ကိုယ်ဝန်ဆောင်မေမေ အရက်သောက်မိလျှင်
ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်လာပြီးဆိုရင် ဘယ်အစားအသောက်ဟာ စိတ်ချလက်ချစားသောက်လို့ရသလဲ..ဘယ်ဆေးဝါးဟာ စိတ်ချလက်ချသုံးလို့ရသလဲဆိုတာ…မိခင်လောင်းတိုင်း သေချာတွေးရမယ့်ကိစ္စတွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်ခြင်းကတော့ မွေးဖွားလာမယ့်ကလေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
အရက်သောက်ခြင်းဟာ ရင်သွေးကို ဘယ်လိုဆိုးကျိုးဖြစ်စေနိုင်သလဲ?
အရက်သောက်လိုက်တဲ့အခါမှာ အရက်ဟာ သွေးထဲကနေတစ်ဆင့် အချင်းကိုဖြတ်ပြီး ကလေးငယ်ဆီရောက်သွားပါတယ်။ ရင်သွေးရဲ့အသည်းဟာ နောက်ဆုံးမှဖွံ့ဖြိုးတဲ့အင်္ဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ကိုယ်ဝန်ရင့်တဲ့အချိန်မှာတောင် ကောင်းစွာမရင့်ကျက် မဖွံ့ဖြိုးသေးနိုင်ပါဘူး။
ကိုယ်ဝန်ဆောင်စ ပထမသုံးလအတွင်းမှာ အရက်သောက်မိရင်
ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ အလေးချိန်မပြည့်သော ကလေးမွေးခြင်း စသည်တို့ဖြစ်နှုန်းကိုတိုးစေပါတယ်။
ကိုယ်ဝန်သုံးလကျော်မှာ အရက်သောက်ရင်တော့
မွေးပြီးတော့မှ ကလေးရဲ့ကျန်းမာရေးကို မကောင်းတဲ့သက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ များများသောက်မိလေ ဆိုးကျိုးများလေလေပါပဲ။
ကိုယ်ဝန်ဆောင်ကာလမှာ အရက်ကိုအလွန်အကျွံသောက်ခဲ့ရင်…
ကိုယ်ဝန်ဆောင်ကာလမှာ အရက်ကိုအလွန်အကျွံသောက်ခဲ့ရင်တော့ ကလေးငယ်မှာ Foetal Alcohol Syndrome (FAS) ရောဂါဖြစ်စေပါတယ်။
FAS ရောဂါရှိတဲ့ကလေးငယ်ဟာ
- ဖွံ့ဖြိုးမှုနှေးကွေးခြင်း
- မျက်နှာသွင်ပြင် ပုံမှန်မဟုတ်ခြင်း
- သင်ကြားလေ့လာမှုများမှာ အခက်အခဲရှိခြင်း
- အမူအကျင့်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များရှိခြင်း
စတာတွေ ဖြစ်တတ်ပါတယ်။
အရက်ကိုတစ်ခါတစ်လေမှသောက်တာပါဆိုပြီး အလွန်အကျွံတစ်ခါလေးသောက်ရင်တောင် အဲဒီ FAS ရောဂါဖြစ်ဖို့ ဆက်နွယ်မှုတွေရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ကိုလုံးဝမသောက်တာအကောင်းဆုံးပါပဲ။
ကိုယ်ဝန်ရှိနေတာမသိဘဲ အရက်သောက်မိခဲ့ရင်?
ဒါကတော့ ပြသနာတစ်ခုပါ။ ကိုယ်ဝန်ရှိကာစမှာ ကိုယ်ဝန်ရှိမှန်းမသိဘဲ အရက်သောက်မိရင်တော့ သောက်မိတဲ့ပမာဏနည်းလေလေ ဆိုးကျိုးဖြစ်နိုင်ချေနည်းလေလေပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ရှိမှန်းသိလျှင်သိခြင်း အရက်ကို လုံးဝရှောင်ကြည်ရပါမယ်။တကယ်လို့ မေမေဟာ အရင်တည်းက အရက်သောက်တတ်တဲ့အလေ့အကျင့်ရှိရင် ကိုယ်ဝန်ယူဖို့ဆုံးဖြတ်တဲ့ အချိန်ကစပြီး အရက်သောက်ခြင်း ရပ်တန့်သင့်ပါတယ်။
အရက်ဖြတ်ဖို့ခက်ခဲနေခဲ့ရင်?
ကိုယ်ဝန်ဆောင်ချိန်၊ နို့ချိုတိုက်ကျွေးနေချိန်မှာ အရက်ဖြတ်ဖို့ခက်ခဲနေရင်တော့ ဆရာဝန် ၊သမားတော်၊ သားဖွားမီးယပ်ဆရာဝန်တို့နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ဖြတ်တောက်ဖို့နည်းလမ်းတွေယူသင့်ပါတယ်။ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတို့ရဲ့ အားပေးကူညီမှုတွေ စောင့်ရှောက်မှုတွေလည်း လိုအပ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကိုယ္ဝန္ေဆာင္ေမေမ အရက္ေသာက္မိလွ်င္
ကိုယ္ဝန္ေဆာင္တစ္ဦးျဖစ္လာၿပီးဆိုရင္ ဘယ္အစားအေသာက္ဟာ စိတ္ခ်လက္ခ်စားေသာက္လို႔ရသလဲ..ဘယ္ေဆးဝါးဟာ စိတ္ခ်လက္ခ်သံုးလို႔ရသလဲဆိုတာ…မိခင္ေလာင္းတိုင္း ေသခ်ာေတြးရမယ့္ကိစၥေတြျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အရက္ေသာက္ျခင္းကေတာ့ ေမြးဖြားလာမယ့္ကေလးအတြက္ ဆိုးက်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။
အရက္ေသာက္ျခင္းဟာ ရင္ေသြးကို ဘယ္လိုဆိုးက်ိဳးျဖစ္ေစႏိုင္သလဲ?
အရက္ေသာက္လိုက္တဲ့အခါမွာ အရက္ဟာ ေသြးထဲကေနတစ္ဆင့္ အခ်င္းကိုျဖတ္ၿပီး ကေလးငယ္ဆီေရာက္သြားပါတယ္။ ရင္ေသြးရဲ႕အသည္းဟာ ေနာက္ဆံုးမွဖြံ႕ၿဖိဳးတဲ့အဂၤါေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ၿပီး ကိုယ္ဝန္ရင့္တဲ့အခ်ိန္မွာေတာင္ ေကာင္းစြာမရင့္က်က္ မဖြံ႕ၿဖိဳးေသးႏိုင္ပါဘူး။
ကိုယ္ဝန္ေဆာင္စ ပထမသံုးလအတြင္းမွာ အရက္ေသာက္မိရင္
ကိုယ္ဝန္ပ်က္က်ျခင္း၊ လမေစ့ဘဲ ကေလးေမြးျခင္း၊ အေလးခ်ိန္မျပည့္ေသာ ကေလးေမြးျခင္း စသည္တို႔ျဖစ္ႏႈန္းကိုတိုးေစပါတယ္။
ကိုယ္ဝန္သံုးလေက်ာ္မွာ အရက္ေသာက္ရင္ေတာ့
ေမြးၿပီးေတာ့မွ ကေလးရဲ႕က်န္းမာေရးကို မေကာင္းတဲ့သက္ေရာက္မႈေတြရွိေစႏိုင္ပါတယ္။ မ်ားမ်ားေသာက္မိေလ ဆိုးက်ိဳးမ်ားေလေလပါပဲ။
ကိုယ္ဝန္ေဆာင္ကာလမွာ အရက္ကိုအလြန္အကြ်ံေသာက္ခဲ့ရင္…
ကိုယ္ဝန္ေဆာင္ကာလမွာ အရက္ကိုအလြန္အကြ်ံေသာက္ခဲ့ရင္ေတာ့ ကေလးငယ္မွာ Foetal Alcohol Syndrome (FAS) ေရာဂါျဖစ္ေစပါတယ္။
FAS ေရာဂါရွိတဲ့ကေလးငယ္ဟာ
- ဖြံ႔ၿဖိဳးမႈေႏွးေကြးျခင္း
- မ်က္ႏွာသြင္ျပင္ ပံုမွန္မဟုတ္ျခင္း
- သင္ၾကားေလ့လာမႈမ်ားမွာ အခက္အခဲရွိျခင္း
- အမူအက်င့္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္မ်ားရွိျခင္း
စတာေတြ ျဖစ္တတ္ပါတယ္။
အရက္ကိုတစ္ခါတစ္ေလမွေသာက္တာပါဆိုၿပီး အလြန္အကြ်ံတစ္ခါေလးေသာက္ရင္ေတာင္ အဲဒီ FAS ေရာဂါျဖစ္ဖို႔ ဆက္ႏြယ္မႈေတြရွိပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အရက္ကိုလံုးဝမေသာက္တာအေကာင္းဆံုးပါပဲ။
ကိုယ္ဝန္ရွိေနတာမသိဘဲ အရက္ေသာက္မိခဲ့ရင္?
ဒါကေတာ့ ျပသနာတစ္ခုပါ။ ကိုယ္ဝန္ရွိကာစမွာ ကိုယ္ဝန္ရွိမွန္းမသိဘဲ အရက္ေသာက္မိရင္ေတာ့ ေသာက္မိတဲ့ပမာဏနည္းေလေလ ဆိုးက်ိဳးျဖစ္ႏိုင္ေခ်နည္းေလေလပါပဲ။ ဒါေပမယ့္ ကိုယ္ဝန္ရွိမွန္းသိလွ်င္သိျခင္း အရက္ကို လံုးဝေရွာင္ၾကည္ရပါမယ္။တကယ္လို႔ ေမေမဟာ အရင္တည္းက အရက္ေသာက္တတ္တဲ့အေလ့အက်င့္ရွိရင္ ကိုယ္ဝန္ယူဖို႔ဆံုးျဖတ္တဲ့ အခ်ိန္ကစၿပီး အရက္ေသာက္ျခင္း ရပ္တန္႔သင့္ပါတယ္။
အရက္ျဖတ္ဖို႔ခက္ခဲေနခဲ့ရင္?
ကိုယ္ဝန္ေဆာင္ခ်ိန္၊ ႏို႔ခ်ိဳတိုက္ေကြ်းေနခ်ိန္မွာ အရက္ျဖတ္ဖို႔ခက္ခဲေနရင္ေတာ့ ဆရာဝန္ ၊သမားေတာ္၊ သားဖြားမီးယပ္ဆရာဝန္တို႔နဲ႔ ျပသၿပီး လိုအပ္တဲ့ ကုသမႈေတြ ျဖတ္ေတာက္ဖို႔နည္းလမ္းေတြယူသင့္ပါတယ္။ မိသားစု၊ ေဆြမ်ိဳး၊ မိတ္ေဆြတို႔ရဲ႕ အားေပးကူညီမႈေတြ ေစာင့္ေရွာက္မႈေတြလည္း လိုအပ္ပါတယ္လို႔ ေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)