pregnancy and coffee

“ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ”

ကိုယ်ဝန်ဆောင်မိခင်အတော်များများမေးကြတဲ့ မေးခွန်းတစ်ခုက ” ကော်ဖီသောက်လို့ရလား? “ဆိုတဲ့မေးခွန်းပါပဲ။

ကိုယ်ဝန်ဆောင်စဉ်မှာ ကော်ဖီကိုလုံးဝမသောက်ဘဲ ရပ်လိုက်ဖို့အထိတော့ မလိုအပ်ပေမယ့် သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိပဲသောက်သင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကော်ဖီမှယပါဝင်တဲ့ ကဖင်းဓာတ်ဟာ မိခင်ကတစ်ဆင့် အချင်း၊အချင်းမှတစ်ဆင့် ကလေးရဲ့ သွေးကြောတွေထဲကို ရောက်ရှိသွားနိုင်ပါတယ်။

ကဖင်းဓာတ်ရဲ့သဘောတရားဟာ နှလုံးခန်မြန်၊သွေးပေါင်ချိန်တက်၊ဆီးသွားခြင်းကိုအားပေးပြီး၊နေလို့ထိုင်လို့ကောင်းတဲ့ ခံစားမှုကို ပေးစွမ်းတာကြောင့် လူအများနှစ်သက်သောက်သုံးကြပါတယ်။

သို့သော် ကိုယ်ဝန်ဆောင်မိခက်တွေအတွက်တော့ ဒီအချက်တွေဟာမသင့်လျော်ပါဘူး။ဒါ့အပြင် သာမန်လူတွေရဲ့ခန္ဓာကိုယ်က ကဖင်းဓာတ်တွေကို ပုံမှန်ချေဖျက်စွန့်ထုတ်နိုင်ပေမယ့် ဗိုက်ထဲက ကလေးကတော့ ကောင်းစွာမချေဖျက်ပေးနိုင်သေးတာကြောင့် ကလေးအနေနဲ့ ကဖင်းရဲ့အာနိသင်တွေကို ပိုခံစားရလေ့ရှိပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် တစ်နေ့လျှင် ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ထက်ကျော်လွန်၍ မသောက်သုံးသင့်ပါ။

ကဖင်းဓာတ်လို့ဆိုရာမှာ ကော်ဖီတစ်မျိုးထဲသာမက ကဖင်းဓာတ်ပါဝင်တဲ့ အခြားအစားအသာများကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။

ထိုအစားအစာတွေကတော့ လက်ဖက်ရည်၊အင်အားဖြည့်အချိုရည်များ၊ချောကလက်နဲ့ အချို့သောဆေးတွေပြဲဖစ်ပါတယ်။

ဒါကြောက့်ကိုယ်ဝန်ဆောင်တွေအနေနဲ့ အနောက်တိုင်းဆေး၊တိုင်းရင်းဆေး မည်သည့်ဆေးကိုမဆို ဆရာဝန်ညွှန်ကြားချက်နဲ့သာသုံးစွဲတာ ပိုကောင်းပါတယ်။

ဒီနေရာမှာမေးစရာက ကိုယ်ဝန်ဆောင်စဉ်ကဖင်းဓာတ် များစွာသောက်သုံးနေမယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေရှိနိုင်မလဲ?

အကျိုးဆက်အနေနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ကလေးပေါင်မပြည့်ခြင်းများဖြစ်နိုင်ပါတယ်။

ဒါကြောင့်ကိုယ်ဝန်ဆောင်စဉ် ကော်ဖီကိုဖြတ်လိုက်ဖို့မလိုပေမယ့်၊ လျှော့သောက်နိုင်လေကောင်းလေပါပဲ။နောက်တစ်နည်းအနေနဲ့ကတော့ ကော်ဖီဖျော်တဲ့အခါ ကော်ဖီမှုန့်နည်းနည်းနဲ့ နို့များများထည့်ဖျော်ခြင်းပါ။

ကိုယ်ဝန်ဆောင်မေမေတို့ ကဖင်းဓာတ်ပါဝင်မှုတွက်ရလွယ်အောင် ဇယားလေးနဲ့ ဖော်ပြပေးထားပါတယ်နော်။

Reference:American Pregnancy Association:Baby Center
မေ (ဆေး ၂)

MyDoctor Telemedicine Application
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…

Leave a Reply

Your email address will not be published. Required fields are marked *