ကိုယ်ဝန်ဆောင်မိခင်များ ဖောလစ်အက်စစ်ဓာတ် (Folic Acid)ဘာကြောင့်လိုအပ်သလဲ?
အမျိုးသမီးတစ်ဦးကိုယ်ဝန်ဆောင်ပြီဆိုရင် သက်ဆိုင်ရာကျန်းမာရေးဌာနများကိုပြသကြတဲ့အခါ သံဓာတ်အားဆေးနဲ့ဖောလစ်အက်စစ်ကိုပေးတတ်ကြပါတယ်။ ဒါဟာမိခင်လောင်းအတွက်ရော ဝမ်းကြာတိုက်ထဲက ရင်သွေးလေးအတွက်ပါ ရောဂါမရအောင်ကာကွယ်တဲ့အနေနဲ့ပေးခြင်းဖြစ်ပါတယ်။ ဒါဆိုရင် ဖောလစ်အက်စစ်ဓာတ်ဟာ မိခင်လောင်းတစ်ဦးအတွက်ဘာကြောင့် ဒီလောက်ထိအရေးပါနေလဲဆိုတာ လေ့လာကြည့်ကြရအောင်။
*မွေးကင်းစကလေးငယ် ဗီဇချို့ယွင်းချက်ရယ်ကင်းစေလို*
ဖောလစ်အက်စစ်ဓာတ်ချို့တဲ့ တဲ့အခါ မိခင်ဝမ်းဗိုက်ထဲမှာရှိနေတဲ့ကလေးငယ်ဟာ ဦးနှောက်နှင့်ကျောရိုးအာရုံကြောမပြွန်ကြီးဖွဲ့စည်းပုံချို့ယွင်းမှု (neural tube defect) နဲ့ မွေးရာပါဦးခေါင်းခွံမပါခြင်း (Anencephaly)ရောဂါများဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါတွေရှိနဲ့ကလေးငယ်ဟာ အသက်ရှင်ရန်ရာခိုင်နှုန်းအလွန်နည်းပါတယ်။ ဦးနှောက်နဲ့အာရုံကျောမဟာ ကိုယ်ဝန်သန္ဓေလေးပတ်မြောက်မှာ ဖွဲ့စည်းပုံကိုအပြီးသတ်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့ကြောင့်ဖောလစ်အက်စစ်ကို ကိုယ်ဝန်ဆောင်ရန်စတင်ကြိုးပမ်းချိန်ကစပြီး (သို့မဟုတ်)ကိုယ်ဝန်ရှိနိုင်ပြီဆိုတဲ့အချိန်ကစပြီး သောက်ခိုင်းတာဖြစ်ပါတယ်။
*မေမေ့အတွက် အားဆေးတစ်ခွက်*
ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ဆောင်မိခင်များ သွေးတိုးကာကိုယ်ဝန်ဆိပ်တက်ခြင်း (preeclampsia)ဖြစ်နိုင်ချေကိုလျော့ကျစေတယ်လို့ စစ်တမ်းများကဆိုပါတယ်။ ဖောလစ်အက်စစ်ဟာ သွေးနီဥဖွဲ့စဉ်းမှုမှာလည်းပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းခြင်းကိုလဲ တစ်စိတ်တစ်ပိုင်းကာကွယ်ပေးပါတယ်။
*ဖောလစ်အက်စစ်အားဆေး ဘယ်လိုသောက်ကြမလဲ?*
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက် တစ်နေ့တာပျမ်းမျှ ဖောလစ်အက်စစ်လိုအပ်မှုဟာ ၄၀၀ မိုက်ကရိုဂရမ် (400micrograms) ရှိပါတယ်။ ဒီပမာဏရဖို့ဆိုရင် ကျန်းမာရေးဌာနကပေးတဲ့ဆေးသောက်မယ်ဆိုရင် လုံလောက်ပါတယ်။ ဖောလစ်အက်စစ်ဟာ ဂျုံ၊ဆန်၊ ထောပတ်သီး၊ ဟင်းသီးဟင်းရွက်များမှာလည်းပါဝင်တဲ့အတွက် ဖောလစ်အက်စစ်ချို့တဲ့ရင် ဒီအစားအစာတွေကိုစားသုံးပေးနိုင်ပါတယ်။
ဒါကြောင့် အိမ်ထောင်သည်အမျိုးသမီးတို့ ကိုယ်ဝန်ယူဖို့စိတ်ကူးရှိပြီဆိုရင် ဝမ်းတွင်းသန္ဓေမတည်ခင် စတင်ကိုယ်ဝန်ဆောင်ရန် စိတ်ကူးရှိတဲ့အချိန်ကစလို့ ဖောလစ်အက်စစ်ကိုသောက်သင့်ပါတယ်လို့ အကြံပြုရင်း။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကိုယ္ဝန္ေဆာင္မိခင္မ်ား ေဖာလစ္အက္စစ္ဓာတ္ (Folic Acid)ဘာေၾကာင့္လိုအပ္သလဲ?
အမ်ိဳးသမီးတစ္ဦးကိုယ္ဝန္ေဆာင္ၿပီဆိုရင္ သက္ဆိုင္ရာက်န္းမာေရးဌာနမ်ားကိုျပသၾကတဲ့အခါ သံဓာတ္အားေဆးနဲ႔ေဖာလစ္အက္စစ္ကိုေပးတတ္ၾကပါတယ္။ ဒါဟာမိခင္ေလာင္းအတြက္ေရာ ဝမ္းၾကာတိုက္ထဲက ရင္ေသြးေလးအတြက္ပါ ေရာဂါမရေအာင္ကာကြယ္တဲ့အေနနဲ႔ေပးျခင္းျဖစ္ပါတယ္။ ဒါဆိုရင္ ေဖာလစ္အက္စစ္ဓာတ္ဟာ မိခင္ေလာင္းတစ္ဦးအတြက္ဘာေၾကာင့္ ဒီေလာက္ထိအေရးပါေနလဲဆိုတာ ေလ့လာၾကည့္ၾကရေအာင္။
*ေမြးကင္းစကေလးငယ္ ဗီဇခ်ိဳ႕ယြင္းခ်က္ရယ္ကင္းေစလို*
ေဖာလစ္အက္စစ္ဓာတ္ခ်ိဳ႕တဲ့ တဲ့အခါ မိခင္ဝမ္းဗိုက္ထဲမွာ႐ွိေနတဲ့ကေလးငယ္ဟာ ဦးေႏွာက္ႏွင့္ေက်ာ႐ိုးအာရံုေၾကာမႁပြန္ႀကီးဖြဲ႔စည္းပံုခ်ိဳ႕ယြင္းမႈ (neural tube defect) နဲ႔ ေမြးရာပါဦးေခါင္းခြံမပါျခင္း (Anencephaly)ေရာဂါမ်ားျဖစ္ပြားႏိုင္ပါတယ္။ ဒီေရာဂါေတြ႐ွိနဲ႔ကေလးငယ္ဟာ အသက္႐ွင္ရန္ရာခိုင္ႏႈန္းအလြန္နည္းပါတယ္။ ဦးေႏွာက္နဲ႔အာရံုေက်ာမဟာ ကိုယ္ဝန္သေႏၶေလးပတ္ေျမာက္မွာ ဖြဲ႔စည္းပံုကိုအၿပီးသတ္ေဆာင္ရြက္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ေဖာလစ္အက္စစ္ကို ကိုယ္ဝန္ေဆာင္ရန္စတင္ႀကိဳးပမ္းခ်ိန္ကစၿပီး (သို႔မဟုတ္)ကိုယ္ဝန္႐ွိႏိုင္ၿပီဆိုတဲ့အခ်ိန္ကစၿပီး ေသာက္ခိုင္းတာျဖစ္ပါတယ္။
*ေမေမ့အတြက္ အားေဆးတစ္ခြက္*
ေဖာလစ္အက္စစ္ဟာ ကိုယ္ဝန္ေဆာင္မိခင္မ်ား ေသြးတိုးကာကိုယ္ဝန္ဆိပ္တက္ျခင္း (preeclampsia)ျဖစ္ႏိုင္ေခ်ကိုေလ်ာ့က်ေစတယ္လို႔ စစ္တမ္းမ်ားကဆိုပါတယ္။ ေဖာလစ္အက္စစ္ဟာ ေသြးနီဥဖြဲ႔စဥ္းမႈမွာလည္းပါဝင္တဲ့အတြက္ ကိုယ္ဝန္ေဆာင္စဥ္ ေသြးအားနည္းျခင္းကိုလဲ တစ္စိတ္တစ္ပိုင္းကာကြယ္ေပးပါတယ္။
*ေဖာလစ္အက္စစ္အားေဆး ဘယ္လိုေသာက္ၾကမလဲ?*
ကိုယ္ဝန္ေဆာင္မိခင္တစ္ေယာက္အတြက္ တစ္ေန႔တာပ်မ္းမ်ွ ေဖာလစ္အက္စစ္လိုအပ္မႈဟာ ၄၀၀ မိုက္က႐ိုဂရမ္ (400micrograms) ႐ွိပါတယ္။ ဒီပမာဏရဖို႔ဆိုရင္ က်န္းမာေရးဌာနကေပးတဲ့ေဆးေသာက္မယ္ဆိုရင္ လံုေလာက္ပါတယ္။ ေဖာလစ္အက္စစ္ဟာ ဂ်ံဳ၊ဆန္၊ ေထာပတ္သီး၊ ဟင္းသီးဟင္းရြက္မ်ားမွာလည္းပါဝင္တဲ့အတြက္ ေဖာလစ္အက္စစ္ခ်ိဳ႕တဲ့ရင္ ဒီအစားအစာေတြကိုစားသံုးေပးႏိုင္ပါတယ္။
ဒါေၾကာင့္ အိမ္ေထာင္သည္အမ်ိဳးသမီးတို႔ ကိုယ္ဝန္ယူဖို႔စိတ္ကူး႐ွိၿပီဆိုရင္ ဝမ္းတြင္းသေႏၶမတည္ခင္ စတင္ကိုယ္ဝန္ေဆာင္ရန္ စိတ္ကူး႐ွိတဲ့အခ်ိန္ကစလို႔ ေဖာလစ္အက္စစ္ကိုေသာက္သင့္ပါတယ္လို႔ အၾကံျပဳရင္း။
ေမတၱာျဖင့္
စိုင္းျမတ္သူ