ကိုယ်ဝန်ဆောင်ချိန် ချဉ်ချင်းတပ်ခြင်း
ကိုယ်ဝန်ဆောင်တွေမှာ ချဉ်ချင်းတပ်တယ် ဆိုတာ ရေပန်း အစားဆုံးအကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချဉ်ချင်းတပ်တာ ခြင်းလည်း မတူကြပါဘူး။ ကိုယ်တစ်သက်လုံး နှစ်သက်လာတဲ့ အစားအစာကို အနံ့တောင် မခံနိုင်တော့ဘဲ ကိုယ်လုံး၀ မကြိုက်ခဲ့တဲ့ အစားအစာကို မှ စားချင်နေတာမျိုး ဖြစ်တတ်ပါတယ်။ ချဉ်ချင်းတပ်တဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် တချို့လေ့လာတွေ့ရှိချက်တွေ အရတော့ ကိုယ်ခန္တာက သူလိုအပ်နေတဲ့ ဓာတ်တစ်ခုခု ကို ဖော်ပြခြင်း ဖြစ်တယ်လို့ပြောထားပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရလိုအပ်ချက်များတာကြောင့် မိမိတို့ကိုယ်ခန္တာက အာဟာရတွေ မလုံလောက်တာမျိုး ဖြစ်တတ်ပါတယ်။ အစာချေးများတဲ့သူတွေ၊ အစားအေသာက် ရှောင်တဲ့ သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ချဉ်ချင်းတပ်တယ် ဆိုတာ ကိုယ်စားချင်နေတဲ့ အစားအသောက်ကို လိုအပ်နေတာ မဟုတ်ဘဲ ဗီတာမင် တစ်မျိုးမျိုး၊ သတ္တုဓာတ် တစ်မျိုးမျိုး၊ အသားဓာတ် စသဖြင့် လိုအပ်နေတာကို မိမိတို့ကိုယ်ခန္တာက တောင်းဆိုနေခြင်း ဖြစ်ပါတယ်။
ဥပမာ- မြေကြီးစားချင်တဲ့ ချဉ်ချင်းတပ်ခြင်းဟာ သံဓာတ်ချို ့တဲ့ခြင်းကို ဖော်ပြနေပါတယ်။ မြေကြီးစားမယ့် အစား သံဓာတ်ပြည့်ဝတဲ့ အသားနဲ့ပဲအမျိုးမျိုး ကိုစားပေးရပါမယ်။ လက်လုပ်ချဉ်/မုန်ညင်းချဉ် ချဉ်ချင်းတပ်ခြင်းဟာ ဆိုရင် ကိုယ်ခန္တာက ဆိုဒီယမ်ဓာတ် လိုအပ်နေခြင်းကို ဖော်ပြနေပါတယ်။ ဘာဂါ၊ အာလူးကြော်၊ အသားကင် ချဉ်ချင်းတပ်ခြင်းကတော့ အသားဓာတ်၊ ပိုတက်ဆီယမ် နှင့် ဆိုဒီယမ်ဓာတ် လိုအပ်နေခြင်း ကြောင့်ဖြစ်ပါတယ်။ ချောကလက်၊ ရေခဲမုန့် ချဉ်ချင်းတပ်ခြင်း ကတော့ ကယ်လဆီယမ်၊ အဆီဓာတ် လိုအပ်နေခြင်း ကြောင့်ပါ။ တခြား အစားအသောက်မျိုးစုံကိုလည်း ချဉ်ချင်းတပ်တာတွေ ရှိပါသေးတယ်။
နောက်တစ်ချက်ကတော့ ရေဓာတ်ပါ။ တစ်ရက်ကို ၂လီတာခွဲ- ၃လီတာ သောက်ရပါမယ်။ ပူပြင်းတဲ့ ရာသီမှာ ပိုလိုအပ်ပါတယ်။ ရေဆာရင် ရေပဲသောက်ပါ။ အချိုရည် သောက်တဲ့ အကျင့်ကို ရှောင်ပါ။ အချိုရည်တွေမှာ သကြားဓာတ် အလွန်များတဲ့ အတွက် အဝလွန်ခြင်းနဲ့နောက်ဆက်တွဲ ရောဂါ အမျိုးမျိုးကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုလည်းတက်တတ်တာကြောင့် အချိုရည် သောက်သုံးခြင်းကို တတ်နိုင်သမျှ လျှော့ချပါ။ အချိုရည် ချဉ်ချင်းတပ်ပါက လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည် အစားထိုးသောက်ပေးပါ။
အဓိက ကတော့ ကျန်းမာရေးတဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရပါမယ်။ အာဟာရ မျှတအောင်စားမှ ကျန်းမာတဲ့ ရင်သွေးငယ်လေး မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ ချဉ်ချင်းတပ်တဲ့ အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွတ်ပါက စားသင့်ပြီး၊ မသင့်တော်ပါက ရှောင်ကျဉ်သင့်ပါတယ်။ မှန်ကန်စွာ ရွေးချယ်စားတတ်စေရန် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ များများလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။
Dr. Jasmine
ကိုယ္၀န္ေဆာင္ခ်ိန္ ခ်ဥ္ခ်င္းတပ္ျခင္း
ကိုယ္၀န္ေဆာင္ေတြမွာ ခ်ဥ္ခ်င္းတပ္တယ္ ဆိုတာ ေရပန္း အစားဆံုးအေၾကာင္းအရာတစ္ခု ျဖစ္ပါတယ္။ တစ္ေယာက္နဲ ့တစ္ေယာက္ ခ်ဥ္ခ်င္းတပ္တာ ျခင္းလည္း မတူၾကပါဘူး။ ကိုယ္တစ္သက္လံုး နွစ္သက္လာတဲ့ အစားအစာကို အနံ ့ေတာင္ မခံနိုင္ေတာ့ဘဲ ကိုယ္လံုး၀ မၾကိဳက္ခဲ့တဲ့ အစားအစာကို မွ စားခ်င္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ခ်ဥ္ခ်င္းတပ္တဲ့ အေၾကာင္းရင္းကို အတိအက် မသိရေသးေပမယ့္ တခ်ိဳ ့ေလ့လာေတြ ့ရွိခ်က္ေတြ အရေတာ့ ကိုယ္ခႏၱာက သူလိုအပ္ေနတဲ့ ဓာတ္တစ္ခုခု ကို ေဖာ္ျပျခင္း ျဖစ္တယ္လို ့ေျပာထားပါတယ္။
ကိုယ္၀န္ေဆာင္ခ်ိန္မွာ အာဟာရလိုအပ္ခ်က္မ်ားတာေၾကာင့္ မိမိတို ့ကိုယ္ခႏၱာက အာဟာရေတြ မလံုေလာက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အစာေခ်းမ်ားတဲ့သူေတြ၊ အစားေအသာက္ ေရွာင္တဲ့ သူေတြမွာ ပိုေတြ ့ရတတ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ခ်ဥ္ခ်င္းတပ္တယ္ ဆိုတာ ကိုယ္စားခ်င္ေနတဲ့ အစားအေသာက္ကို လိုအပ္ေနတာ မဟုတ္ဘဲ ဗီတာမင္ တစ္မ်ိဳးမ်ိဳး၊ သတၱဳဓာတ္ တစ္မ်ိဳးမ်ိဳး၊ အသားဓာတ္ စသျဖင့္ လိုအပ္ေနတာကို မိမိတို ့ကိုယ္ခႏၱာက ေတာင္းဆိုေနျခင္း ျဖစ္ပါတယ္။
ဥပမာ- ေျမၾကီးစားခ်င္တဲ့ ခ်ဥ္ခ်င္းတပ္ျခင္းဟာ သံဓာတ္ခ်ိဳ ့တဲ့ျခင္းကို ေဖာ္ျပေနပါတယ္။ ေျမၾကီးစားမယ့္ အစား သံဓာတ္ျပည့္၀တဲ့ အသားနဲ ့ပဲအမ်ိဳးမ်ိဳး ကိုစားေပးရပါမယ္။ လက္လုပ္ခ်ဥ္/မုန္ညင္းခ်ဥ္ ခ်ဥ္ခ်င္းတပ္ျခင္းဟာ ဆိုရင္ ကိုယ္ခႏၱာက ဆိုဒီယမ္ဓာတ္ လိုအပ္ေနျခင္းကို ေဖာ္ျပေနပါတယ္။ ဘာဂါ၊ အာလူးေၾကာ္၊ အသားကင္ ခ်ဥ္ခ်င္းတပ္ျခင္းကေတာ့ အသားဓာတ္၊ ပိုတက္ဆီယမ္ နွင့္ ဆိုဒီယမ္ဓာတ္ လိုအပ္ေနျခင္း ေၾကာင့္ျဖစ္ပါတယ္။ ေခ်ာကလက္၊ ေရခဲမုန္ ့ ခ်ဥ္ခ်င္းတပ္ျခင္း ကေတာ့ ကယ္လဆီယမ္၊ အဆီဓာတ္ လိုအပ္ေနျခင္း ေၾကာင့္ပါ။ တျခား အစားအေသာက္မ်ိဳးစံုကိုလည္း ခ်ဥ္ခ်င္းတပ္တာေတြ ရွိပါေသးတယ္။
ေနာက္တစ္ခ်က္ကေတာ့ ေရဓာတ္ပါ။ တစ္ရက္ကို ၂လီတာခြဲ- ၃လီတာ ေသာက္ရပါမယ္။ ပူျပင္းတဲ့ ရာသီမွာ ပိုလိုအပ္ပါတယ္။ ေရဆာရင္ ေရပဲေသာက္ပါ။ အခ်ိဳရည္ ေသာက္တဲ့ အက်င့္ကို ေရွာင္ပါ။ အခ်ိဳရည္ေတြမွာ သၾကားဓာတ္ အလြန္မ်ားတဲ့ အတြက္ အ၀လြန္ျခင္းနဲ ့ေနာက္ဆက္တြဲ ေရာဂါ အမ်ိဳးမ်ိဳးကို ျဖစ္ေစပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ဆီးခ်ိဳလည္းတက္တတ္တာေၾကာင့္ အခ်ိဳရည္ ေသာက္သံုးျခင္းကို တတ္နိုင္သမ်ွ ေလ်ွာ့ခ်ပါ။ အခ်ိဳရည္ ခ်ဥ္ခ်င္းတပ္ပါက လတ္လတ္ဆတ္ဆတ္ အသီးေဖ်ာ္ရည္ အစားထိုးေသာက္ေပးပါ။
အဓိက ကေတာ့ က်န္းမာေရးတဲ့ ညီညြတ္တဲ့ အစားအစာေတြကို ေရြးခ်ယ္စားသံုးရပါမယ္။ အာဟာရ မ်ွတေအာင္စားမွ က်န္းမာတဲ့ ရင္ေသြးငယ္ေလး ေမြးဖြားနိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မိမိ ခ်ဥ္ခ်င္းတပ္တဲ့ အစားအစာဟာ က်န္းမာေရးနဲ ့ ညီညြတ္ပါက စားသင့္ျပီး၊ မသင့္ေတာ္ပါက ေရွာင္က်ဥ္သင့္ပါတယ္။ မွန္ကန္စြာ ေရြးခ်ယ္စားတတ္ေစရန္ က်န္းမာေရးဆိုင္ရာ ဗဟုသုတမ်ား မ်ားမ်ားေလ့လာၾကဖို ့ တိုက္တြန္းလိုပါတယ္။
Dr. Jasmine