“ဆီးစစ်တံတစ်ခုနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ”

မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးများတဲ့ ကျွန်တော့်ကို လူငယ်တွေရော၊ အိမ်ထောင်သည်တွေပါ မကြာခဏ လာမေးလေ့ရှိတဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်ပါတယ်။ ဘာလဲဆိုတော့ ဆီးစစ်တဲ့အကြောင်းပါ။

တစ်ခါက ကောင်လေးတစ်ယောက် လာမေးဖူးတယ်။ သူနဲ့သူ့ကောင်မလေးနဲ့ မတော်တဆ အတူနေမိကြတယ်ပေါ့လေ။ ဗဟုသုတက နည်းတော့ အရေးပေါ်ဆေးသောက်ဖို့လည်း မသိကြဘူး။ အဲဒါနဲ့ နှစ်ယောက်သား ဟိုမေးဒီမေးနဲ့ ကိုယ်ဝန်ရှိမရှိ သိချင်ရင် ဆီးစစ်ရတယ်ဆိုတာ သိသွားပြီး နောက်တစ်ပတ်လောက်နေတဲ့အခါ ဆီးစစ်ကြည့်တယ်တဲ့။ အဲဒီမှာ တစ်ကြောင်းပဲပေါ်တယ်။ သူတို့လည်း ပျော်သွားကြတာပေါ့။ ကိုယ်ဝန်မရလိုက်ဘူး လို့ ထင်တာပေါ့လေ။ ငါတို့ နောက်ဆို အဲ့လိုမလုပ်တော့ဘူး ဆိုပြီးလည်း ကတိထားလိုက်ကြသတဲ့။

နောက်ကျတော့ ကောင်မလေးက ပုံမှန်ရာသီလာရမယ့်ရက်မှာ မပေါ်ဘူး။ အဲဒါနဲ့ ဆီးထပ်စစ်ကြည့်တော့ နှစ်ကြောင်းပေါ်နေရော။ ကိုယ်ဝန်ရှိနေပြီပေါ့။ ကောင်မလေးကတော့ ဒီအတိုင်းပဲ ရိုးရိုးပူပန်ပေမယ့် ကောင်လေးစိတ်ထဲမှာက မေးခွန်းတွေ တသီတတန်း ဖြစ်နေတယ်။ ပထမတစ်ခါ စစ်တော့ မပေါ်ဘူး။ ခုကျမှ ကိုယ်ဝန်ဆိုတော့ … ချစ်သူကို ဖွင့်မေးရမှာလည်း အားနာ၊ သိကလည်း သိချင်၊ အဲဒါနဲ့ပဲ လာမေးပါတော့တယ်၊ ဘယ်လိုဖြစ်တာလဲတဲ့။ ဒါကြောင့် ဒီဆောင်းပါးလေးကတစ်ဆင့် ရှင်းပြပေးချင်ပါတယ်။

၁။ ဆီးစစ်လိုက်တာနဲ့ ကိုယ်ဝန်ရှိမရှိ ဘယ်လိုသိသွားနိုင်တာလဲ

အရင်ဆုံးအနေနဲ့ မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရတဲ့ဖြစ်စဉ်ကို သိထားဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အပျိုဖော်ဝင်တဲ့အရွယ်ကနေ သွေးဆုံးချိန်အထိ တစ်လကိုတစ်ခါ မမျိုးဥကြွေပါတယ်။ အဲဒီမမျိုးဥလေးနဲ့ အမျိုးသားဆီကနေ လိင်ဆက်ဆံလိုက်လို့ ဝင်လာတဲ့ သုက်ပိုးနဲ့ သားဥပြွန်ထဲမှာ ပေါင်းသွားရင် သန္ဓေအောင်သွားပါတယ်။ အဲဒီအောင်သွားတဲ့ သန္ဓေသားလေးက သားဥပြွန်ထဲကတစ်ဆင့် သားအိမ်ဆီကို ဆင်းလာပြီး သားအိမ်နံရံမှာ တွယ်ကပ်လိုက်ရင်တော့ ဒါကို သန္ဓေတည်တယ်လို့ ခေါ်ပါတယ်။

အဲဒီလိုသန္ဓေသားလေးက သားအိမ်နံရံမှာ တွယ်ကပ်လိုက်တဲ့အခါ Human Chorionic Gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီဟော်မုန်း ဆီးထဲပါလာ မပါလာကို ဆီးစစ်တံနဲ့ စမ်းသပ်တာပါ။ ပါလာတယ်ဆို နှစ်ကြောင်းပေါ်လိမ့်မယ်။ ဒါဆို ကိုယ်ဝန်ရှိနေပြီလို့ သိနိုင်ပါတယ်။ များသောအားဖြင့်တော့ အဲဒီဟော်မုန်းက သန္ဓေအောင်ပြီး (၆)ရက်လောက်နေတဲ့အခါ စထွက်လာတယ်လို့ ဆိုပါတယ်။

၂။ လိင်ဆက်ဆံပြီး ဘယ်လောက်အကြာဆို ဆီးစစ်လို့ရပြီလဲ

အတိအကျဖြေဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးရဲ့ မျိုးဥကြွေတဲ့ရက်နဲ့လည်း ဆိုင်လို့ပါ။ နောက်ပြီး သုက်ပိုးကလည်း ခန္ဓာကိုယ်ထဲဝင်ပြီးသွားရင် ရက်အနည်းငယ်အထိ အသက်ရှင်သေးတာမို့ အတူနေပြီး မျိုးအောင်မှုရှိမရှိ၊ ဘယ်နေ့မှာ မျိုးအောင်ခဲ့သလဲ ဆိုတာတွေကို တိတိကျကျ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ ယေဘုယျအားဖြင့်တော့ ရာသီထိန်သွားပြီး တစ်ပတ်လောက်ကြာတဲ့အခါမှာ စစ်ကြည့်လို့ရပြီလို့ပဲ ပြောနိုင်ပါတယ်။

၃။ ဆီးစစ်တံတစ်ခု ဘယ်လောက်ထိ တိကျမှုရှိသလဲ

ဒါကတော့ ဆီးစစ်တံကို အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်ထိန်းသိမ်းမှု၊ ဆီးစစ်တံရဲ့ အရည်အသွေး စတာတွေနဲ့ သက်ဆိုင်သလို၊ ကိုယ်က ဘယ်အချိန်မှာ ဆီးစစ်သလဲ၊ မျိုးဥဘယ်ရက်မှာ ကြွေပြီး ဘယ်ရက်မှာ သန္ဓေအောင်ခဲ့သလဲနဲ့လည်း ဆိုင်ပါတယ်။

ဒါဆို ဘယ်လိုအခြေအနေမျိုးတွေမှာ မှားယွင်းပြီး အဖြေထွက်တတ်သလဲ။

(က) ဆီးစစ်တံက သက်တမ်းလွန်နေတဲ့အခါ

(ခ) ဆီးစစ်ပုံစစ်နည်း မှားယွင်းနေတဲ့အခါ (ဒါကြောင့်မို့ ဆီးစစ်တံရဲ့ အညွှန်းမှာ ရေးထားတဲ့အတိုင်း အတိအကျ လိုက်နာဖို့လိုပါတယ်)

(ဂ) ဆီးစစ်တာ သိပ်စောနေတဲ့အခါ (အပေါ်မှာပြောခဲ့တဲ့ ဇာတ်လမ်းလိုမျိုးပေါ့၊ အတူနေပြီး ရက်ပိုင်းလောက်မှာ ဆီးစစ်လိုက်တော့ ဟော်မုန်းက ထွက်မယ်တောင် မကြံသေးဘူးလေ၊ ဒီတော့ Negative လို့ပဲ အဖြေပြမှာပါ၊ ဒါကို ကိုယ်ဝန်မရှိဘူးလို့ ယတိပြတ်ပြောမရပါဘူး။)

(ဃ) အရည်တွေအများကြီး သောက်ထားလို့ ဆီးထဲမှာ အရည်ပမာဏများနေတဲ့အခါ

(င) ဆီးဆေးတွေ သောက်ထားတဲ့အခါ

ဒီလိုအခြေအနေတွေမှာဆို ကိုယ်ဝန်ရှိနေပါရက်နဲ့ တစ်ကြောင်းတည်းပဲ ပြနေတတ်ပါတယ်။ အဖြစ်တတ်ဆုံးပြဿနာကတော့ စိတ်ပူလွန်ပြီး ဆီးစစ်တတ်ကြတာပဲ။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အတူနေတယ်၊ အခု ဆီးစစ်မယ်ဆို ပေါ်နိုင်ချေနည်းပါတယ်။ ဒါက ကိုယ်ဝန်မရှိတာလည်း မဟုတ်ပါဘူး။ အတိအကျ ပြောမရသေးတာပါ။ ဒါကို ကိုယ်ဝန်မရှိဘူးလို့ သတ်မှတ်လိုက်ပြီး နောက်မှ ကိုယ်ဝန်ပေါ်လာခဲ့ရင် ချစ်သူတွေ၊ စုံတွဲတွေကြား အထင်လွဲစရာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ တခြားသော အတည်ယူလို့မရတဲ့ အဖြေတွေ ရှိသေးလား

ဈေးကွက်ထဲမှာ ဝယ်လု့ိရတဲ့ တချို့ဆီးစစ်တံတွေမှာတော့ C နဲ့ T ဆိုပြီး ဖော်ပြပေးထားပါတယ်။ C ဆိုတာက Controlled band ၊ နှိုင်းယှဉ်ဖို့အတွက် ရည်ရွယ်တယ်၊ ဒါကြောင့်မို့ ဆီးစစ်တံတိုင်းဟာ ဆီးထဲနှစ်လိုက်ရင် အဲဒီ Controlled band မှာ ပေါ်ကိုပေါ်ရပါမယ်။ T ဆိုတာကတော့ Test band ပါ။ သူကမှ ကိုယ်ဝန်ရှိမရှိကို အဖြေထုတ်ပေးတာပါ။ သူ့နေရာမှာပေါ်ရင် ကိုယ်ဝန်ရှိတယ်၊ မပေါ်ရင် ကိုယ်ဝန်မရှိဘူး။ ဒါကြောင့် အားလုံးသိထားကြသလို နှစ်ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်၊ တစ်ကြောင်းပေါ်ရင် ကိုယ်ဝန်မရှိဘူးလို့ ပြောကြတာပါ။

ဒါကြောင့် C ဆိုတဲ့နေရာမှာ မပေါ်ဘဲ T ဆိုတဲ့ Test band မှာပဲ ပေါ်နေတယ်ဆိုရင် ဒါဟာ ဆီးစစ်တံအရည်အသွေး မကောင်းလို့ဖြစ်တာပါ။ ဒါကို တစ်ကြောင်းတည်း ပေါ်တယ်ဆိုပြီး ကိုယ်ဝန်မရှိဘူးလို့ သတ်မှတ်လို့မရပါဘူး။

အဲဒီလို Test band တစ်ခုတည်း ပေါ်နေတာအပြင်၊ ဆီးထဲနှစ်လိုက်တဲ့အခါမှာ နှစ်ကြောင်းလုံး ဘာမှပေါ်မလာဘူးဆိုရင်လည်း ဒါကို အတည်ယူလို့မရပါဘူး။ C နေရာဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပေါ်ကိုပေါ်ရပါမယ်။

တကယ်လို့များ Test band မှာ ခပ်ဖျော့ဖျော့လေး ပေါ်နေတာမျိုးဆိုရင်တော့ ဒါဟာ ကိုယ်ဝန်ရှိစ အနေအထားမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ နောက်ထပ်တစ်ပတ်လောက် နေတဲ့အခါ ထပ်စစ်လိုက်ရင် တကယ်သာ ကိုယ်ဝန်ရနေတာဆိုရင်တော့ Test band မှာ ထင်ထင်ရှားရှားပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

၅။ ဆီးစစ်တာဟာ ကိုယ်ဝန်မရှိကြောင်း စိတ်ချရတဲ့ အဖြေတစ်ခုလား

ရှေ့မှာပြောခဲ့သလိုပါပဲ၊ ဆီးစစ်တာဟာ ရာသီထိန်ပြီး တစ်ပတ်လောက်နေလို့ စစ်ကြည့်တော့မှ တိတိကျကျ သိနိုင်တဲ့ စစ်ဆေးမှုဖြစ်ပါတယ်။ အဲဒီထက်စောရင် ကိုယ်ဝန်ရနေရင်တောင်မှ မရှိဘူးလို့ပဲ ပြမှာဖြစ်ပါတယ်။ အဲဒီတော့ တချို့က ပြောတယ်၊ ရာသီထိန်ပြီးမှ စစ်လို့သိမှတော့ ဘာလုပ်လို့ရတော့မှာလဲ တဲ့။

ဟုတ်တယ်၊ ဘာမှလုပ်လို့မရတော့ဘူး။ ဒါကြောင့်မို့ အစောကတည်းက အဲ့လိုစိတ်ပူနေရတာမျိုး မဖြစ်အောင် ကြိုကြိုတင်တင် ကာကွယ်ဖို့လိုတယ်။ စိတ်ချရတဲ့ သားဆက်ခြားနည်းတခုခု သုံးမလား။ ချစ်သူစုံတွဲတွေ တစ်ခါတစ်လေမှ အတူနေဖြစ်တာဆိုလည်း ကွန်ဒုံးသုံးမလား။ ဒါဆို သုံး။ သို့သော်လည်း ပြီးခါနီးမှ စွပ်တာမျိုးတော့ မလုပ်နဲ့၊ ကိုယ်ဝန်ရတတ်တယ်။ သုက်ရည်အပြင်ထုတ်တဲ့နည်း သုံးမလား။ သုံး။ သို့သော်လည်း ကျွမ်းကျင်ပိုင်နိုင်ဖို့လိုတယ်၊ အဲဒီနည်းက ကိုယ်ဝန်ရနိုင်ချေလည်း များတယ်။ ဆေးခန်းသွားဖို့ မရှက်နဲ့၊ သိချင်တာတွေ မေးဖို့လည်း မရှက်နဲ့၊ ခုခေတ်မှာ ဖေ့စ်ဘွတ်၊ အင်တာနက်ဝက်ဆိုက်၊ Application တွေကနေလည်း ဒါတွေကို ဖတ်လို့မေးလို့ ရနေပြီ။ ဒါမှမဟုတ် လုံးဝကိုမရည်ရွယ်ဘဲ ဖြစ်သွားသလား။ ဒါဆို အရေးပေါ်ကိုယ်ဝန်တားဆေး တိုက်။ ဒီနည်းတွေကလည်း ၁၀၀ ရာခိုင်နှုန်း စိတ်မချရဘူးဆိုပေမယ့် ၉၉ ရာခိုင်နှုန်းနဲ့အထက် ကာကွယ်ပေးတာမို့ စိတ်ချရတယ်။

ဒါကြောင့်မို့ လွန်သွားပြီးမှ ဆီးစစ်တံအဖြေကို ရင်တမမနဲ့ ကြည့်နေရတာမျိုး မဖြစ်စေဖို့ ကြိုကြိုတင်တင် ကာကွယ်နိုင်ကြရအောင် ရည်ရွယ်ရေးသားလိုက်ရပါတယ်။

ဒေါက်တာ ဖြိုးသီဟ

“ဆီးစစ္တံတစ္ခုနဲ႕ ပတ္သက္ျပီး သိထားသင့္တာေတြ”

မ်ိဳးဆက္ပြားက်န္းမာေရးနဲ႕ ပတ္သက္ျပီး အေရးမ်ားတဲ့ ကၽြန္ေတာ့္ကုိ လူငယ္ေတြေရာ၊ အိမ္ေထာင္သည္ေတြပါ မၾကာခဏ လာေမးေလ့ရွိတဲ့ အေၾကာင္းအရာတစ္ခုကို ေျပာျပခ်င္ပါတယ္။ ဘာလဲဆုိေတာ့ ဆီးစစ္တဲ့အေၾကာင္းပါ။

တစ္ခါက ေကာင္ေလးတစ္ေယာက္ လာေမးဖူးတယ္။ သူနဲ႕သူ႕ေကာင္မေလးနဲ႕ မေတာ္တဆ အတူေနမိၾကတယ္ေပါ့ေလ။ ဗဟုသုတက နည္းေတာ့ အေရးေပၚေဆးေသာက္ဖို႕လည္း မသိၾကဘူး။ အဲဒါနဲ႕ ႏွစ္ေယာက္သား ဟုိေမးဒီေမးနဲ႕ ကုိယ္၀န္ရွိမရွိ သိခ်င္ရင္ ဆီးစစ္ရတယ္ဆုိတာ သိသြားျပီး ေနာက္တစ္ပတ္ေလာက္ေနတဲ့အခါ ဆီးစစ္ၾကည္႕တယ္တဲ့။ အဲဒီမွာ တစ္ေၾကာင္းပဲေပၚတယ္။ သူတုိ႕လည္း ေပ်ာ္သြားၾကတာေပါ့။ ကုိယ္၀န္မရလိုက္ဘူး လုိ႕ ထင္တာေပါ့ေလ။ ငါတုိ႕ ေနာက္ဆုိ အဲ့လိုမလုပ္ေတာ့ဘူး ဆုိျပီးလည္း ကတိထားလိုက္ၾကသတဲ့။

ေနာက္က်ေတာ့ ေကာင္မေလးက ပံုမွန္ရာသီလာရမယ့္ရက္မွာ မေပၚဘူး။ အဲဒါနဲ႕ ဆီးထပ္စစ္ၾကည္႕ေတာ့ ႏွစ္ေၾကာင္းေပၚေနေရာ။ ကုိယ္၀န္ရွိေနျပီေပါ့။ ေကာင္မေလးကေတာ့ ဒီအတုိင္းပဲ ရိုးရုိးပူပန္ေပမယ့္ ေကာင္ေလးစိတ္ထဲမွာက ေမးခြန္းေတြ တသီတတန္း ျဖစ္ေနတယ္။ ပထမတစ္ခါ စစ္ေတာ့ မေပၚဘူး။ ခုက်မွ ကိုယ္၀န္ဆုိေတာ့ … ခ်စ္သူကို ဖြင့္ေမးရမွာလည္း အားနာ၊ သိကလည္း သိခ်င္၊ အဲဒါနဲ႕ပဲ လာေမးပါေတာ့တယ္၊ ဘယ္လိုျဖစ္တာလဲတဲ့။ ဒါေၾကာင့္ ဒီေဆာင္းပါးေလးကတစ္ဆင့္ ရွင္းျပေပးခ်င္ပါတယ္။

၁။ ဆီးစစ္လိုက္တာနဲ႕ ကုိယ္၀န္ရွိမရွိ ဘယ္လိုသိသြားႏုိင္တာလဲ

အရင္ဆံုးအေနနဲ႕ မိန္းကေလးတစ္ေယာက္ ကုိယ္၀န္ရတဲ့ျဖစ္စဥ္ကုိ သိထားဖုိ႔လုိပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ အပ်ိဳေဖာ္၀င္တဲ့အရြယ္ကေန ေသြးဆံုးခ်ိန္အထိ တစ္လကုိတစ္ခါ မမ်ိဳးဥေၾကြပါတယ္။ အဲဒီမမ်ိဳးဥေလးနဲ႕ အမ်ိဳးသားဆီကေန လိင္ဆက္ဆံလိုက္လို႔ ၀င္လာတဲ့ သုက္ပုိးနဲ႕ သားဥျပြန္ထဲမွာ ေပါင္းသြားရင္ သေႏၶေအာင္သြားပါတယ္။ အဲဒီေအာင္သြားတဲ့ သေႏၶသားေလးက သားဥျပြန္ထဲကတစ္ဆင့္ သားအိမ္ဆီကုိ ဆင္းလာၿပီး သားအိမ္နံရံမွာ တြယ္ကပ္လိုက္ရင္ေတာ့ ဒါကုိ သေႏၶတည္တယ္လို႔ ေခၚပါတယ္။

အဲဒီလိုသေႏၶသားေလးက သားအိမ္နံရံမွာ တြယ္ကပ္လိုုက္တဲ့အခါ Human Chorionic Gonadotropin (hCG) လို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳး ထြက္လာပါတယ္။ အဲဒီေဟာ္မုန္း ဆီးထဲပါလာ မပါလာကို ဆီးစစ္တံနဲ႕ စမ္းသပ္တာပါ။ ပါလာတယ္ဆုိ ႏွစ္ေၾကာင္းေပၚလိမ့္မယ္။ ဒါဆုိ ကိုယ္၀န္ရွိေနၿပီလုိ႔ သိႏုိင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အဲဒီေဟာ္မုန္းက သေႏၶေအာင္ၿပီး (၆)ရက္ေလာက္ေနတ့ဲအခါ စထြက္လာတယ္လို႔ ဆုိပါတယ္။

၂။ လိင္ဆက္ဆံၿပီး ဘယ္ေလာက္အၾကာဆုိ ဆီးစစ္လုိ႔ရၿပီလဲ

အတိအက်ေျဖဖုိ႔ ခက္ပါတယ္။ ဘာလုိ႔လဲဆုိေတာ့ အမ်ိဳးသမီးရဲ႕ မ်ိဳးဥေၾကြတ့ဲရက္နဲ႕လည္း ဆုိင္လို႔ပါ။ ေနာက္ၿပီး သုက္ပုိးကလည္း ခႏၶာကုိယ္ထဲ၀င္ၿပီးသြားရင္ ရက္အနည္းငယ္အထိ အသက္ရွင္ေသးတာမို႕ အတူေနၿပီး မ်ိဳးေအာင္မႈရွိမရွိ၊ ဘယ္ေန႕မွာ မ်ိဳးေအာင္ခဲ့သလဲ ဆုိတာေတြကို တိတိက်က် မေျပာႏုိင္ပါဘူး။ ဒါေၾကာင့္မို႕ ေယဘုယ်အားျဖင့္ေတာ့ ရာသီထိန္သြားၿပီး တစ္ပတ္ေလာက္ၾကာတဲ့အခါမွာ စစ္ၾကည္႕လို႔ရၿပီလို႔ပဲ ေျပာႏုိင္ပါတယ္။

၃။ ဆီးစစ္တံတစ္ခု ဘယ္ေလာက္ထိ တိက်မႈရွိသလဲ

ဒါကေတာ့ ဆီးစစ္တံကုိ အရည္အေသြး ျပည္႕မီေအာင္ ထုတ္လုပ္ထိန္းသိမ္းမႈ၊ ဆီးစစ္တံရဲ႕ အရည္အေသြး စတာေတြနဲ႕ သက္ဆုိင္သလို၊ ကုိယ္က ဘယ္အခ်ိန္မွာ ဆီးစစ္သလဲ၊ မ်ိဳးဥဘယ္ရက္မွာ ေၾကြၿပီး ဘယ္ရက္မွာ သေႏၶေအာင္္ခဲ့သလဲနဲ႕လည္း ဆုိင္ပါတယ္။

ဒါဆုိ ဘယ္လုိအေျခအေနမ်ိဳးေတြမွာ မွားယြင္းျပီး အေျဖထြက္တတ္သလဲ။

(က) ဆီးစစ္တံက သက္တမ္းလြန္ေနတဲ့အခါ

(ခ) ဆီးစစ္ပံုစစ္နည္း မွားယြင္းေနတ့ဲအခါ (ဒါေၾကာင့္မုိ႕ ဆီးစစ္တံရဲ႕ အညႊန္းမွာ ေရးထားတဲ့အတုိင္း အတိအက် လိုက္နာဖုိ႔လိုပါတယ္)

(ဂ) ဆီးစစ္တာ သိပ္ေစာေနတဲ့အခါ (အေပၚမွာေျပာခဲ့တဲ့ ဇာတ္လမ္းလိုမ်ိဳးေပါ့၊ အတူေနၿပီး ရက္ပုိင္းေလာက္မွာ ဆီးစစ္လိုက္ေတာ့ ေဟာ္မုန္းက ထြက္မယ္ေတာင္ မၾကံေသးဘူးေလ၊ ဒီေတာ့ Negative လို႔ပဲ အေျဖျပမွာပါ၊ ဒါကို ကုိယ္၀န္မရွိဘူးလို႕ ယတိျပတ္ေျပာမရပါဘူး။)

(ဃ) အရည္ေတြအမ်ားၾကီး ေသာက္ထားလို႔ ဆီးထဲမွာ အရည္ပမာဏမ်ားေနတဲ့အခါ

(င) ဆီးေဆးေတြ ေသာက္ထားတဲ့အခါ

ဒီလိုအေၿခအေနေတြမွာဆုိ ကုိယ္၀န္ရွိေနပါရက္နဲ႕ တစ္ေၾကာင္းတည္းပဲ ျပေနတတ္ပါတယ္။ အျဖစ္တတ္္ဆံုးျပႆနာကေတာ့ စိတ္ပူလြန္ၿပီး ဆီးစစ္တတ္ၾကတာပဲ။ လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကမွ အတူေနတယ္၊ အခု ဆီးစစ္မယ္ဆုိ ေပၚႏုိင္ေခ်နည္းပါတယ္။ ဒါက ကုိယ္၀န္မရွိတာလည္း မဟုတ္ပါဘူး။ အတိအက် ေျပာမရေသးတာပါ။ ဒါကုိ ကုိယ္၀န္မရွိဘူးလို႔ သတ္မွတ္လိုက္ၿပီး ေနာက္မွ ကုိယ္၀န္ေပၚလာခဲ့ရင္ ခ်စ္သူေတြ၊ စံုတြဲေတြၾကား အထင္လြဲစရာေတြ ျဖစ္လာႏုိင္ပါတယ္။

၄။ တျခားေသာ အတည္ယူလို႔မရတဲ့ အေျဖေတြ ရွိေသးလား

ေစ်းကြက္ထဲမွာ ၀ယ္လု႔ိရတဲ့ တခ်ိဳ႕ဆီးစစ္တံေတြမွာေတာ့ C နဲ႕ T ဆိုၿပီး ေဖာ္ျပေပးထားပါတယ္။ C ဆိုတာက Controlled band ၊ ႏိႈင္းယွဥ္ဖုိ႕အတြက္ ရည္ရြယ္တယ္၊ ဒါေၾကာင့္မုိ႕ ဆီးစစ္တံတုိင္းဟာ ဆီးထဲႏွစ္လိုက္ရင္ အဲဒီ Controlled band မွာ ေပၚကုိေပၚရပါမယ္။ T ဆုိတာကေတာ့ Test band ပါ။ သူကမွ ကိုယ္၀န္ရွိမရွိကို အေျဖထုတ္ေပးတာပါ။ သူ႕ေနရာမွာေပၚရင္ ကုိယ္၀န္ရွိတယ္၊ မေပၚရင္ ကုိယ္၀န္မရွိဘူး။ ဒါေၾကာင့္ အားလံုးသိထားၾကသလို ႏွစ္ေၾကာင္းေပၚရင္ ကုိယ္၀န္ရွိတယ္၊ တစ္ေၾကာင္းေပၚရင္ ကုိယ္၀န္မရွိဘူးလို႕ ေျပာၾကတာပါ။

ဒါေၾကာင့္ C ဆုိတဲ့ေနရာမွာ မေပၚဘဲ T ဆုိတဲ့ Test band မွာပဲ ေပၚေနတယ္ဆုိရင္ ဒါဟာ ဆီးစစ္တံအရည္အေသြး မေကာင္းလုိ႔ျဖစ္တာပါ။ ဒါကို တစ္ေၾကာင္းတည္း ေပၚတယ္ဆုိၿပီး ကုိယ္၀န္မရွိဘူးလို႔ သတ္မွတ္လို႔မရပါဘူး။

အဲဒီလို Test band တစ္ခုတည္း ေပၚေနတာအျပင္၊ ဆီးထဲႏွစ္လုိက္တဲ့အခါမွာ ႏွစ္ေၾကာင္းလံုး ဘာမွေပၚမလာဘူးဆုိရင္လည္း ဒါကို အတည္ယူလုိ႔မရပါဘူး။ C ေနရာဟာ ဘယ္လုိအေျခအေနမွာျဖစ္ျဖစ္ ေပၚကိုေပၚရပါမယ္။

တကယ္လုိ႔မ်ား Test band မွာ ခပ္ေဖ်ာ့ေဖ်ာ့ေလး ေပၚေနတာမ်ိဳးဆိုရင္ေတာ့ ဒါဟာ ကုိယ္၀န္ရွိစ အေနအထားမွာ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မုိ႕ ေနာက္ထပ္တစ္ပတ္ေလာက္ ေနတဲ့အခါ ထပ္စစ္လုိက္ရင္ တကယ္သာ ကုိယ္၀န္ရေနတာဆုိရင္ေတာ့ Test band မွာ ထင္ထင္ရွားရွားေပၚလာတာကို ေတြ႕ရပါလိမ့္မယ္။

၅။ ဆီးစစ္တာဟာ ကုိယ္၀န္မရွိေၾကာင္း စိတ္ခ်ရတဲ့ အေျဖတစ္ခုလား

ေရွ႕မွာေျပာခဲ့သလိုပါပဲ၊ ဆီးစစ္တာဟာ ရာသီထိန္ျပီး တစ္ပတ္ေလာက္ေနလုိ႔ စစ္ၾကည္႕ေတာ့မွ တိတိက်က် သိႏုိင္တဲ့ စစ္ေဆးမႈျဖစ္ပါတယ္။ အဲဒီထက္ေစာရင္ ကုိယ္၀န္ရေနရင္ေတာင္မွ မရွိဘူးလို႔ပဲ ျပမွာျဖစ္ပါတယ္။ အဲဒီေတာ့ တခ်ိဳ႕က ေျပာတယ္၊ ရာသီထိန္ျပီးမွ စစ္လုိ႕သိမွေတာ့ ဘာလုပ္လုိ႕ရေတာ့မွာလဲ တဲ့။

ဟုတ္တယ္၊ ဘာမွလုပ္လို႕မရေတာ့ဘူး။ ဒါေၾကာင့္မုိ႕ အေစာကတည္းက အဲ့လိုစိတ္ပူေနရတာမ်ိဳး မျဖစ္ေအာင္ ၾကိဳၾကိဳတင္တင္ ကာကြယ္ဖုိ႕လုိတယ္။ စိတ္ခ်ရတဲ့ သားဆက္ျခားနည္းတခုခု သံုးမလား။ ခ်စ္သူစံုတြဲေတြ တစ္ခါတစ္ေလမွ အတူေနျဖစ္တာဆုိလည္း ကြန္ဒံုးသံုးမလား။ ဒါဆုိ သံုး။ သုိ႕ေသာ္လည္း ျပီးခါနီးမွ စြပ္တာမ်ိဳးေတာ့ မလုပ္နဲ႕၊ ကိုယ္၀န္ရတတ္တယ္။ သုက္ရည္အျပင္ထုတ္တဲ့နည္း သံုးမလား။ သံုး။ သို႕ေသာ္လည္း ကၽြမ္းက်င္ပုိ္င္ႏုိင္ဖုိ႕လိုတယ္၊ အဲဒီနည္းက ကုိယ္၀န္ရႏုိင္ေခ်လည္း မ်ားတယ္။ ေဆးခန္းသြားဖို႕ မရွက္နဲ႕၊ သိခ်င္တာေတြ ေမးဖုိ႕လည္း မရွက္နဲ႕၊ ခုေခတ္မွာ ေဖ့စ္ဘြတ္၊ အင္တာနက္၀က္ဆုိက္၊ Application ေတြကေနလည္း ဒါေတြကို ဖတ္လို႕ေမးလို႕ ရေနျပီ။ ဒါမွမဟုတ္ လံုး၀ကိုမရည္ရြယ္ဘဲ ျဖစ္သြားသလား။ ဒါဆုိ အေရးေပၚကုိယ္၀န္တားေဆး တုိက္။ ဒီနည္းေတြကလည္း ၁၀၀ ရာခုိင္ႏႈန္း စိတ္မခ်ရဘူးဆုိေပမယ့္ ၉၉ ရာခုိင္ႏႈန္းနဲ႕အထက္ ကာကြယ္ေပးတာမို႕ စိတ္ခ်ရတယ္။

ဒါေၾကာင့္္မုိ႕ လြန္သြားျပီးမွ ဆီးစစ္တံအေျဖကို ရင္တမမနဲ႕ ၾကည္႕ေနရတာမ်ိဳး မျဖစ္ေစဖုိ႕ ၾကိဳၾကိဳတင္တင္ ကာကြယ္ႏုိင္ၾကရေအာင္ ရည္ရြယ္ေရးသားလုိက္ရပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *