ကိုယ်ဝန်ဆောင်နှင့် ရှိသင့်ရှိထိုက်သောကိုယ်အလေးချိန်
တကယ်လို့…. သင်ဟာ သင့်ဗိုက်ထဲမှာ ရှိတဲ့ ကြီးထွားနေတဲ့ကလေးအတွက်…. သင်နဂိုပုံမှန်စားနေကျထက် ပိုစားမယ်ဆိုရင်…. ပေါင်ချိန်စက်မှာရှိတဲ့ ဂဏန်းတွေလဲ တက်လာမှာ အသေအချာပါပဲ….အရေးကြီးတာက ….. သင်ကိုယ်ဝန်မဆောင်ခင်ရှိခဲ့တဲ့ အလေးချိန်ပါ….
တကယ်လို့ သင်ဟာ…. ကိုယ်ဝန်မဆောင်ခင်က ရှိသင့်တဲ့ အလေးချိန်ထက် ပိုနည်းနေခဲ့တဲ့သူဆိုရင်(BMI နည်းတဲ့သူဆိုရင်) ….ကိုယ်ဝန်ဆောင်ချိန်တလျှောက် စုစုပေါင်း ပေါင်ချိန် 28ပေါင်ကနေ ပေါင်လေးဆယ်အထိတက်အောင် လုပ်သင့်ပါတယ်…. ပုံမှန် ကိုယ်အလေးချိန် ရှိခဲ့သူဆိုရင်တော့…..နှစ်ဆယ့်ငါးပေါင်ကနေ သုံးဆယ့်ငါးပေါင်တိုးလာသင့်ပါတယ်…. အဝလွန်နေသူ(BMI များနေသူ) ဆိုရင်တော့…. ကိုယ်ဝန်မဆောင်ခင်ထက် စုစုပေါင်း ဆယ်ပေါင်ကနေ ဆယ့်တစ်ပေါင်သာ တက်အောင် လုပ်သင့်ပါတယ်…..
အထက်မှာပြောခဲ့တာက…. သင့်ကိုယ်ဝန်ဟာ ကလေးတစ်ယောက်တည်းအတွက် ဆိုလိုတာ ဖြစ်ပြီး….တကယ်လို့ အမွှာပူးဆိုရင်တော့ ခြားနားပါတယ်… အမွှာကိုယ်ဝန်ဆိုရင်… သင်ကိုယ်ဝန်မဆောင်ခင်က ကိုယ်အလေးချိန်…. နည်းတဲ့သူဆိုရင်… အမွှာကိုယ်ဝန်ဆောင်ချိန်တောက်လျှောက် စုစုပေါင်း…. ပေါင်ငါးဆယ်ကနေ ခြောက်ဆယ့်နှစ်ပေါင် ရှိအောင် စားသင့်ပါတယ်…. ပုံမှန် ကိုယ်အလေးချိန် ရှိသူဆိုရင်တော့…37 ပေါင်ကနေ 54 ပေါင်တိုးသင့်တာဖြစ်ပြီး.. နဂိုကဝသူဆိုရင်တော့ 31 ပေါင်ကနေ ပေါင်ငါးဆယ်လောက်ထိပဲ တိုးအောင် လုပ်သင့်ပါတယ်….
သတိချပ်ရမှာ တစ်ခုက…. သင်ဟာ “နှစ်ယောက်စာစားရမယ်” ဆိုတဲ့အယူအဆမှားကိုပါပဲ…ကိုယ်ဝန်ရှိခြင်းဟာ နှစ်ယောက်စာ စားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး…..အချိူးညီ အာဟာရဖြစ်တဲ့အစားအစာကို စားသုံးဖို့လိုရင်းပါ…. ကိုယ်ဝန်သုံးလကျော်ရင်…. ပုံမှန်စားနေကျထက် တစ်နေ့ကို ကယ်လိုရီ သုံးရာ ပိုစားပေးသင့်ပါတယ်….အမွှာကိုယ်ဝန်ဆောင်သည်တွေကတော့ ပိုစားသင့်ပါတယ်….
နောက်ထပ်သတိပြုသင့်တာ တစ်ခုကတော့…. ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်ဟာ… ဖြည်းဖြည်းနဲ့ မှန်မှန်သာ တက်ဖို့လိုတယ်ဆိုတာပါပဲ…ကိုယ်ဝန်ဆောင်ချိန် အလွန်အမင်း ဝလာတာဟာ…သင့်ကို ကောင်းကျိူးထက် ဆိုးကျိူးတွေ ပိုပေးပါလိမ့်မယ်… သွေးတိုးနဲ့ ဆီးချိုလိုရောဂါတွေ ဖြစ်လာစေနိုင်သလို…. ခွဲမွေးရနိုင်ချေလဲ များစေပါတယ်…
ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်တွေစားသုံးခြင်းက…. သင့်ကိုယ်အလေးချိန်ကို မျှတစေသလို…သင့်ဗိုက်ထဲက ကလေးပုံမှန်ဖွံဖြိုးတိုးတက်စေဖို့ ဖြစ်စေပါလိမ့်မယ်….
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်
ကိုယ္ဝန္ေဆာင္ႏွင့္ ႐ွိသင့္ရိွထိုက္ေသာကိုယ္အေလးခ်ိန္
တကယ္လို႔…. သင္ဟာ သင့္ဗိုက္ထဲမွာ ႐ွိတဲ့ ႀကီးထြားေနတဲ့ကေလးအတြက္…. သင္နဂိုပံုမွန္စားေနက်ထက္ ပိုစားမယ္ဆိုရင္…. ေပါင္ခ်ိန္စက္မွာ႐ွိတဲ့ ဂဏန္းေတြလဲ တက္လာမွာ အေသအခ်ာပါပဲ….အေရးႀကီးတာက ….. သင္ကိုယ္ဝန္မေဆာင္ခင္႐ွိခဲ့တဲ့ အေလးခ်ိန္ပါ….
တကယ္လို႔ သင္ဟာ…. ကိုယ္ဝန္မေဆာင္ခင္က ႐ွိသင့္တဲ့ အေလးခ်ိန္ထက္ ပိုနည္းေနခဲ့တဲ့သူဆိုရင္(BMI နည္းတဲ့သူဆိုရင္) ….ကိုယ္ဝန္ေဆာင္ခ်ိန္တေလ်ွာက္ စုစုေပါင္း ေပါင္ခ်ိန္ 28ေပါင္ကေန ေပါင္ေလးဆယ္အထိတက္ေအာင္ လုပ္သင့္ပါတယ္…. ပံုမွန္ ကိုုယ္အေလးခ်ိန္ ႐ွိခဲ့သူဆိုရင္ေတာ့…..ႏွစ္ဆယ့္ငါးေပါင္ကေန သံုးဆယ့္ငါးေပါင္တိုးလာသင့္ပါတယ္…. အဝလြန္ေနသူ(BMI မ်ားေနသူ) ဆိုရင္ေတာ့…. ကိုယ္ဝန္မေဆာင္ခင္ထက္ စုစုေပါင္း ဆယ္ေပါင္ကေန ဆယ့္တစ္ေပါင္သာ တက္ေအာင္ လုပ္သင့္ပါတယ္…..
အထက္မွာေျပာခဲ့တာက…. သင့္ကိုယ္ဝန္ဟာ ကေလးတစ္ေယာက္တည္းအတြက္ ဆိုလိုတာ ျဖစ္ၿပီး….တကယ္လို႔ အမႊာပူးဆိုရင္ေတာ့ ျခားနားပါတယ္… အမႊာကိုယ္ဝန္ဆိုရင္… သင္ကိုယ္ဝန္မေဆာင္ခင္က ကိုုယ္အေလးခ်ိန္…. နည္းတဲ့သူဆိုရင္… အမႊာကိုယ္ဝန္ေဆာင္ခ်ိန္ေတာက္ေလ်ွာက္ စုစုေပါင္း…. ေပါင္ငါးဆယ္ကေန ေျခာက္ဆယ့္ႏွစ္ေပါင္ ႐ွိေအာင္ စားသင့္ပါတယ္…. ပံုမွန္ ကိုုယ္အေလးခ်ိန္ ႐ွိသူဆိုရင္ေတာ့…37 ေပါင္ကေန 54 ေပါင္တိုးသင့္တာျဖစ္ၿပီး.. နဂိုကဝသူဆိုရင္ေတာ့ 31 ေပါင္ကေန ေပါင္ငါးဆယ္ေလာက္ထိပဲ တိုးေအာင္ လုပ္သင့္ပါတယ္….
သတိခ်ပ္ရမွာ တစ္ခုက…. သင္ဟာ “ႏွစ္ေယာက္စာစားရမယ္” ဆိုတဲ့အယူအဆမွားကိုပါပဲ…ကိုယ္ဝန္႐ွိျခင္းဟာ ႏွစ္ေယာက္စာ စားရမယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး…..အခ်ိဴးညီ အာဟာရျဖစ္တဲ့အစားအစာကို စားသံုးဖို႔လိုရင္းပါ…. ကိုယ္ဝန္သံုးလေက်ာ္ရင္…. ပံုမွန္စားေနက်ထက္ တစ္ေန႔ကို ကယ္လိုရီ သံုးရာ ပိုစားေပးသင့္ပါတယ္….အမႊာကိုယ္ဝန္ေဆာင္သည္ေတြကေတာ့ ပိုစားသင့္ပါတယ္….
ေနာက္ထပ္သတိျပဳသင့္တာ တစ္ခုကေတာ့…. ကိုယ္ဝန္ေဆာင္ခ်ိန္ ကိုုယ္အေလးခ်ိန္ဟာ… ျဖည္းျဖည္းနဲ႔ မွန္မွန္သာ တက္ဖို႔လိုတယ္ဆိုတာပါပဲ…ကိုယ္ဝန္ေဆာင္ခ်ိန္ အလြန္အမင္း ဝလာတာဟာ…သင့္ကို ေကာင္းက်ိဴးထက္ ဆိုးက်ိဴးေတြ ပိုေပးပါလိမ့္မယ္… ေသြးတိုးနဲ႔ ဆီးခ်ိဳလိုေရာဂါေတြ ျဖစ္လာေစႏိုင္သလို…. ခြဲေမြးရႏိုင္ေခ်လဲ မ်ားေစပါတယ္…
က်န္းမာေရးနဲ႔ညီၫြတ္ၿပီး သင့္တင့္မ်ွတတဲ့ အစားအေသာက္ေတြစားသံုးျခင္းက…. သင့္ကိုယ္အေလးခ်ိန္ကို မ်ွတေစသလို…သင့္ဗိုက္ထဲက ကေလးပံုမွန္ဖြံၿဖိဳးတိုးတက္ေစဖို႔ ျဖစ္ေစပါလိမ့္မယ္….
ေမတၱာျဖင့္
Dr. စိမ္းမိုးစက္