ကိုယ်ဝန်ဆောင်မိခင်တို့ပြုလုပ်သင့်သော ကိုယ်လက်လေ့ကျင့်ခန်း

ကိုယ်ဝန်ဆောင်စဉ်တောက်လျောက်မှာ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ မိခင်ကိုကျန်းမာစေပြီးသွက်လက်ပေါ့ပါးစေပါတယ်။ခန္ဓာကိုယ်အနေ
အထားကိုလည်း မှန်ကန်စေပြီး ခါးနာခြင်း ၊ မောပန်းလွယ်ခြင်း၊နုံးခွေခြင်းများကို လျော့ပါးစေပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းများဟာ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဆီးချိုရောဂါဖြစ်လာခြင်း (Gestational Diabetes)ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး မီးဖွားချိန်မှာ လိုအပ်တဲ့ သက်လုံနဲ့ အားအင်ကိုလည်း မြင့်တက်စေပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်သလဲ?

လေ့ကျင့်ခန်းအတော်များများဟာ ကိုယ်ဝန်ဆောင်တွေနဲ့ သင့်လျော်ပါတယ်။ ဒါပေမယ့် စိတ်အချရဆုံးလေ့ကျင့်ခန်းတွေကတော့:

  • -ရေကူးခြင်း
  • -လမ်းလျှောက်ခြင်း
  • -စက်ဖြင့် စက်ဘီးစီးခြင်း
  • -Low impact aerobics ( ကိုယ်ဝန်ဆောင်အတွက် သင့်လျော်သော အေရိုးဗစ်ကစားနည်းကို သက်ဆိုင်ရာ ဆရာရဲ့ သင်ကြားမှုအောက်မှာ ကစားခြင်း)
  • -စားပွဲတင်တင်းနစ်ရိုက်ခြင်း (ဟန်ချက်ညီအောင်ထိန်းညှိရလို့ ဂရုစိုက်ဖို့တော့လိုပါတယ်)
  • -ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေပြုလုပ်သင့်တဲ့ ယောဂလေ့ကျင့်ခန်းကို Prenatal Yoga လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲလာတဲ့အခါ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဖြစ်လာတတ်ပါတယ်။ Prenatal Yogaလေ့ကျင့်ခန်းများ
ကတော့အဲဒီဒဏ်တွေကို ဖြေလျော့ပေးနိုင်ပါတယ်။ မီးဖွားတဲ့အခါမှာ ပိုမိုလွယ်ကူချောမွေ့အောင် အသက်ရှူခြင်းနဲ့ စိတ်ကို ဖြေလျော့ခြင်း
တို့ကို ယောဂလေ့ကျင့်ခန်းကပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ယောဂလေ့ကျင့်ခန်းကိုလည်း ကျွမ်းကျင်သူဆရာများထံမှာသာသင်ကြားပြုလုပ်
သင့်ပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေကို ရှောင်သင့်လဲ?

လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကို ဖော်ပြအပြီးမှာ ကိုယ်ဝန်ဆောင်မိခင်တွေ ရှောင်သင့်တဲ့လေ့ကျင့်ခန်းတွေအကြောင်း ပြောပြချင်ပါတယ်။

  • -အသက်အကြာကြီးအောင့်ထားရတဲ့လေ့ကျင့်ခန်းမျိုး
  • -စကိတ်စီးခြင်း၊ မြင်းစီးခြင်း ကဲ့သို့ ချော်လဲနိုင် ပြုတ်ကျနိုင်တဲ့လေ့ကျင့်ခန်းမျိုး
  • -လူကိုထိမှန်နိုင်တဲ့ ဘောလုံးကန်ခြင်း၊ဘတ်စကက်ဘော၊ ဘော်လီဘောကစားနည်းများ
  • -ခါးကိုလိမ်ညှစ်သလိုဖြစ်သောကိုယ်လက်လှုပ်ရှားကစားနည်းများ
  • -ခုန်ပေါက်သောကစားနည်းများ
  • -ပူပြင်းစိုထိုင်းသောအချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းများ စတာတွေကိုရှောင်ကြဉ်သင့်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ဆောင်ရန်၊ရှောင်ရန်အချက်များ

မိခင်လောင်းတို့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ဆောင်ရန်၊ရှောင်ရန်အချက်များကတော့

  • -ပေါ့ပါးချောင်ချိတဲ့အဝတ်အစားတွေဝတ်ဆင်ပါ။ ရင်သားကိုအကောင်းဆုံးထိန်းနိုင်တဲ့ အတွင်းခံဝတ်ဆင်ပါ။
  • -အားကစားဖိနပ်ကိုသေချာရွေးချယ်ဝတ်ဆင်ပါ။
  • -ချော်လဲမကျအောင် ညီညာပြန့်ပြူးတဲ့ကြမ်းပြင်မှာသာ လေ့ကျင့်ခန်းလုပ်ပါ။
  • -အာဟာရမျှတအောင်စားပါ။ လေ့ကျင့်ခန်းမလုပ်ခင် တစ်နာရီအလိုမှာ အပြီးစားထားပါ။
  • -ရေများများသောက်ပါ။
  • -ဘယ်လေ့ကျင့်ခန်းမဆို မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပေးပါ။

လေ့ကျင့်ခန်းလုပ်ရင်း ရပ်ရမယ့်အချိန်

တကယ်လို့များ လေ့ကျင့်ခန်းလုပ်နေရင်း အောက်ပါအချက်တွေဖြစ်လာပြီဆိုရင် လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်ပါ။

  • -ရင်ဘတ်အောင့်ခြင်း
  • -ဆီးစပ်ကိုက်ခြင်း၊ ဗိုက်နာလာခြင်း
  • -ခေါင်းကိုက်ခြင်း
  • -ကလေးမလှုပ်တော့ခြင်း
  • -အေးစက်ထုံကျင်လာခြင်း၊ ခေါင်းမူးပြီး ပျို့အန်ခြင်း
  • -မိန်းမကိုယ်မှသွေးဆင်းခြင်း
  • -မိန်းမကိုယ်မှ ရုတ်တရက် အရည်များကျဆင်းလာပြီး နောက်ပိုင်းတွင်အရည်များတစိမ့်စိမ့်ဆင်းခြင်း
  • -နှလုံးခုန်မမှန်ခြင်း၊အသက်ရှူမဝခြင်း
  • -ခြေကျင်းဝတ်ရုတ်တရက်ရောင်ရမ်းခြင်း၊ လက်၊ခြေထောက်၊ ခြေသလုံးကြွက်သားများနာကျင်လာခြင်း
  • -ကောင်းစွာလမ်းမလျှောက်နိုင်တော့ခြင်း စတဲ့အချက်တွေဖြစ်လာရင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းသွားရောက်ပြသရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တို့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာလည်း ကျန်းမာသွက်လက်စေပြီး မီးဖွားစဉ်
မှာလည်း မွေးဖွားရလွယ်ကူစေပါတယ်။ ခါးနာခြင်း၊ လေပွခြင်း၊ ခြေလက်ရောင်ရမ်းခြင်းများကိုလည်း လျော့ကျစေပါတယ်။ မေမေတို့
လိုအပ်တဲ့ သက်လုံနဲ့ အားအင်ကိုလည်း တိုးတက်စေပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *