” ကိုယ်ဝန်ဆောင်ချိန်နဲ့ ခရီးသွားခြင်း “
အမျိုးသမီးအများစု အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ခရီးသွားလို့ ရပါတယ်။ကိုယ်ရော သားအိမ်ထဲက ကိုယ့်ရင်သွေးပါ နေကောင်းနေတယ်ဆိုရင် ကိုယ်ဝန် ၃၆ ပတ်ရှိတဲ့ အချိန်ထိ ခရီးသွားလို့ရပါတယ်။
ဘယ်အချိန်လောက်ထိ ကိုယ်ဝန်နဲ့ ခရီးသွားလို့ရလဲ ?
ခရီးသွားဖို့အသင့်တော်ဆုံး အချိန်တွေကတော့ ကိုယ်ဝန် ၁၄ ပတ်ကနေ ၂၈ ပတ်အတွင်းပါပဲ (၃လကနေ၇လအတွင်း) ဘာလို့လဲဆိုတော့ ကိုယ်ဝန်နဲ့ ဆိုင်တဲ့ ပြသနာတွေက ကိုယ်ဝန်ပထမ ၃လနဲ့ တတိယ ၃လမှာ အဖြစ်များတာကြောင့်ပါပဲ။ ကိုယ်ဝန်ရဲ့ ဒုတိယ ၃လ (ကိုယ်ဝန်အလယ်ကာလ) မှာ ကိုယ့်ရဲ့ အားအင်ပြည့်ဝမှုကို ပြန်လည်ရရှိလာတယ်။ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်အစပိုင်းမှာဖြစ်တဲ့ အော့အန်ခြင်းတွေလည်း သက်သာပြီ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ကိုယ်ဝန်နဲ့ ခရီးသွားခြင်းကို ရှောင်ကြဉ်ရမလဲ?
သင့်မှာ ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ ပြသနာတစ်ခုခု ရှိနေပြီဆိုရင်တော့ ခရီးသွားဖို့ ခရီးထွက်ဖို့ကို ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။
Preeclampsia လို့ခေါ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းတွေ ရေမြွှာအိတ်စောပေါက်တာနဲ့ ရက်လမစေ့ဘဲ မွေးနိုင်တဲ့ အလားအလာ ရှိနေတဲ့သူတွေကတော့ ခရီးသွားတာကို ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကလေးက တစ်ယောက်ထဲ မဟုတ်ဘဲ အမြွာကလေး ဖြစ်နေတယ်ဆိုရင်လည်း ခရီးထွက်ခြင်းက good idea တော့ မဟုတ်ပြန်ပါဘူး။
ဘယ်နေရာတွေကို မသွားဖို့ရော ကန့်သတ်ထားသလား ?
ငှက်ဖျားပေါတဲ့နေရာဒေသတွေကို ခရီးထွက်ဖို့တော့ စဉ်းစားရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆေယင်တွေအနေနဲ့ ငှက်ဖျား outbreaks ဖြစ်နေတယ်လို့ ကြေညာထားတဲ့ ဒေသတွေကိုတော့ အမြဲသတိရှိနေရမှာ ဖြစ်ပါတယ်။နောက်တစ်ခုက Zika (ဇီကာ ) virus ရှိတယ် ( Zika outbreak) လို့ ကြေညာထားတဲ့ နေရာတွေဟာ ရှောင်ရမှာပါ။ Zika ဟာ microcephaly လို့ခေါ်တဲ့ သန္ဓေသားရဲ့ ဦးခေါင်းသေးငယ်ခြင်းကို ဖြစ်စေလို့ပါ။
တကယ်လို့ ခရီးသွားဖြစ်တယ်ဆိုရင် ခရီးမသွားခင် ဘာလုပ်ရမလဲ ?
ခရီးသွားတဲ့အခါ စိတ်ဖြောင့်ဖြောင့်နဲ့ သက်သာစွာ သွားလို့ ရအောင်
၁။ခရီးမသွားခင် မိမိရဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ check up လုပ်သွား စစ်ဆေးသွားပါ။
၂။ကိုယ်တကယ်မွေးဖွားမယ့်ရက်( due date ) က သေချာနေပါစေ။ တကယ်လို့ ခရီးသွားရင်း ကိုယ်က တစ်ခုခု ( ဗိုက်နာတာပဲ ဖြစ်စေ ) ဖြစ်လာရင် ကိုယ့်အနားရှိတဲ့သူတွေက ကိုယ့်ကိုယ်ဝန်သက်တမ်းကို သိပြီး စီစဉ်လို့ရအောင်ပါ။
၃။လိုအပ်တဲ့ ဆေးဝါးတွေ ကိုယ်နဲ့ မကွာ ဆောင်ယူသွားပါ။ အကိုက်အခဲ ပျောက်ဆေး ၊ ကိုယ်ဝန်ဆောင်အားဆေး စသည်အပြင် သင့်ရဲ့ သားဖွားမီးယပ်ဆရာဝန်က ညွှန်ကြားထားသော ဆေးတွေ အပါအဝင်ပေါ့။
၄။ ကာကွယ်ဆေးတွေရော အပြည့်အဝ ထိုးပြီးပြီလား check လုပ်လိုက်ပါဦး။
၅။ခရီးသွားမယ့် အစီအစဉ်က အလွယ်တကူပြောင်းလို့ရတာမျိုး ဖြစ်ပါစေ။ ပြန်အမ်းမှာမဟုတ်တဲ့ ခရီးသွားလက်မှတ်တွေ deposits တွေအတွက် ခရီးသွားအာမခံ travel insurance လေးထားနိုင်ရင် အဆင်ပြေပါတယ်။
DVTဆိုတာက ဘာလဲ ?
Deep vein thrombosis (DVT) ဆိုတာကတော့
ခြေထောက် ဒါမှမဟုတ် တခြားသော အစိတ်အပိုင်းမှ သွေးပြန်ကြောကြီးတွေထဲမှာ သွေးခဲတွေ ပိတ်တာ ဖြစ်ပါတယ်။ အဲဒီသွေးခဲတွေက သွေးပြန်ကြောလမ်းကြောင်းမှ တဆင့် အဆုတ်ကို ရောက်ရှိပါတယ်။ ခရီးအကြာကြီးသွားရတဲ့အခါ အချိန်အကြာကြီးထိုင်နေရတာကြောင့် အပြင် ကိုယ်ဝန်လွယ်ထားရခြင်းကပါ DVT ဖြစ်နိုင်စေပါတယ်။ ဒါကြောင့် ခရီးအကြာကြီးသွားရတဲ့အခါ အရည်များသောက်ပါ၊ ပွပွချောင်ချောင် အဝတ်အစားကို ဝတ်ဆင်ပါ။
ခြေဆန့်လက်ဆန့် လုပ်တာ လမ်းထလျှောက်တာမျိုး လုပ်ပေးပါ ( ဥပမာ ကားနဲ့ ခရီးသွားတာဆို ကားခဏရပ်ပြီး အပြင်ထွက် လမ်းခဏလျှောက်တာမျိုး ပြီးတော့မှ ခရီးဆက်တာမျိုးပေါ့ )
ခရီးထွက်နေတုန်း ဘယ်အခြေအနေမျိုးမှာ ဆေးရုံ ဆေးခန်းရဲ့ အကူအညီကို ယူရပါမလဲ ?
သွေးဆင်းတဲ့အခါ*
တင်ပဆုံ ဒါမှမဟုတ် ဗိုက်က အပြင်းအထန်နာတဲ့အခါ*
ရေဆင်းလာတဲ့အခါ ( ရေမြွှာပေါက်တာ)*
ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာတွေကို ဆက်လက်ခံစားရတဲ့အခါ ( ခေါင်းအဆက်မပြတ်ကိုက်တာ မျက်လုံးက အစက်အပြောက်လေးတွေမြင်တာ မျက်နှာတွေ ကိုယ်လက်တွေ ဖောရောလာတဲ့အခါ )*
ဆိုးဆိုးရွားရွား အော့အန်တာ ဒါမှ မဟုတ် ဝမ်းလျှောတာ တွေရှိလာရင် *
ဆေးကုသမှုခံယူဖို့ လိုပါတယ်။ အဲဒီအတွက် ကိုယ်သွားမယ့် နေရာဒေရဲ့ တဝိုက်မှာ ရှိတဲ့ ဆေးရုံဆေးခန်းတွေရဲ့ တည်နေရာကို စုံစမ်းသိရှိထားတာက ပို အဆင်ပြေပါတယ်။
ခွန်းညိုသွေး
” ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ခရီးသြားျခင္း “
အမ်ိဳးသမီးအမ်ားစု အေနနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ခရီးသြားလို႔ ရပါတယ္။ကိုယ္ေရာ သားအိမ္ထဲက ကိုယ့္ရင္ေသြးပါ ေနေကာင္းေနတယ္ဆိုရင္ ကိုယ္ဝန္ ၃၆ ပတ္ရွိတဲ့ အခ်ိန္ထိ ခရီးသြားလို႔ရပါတယ္။
ဘယ္အခ်ိန္ေလာက္ထိ ကိုယ္ဝန္နဲ႔ ခရီးသြားလို႔ရလဲ ?
ခရီးသြားဖို႔အသင့္ေတာ္ဆံုး အခ်ိန္ေတြကေတာ့ ကိုယ္ဝန္ ၁၄ ပတ္ကေန ၂၈ ပတ္အတြင္းပါပဲ (၃လကေန၇လအတြင္း) ဘာလို႔လဲဆိုေတာ့ ကိုယ္ဝန္နဲ႔ ဆိုင္တဲ့ ျပသနာေတြက ကိုယ္ဝန္ပထမ ၃လနဲ႔ တတိယ ၃လမွာ အျဖစ္မ်ားတာေၾကာင့္ပါပဲ။ ကိုယ္ဝန္ရဲ႕ ဒုတိယ ၃လ (ကိုယ္ဝန္အလယ္ကာလ) မွာ ကိုယ့္ရဲ႕ အားအင္ျပည့္ဝမႈကို ျပန္လည္ရရွိလာတယ္။ morning sickness လို႔ေခၚတဲ့ ကိုယ္ဝန္အစပိုင္းမွာျဖစ္တဲ့ ေအာ့အန္ျခင္းေတြလည္း သက္သာၿပီ ျဖစ္ပါတယ္။
ဘယ္အခ်ိန္မွာ ကိုယ္ဝန္နဲ႔ ခရီးသြားျခင္းကို ေရွာင္ၾကဥ္ရမလဲ?
သင့္မွာ ကိုယ္ဝန္နဲ႔ ပတ္သတ္တဲ့ ျပသနာတစ္ခုခု ရွိေနၿပီဆိုရင္ေတာ့ ခရီးသြားဖို႔ ခရီးထြက္ဖို႔ကို ဆင္ျခင္ရမွာပဲ ျဖစ္ပါတယ္။
Preeclampsia လို႔ေခၚတဲ့ ကိုယ္ဝန္ဆိပ္တက္ျခင္းေတြ ေရႁမႊာအိတ္ေစာေပါက္တာနဲ႔ ရက္လမေစ့ဘဲ ေမြးႏိုင္တဲ့ အလားအလာ ရွိေနတဲ့သူေတြကေတာ့ ခရီးသြားတာကို ဆင္ျခင္ရမွာပဲ ျဖစ္ပါတယ္။ တကယ္လို႔ ကေလးက တစ္ေယာက္ထဲ မဟုတ္ဘဲ အႁမြာကေလး ျဖစ္ေနတယ္ဆိုရင္လည္း ခရီးထြက္ျခင္းက good idea ေတာ့ မဟုတ္ျပန္ပါဘူး။
ဘယ္ေနရာေတြကို မသြားဖို႔ေရာ ကန္႔သတ္ထားသလား ?
ငွက္ဖ်ားေပါတဲ့ေနရာေဒသေတြကို ခရီးထြက္ဖို႔ေတာ့ စဥ္းစားရမွာပဲ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆယင္ေတြအေနနဲ႔ ငွက္ဖ်ား outbreaks ျဖစ္ေနတယ္လို႔ ေၾကညာထားတဲ့ ေဒသေတြကိုေတာ့ အၿမဲသတိရွိေနရမွာ ျဖစ္ပါတယ္။ေနာက္တစ္ခုက Zika (ဇီကာ ) virus ရွိတယ္ ( Zika outbreak) လို႔ ေၾကညာထားတဲ့ ေနရာေတြဟာ ေရွာင္ရမွာပါ။ Zika ဟာ microcephaly လို႔ေခၚတဲ့ သေႏၶသားရဲ႕ ဦးေခါင္းေသးငယ္ျခင္းကို ျဖစ္ေစလို႔ပါ။
တကယ္လို႔ ခရီးသြားျဖစ္တယ္ဆိုရင္ ခရီးမသြားခင္ ဘာလုပ္ရမလဲ ?
ခရီးသြားတဲ့အခါ စိတ္ေျဖာင့္ေျဖာင့္နဲ႔ သက္သာစြာ သြားလို႔ ရေအာင္
၁။ခရီးမသြားခင္ မိမိရဲ႕ သားဖြားမီးယပ္ဆရာဝန္နဲ႔ check up လုပ္သြား စစ္ေဆးသြားပါ။
၂။ကိုယ္တကယ္ေမြးဖြားမယ့္ရက္( due date ) က ေသခ်ာေနပါေစ။ တကယ္လို႔ ခရီးသြားရင္း ကိုယ္က တစ္ခုခု ( ဗိုက္နာတာပဲ ျဖစ္ေစ ) ျဖစ္လာရင္ ကိုယ့္အနားရွိတဲ့သူေတြက ကိုယ့္ကိုယ္ဝန္သက္တမ္းကို သိၿပီး စီစဥ္လို႔ရေအာင္ပါ။
၃။လိုအပ္တဲ့ ေဆးဝါးေတြ ကိုယ္နဲ႔ မကြာ ေဆာင္ယူသြားပါ။ အကိုက္အခဲ ေပ်ာက္ေဆး ၊ ကိုယ္ဝန္ေဆာင္အားေဆး စသည္အျပင္ သင့္ရဲ႕ သားဖြားမီးယပ္ဆရာဝန္က ၫႊန္ၾကားထားေသာ ေဆးေတြ အပါအဝင္ေပါ့။
၄။ ကာကြယ္ေဆးေတြေရာ အျပည့္အဝ ထိုးၿပီးၿပီလား check လုပ္လိုက္ပါဦး။
၅။ခရီးသြားမယ့္ အစီအစဥ္က အလြယ္တကူေျပာင္းလို႔ရတာမ်ိဳး ျဖစ္ပါေစ။ ျပန္အမ္းမွာမဟုတ္တဲ့ ခရီးသြားလက္မွတ္ေတြ deposits ေတြအတြက္ ခရီးသြားအာမခံ travel insurance ေလးထားႏိုင္ရင္ အဆင္ေျပပါတယ္။
DVTဆိုတာက ဘာလဲ ?
Deep vein thrombosis (DVT) ဆိုတာကေတာ့
ေျခေထာက္ ဒါမွမဟုတ္ တျခားေသာ အစိတ္အပိုင္းမွ ေသြးျပန္ေၾကာႀကီးေတြထဲမွာ ေသြးခဲေတြ ပိတ္တာ ျဖစ္ပါတယ္။ အဲဒီေသြးခဲေတြက ေသြးျပန္ေၾကာလမ္းေၾကာင္းမွ တဆင့္ အဆုတ္ကို ေရာက္ရွိပါတယ္။ ခရီးအၾကာႀကီးသြားရတဲ့အခါ အခ်ိန္အၾကာႀကီးထိုင္ေနရတာေၾကာင့္ အျပင္ ကိုယ္ဝန္လြယ္ထားရျခင္းကပါ DVT ျဖစ္ႏိုင္ေစပါတယ္။ ဒါေၾကာင့္ ခရီးအၾကာႀကီးသြားရတဲ့အခါ အရည္မ်ားေသာက္ပါ၊ ပြပြေခ်ာင္ေခ်ာင္ အဝတ္အစားကို ဝတ္ဆင္ပါ။
ေျခဆန္႔လက္ဆန္႔ လုပ္တာ လမ္းထေလွ်ာက္တာမ်ိဳး လုပ္ေပးပါ ( ဥပမာ ကားနဲ႔ ခရီးသြားတာဆို ကားခဏရပ္ၿပီး အျပင္ထြက္ လမ္းခဏေလွ်ာက္တာမ်ိဳး ၿပီးေတာ့မွ ခရီးဆက္တာမ်ိဳးေပါ့ )
ခရီးထြက္ေနတုန္း ဘယ္အေျခအေနမ်ိဳးမွာ ေဆးရံု ေဆးခန္းရဲ႕ အကူအညီကို ယူရပါမလဲ ?
ေသြးဆင္းတဲ့အခါ*
တင္ပဆံု ဒါမွမဟုတ္ ဗိုက္က အျပင္းအထန္နာတဲ့အခါ*
ေရဆင္းလာတဲ့အခါ ( ေရႁမႊာေပါက္တာ)*
ကိုယ္ဝန္ဆိပ္တက္ျခင္းရဲ႕ လကၡဏာေတြကို ဆက္လက္ခံစားရတဲ့အခါ ( ေခါင္းအဆက္မျပတ္ကိုက္တာ မ်က္လံုးက အစက္အေျပာက္ေလးေတြျမင္တာ မ်က္ႏွာေတြ ကိုယ္လက္ေတြ ေဖာေရာလာတဲ့အခါ )*
ဆိုးဆိုးရြားရြား ေအာ့အန္တာ ဒါမွ မဟုတ္ ဝမ္းေလွ်ာတာ ေတြရွိလာရင္ *
ေဆးကုသမႈခံယူဖို႔ လိုပါတယ္။ အဲဒီအတြက္ ကိုယ္သြားမယ့္ ေနရာေဒရဲ႕ တဝိုက္မွာ ရွိတဲ့ ေဆးရံုေဆးခန္းေတြရဲ႕ တည္ေနရာကို စံုစမ္းသိရွိထားတာက ပို အဆင္ေျပပါတယ္။
ခြန္းညိဳေသြး