ အရင္ဆုံး သင့္အေနနဲ႔ ဆက္သြယ္တိုင္ပင္ရမွာကေတာ့ သင္နဲ႔သင့္ကေလးက်န္းမာေရးကို ေစာင့္ေရွာက္ေပးေနတ့ဲ ဆရာဝန္ကိုပါပဲ ။ ဒါမွသာ ကိုယ့္လက္ရွိက်န္းမာေရးအေျခအေန နဂိုရွိရင္းစြဲေရာဂါ အေျခအေနေပၚမုတည္ၿပီး သြားသင့္ မသြားသင့္ဆိုတာကို ဆုံးျဖတ္ရမွာ ျဖစ္တ့ဲအတြက္ပဲ ျဖစ္ပါတယ္ ။
၂ ။ ကိုယ္ဝန္ ဒုတိယသုံးလပတ္မွာ သြားပါ
ကားနဲ႔ခရီးသြားမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ဒုတိယသုံးလပတ္ အေတာအတြင္းဟာ အေကာင္းဆုံးပါပဲ ။ ဒီအေတာအတြင္းဟာ ကိုယ္ဝန္ေဆာင္ကာလရဲ႕ သက္ေတာင့္သက္သာအရွိဆုံး ၊ ခံစားလို႔အေကာင္းဆုံးကာလျဖစ္ၿပီး ေနာက္ဆက္တြဲ ဆိုးက်ဳိးလဲ နည္းပါးတ့ဲ ကာလျဖစ္ပါတယ္ ။
၃ ။ ေရမ်ားမ်ားေသာက္ပါ
ေရဓာတ္ခန္းေျခာက္ျခင္းနဲ႔သားအိမ္ရဲ႕ညႇစ္ႏိုင္စြမ္းဟာ ႀကီးမားတ့ဲ ဆက္ႏြယ္မႈရွိတ့ဲအတြက္ ေရဓာတ္ လုံလုံေလာက္ေလာက္ရရွိေစရန္ သတိထားၿပီး ေရကို မ်ားမ်ားေသာက္ေပးဖို႔လိုပါတယ္ ။ ခရီးစဥ္တစ္ေလွ်ာက္ေရဘူးကို ေရေအးေအးေလးျဖည့္ထားၿပီး ကားအတြင္း အလြယ္တကူ လက္လွမ္းမီႏိုင္မယ့္ေနရာမွာအၿမဲထားၿပီး ေသာက္ေပးပါ ။
၄ ။ ေဆးေတြကို ပိုပိုလိုလိုယူသြားပါ
ေသာက္ရမယ့္ေဆးေတြ အားေဆးေတြ အကုန္ပါမပါေသခ်ာစစ္ေဆးၿပီး ထည့္မွသာ မိမိေရာ မိမိရင္ေသြးက်န္းမာေနရမွာျဖစ္သလို ေဆးေတြကို ရက္အတိအက်ထည့္ထားထာထက္ အပိုထည့္သြားသင့္ပါတယ္ ။ လမ္းခရီးမွာ ေႏွာင့္ေႏွးေနတာ ခရီးမွာ လိုတာထက္ပိုၾကာေနတာ အစရွိတ့ဲအေျခအေနမ်ဳိးေတြအတြက္ ျပင္ဆင္ထားဖို႔အတြက္ပဲ ျဖစ္ပါတယ္ ။
၅ ။ ကားစီးတိုင္း ခါးပတ္ပတ္ပါ
သင့္အေနနဲ႔ ကိုယ္ဝန္ေဆာင္ မိခင္ေတြဟာ ကားအတြင္း ခါးပတ္ပတ္ျခင္းဟာ ကိုယ္ဝန္အတြင္းရွိ ကေလးကို ထိခိုက္ေစတယ္ဆိုတ့ဲ ယုံတမ္းစကားေတြ ၾကားဖူးပါလိမ့္မယ္ ။ ဒါေတြဟာ မမွန္ကန္ပါဘူး ။ အေဝးေျပးလမ္းမဆိုင္ရာ သုေသတနရလာဒ္ေတြအရ မည္သည့္ကိုယ္ဝန္ေဆာင္လအပိုင္းအျခားတြင္မဆို ကိုယ္ဝန္ေဆာင္မ်ားဟာ ခါးပတ္ ပတ္ကိုပတ္ထားသင့္ေၾကာင္း ပတ္ထားႏိုင္ေၾကာင္းေျပာပါတယ္ ။
၆ ။ မၾကာခဏ ကားကိုရပ္တန္႔ၿပီး အပန္းေျဖပါ
ေတြ႕ရွိခ်က္မ်ားအရ ကားျဖင့္ခရီးသြားတ့ဲအခါ ႏွစ္နာရီၾကာတိုင္း ကားကိုရပ္တန္႔ၿပီး အေၾကာအခ်ဥ္ေတြ ဆန္႔ေပးပါ ။ ဒါဟာဘာအတြက္လဲဆိုေတာ့ ေသြးလည္ပတ္မႈဟာ ခႏၶာကိုယ္ေအာက္ပိုင္း ေသြးေတြစုေနရာကေန ေျခေထာက္မယ္ ေသြးေၾကာထံုးေတြျဖစ္ပြားျခင္းကို ေရွာင္ရွားႏိုင္ေစဖို႔ပါ ။
ေနာက္ဆုံးအဓိက စီစဥ္ရမွာကေတာ့ သင့္အေနနဲ႔ ကိုယ္ဝန္နဲ႔ပတ္သတ္ၿပီး မေမွ်ာ္လင့္တဲ့ ျဖစ္ရပ္ေတြ ျဖစ္လာတ့ဲအခါ ဘယ္လို လုပ္မလဲ ဆိုတာပဲျဖစ္ပါတယ္ ။ ျဖစ္ပြားလာတ့ဲအခါ ဘယ္လိုဆက္သြယ္မလဲ အ့ဲလမ္းေၾကာင္း အတြင္းရွိ ေဆး႐ုံ က်န္းမာေရးေဆးခန္း အစရွိသိတို႔ကို ေသခ်ာသိရွိေအာင္ ႀကိဳတင္ျပင္သြားသင့္ပါတယ္ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ