ကိုယ်ဝန်ဆောင်မိခင် နှင့် ဖောလစ်အက်ဆစ်
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရေးကြီးလိုအပ်တဲ့ အားဆေးတစ်မျိုးကို လမ်းညွှန်ပါဆိုရင် folic acid(ဖောလစ်အက်ဆစ်) ကိုညွှန်ရမှာပါ။ ကိုယ်ဝန်ဆောင်တွေ folic acid မှီဝဲခြင်းဖြင့် ဝမ်းဗိုက်ထဲက ကလေးငယ်တွေမှာ မွေးရာပါ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများမှ ကာကွယ်ပေးနိုင်ပါတယ်။
✏ folic acid ကို ဘယ်အချိန်က စပြီး သောက်သုံးသင့်သလဲ။
✔ မွေးရာပါ ချို့ယွင်းချက်တွေဟာ ကိုယ်ဝန် ၃-၄ပတ်လောက်အတွင်းထဲက စတင်ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်လို့ စတင်ဆုံးဖြတ်ကတည်းက folic acid သောက်သင့်ပါတယ်။ အကယ်၍ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရခဲ့လျှင် ကိုယ်ဝန်ရှိသည်ဟု စသိရသည့်နေ့မှစ၍ သောက်ပါ။
✏ တစ်နေ့ကို folic acid ဘယ်လောက် ပမာဏ လိုအပ်ပါသလဲ။
✔ ပုံမှန်ကျန်းမာသော မိခင်လောင်းတစ်ယောက်အတွက် တစ်နေ့စာ folic acid ၄၀၀ mcg လိုအပ်ပါတယ်။ အကယ်၍ အားဆေးတစ်မျိုးမျိုး မှီဝဲသည်ဆိုပါက ဆေးဘူးခွံအညွှန်းတွင် လိုအပ်သော folic acid ပမာဏ ပါမပါစစ်ပါ။
✏ ကိုယ်ဝန်ဆောင်မိခင်တွေမှာ folic acid ဓာတ် မလိုလောက်ရင် ဘာဆိုးကျိုးတွေရှိလဲ။
✔ ကိုယ်ဝန်ဆောင်မိခင်တွေမှာ folic acid ဓာတ်မလုံလောက်ရင် မွေးလာတဲ့ ကလေးငယ်မှာ Neural tube defect လို့ခေါ်တဲ့ အောက်ပါ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။
– Anencephaly(ဦးနှောက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ လုံလောက်စွာ မဖွံဖြိုးတဲ့ မွေးရာပါ ရောဂါ)- မွေးဖွားလာတဲ့ ကလေးငယ်မှာ ဦးနှောက်အစိတ်အပိုင်းအချို့၊ ဦးခေါင်းခွံ၊ ဦးရေပြား အစိတ်အပိုင်းလေးတွေ ချို့ယွင်းနေတတ်ပြီး ထိုကဲ့သို့ ကလေးငယ်တွေဟာ မွေးဖွားပြီး ရက်ပေါင်းကြာကြာ အသက်မရှင်နိုင်ကြပါဘူး။
-Spina bifida(အာရုံကြောမကြီး လုံလောက်စွာ မဖွံ့ဖြိုးတဲ့ မွေးရာပါရောဂါ)- ကလေးငယ်မှာ ကျောရိုးမကြီး(vertebra)၊ အာရုံကြောမကြီး(spinal cord) နဲ့ အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အမြှေးပါး အစိတ်အပိုင်းများ ချို့ယွင်းတဲ့ မွေးရာပါ ရောဂါဖြစ်ပြီး ကိုယ်ခန္ဓာလုပ်ငန်းဆောင်တာအချို့ မူမမှန် ဖြစ်နိုင်ပါတယ်။
-Cleft lip and palate(နှုတ်ခမ်းကွဲ၊ အာခြောက်ကွဲ ချို့ယွင်းချက်များ)
-Premature birth(လမစေ့မီ မွေးဖွားခြင်း)
-Low birth weight(ပေါင်မပြည့်သော ကလေးမွေးဖွားခြင်း)
-Miscarriage(ကိုယ်ဝန်ပျက်ကျခြင်း) တို့ဖြစ်နိုင်ပါတယ်။
✏ folic acid ကို သဘာဝအားဖြင့် ဘယ်လိုအစားအစာတွေက ရလဲ။
✔ -အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ(ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ကညွန့်၊ ပန်းဂေါ်ဖီစိမ်း)
-အရည်ရွမ်းသော အသီးအနှံများ(လိမ္မော်သီး၊ သင်္ဘောသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး၊ စတော်ဘယ်ရီ)
-ဥအမျိုမျိုး
-အသည်း စတဲ့ အစားအစာတွေမှာ သဘာဝအတိုင်း folic acid ဓာတ်တွေ ပါဝင်တတ်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကိုယ္ဝန္ေဆာင္မိခင္ ႏွင့္ ေဖာလစ္အက္ဆစ္
ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ အေရးႀကီးလိုအပ္တဲ့ အားေဆးတစ္မ်ိဳးကို လမ္းၫႊန္ပါဆိုရင္ folic acid(ေဖာလစ္အက္ဆစ္) ကိုၫႊန္ရမွာပါ။ ကိုယ္ဝန္ေဆာင္ေတြ folic acid မီွဝဲျခင္းျဖင့္ ဝမ္းဗိုက္ထဲက ကေလးငယ္ေတြမွာ ေမြးရာပါ ဦးေႏွာက္နဲ႔ အာရံုေၾကာဆိုင္ရာ ခ်ိဳ႕ယြင္းမႈမ်ားမွ ကာကြယ္ေပးႏိုင္ပါတယ္။
✏ folic acid ကို ဘယ္အခ်ိန္က စၿပီး ေသာက္သံုးသင့္သလဲ။
✔ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြဟာ ကိုယ္ဝန္ ၃-၄ပတ္ေလာက္အတြင္းထဲက စတင္ျဖစ္ပြားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ယူမယ္လို႔ စတင္ဆံုးျဖတ္ကတည္းက folic acid ေသာက္သင့္ပါတယ္။ အကယ္၍ ႀကိဳတင္ေမ်ွာ္လင့္မထားတဲ့ ကိုယ္ဝန္ရခဲ့လ်ွင္ ကိုယ္ဝန္ရိွသည္ဟု စသိရသည့္ေန႔မွစ၍ ေသာက္ပါ။
✏ တစ္ေန႔ကို folic acid ဘယ္ေလာက္ ပမာဏ လိုအပ္ပါသလဲ။
✔ ပံုမွန္က်န္းမာေသာ မိခင္ေလာင္းတစ္ေယာက္အတြက္ တစ္ေန႔စာ folic acid ၄၀၀ mcg လိုအပ္ပါတယ္။ အကယ္၍ အားေဆးတစ္မ်ိဳးမ်ိဳး မီွဝဲသည္ဆိုပါက ေဆးဘူးခြံအၫႊန္းတြင္ လိုအပ္ေသာ folic acid ပမာဏ ပါမပါစစ္ပါ။
✏ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ folic acid ဓာတ္ မလိုေလာက္ရင္ ဘာဆိုးက်ိဳးေတြရိွလဲ။
✔ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ folic acid ဓာတ္မလံုေလာက္ရင္ ေမြးလာတဲ့ ကေလးငယ္မွာ Neural tube defect လို႔ေခၚတဲ့ ေအာက္ပါ ဦးေႏွာက္နဲ႔ အာရံုေၾကာဆိုင္ရာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္ႏိုင္ပါတယ္။
– Anencephaly(ဦးေႏွာက္ရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္းေတြ လံုေလာက္စြာ မဖြံၿဖိဳးတဲ့ ေမြးရာပါ ေရာဂါ)- ေမြးဖြားလာတဲ့ ကေလးငယ္မွာ ဦးေႏွာက္အစိတ္အပိုင္းအခ်ိဳ႕၊ ဦးေခါင္းခြံ၊ ဦးေရျပား အစိတ္အပိုင္းေလးေတြ ခ်ိဳ႕ယြင္းေနတတ္ၿပီး ထိုကဲ့သို႔ ကေလးငယ္ေတြဟာ ေမြးဖြားၿပီး ရက္ေပါင္းၾကာၾကာ အသက္မ႐ွင္ႏိုင္ျကပါဘူး။
-Spina bifida(အာရံုေၾကာမႀကီး လံုေလာက္စြာ မဖြံ႔ၿဖိဳးတဲ့ ေမြးရာပါေရာဂါ)- ကေလးငယ္မွာ ေက်ာ႐ိုးမႀကီး(vertebra)၊ အာရံုေၾကာမႀကီး(spinal cord) နဲ႔ အာရံုေၾကာမႀကီးကို ဖံုးအုပ္ထားတဲ့ အေျမႇးပါး အစိတ္အပိုင္းမ်ား ခ်ိဳ႕ယြင္းတဲ့ ေမြးရာပါ ေရာဂါျဖစ္ၿပီး ကိုယ္ခႏၶာလုပ္ငန္းေဆာင္တာအခ်ိဳ႕ မူမမွန္ ျဖစ္ႏိုင္ပါတယ္။
-Cleft lip and palate(ႏႈတ္ခမ္းကြဲ၊ အာေျခာက္ကြဲ ခ်ိဳ႕ယြင္းခ်က္မ်ား)
-Premature birth(လမေစ့မီ ေမြးဖြားျခင္း)
-Low birth weight(ေပါင္မျပည့္ေသာ ကေလးေမြးဖြားျခင္း)
-Miscarriage(ကိုယ္ဝန္ပ်က္က်ျခင္း) တို႔ျဖစ္ႏိုင္ပါတယ္။
✏ folic acid ကို သဘာဝအားျဖင့္ ဘယ္လိုအစားအစာေတြက ရလဲ။
✔ -အစိမ္းေရာင္ရိွေသာ ဟင္းသီးဟင္းရြက္မ်ား(ေဂၚဖီထုပ္၊ ဟင္းႏုႏြယ္၊ ကၫြန္႔၊ ပန္းေဂၚဖီစိမ္း)
-အရည္ရြမ္းေသာ အသီးအႏွံမ်ား(လိေမၼာ္သီး၊ သေဘၤာသီး၊ ေ႐ွာက္သီး၊ ဂရိတ္ဖ႐ုသီး၊ စေတာ္ဘယ္ရီ)
-ဥအမ်ိဳမ်ိဳး
-အသည္း စတဲ့ အစားအစာေတြမွာ သဘာဝအတိုင္း folic acid ဓာတ္ေတြ ပါဝင္တတ္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)