ကိုယ်ဝန်ဆောင်ခြင်းနှင့်လိပ်ခေါင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြောင်းအလဲတွေများစွာဖြစ်ပေါ်ပါတယ်။ သွေးပေါင်၊ သွေးခုန်နှုန်းကအစ ခုခံအားအထိ တစ်ကိုယ်လုံးကစနစ်တွေက အမေကောအဆင်ပြေအောင် အပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ လိုလားအပ်တာတွေကောမလိုလားအပ်တာတွေပါကြုံတွေ့လာရပါတယ်။ နဂိုကသွေးတိုးမရှိသူတွေက သွေးတိုးရောဂါရှိလာတာ၊ ဆီးချိုမရှိရာကနေ ဆီးချိုဖြစ်လာတာ၊ ရှိပြီးသားဆီချိုက ထိန်းရတာပိုခက်လာတာ စတာတွေကြုံတွေ့လာနိုင်ပါတယ်။ အဆိုပါအခြေအနေတွေမှာ လိပ်ခေါင်းလည်းပါဝင်ပါတယ်။

လိပ်ခေါင်းဖြစ်တယ်ဆိုတာ စအိုနားတစ်ဝိုက်က သွေးပြန်ကြောတွေကျယ်လာပြီး ရောင်ရမ်းပြီး သွေးတွေအိုင်လာတဲ့အခြေအနေကိုခေါ်ပါတယ်။ ကိုယ်ဝနိရှိလာတဲ့အခါ စအိုနားကသွေးပြန်ကြောတွေအနေနဲ့ သားအိမ်ရဲ့အလေးချိန်၊ ကလေးရဲ့အလေးချိန်တွေကို ထမ်းထားရသလိုဖြစ်ပြီး ဖိအားတွေများလာပါတယ်။ သွေးတွေကအပေါ်ကို ပြန်မတက်နိုင်တော့ပဲ စအိုနားမှာသွေးတွေပုံလာပါတယ်။ အဲဒီသွေးတွေက စအိုနားမှာပုံလာတဲ့အခါ လိပ်ခေါင်းဖြစ်လာပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်တဲ့အခါ progesteroneဆိုတဲ့ဟော်မုန်းက ခန္ဓာကိုယ်မှာများပြားလာပါတယ်။ အဆိုပါဟော်မုန်းတွေကလည်း သွေးကြောတွေကိုပျော့ပြောင်းစေပြီး သွေးအိုင်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာအဆိုပါဟော်မုန်းတွေက များနေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းပိုဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။

လိပ်ခေါင်းရဲ့လက္ခဏာတွေကတော့ စအိုနားတစ်ဝိုက်မှာနာကျင်ခြင်း၊ ယားယံခြင်း၊ စအိုနားမှာအကြိတ်အလုံးစမ်းမိနိုင်တာ၊ နေမထိထိုင်မသာဖြစ်နိုင်တာစတာတွေဖြစ်နိုင်ပါတယ်။ နောက်ပိုင်းပိုဆိုးလာတဲ့အချိန်တွေမှာတော့ အခန့်မသင့်ရင် အထိမခံနိုင်လောက်အောင်နာကျင်လာတာ၊ လိပ်ခေါင်းထွက်နေရာကနေပြန်သွင်းလို့မရတော့တာ၊ ပြန်မဝင်တော့တာတွေပါဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းထွက်တဲ့အခါ များသောအားဖြင့်တော့ ကလေးမွေးပြီးတာနဲ့သက်သာသွားသလို ပျောက်သွားနိုင်ပါတယ်။ မသက်သာရင်တော့ ဆားခါးနဲ့ဖျော်ထားတဲ့ရေထဲမှာ စိမ်ပေးရင်သက်သာနိုင်ပါတယ်။
စအိုနားတစ်ဝိုက်ကိုသန့်ရှင်းအောင်ထားခြင်း၊ မတ်တပ်အကြာကြီးရပ်တာကိုရှောင်ခြင်း၊ ရေများများသောက်ခြင်း၊ ဝမ်းမချုပ်အောင်နေခြင်းတို့နဲ့သက်သာအောင်လုပ်ပေးသင့်ပါတယ်။ မသက်သာတဲ့အခါမှာတော့ သင့်တော်တဲ့ဆေးတွေ၊ ကုသနည်းတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးထိရောက်အောင်ကုသသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းထွက်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လိပ်ခေါင်းထွက်တဲ့အခါ မိမိသဘောနဲ့လက်တည့်မစမ်းပဲ တတ်ကျွမ်းသူနဲ့ပြသပြီးကုသသင့်ပါတယ်။

Dr. ZZ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…