ကိုယ်ဝန်ဆောင် ဗိုက်စည်း
ကိုယ်ဝန်ရှိချိန် ဗိုက်စည်း စည်းရင် ဘယ်လို အကျိုးကျေးဇူးတွေ ရသလဲ?
ကိုယ်ဝန်ဆောင်တွေ ဗိုက်စည်းစည်းခြင်းအားဖြင့်
၁။ လှုပ်ရှားသွားလာတဲ့အခါ ကလေးကို ထိခိုက်မှု နည်းပါတယ်
၂။ ဗိုက်အရေပြားပေါ် ကျရောက်တဲ့ တင်းအားနည်းသွားတာကြောင့် ဗိုက်ကြောပြတ်တာ သက်သာစေပါတယ်
၃။ ခါးနာသက်သာစေပါတယ်။
အမျိုးအစား
ကိုယ်ဝန်ဆောင်ဗိုက်စည်းကတော့ ၃မျိုးရှိတာပေါ့။
၁။ နံပါတ် ၁ အမျိုးအစားကတော့ ခါးနောက်ကလျှိုပြိး ဗိုက်ဗိုက်လေး အောက်က ပင့်ပတ်ရတဲ့ အမျိုးအစားပါ။ သူက အကျီအောက်မှာ သိသာနေတယ် ဆိုပေမယ့် သူက ဗိုက်ရဲ့ အလေးချိန်ကို မျှပေးတဲ့နေရာမှာ ပထမတန်းစားပါပဲ။
၂။ နံပါတ်၂ အမျိုးအစားကတော့ စွပ်ပြီး ဗိုက်ကို ပင့်တဲ့ အမျိုးအစားပါ။ ဝတ်ရလွယ်တာပေါ့။ လေ့ကျင့်ခန်းလုပ်ရတာကို မရပ်ချင်တဲ့ မိခင်လောင်းတွေဆို ဒီအမျိုးအစားလေး သုံးသင့်ပါတယ်။
၃။ နံပါတ် ၃ အမျိုးအစားကတော့ အမျိုးသမိး စွပ်ကျယ်လို ဝတ်ဆင်ရတဲ့ အမျိုးအစားဖြစ်ပြီး ပေါ့ပါးစွာဝတ်ဆင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လနုစဉ် ဗိုက်ကလေး မပွန်းအောင်သုံးဖို့ အသင့်တော်ဆုံးပါ။
ဘယ်အမျိုးအစား ကိုယ်ဝန်ဆောင် ဗိုက်စည်း ဖြစ်ပါစေ ရည်ရွယ်ချက်ကတေ့ာ တစ်ခုတည်းပါ။ ကိုယ်ဝန်ကြောင့် ခါးနာခြင်းကို ကာကွယ်ဖို့ပေါ့။ တစ်ခုတော့ သတိထားရပါမယ်။ ဗိုက်နာတာ ခါးနာတာဟာ မီးဖွားကာနီး အခြေအနေ ဖြစ်နေနိုင်တာမို့ လရင့်နေရင်တော့ ခါးနာရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့နော်။
ဒေါက်တာယမင်း (ဆေး၁)
ကိုယ္ဝန္ေဆာင္ ဗိုက္စည္း
ကိုယ္ဝန္ရွိခ်ိန္ ဗိုက္စည္း စည္းရင္ ဘယ္လို အက်ိဳးေက်းဇူးေတြ ရသလဲ?
ကိုယ္ဝန္ေဆာင္ေတြ ဗိုက္စည္းစည္းျခင္းအားျဖင့္
၁။ လႈပ္ရွားသြားလာတဲ့အခါ ကေလးကို ထိခိုက္မႈ နည္းပါတယ္
၂။ ဗိုက္အေရျပားေပၚ က်ေရာက္တဲ့ တင္းအားနည္းသြားတာေၾကာင့္ ဗိုက္ေၾကာျပတ္တာ သက္သာေစပါတယ္
၃။ ခါးနာသက္သာေစပါတယ္။
အမ်ိဳးအစား
ကိုယ္ဝန္ေဆာင္ဗိုက္စည္းကေတာ့ ၃မ်ိဳးရွိတာေပါ့။
၁။ နံပါတ္ ၁ အမ်ိဳးအစားကေတာ့ ခါးေနာက္ကလ်ွိုၿပိး ဗိုက္ဗိုက္ေလး ေအာက္က ပင့္ပတ္ရတဲ့ အမ်ိဳးအစားပါ။ သူက အက်ီေအာက္မွာ သိသာေနတယ္ ဆိုေပမယ့္ သူက ဗိုက္ရဲ႕ အေလးခ်ိန္ကို မ်ွေပးတဲ့ေနရာမွာ ပထမတန္းစားပါပဲ။
၂။ နံပါတ္၂ အမ်ိဳးအစားကေတာ့ စြပ္ၿပီး ဗိုက္ကို ပင့္တဲ့ အမ်ိဳးအစားပါ။ ဝတ္ရလြယ္တာေပါ့။ ေလ့က်င့္ခန္းလုပ္ရတာကို မရပ္ခ်င္တဲ့ မိခင္ေလာင္းေတြဆို ဒီအမ်ိဳးအစားေလး သံုးသင့္ပါတယ္။
၃။ နံပါတ္ ၃ အမ်ိဳးအစားကေတာ့ အမ်ိဳးသမိး စြပ္က်ယ္လို ဝတ္ဆင္ရတဲ့ အမ်ိဳးအစားျဖစ္ၿပီး ေပါ့ပါးစြာဝတ္ဆင္နိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္လႏုစဥ္ ဗိုက္ကေလး မပြန္းေအာင္သံုးဖို႔ အသင့္ေတာ္ဆံုးပါ။
ဘယ္အမ်ိဳးအစား ကိုယ္ဝန္ေဆာင္ ဗိုက္စည္း ျဖစ္ပါေစ ရည္႐ြယ္ခ်က္ကေတ့ာ တစ္ခုတည္းပါ။ ကိုယ္ဝန္ေၾကာင့္ ခါးနာျခင္းကို ကာကြယ္ဖို႔ေပါ့။ တစ္ခုေတာ့ သတိထားရပါမယ္။ ဗိုက္နာတာ ခါးနာတာဟာ မီးဖြားကာနီး အေျခအေန ျဖစ္ေနနိုင္တာမို႔ လရင့္ေနရင္ေတာ့ ခါးနာရင္ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ မေမ့ပါနဲ႔ေနာ္။
ေဒါက္တာယမင္း (ေဆး၁)