ကလေးကိုထမင်းဝါးကျွေးခြင်း
ကလေးကိုထမင်း သို့မဟုတ် တခြားအစားအစာတွေကို ဝါးပြီးကျွေးတာကို Pre-mastication/ Pre-chewing လို့ခေါ်ပါတယ်။ ဒီအပြုအမူကို မိခင် သို့မဟုတ် ဆွေမျိုးများက ကလေးကိုပြုစုစောင့်ရှောက်ရင်း ကလေးအသက်ခြောက်လနောက်ပိုင်း ဖြည့်စွက်စာစားတဲ့ကာလမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီအပြုအမူဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ မစိမ်းလှပါဘူး။ မိခင်တော်တော်များများပြုလုပ်လေ့ရှိသလို ကလေးထိန်းပေးတဲ့ အဘွား၊အဒေါ်တွေကလည်း ဝါးပြီးခွံ့တတ်ကြပါတယ်။
ထမင်းဝါးကျွေးတဲ့အခါရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ လေ့လာဆဲဖြစ်ပါတယ်။ ဒီလိုဝါးကျွေးတဲ့သူဟာ ကျန်းမာပြီး ဘာရောဂါမှမရှိရင် ကလေးကို အာဟာရဖြစ်စေပြီး ခုခံအားနဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေရရှိစေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့်ခုလိုခေတ်မီလာတဲ့အချိန်မှာ ကလေးကို ဝါးမကျွေးဘဲ ကြေညက်အောင်ချက်ပြုတ်ထားတာမျိုး ကျွေးလို့ရပါတယ်။ အသားဆိုရင်လည်း အတုံးအသေးဆုံးဖြစ်အောင်ချေထားတာမျိုးလုပ်ပြီး ဝါးကျွေးခြင်းကိုရှောင်လို့ရပါတယ်။ ဓလေ့ထုံးတမ်းအရတော့ ဒီလိုထမင်းဝါးကျွေးခြင်းဟာ ပျောက်ပျက်ဖို့မလွယ်ကူပါဘူး။
ကလေးကိုထမင်းဝါးကျွေးတဲ့အခါ….
ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ သွားနဲ့ခံတွင်းရောဂါ (Dental Disease) တွေရှိတဲ့လူက ကလေးကိုထမင်းဝါးကျွေးရင် ကလေးကိုပါ ဘတ်တီးရီးယားတွေကူးစက်နိုင်ပါတယ်။ ကလေးကိုပြုစုစောင့်ရှောက်သူရဲ့ ခံတွင်းပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းဖို့လိုအပ်ပါတယ်။
တံတွေးကနေကူးစက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ G ၊ ရေယုန်၊ TT Virus၊ အသည်းရောင်အသားဝါ B ပိုး စတာတွေဖြစ်ပါတယ်။ ပါးစပ်ထဲမှာအနာဖြစ်နေတာမျိုးဆိုရင်တော့ ကလေးကို ထမင်းဝါးမကျွေးသင့်ပါဘူး။
ကလေးကိုထမင်းဝါးကျွေးခြင်းဟာ ယဉ်ကျေးမှုအရရော ဓလေ့အရရော ကြုံတွေ့လေ့ရှိတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ပြုစုစောင့်ရှောက်သူရဲ့ဆုံးဖြတ်မှုနဲ့ ထမင်းဝါးကျွေးသူရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအခြေအနေတွေအပေါ်မှာမူတည်ပါတယ်လို့ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကေလးကိုထမင္းဝါးေကြ်းျခင္း
ကေလးကိုထမင္း သို႔မဟုတ္ တျခားအစားအစာေတြကို ဝါးၿပီးေကြ်းတာကို Pre-mastication/ Pre-chewing လို႔ေခၚပါတယ္။ ဒီအျပဳအမူကို မိခင္ သို႔မဟုတ္ ေဆြမ်ိဳးမ်ားက ကေလးကိုျပဳစုေစာင့္ေရွာက္ရင္း ကေလးအသက္ေျခာက္လေနာက္ပိုင္း ျဖည့္စြက္စာစားတဲ့ကာလမွာ ျပဳလုပ္ေလ့ရွိၾကပါတယ္။ ဒီအျပဳအမူဟာ ကြ်န္မတို႔ပတ္ဝန္းက်င္မွာ မစိမ္းလွပါဘူး။ မိခင္ေတာ္ေတာ္မ်ားမ်ားျပဳလုပ္ေလ့ရွိသလို ကေလးထိန္းေပးတဲ့ အဘြား၊အေဒၚေတြကလည္း ဝါးၿပီးခြံ႕တတ္ၾကပါတယ္။
ထမင္းဝါးေကြ်းတဲ့အခါရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကိုေတာ့ ေလ့လာဆဲျဖစ္ပါတယ္။ ဒီလိုဝါးေကြ်းတဲ့သူဟာ က်န္းမာၿပီး ဘာေရာဂါမွမရွိရင္ ကေလးကို အာဟာရျဖစ္ေစၿပီး ခုခံအားနဲ႔ဆိုင္တဲ့အက်ိဳးေက်းဇူးေတြရရွိေစတယ္လို႔လည္းဆိုပါတယ္။ ဒါေပမယ့္ခုလိုေခတ္မီလာတဲ့အခ်ိန္မွာ ကေလးကို ဝါးမေကြ်းဘဲ ေၾကညက္ေအာင္ခ်က္ျပဳတ္ထားတာမ်ိဳး ေကြ်းလို႔ရပါတယ္။ အသားဆိုရင္လည္း အတံုးအေသးဆံုးျဖစ္ေအာင္ေခ်ထားတာမ်ိဳးလုပ္ၿပီး ဝါးေကြ်းျခင္းကိုေရွာင္လို႔ရပါတယ္။ ဓေလ့ထံုးတမ္းအရေတာ့ ဒီလိုထမင္းဝါးေကြ်းျခင္းဟာ ေပ်ာက္ပ်က္ဖို႔မလြယ္ကူပါဘူး။
ကေလးကိုထမင္းဝါးေကြ်းတဲ့အခါ….
ဘတ္တီးရီးယားေၾကာင့္ျဖစ္တဲ့ သြားနဲ႔ခံတြင္းေရာဂါ (Dental Disease) ေတြရွိတဲ့လူက ကေလးကိုထမင္းဝါးေကြ်းရင္ ကေလးကိုပါ ဘတ္တီးရီးယားေတြကူးစက္ႏိုင္ပါတယ္။ ကေလးကိုျပဳစုေစာင့္ေရွာက္သူရဲ႕ ခံတြင္းပိုင္းဆိုင္ရာ က်န္းမာေရးေကာင္းဖို႔လိုအပ္ပါတယ္။
တံေတြးကေနကူးစက္တဲ့ေရာဂါေတြလည္း ျဖစ္ႏိုင္ပါတယ္။ အသည္းေရာင္အသားဝါ G ၊ ေရယုန္၊ TT Virus၊ အသည္းေရာင္အသားဝါ B ပိုး စတာေတြျဖစ္ပါတယ္။ ပါးစပ္ထဲမွာအနာျဖစ္ေနတာမ်ိဳးဆိုရင္ေတာ့ ကေလးကို ထမင္းဝါးမေကြ်းသင့္ပါဘူး။
ကေလးကိုထမင္းဝါးေကြ်းျခင္းဟာ ယဥ္ေက်းမႈအရေရာ ဓေလ့အရေရာ ၾကံဳေတြ႕ေလ့ရွိတဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ အဓိကကေတာ့ ျပဳစုေစာင့္ေရွာက္သူရဲ႕ဆံုးျဖတ္မႈနဲ႔ ထမင္းဝါးေကြ်းသူရဲ႕ သြားနဲ႔ခံတြင္းက်န္းမာေရးနဲ႔ တစ္ကိုယ္ရည္က်န္းမာေရးအေျခအေနေတြအေပၚမွာမူတည္ပါတယ္လို႔ေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)