ကိုယ်ဝန်ဆောင်မေမေနှင့် ဆီးချိုရောဂါ
အမျိုးသမီးတစ်ဦးဟာ ဆီးချိုရောဂါရှိနေပြီး ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့ရဲ့ သွေးတွင်းသကြားဓာတ်ကို သတ်မှတ်ထားတဲ့ Target ရောက်အောင် ထိန်းညှိဖို့လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ဆီးချိုရောဂါရှိနေတဲ့အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့အခြေအနေတွေ၊ ဆိုးကျိုးတွေ၊ ဘယ်လိုကာကွယ် ကုသရမလဲဆိုတာတွေကို ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။
ဆီးချိုရောဂါဟာ ကလေးကို ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်သလဲ?
ရင်သွေးရဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်တို့ဟာ ကိုယ်ဝန်ပထမ ရှစ်ပတ်မှာ စတင်ဖြစ်ပေါ်ဖွံ့ဖြိုးလာကြပါတယ်။ သွေးတွင်းသကြားဓာတ် (Blood Glucose) မြင့်တက်ခြင်းဟာ အဲဒီကာလကို အနှောင့်အယှက်ပေးပါတယ်။ ပြီးတော့ ကလေးငယ်မှာ မွေးရာပါချို့ယွင်းချက်တွေ (ဥပမာ နှလုံး ၊ ဦးနှောက် သို့မဟုတ် spine မှာ ချို့ယွင်းချက်ပါလာတာတွေ) ဖြစ်မှုနှုန်းကို မြင့်တက်စေပါတယ်။
နောက်ထပ်ဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကတော့
- လမစေ့ဘဲစောမွေးခြင်း
- ကလေးရဲ့အလေးချိန်အလွန်များခြင်း
- အသက်ရှူခြင်းတွင် အခက်အခဲရှိခြင်း
- မွေးခါစတွင် သွေးတွင်းသကြားဓာတ်အလွန်နည်းနေခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- ကလေးအသေမွေးခြင်း စတဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။
ဆီးချိုရောဂါသည် ကိုယ်ဝန်ဆောင်ရင် မိခင်မှာရော ဘာတွေဖြစ်နိုင်သလဲ?
တကယ်လို့ သွေးတွင်းသကြားဓာတ်က အလွန်များနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းက ဆီးချိုရောဂါရှင်တစ်ဦးကို မျက်စိနဲ့ပတ်သက်တဲ့ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ ဆက်ပြီး နောက်ဆက်တွဲဆိုးကျိုးဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သွေးပေါင်အလွန်တက်ပြီး သွေးဆိပ်တက်ခြင်း ( Pre-eclampsia )လည်းဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသကြမလဲ?
တကယ်လို့ဆီးချိုရောဂါလည်းရှိပြီး ကိုယ်ဝန်လည်းဆောင်နေရပြီဆိုရင် ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဆီးချိုရောဂါရှိခဲ့တယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင်တည်းက စမ်းသပ်စစ်ဆေးမှုတွေကြိုတင်ယူထားသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆီးချိုကျဆေးကို တိတိကျကျလိုက်နာသောက်သုံးရပါမယ်။ ဆေးလိပ်နဲ့အရက်ကို လုံးဝရှောင်ကြဉ်ပြီး Multivitamins သောက်သုံးသင့်ပါတယ်။
ဆီးချိုရောဂါသည် မိခင်ဟာ Diabetologist သို့မဟုတ် Endocrinologist အထူးကုဆရာဝန်ကြီးများနဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါ့အပြင် သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်နဲ့လည်း ပုံမှန်ပြသရမှာဖြစ်ပါတယ်။
ဘာတွေစစ်ဆေးဖို့လိုသလဲ?
ဆီးချိုရောဂါသည်တစ်ဦးဟာ ကိုယ်ဝန်မရခင်မှာရော ကိုယ်ဝန်ဆောင်နေတာ သိလျှင်သိခြင်းမှာပါ ဒါတွေကို ဆရာဝန်နဲ့ဆေးကုသမှုခံယူရင်း စစ်ဆေးဖို့လိုအပ်ပါတယ်။
- သွေးတိုးရှိမရှိ
- မျက်စိရောဂါများ
- နှလုံးနှင့်သွေးကြောများတွင် ချို့ယွင်းမှုရှိမရှိ
- ကျောက်ကပ်ရောဂါ
- အာရုံကြောထိခိုက်မှုရှိမရှိ
- လည်ပင်းအကျိတ် (သိုင်းရွှိုက်ရောဂါ)ရှိမရှိ
စတာတွေကိုစစ်ဆေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းဟာ ဆီးချိုဝေဒနာသည်တစ်ဦးရဲ့ ကျန်းမာရေးအခြေအနေကို ဆိုးကျိုးပေးနိုင်တာတွေရှိပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် ကိုယ်ဝန်မဆောင်ခင်တည်းက ဆေးကုသမှုကို ထိထိရောက်ရောက်ခံယူထားတာအကောင်းဆုံးဖြစ်ပါတယ်။
လုပ်ဆောင်သင့်တဲ့အချက်များ
ဆီးချိုရောဂါသည်မေမေဘက်က တစ်နိုင်တစ်ပိုင် ပြုလုပ်သင့်တဲ့အချက်တွေကတော့
- အရက်သေစာသောက်စားခြင်း လုံးဝရှောင်ကြဉ်ပါ။
- ဆေးလိပ်လုံးဝမသောက်ပါနဲ့။ အနီးအနားပတ်ဝန်းကျင်က လူတွေသောက်တဲ့ ဆေးလိပ်ငွေ့ကိုလည်း တစ်ဆင့်ခံ မရှူရှိုက်မိအောင်ကြိုးစားပေးပါ။
- ဆီးချိုရောဂါသည်တစ်ဦးရဲ့ စားသောက်နေထိုင်မှု ပုံစံမှာ ကွက်တိဝင်အောင် နေထိုင်စားသောက်ရပါမယ်။ မသင့်တော်တဲ့အစားအစာများကို စိတ်အလိုလိုက်ပြီး စားသောက်ခြင်းမပြုရပါဘူး။
- ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆီးချိုကျဆေးများကို အတိုးအလျှော့နဲ့ ဂရုပြုသောက်သုံးခြင်း
- ဗီတာမင်နဲ့သတ္တုဓာတ်အားဆေးများကို မှီဝဲသောကိသုံးပေးခြင်း
- သွေးတွင်းသကြားဓာတ်ကို ညွှန်ကြားတဲ့အတိုင်း စစ်ဆေးရခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။
ဆီးချိုရောဂါရှိနေတဲ့အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့အခြေအနေတွေ၊ ဆိုးကျိုးတွေ၊ ဘယ်လိုကာကွယ် ကုသရမလဲဆိုတာတွေကို ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင် (ဆေး-၁)
ကိုယ္ဝန္ေဆာင္ေမေမႏွင့္ ဆီးခ်ိဳေရာဂါ
အမ်ိဳးသမီးတစ္ဦးဟာ ဆီးခ်ိဳေရာဂါရွိေနၿပီး ကိုယ္ဝန္ေဆာင္ဖို႔ အစီအစဥ္ရွိတယ္ဆိုရင္ သူ႔ရဲ႕ ေသြးတြင္းသၾကားဓာတ္ကို သတ္မွတ္ထားတဲ့ Target ေရာက္ေအာင္ ထိန္းညွိဖို႔လိုပါတယ္။ ဒီေဆာင္းပါးမွာေတာ့ ဆီးခ်ိဳေရာဂါရွိေနတဲ့အမ်ိဳးသမီးတစ္ဦး ကိုယ္ဝန္ေဆာင္တဲ့အခါမွာ ျဖစ္လာႏိုင္တဲ့အေျခအေနေတြ၊ ဆိုးက်ိဳးေတြ၊ ဘယ္လိုကာကြယ္ ကုသရမလဲဆိုတာေတြကို ေရးသားေဖာ္ျပေပးမွာျဖစ္ပါတယ္။
ဆီးခ်ိဳေရာဂါဟာ ကေလးကို ဘယ္လိုဆိုးက်ိဳးေတြျဖစ္ေစႏိုင္သလဲ?
ရင္ေသြးရဲ႕ ဦးေႏွာက္၊ ႏွလံုး၊ ေက်ာက္ကပ္၊ အဆုတ္တို႔ဟာ ကိုယ္ဝန္ပထမ ရွစ္ပတ္မွာ စတင္ျဖစ္ေပၚဖြံ႕ၿဖိဳးလာၾကပါတယ္။ ေသြးတြင္းသၾကားဓာတ္ (Blood Glucose) ျမင့္တက္ျခင္းဟာ အဲဒီကာလကို အေႏွာင့္အယွက္ေပးပါတယ္။ ၿပီးေတာ့ ကေလးငယ္မွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ (ဥပမာ ႏွလံုး ၊ ဦးေႏွာက္ သို႔မဟုတ္ spine မွာ ခ်ိဳ႕ယြင္းခ်က္ပါလာတာေတြ) ျဖစ္မႈႏႈန္းကို ျမင့္တက္ေစပါတယ္။
ေနာက္ထပ္ျဖစ္ေစႏိုင္တဲ့ဆိုးက်ိဳးေတြကေတာ့
- လမေစ့ဘဲေစာေမြးျခင္း
- ကေလးရဲ႕အေလးခ်ိန္အလြန္မ်ားျခင္း
- အသက္ရႉျခင္းတြင္ အခက္အခဲရွိျခင္း
- ေမြးခါစတြင္ ေသြးတြင္းသၾကားဓာတ္အလြန္နည္းေနျခင္း
- ကိုယ္ဝန္ပ်က္က်ျခင္း
- ကေလးအေသေမြးျခင္း စတဲ့ဆိုးက်ိဳးေတြပဲျဖစ္ပါတယ္။
ဆီးခ်ိဳေရာဂါသည္ ကိုယ္ဝန္ေဆာင္ရင္ မိခင္မွာေရာ ဘာေတြျဖစ္ႏိုင္သလဲ?
တကယ္လို႔ ေသြးတြင္းသၾကားဓာတ္က အလြန္မ်ားေနမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ျခင္းက ဆီးခ်ိဳေရာဂါရွင္တစ္ဦးကို မ်က္စိနဲ႔ပတ္သက္တဲ့ေရာဂါေတြ၊ ေက်ာက္ကပ္ေရာဂါေတြ ဆက္ၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးျဖစ္ေစပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ ေသြးေပါင္အလြန္တက္ၿပီး ေသြးဆိပ္တက္ျခင္း ( Pre-eclampsia )လည္းျဖစ္ႏိုင္ပါတယ္။
ဘယ္လိုကုသၾကမလဲ?
တကယ္လို႔ဆီးခ်ိဳေရာဂါလည္းရွိၿပီး ကိုယ္ဝန္လည္းေဆာင္ေနရၿပီဆိုရင္ ကိုယ့္ရဲ႕ေသြးတြင္းသၾကားဓာတ္ကို ထိန္းႏိုင္ဖို႔က အေရးအႀကီးဆံုးပါပဲ။ ဆီးခ်ိဳေရာဂါရွိခဲ့တယ္ဆိုရင္ ကိုယ္ဝန္မေဆာင္ခင္တည္းက စမ္းသပ္စစ္ေဆးမႈေတြႀကိဳတင္ယူထားသင့္ပါတယ္။ ဆရာဝန္ၫႊန္ၾကားတဲ့ ဆီးခ်ိဳက်ေဆးကို တိတိက်က်လိုက္နာေသာက္သံုးရပါမယ္။ ေဆးလိပ္နဲ႔အရက္ကို လံုးဝေရွာင္ၾကဥ္ၿပီး Multivitamins ေသာက္သံုးသင့္ပါတယ္။
ဆီးခ်ိဳေရာဂါသည္ မိခင္ဟာ Diabetologist သို႔မဟုတ္ Endocrinologist အထူးကုဆရာဝန္ႀကီးမ်ားနဲ႔ ေဆးကုသမႈခံယူသင့္ပါတယ္။ ဒါ့အျပင္ သားဖြားနဲ႔မီးယပ္အထူးကုဆရာဝန္နဲ႔လည္း ပံုမွန္ျပသရမွာျဖစ္ပါတယ္။
ဘာေတြစစ္ေဆးဖို႔လိုသလဲ?
ဆီးခ်ိဳေရာဂါသည္တစ္ဦးဟာ ကိုယ္ဝန္မရခင္မွာေရာ ကိုယ္ဝန္ေဆာင္ေနတာ သိလွ်င္သိျခင္းမွာပါ ဒါေတြကို ဆရာဝန္နဲ႔ေဆးကုသမႈခံယူရင္း စစ္ေဆးဖို႔လိုအပ္ပါတယ္။
- ေသြးတိုးရွိမရွိ
- မ်က္စိေရာဂါမ်ား
- ႏွလံုးႏွင့္ေသြးေၾကာမ်ားတြင္ ခ်ိဳ႕ယြင္းမႈရွိမရွိ
- ေက်ာက္ကပ္ေရာဂါ
- အာရံုေၾကာထိခိုက္မႈရွိမရွိ
- လည္ပင္းအက်ိတ္ (သိုင္းရႊိဳက္ေရာဂါ)ရွိမရွိ
စတာေတြကိုစစ္ေဆးသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္ျခင္းဟာ ဆီးခ်ိဳေဝဒနာသည္တစ္ဦးရဲ႕ က်န္းမာေရးအေျခအေနကို ဆိုးက်ိဳးေပးႏိုင္တာေတြရွိပါတယ္။ ဒါကိုကာကြယ္ဖို႔အတြက္ ကိုယ္ဝန္မေဆာင္ခင္တည္းက ေဆးကုသမႈကို ထိထိေရာက္ေရာက္ခံယူထားတာအေကာင္းဆံုးျဖစ္ပါတယ္။
လုပ္ေဆာင္သင့္တဲ့အခ်က္မ်ား
ဆီးခ်ိဳေရာဂါသည္ေမေမဘက္က တစ္ႏိုင္တစ္ပိုင္ ျပဳလုပ္သင့္တဲ့အခ်က္ေတြကေတာ့
- အရက္ေသစာေသာက္စားျခင္း လံုးဝေရွာင္ၾကဥ္ပါ။
- ေဆးလိပ္လံုးဝမေသာက္ပါနဲ႔။ အနီးအနားပတ္ဝန္းက်င္က လူေတြေသာက္တဲ့ ေဆးလိပ္ေငြ႕ကိုလည္း တစ္ဆင့္ခံ မရႉ႐ွိဳက္မိေအာင္ႀကိဳးစားေပးပါ။
- ဆီးခ်ိဳေရာဂါသည္တစ္ဦးရဲ႕ စားေသာက္ေနထိုင္မႈ ပံုစံမွာ ကြက္တိဝင္ေအာင္ ေနထိုင္စားေသာက္ရပါမယ္။ မသင့္ေတာ္တဲ့အစားအစာမ်ားကို စိတ္အလိုလိုက္ၿပီး စားေသာက္ျခင္းမျပဳရပါဘူး။
- ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္း
- ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ဆီးခ်ိဳက်ေဆးမ်ားကို အတိုးအေလွ်ာ့နဲ႔ ဂ႐ုျပဳေသာက္သံုးျခင္း
- ဗီတာမင္နဲ႔သတၱဳဓာတ္အားေဆးမ်ားကို မွီဝဲေသာကိသံုးေပးျခင္း
- ေသြးတြင္းသၾကားဓာတ္ကို ၫႊန္ၾကားတဲ့အတိုင္း စစ္ေဆးရျခင္း စတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။
ဆီးခ်ိဳေရာဂါရွိေနတဲ့အမ်ိဳးသမီးတစ္ဦး ကိုယ္ဝန္ေဆာင္တဲ့အခါမွာ ျဖစ္လာႏိုင္တဲ့အေျခအေနေတြ၊ ဆိုးက်ိဳးေတြ၊ ဘယ္လိုကာကြယ္ ကုသရမလဲဆိုတာေတြကို ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္ (ေဆး-၁)