ကိုယ်ဝန်ဆောင်မိခင်နှင့် အလုပ်လုပ်သင့်/မလုပ်သင့်
ကိုယ်ဝန်ရှိလာပြီဆိုတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင်က အပြည့်အဝအနားယူလိုပြီး မိသားစုကလည်း အလုပ်လုပ်ဖို့မလိုလောက်အောင် ပံပိုးနိုင်တဲ့အခြေအနေမျိုးဆိုရင် အလုပ်နားနိုင်ပါတယ်။သို့မဟုတ်ဘဲ ..ကိုယ်ဝန်ဆောင်ကိုယ်တိုင်က အလုပ်လုပ်ချင် စိတ်ရှိနေခြင်း၊မိမိဝါသနာပါတဲ့အလုပ်ဖြစ်လို့ မစွန့်လွှတ်နိုင်ခြင်း၊ ငွေရေးကြေးရေးလိုအပ်ချက်ရှိနေခြင်း စတဲ့အကြောင်းရင်းများ ရှိနေပြီဆိုလျှင်တော့ ကိုယ်ဝန်ဆောင်အနေနဲ့ အလုပ်လုပ်သင့်/မလုပ်သင့်၊ လုပ်သင့်တယ်ဆိုလျှင်လည်း ကိုယ်ဝန်ဘယ်နပတ်အထိအလုပ်လုပ်လို့ရလဲ စသဖြင့် မေးခွန်းထုတ်စရာများရှိလာပါတယ်။
ပုံမှန်ကိုယ်ဝန်ဆောင်များအနေနဲ့ မဖြစ်မနေ အလုပ်နားဖို့မလိုတဲ့အပြင် ပုံမှန်လုပ်ငန်းဆောင်တာအားလုံးနီးပါးလုပ်ဆောင်နိုင်ပါတယ်။ သတိပြုရမယ့်အချက်လေးတွေကတော့
1)အလေးအပင်မခြင်း
– အလုပ်မှာဖြစ်စေ၊အိမ်မှာဖြစ်စေ နေ့တဓူဝအလေးအပင်မခြင်းများ ဆောင်ရွက်ရတဲ့ကိုယ်ဝန်ဆောင်တွေမှာ သတ်မှတ်ချိန်ထက် စောပြီး မွေးဖွားခြင်းများတွေ့ရတတ်ပါတယ်။
– ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ပေါင် ၂၀ အထက်ရှိတဲ့အလေးအပင်မခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။
– မတ်လျက်အနေအထားမှ ကြမ်းပြင်ပေါ်ရှိ ပစ္စည်းကိုကုန်းကောက်ခြင်းမျိုး၊ အနေအထားမမှန်သော အလေးအပင်မခြင်းမျိုးကို ရှောင်ရပါမယ်။
– ကိုယ်ဝန်ရင့်လာလေ ဒီအချက်ကိုပိုသတိပြုသင့်လေပြဲဖစ်ပါတယ်။
2)အချိန်ကြာ မတ်တပ်ရပ်ခြင်း
– သင့်အလုပ်ဟာ နာရီပေါင်းများစွာ မတ်တပ်ရပ်ရတဲ့အလုပ်ဆိုပါက ဖြစ်နိုင်လျှင် ထိုင်ခုံအမြင့်တွင်ထိုင်ပြီးလုပ်ခြင်း (သို့) အလုပ်ရှင်ကိုခွင့်တောင်းပြီး နားနားပြီးလုပ်ခြင်းမျိုး ဆောင်ရီက်နိုင်ပါတယ်။
3)အတက်အဆင်း
– ကိုယ်ဝန်လရင့်လာတဲ့အခါ ဗိုက်ထွက်လာတာနဲ့အမျှ ခန္ဓာကိုယ်အနေအထားထိန်းရာမှာ အခါတိုင်းနဲ့မတူတာကြောင့် ချော်လဲခြင်း၊လှေကားပေါ်မှလိမ့်ကျခြင်း စတဲ့ မတော်တဆမှုတွေဖြစ်နိုင်တာမို့ အတက်အဆင်းလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့နဲ့ မဖြစ်မနေအခြေအနေတွေမှာ သတိထားပြီးဆောင်ရွက်ဖို့ အကြံပြုပါရစေ။
4)အထိုင်များခြင်း
– ကွန်ပျူတာရှေ့တနေ့လုံးထိုင်နေရသူများ၊ အထိုင်များတဲ့အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မိင်ရောကလေးပါ သွေးလည်ပတ်မှုကောင်းစေဖို့ တနေကုန်တောက်လျှောက်ထိုင်မနေဘဲ မကြာခဏလမ်းလျှောက်ခြင်း ပြုလုပ်ပေးသင့်ပါတယ်။
အထက်ပါအကြံပြုချက်များအပြင် ကိုယ်ဝန်ဆောင်တစ်ဦးချင်းစီအလိုက် မိမိသက်ဆိုင်ရာဆရာဝန်နှင့် မိမိရဲ့လုပ်ငန်းသဘော သဘာဝကို ပွင့်လင်းစွာပြောပြပြီး အကြံဉာဏ်ရယူခြင်းများ လုပ်ဆောင်သင့်ပါတယ်။အစိုးရဌာနများအနေနဲ့ မီးဖွားခွင့်ကို ၆လသတ်မှတ်ပေးထားပြီး အပြင်ကုမ္ပဏီများအနေနဲ့ ကုမ္ပဏီတစ်ခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ မီးဖွားခွင့်ခံစားခွင့်များရှိတာကြောင့် မိမိလုပ်နိုင်တဲ့ အချိန်တစ်ခုအထိအလုပ်လုပ်ပြီး ကိုယ်ဝန်လရင့်လာတဲ့အခါ မီးဖွားခွင့်ယူပြီး နားနားနေနေနေခြင်းဖြင့် ကိုယ်ဝန်ဆောင်များအနေနဲ့ အလုပ်ထွက်ဖို့ထိ မလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။
ဒေါက်တာဝင်း (UM 2)
ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ အလုပ္လုပ္သင့္/မလုပ္သင့္
ကိုယ္ဝန္႐ွိလာၿပီဆိုတဲ့အခါ ကိုယ္ဝန္ေဆာင္မိခင္ကိုယ္တိုင္က အျပည့္အဝအနားယူလိုၿပီး မိသားစုကလည္း အလုပ္လုပ္ဖို႔မလိုေလာက္ေအာင္ ပံပိုးႏိုင္တဲ့အေျခအေနမ်ိဳးဆိုရင္ အလုပ္နားႏိုု္င္ပါတယ္။သို႔မဟုတ္ဘဲ ..ကိုယ္ဝန္ေဆာင္ကိုယ္တိုင္က အလုပ္လုပ္ခ်င္ စိတ္႐ွိေနျခင္း၊မိမိဝါသနာပါတဲ့အလုပ္ျဖစ္လို႔ မစြန္႔လႊတ္ႏိုင္ျခင္း၊ ေငြေရးေၾကးေရးလိုအပ္ခ်က္႐ွိေနျခင္း စတဲ့အေၾကာင္းရငး္မ်ား ႐ွိေနၿပီဆိုလ်ွင္ေတာ့ ကိုယ္ဝန္ေဆာင္အေနနဲ႔ အလုပ္လုပ္သင့္/မလုပ္သင့္၊ လုပ္သင့္တယ္ဆိုလ်ွင္လည္း ကိုယ္ဝန္ဘယ္နပတ္အထိအလုပ္လုပ္လို႔ရလဲ စသျဖင့္ ေမးခြန္းထုတ္စရာမ်ား႐ွိလာပါတယ္။
ပံုမွန္ကိုယ္ဝန္ေဆာင္မ်ားအေနနဲ႔ မျဖစ္မေန အလုပ္နားဖို႔မလိုတဲ့အျပင္ ပံုမွန္လုပ္ငန္းေဆာင္တာအားလံုးနီးပါးလုပ္ေဆာင္ႏိုင္ပါတယ္။ သတိျပဳရမယ့္အခ်က္ေလးေတြကေတာ့
1)အေလးအပင္မျခင္း
– အလုပ္မွာျဖစ္ေစ၊အိမ္မွာျဖစ္ေစ ေန႔တဓူဝအေလးအပင္မျခင္းမ်ား ေဆာင္ရြက္ရတဲ့ကိုယ္ဝန္ေဆာင္ေတြမွာ သတ္မွတ္ခ်ိန္ထက္ ေစာၿပီး ေမြးဖြားျခင္းမ်ားေတြ႔ရတတ္ပါတယ္။
– ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ ေပါင္ ၂၀ အထက္႐ွိတဲ့အေလးအပင္မျခင္းကို တတ္ႏိုင္သမ်ွေ႐ွာင္ၾကဥ္သင့္ပါတယ္။
– မတ္လ်က္အေနအထားမွ ၾကမ္းျပင္ေပၚ႐ွိ ပစၥည္းကိုကုန္းေကာက္ျခင္းမ်ိဳး၊ အေနအထားမမွန္ေသာ အေလးအပင္မျခင္းမ်ိဳးကို ေ႐ွာင္ရပါမယ္။
– ကိုယ္ဝန္ရင့္လာေလ ဒီအခ်က္ကိုပိုသတိျပဳသင့္ေလပျဲဖစ္ပါတယ္။
2)အခ်ိန္ၾကာ မတ္တပ္ရပ္ျခင္း
– သင့္အလုပ္ဟာ နာရီေပါင္းမ်ားစြာ မတ္တပ္ရပ္ရတဲ့အလုပ္ဆိုပါက ျဖစ္ႏိုင္လ်ွင္ ထိုင္ခံုအျမင့္တြင္ထိုင္ၿပီးလုပ္ျခင္း (သို႔) အလုပ္႐ွင္ကိုခြင့္ေတာင္းၿပီး နားနားၿပီးလုပ္ျခင္းမ်ိဳး ေဆာင္ရီက္ႏိုင္ပါတယ္။
3)အတက္အဆင္း
– ကိုယ္ဝန္လရင့္လာတဲ့အခါ ဗိုက္ထြက္လာတာနဲ႔အမ်ွ ခနၶာကိုယ္အေနအထားထိန္းရာမွာ အခါတိုင္းနဲ႔မတူတာေၾကာင့္ ေခ်ာ္လဲျခင္း၊ေလွကားေပၚမွလိမ့္က်ျခင္း စတဲ့ မေတာ္တဆမႈေတြျဖစ္ႏိုင္တာမို႔ အတက္အဆင္းလုပ္ျခင္းကို တတ္ႏိုင္သမ်ွ ေ႐ွာင္ၾကဥ္ဖို႔နဲ႔ မျဖစ္မေနအေျခအေနေတြမွာ သတိထားၿပီးေဆာင္ရြက္ဖို႔ အၾကံျပဳပါရေစ။
4)အထိုင္မ်ားျခင္း
– ကြန္ပ်ဴတာေ႐ွ႕တေန႔လံုးထိုင္ေနရသူမ်ား၊ အထိုင္မ်ားတဲ့အလုပ္လုပ္ရတဲ့ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနနဲ႔ မိင္ေရာကေလးပါ ေသြးလည္ပတ္မႈေကာင္းေစဖို႔ တေနကုန္ေတာက္ေလ်ွာက္ထိုင္မေနဘဲ မၾကာခဏလမ္းေလ်ွာက္ျခင္း ျပဳလုပ္ေပးသင့္ပါတယ္။
အထက္ပါအၾကံျပဳခ်က္မ်ားအျပင္ ကိုယ္ဝန္ေဆာင္တစ္ဦးခ်င္းစီအလိုက္ မိမိသက္ဆိုင္ရာဆရာဝန္ႏွင့္ မိမိရဲ႕လုပ္ငန္းသေဘာ သဘာဝကို ပြင့္လင္းစြာေျပာျပၿပီး အၾကံဥာဏ္ရယူျခင္းမ်ား လုပ္ေဆာင္သင့္ပါတယ္။အစိုးရဌာနမ်ားအေနနဲ႔ မီးဖြားခြင့္ကို ၆လသတ္မွတ္ေပးထားၿပီး အျပင္ကုမၸဏီမ်ားအေနနဲ႔ ကုမၸဏီတစ္ခုခ်င္းစီအလိုက္ သတ္မွတ္ထားတဲ့ မီးဖြားခြင့္ခံစားခြင့္မ်ား႐ွိတာေၾကာင့္ မိမိလုပ္ႏိုင္တဲ့ အခ်ိန္တစ္ခုအထိအလုပ္လုပ္ၿပီး ကိုယ္ဝန္လရင့္လာတဲ့အခါ မီးဖြားခြင့္ယူၿပီး နားနားေနေနေနျခင္းျဖင့္ ကိုယ္ဝန္ေဆာင္မ်ားအေနနဲ႔ အလုပ္ထြက္ဖို႔ထိ မလိုအပ္ေၾကာင္း တင္ျပလိုက္ရပါတယ္။
ေဒါက္တာဝင္း (UM 2)