သားသားမီးမီးယူဖို့ ကြိုတင်ပြင်ဆင်ထားသင့်တာလေးများ
အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အိမ်မှုကိစ္စ၊စီးပွားရေး၊ လူမှုရေးတွေအပြင် မျိုးဆက်ချန်ထားဖို့ရာ ကိုယ်ဝန်ဆောင်မယ်..မွေးဖွားဖို့ ပြင်ဆင်မယ်..မွေးဖွားပြီးနောက်ပိုင်း ကလေးကို ထိန်းကျောင်းဖို့ရာ တာဝန်ပိုများလာမယ်..ဒီလို မွေးဖွားပြီးနောက်ပိုင်းကိုသာ ပိုတွေးကြည့်တတ်ကြပါတယ်.. သို့သော် ကိုယ်ဝန်မဆောင်ခင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်ကလေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်…ဒါကြောင့် သတိပြုစရာ ကိုယ်ဝန်မဆောင်ခင် ပြင်ဆင်စရာများကို ပြောပြချင်ပါတယ်…
– ဆရာဝန်နှင့်ပြသပါ .. medical check up လုပ်ပါ
ကိိုယ်ဝန်မဆောင်ခင်မှာ မိမိပြနေကျ ဆရာဝန်(သို့) သားဖွားမီးယပ်အထူးကုဆရာဝန်ဆီ အရင် သွားပြပါ.. လိုအပ်သော ကျန်းမာရေး စစ်ဆေးမှု ခံယူပါ… ဒါမှသာ ကိုယ်ဝန်ရဖို့ရန် လွယ်ကူသော နည်းလမ်းများနှင့် ကိုယ်ဝန်ဆောင်နေရင်း ကြုံတွေ့နိုင်သော ကျန်းမာရေးများအခြေအနေများ၊ မိမိမှာ ကလေးကို ကူးစက်နိုင်သော ရောဂါများ ရှိပါက မကူးစက်အောင် ကြိုတင်ပြင်ဆင်ဆွေးနွေးထားနိုင်ပါတယ်…
– ကိုယ်ဝန်တားဆေး (သို့) ပစ္စည်းများ ကို ရပ်တန့်ပါ
အိမ်ထောင်ပြုပြီးကာစ သားသမီးမလိုချင်သေး၍ ဆေး(သို့) ပစ္စည်းများ အသုံးပြုခဲ့ပါက ယခုအချိန်မှာ အကုန် ရပ်ပစ်ရပါမယ်..
– မိမိရဲ့ ရာသီသွေးဆင်းချိန်ကို မှတ်သားထားပါ
အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဥဟာ တစ်ရက်နီးပါးပဲ ရှင်သန်နိုင်ပြီး အမျိုးသားတစ်ယောက်ရဲ့ သုတ်ပိုးဟာ တစ်ပတ်နီးပါး အသက်ရှင်နိုင်ပါတယ်.. ဒါကြောင့် ကိုယ်ဝန်ရနိုင်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မျိုးဥကြွေပြီး တစ်ရက် နှစ်ရက် အတွင်း(ရာသီသွေးမဆင်းခင် နှစ်ပတ်) ဖြစ်ပါတယ်..
– မိမိမှာ ရှိသင့်သော ကိုယ်အလေးချိန်(body mass index) ကို ထိန်းပါ
ဝလွန်းသော အမျိုးသမီးများဟာ ပုံမှန်အမျိုးသမီးထက် ကိုယ်ဝန်ရဖို့ရန် ခက်ခဲသလို ပိန်လွန်းသူများဟာလဲ ပိုလို့ ခက်ခဲပါတယ်.. ဒါကြောင့် ပိန်လွန်းဝလွန်းနေပါက ပုံမှန်အလေးချိန်ရောက်နိုင်သော လေ့ကျင့်ခန်းများ လုပ်ပါ ၊အစားအသောက်များ စားသင့်ပါတယ်…
– ဗီတာမင်၊ folic acid သောက်သုံးပါ
ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေချိန်၊ ကိုယ်ဝန်မရခင် တစ်လလောက်မှ လိုအပ်သော ဗီတာမင်၊ ဖောလစ်အက်ဆစ် တို့ကို သောက်သုံးခြင်းဖြင့် ကလေးမွေးဖွားလာချိန် ပုံမမှန်ဖြစ်တတ်တာတွေကို လျော့ချပေးနိုင်ပါတယ်.. ဦးဏှောက်နဲ့ အာရုံကြောထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်.. ဗီတာမင်ချို့တဲ့မှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများကိုလဲ လျော့ချပေးနိုင်ပါတယ်…
– ကျန်းမာစေသော၊သင့်တင့်မျှတသော အစားအသောက်များကို စားသုံးပါ
အစားအစာများကို မျှတစွာ စားသုံးခြင်းဖြင့် လိုအပ်သော အသားဓာတ် ၊သံဓာတ် အစရှိတာတွေ ရရှိနိုင်ပါတယ်… နှောင်းပိုင်းမိခင်ကျန်းမာနေမှသာ သန္ဓေသားကို ထိခိုက်မှုနှုန်းလျော့ချနိုင်မှာ ဖြစ်ပါတယ်..အဆိပ်အတောက်ဖြစ်စေသော အစားအစာများကို ရှောင်ကြဉ်ပါ… ကဖင်းဓာတ်များသော ကော်ဖီများကို မသောက်သင့်ပါ
– ဆေးလိပ်၊ အရက်၊ တခြားသော မှုးယစ်စေသည့် ဆေးများကို ရပ်ပါ
ဆေးလိပ်သောက်ခြင်းဟာ မျိုးပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်.. မိမိမသောက်သော်လည်း အမျိုးသားသောက်နေပါကလည်း အမျိုးသားမှာ မျိုးပွားနှုန်းကျဆင်းနိုင်သလို မိမိနားမှာ သောက်တတ်ပါက second smoker ခေါ် ဆေးလိပ်ငွေ့ကို တဆင့်ရှုသွင်းသူ ဖြစ်နေတာမို့.. အိမ်ထောင်ဖက်နှစ်ယောက်လုံးမသောက်လျှင် အကောင်းဆုံးပါ
ထိုအတူ တခြားသော အရက်များ၊မှုးယစ်ဆေးများဟာလည်း ကိုယ်ဝန်ရနိုင်ဖို့အတွက် အဟန့်အတားများ ဖြစ်တာမို့ ကိုယ်ဝန်ဆောင်နေချိန်မှာ ရပ်တန့်သင့်ပါတယ် … ကိုယ်ဝန်ဆောင်နေချိန်အတွင်း သုံးစွဲလျှင်တော့ မိခင်ရော သန္ဓေသားပါ ပိုလို့ ထိခိုက်နိုင်ပါတယ်..
– မျိုးပွားနှုန်းကျဆင်းစေနိုင်တဲ့ ပိုးသတ်ဆေး၊ပေါင်းသက်ဆေးများကို ရှောင်ကြဉ်ပါ
မိမိဟာ ပိုးသတ်ဆေးပေါင်းသတ်ဆေးများနဲ့ ထိတွေ့နေရသူဖြစ်ပါက.. လက်အိတ်၊ မျက်နှာဖုံးအစရှိတာတွေ အသုံးပြုသင့်ပါတယ်.
– လုံလောက်သော အနားယူမှု ရှိပါ
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရဖို့ ကြိုးစားနေပါက မိမိစိတ်ကို ထိခိုက်စေနိုင်သော၊ စိတ်ဖိဆီးမှုများစေသော ကိစ္စများကို အတတ်နိုင်ဆုံးရှောင်ပါ၊ စိတ်သက်သာစေသော ယောဂကျင့်စဉ်များ၊ ကျန်းမာရေးလေ့ကျင့်ခန်းများ လုပ်ပါ
ဒီလိုနည်းလမ်းများဖြင့် ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်းများနိုင်သလို ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားပြီး အချိန်တွေမှာလဲ မိခင်ရော ကလေးပါ ကျန်းမာရေး ပိုမိုကောင်းမွန်နိုင်တာမို့ လိုက်နာကျင့်သုံးသင့်ပါတယ်လို့ အကြုံပြုလိုက်ရပါတယ်…
ကျန်းမာသော ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဖြစ်နိုင်ကြပါစေလို့ တောင်းဆုပြုလျက်
ပိုင်နီမောင်
သားသားမီိးမီးယူဖို႔ ျကိုတင္ျပင္ဆင္ထားသင့္တာေလးမ်ား
အမ်ိဳးသမီးတစ္ေယာက္ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္းမွာ အိမ္မႈကိစၥ၊စီးပြားေရး၊ လူမႈေရးေတြအျပင္ မ်ိဳးဆက္ခ်န္ထားဖို႔ရာ ကိ္ုယ္ဝန္ေဆာင္မယ္..ေမြးဖြားဖို႔ ျပင္ဆင္မယ္..ေမြးဖြားၿပီးေနာက္ပိုင္း ကေလးကို ထိန္းေက်ာင္းဖို႔ရာ တာဝန္ပိုမ်ားလာမယ္..ဒီလို ေမြးဖြားၿပီးေနာက္ပိုင္းကိုသာ ပိုေတြးၾကည့္တတ္ၾကပါတယ္.. သို႔ေသာ္ ကိ္ုယ္ဝန္မေဆာင္ခင္ ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အခ်က္ကေလးေတြကိုေတာ့ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္...ဒါေၾကာင့္ သတိျပဳစရာ ကုိယ္ဝန္မေဆာင္ခင္ ျပင္ဆင္စရာမ်ားကို ေျပာျပခ်င္ပါတယ္...
- ဆရာဝန္ႏွင့္ျပသပါ .. medical check up လုပ္ပါ
ကုိုိယ္ဝန္မေဆာင္ခင္မွာ မိမိျပေနက် ဆရာဝန္(သို႔) သားဖြားမီးယပ္အထူးကုဆရာဝန္ဆီ အရင္ သြားျပပါ.. လိုအပ္ေသာ က်န္းမာေရး စစ္ေဆးမႈ ခံယူပါ... ဒါမွသာ ကုိယ္ဝန္ရဖို႔ရန္ လြယ္ကူေသာ နည္းလမ္းမ်ားႏွင့္ ကုိယ္ဝန္ေဆာင္ေနရင္း ၾကံဳေတြ႔ႏိုင္ေသာ က်န္းမာေရးမ်ားအေျခအေနမ်ား၊ မိမိမွာ ကေလးကို ကူးစက္ႏိုင္ေသာ ေရာဂါမ်ား ရွိပါက မကူးစက္ေအာင္ ႀကိဳတင္ျပင္ဆင္ေဆြးေႏြးထားႏိုင္ပါတယ္...
- ကုိယ္ဝန္တားေဆး (သို႔) ပစၥည္းမ်ား ကို ရပ္တန္႔ပါ
အိမ္ေထာင္ျပဳၿပီးကာစ သားသမီးမလိုခ်င္ေသး၍ ေဆး(သို႔) ပစၥည္းမ်ား အသံုးျပဳခဲ့ပါက ယခုအခ်ိန္မွာ အကုန္ ရပ္ပစ္ရပါမယ္..
- မိမိရဲ႕ ရာသီေသြးဆင္းခ်ိန္ကို မွတ္သားထားပါ
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မ်ိဳးဥဟာ တစ္ရက္နီးပါးပဲ ႐ွင္သန္ႏိုင္ၿပီး အမ်ိဳးသားတစ္ေယာက္ရဲ႕ သုတ္ပိုးဟာ တစ္ပတ္နီးပါး အသက္႐ွင္ႏိုင္ပါတယ္.. ဒါေၾကာင့္ ကုိယ္ဝန္ရႏိုင္ဖို႔အတြက္ အေကာင္းဆံုးအခ်ိန္ကေတာ့ မ်ိဳးဥေႂကြၿပီး တစ္ရက္ ႏွစ္ရက္ အတြင္း(ရာသီေသြးမဆင္းခင္ ႏွစ္ပတ္) ျဖစ္ပါတယ္..
- မိမိမွာ ႐ွိသင့္ေသာ ကုိယ္အေလးခ်ိန္(body mass index) ကို ထိန္းပါ
ဝလြန္းေသာ အမ်ိဳးသမီးမ်ားဟာ ပံုမွန္အမ်ိဳးသမီးထက္ ကုိယ္ဝန္ရဖို႔ရန္ ခက္ခဲသလို ပိန္လြန္းသူမ်ားဟာလဲ ပုိလို႔ ခက္ခဲပါတယ္.. ဒါေၾကာင့္ ပိန္လြန္းဝလြန္းေနပါက ပံုမွန္အေလးခ်ိန္ေရာက္ႏိုင္ေသာ ေလ့က်င့္ခန္းမ်ား လုပ္ပါ ၊အစားအေသာက္မ်ား စားသင့္ပါတယ္...
- ဗီတာမင္၊ folic acid ေသာက္သံုးပါ
ကုိယ္ဝန္ေဆာင္ရန္ႀကိဳးစားေနခ်ိန္၊ ကုိယ္ဝန္မရခင္ တစ္လေလာက္မွ လိုအပ္ေသာ ဗီတာမင္၊ ေဖာလစ္အက္ဆစ္ တို႔ကုိ ေသာက္သံုးျခင္းျဖင့္ ကေလးေမြးဖြားလာခ်ိန္ ပံုမမွန္ျဖစ္တတ္တာေတြကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္.. ဦးေဏွာက္နဲ႔ အာရံုေၾကာထိခုိက္မႈကုိ ကာကြယ္ေပးႏိုင္ပါတယ္.. ဗီိတာမင္ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္ပြားႏိုင္ေသာ ေရာဂါမ်ားကုိလဲ ေလ်ာ့ခ်ေပးႏိုင္ပါတယ္...
- က်န္းမာေစေသာ၊သင့္တင့္မွ်တေသာ အစားအေသာက္မ်ားကုိ စားသံုးပါ
အစားအစာမ်ားကုိ မ်ွတစြာ စားသံုးျခင္းျဖင့္ လိုအပ္ေသာ အသားဓာတ္ ၊သံဓာတ္ အစ႐ွိတာေတြ ရ႐ွိႏိုင္ပါတယ္... ေႏွာင္းပိုင္းမိခင္က်န္းမာေနမွသာ သေႏၶသားကို ထိခိုက္မႈႏႈန္းေလ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္..အဆိပ္အေတာက္ျဖစ္ေစေသာ အစားအစာမ်ားကို ေ႐ွာင္ၾကဥ္ပါ... ကဖင္းဓာတ္မ်ားေသာ ေကာ္ဖီမ်ားကို မေသာက္သင့္ပါ
- ေဆးလိပ္၊ အရက္၊ တျခားေသာ မႈးယစ္ေစသည့္ ေဆးမ်ားကုိ ရပ္ပါ
ေဆးလိပ္ေသာက္ျခင္းဟာ မ်ိဳးပြားႏႈန္းကို ေလ်ာ့က်ေစႏိုင္ပါတယ္.. မိမိမေသာက္ေသာ္လည္း အမ်ိဳးသားေသာက္ေနပါကလည္း အမ်ိဳးသားမွာ မ်ိဳးပြားႏႈန္းက်ဆင္းႏိုင္သလို မိမိနားမွာ ေသာက္တတ္ပါက second smoker ေခၚ ေဆးလိပ္ေငြ႔ကုိ တဆင့္႐ႈသြင္းသူ ျဖစ္ေနတာမို႔.. အိမ္ေထာင္ဖက္ႏွစ္ေယာက္လံုးမေသာက္လွ်င္ အေကာင္းဆံုးပါ
ထိုအတူ တျခားေသာ အရက္မ်ား၊မႈးယစ္ေဆးမ်ားဟာလည္း ကုိယ္ဝန္ရႏိုင္ဖို႔အတြက္ အဟန္႔အတားမ်ား ျဖစ္တာမို႔ ကုိယ္ဝန္ေဆာင္ေနခ်ိန္မွာ ရပ္တန္႔သင့္ပါတယ္ ... ကုိယ္ဝန္ေဆာင္ေနခ်ိန္အတြင္း သံုးစဲြလွ်င္ေတာ့ မိခင္ေရာ သေႏၶသားပါ ပုိလို႔ ထိခိုက္ႏိုင္ပါတယ္..
- မ်ိဳးပြားႏႈန္းက်ဆင္းေစႏိုင္တဲ့ ပုိးသတ္ေဆး၊ေပါင္းသက္ေဆးမ်ားကို ေ႐ွာင္ၾကဥ္ပါ
မိမိဟာ ပိုးသတ္ေဆးေပါင္းသတ္ေဆးမ်ားနဲ႔ ထိေတြ႔ေနရသူျဖစ္ပါက.. လက္အိတ္၊ မ်က္ႏွာဖံုးအစ႐ွိတာေတြ အသံုးျပဳသင့္ပါတယ္.
- လံုေလာက္ေသာ အနားယူမႈ ႐ွိပါ
အမ်ိဳးသမီးတစ္ေယာက္ ကိုယ္ဝန္ရဖို႔ ႀကိဳးစားေနပါက မိမိစိတ္ကို ထိခိုက္ေစႏိုင္ေသာ၊ စိတ္ဖိဆီးမႈမ်ားေစေသာ ကိစၥမ်ားကို အတတ္ႏိုင္ဆံုးေ႐ွာင္ပါ၊ စိတ္သက္သာေစေသာ ေယာဂက်င့္စဥ္မ်ား၊ က်န္းမာေရးေလ့က်င့္ခန္းမ်ား လုပ္ပါ
ဒီလိုနည္းလမ္းမ်ားျဖင့္ ကုိယ္ဝန္ရႏိုင္ဖို႔ အခြင့္အလမ္းမ်ားႏိုင္သလို ကုိယ္ဝန္ေဆာင္ေနစဥ္၊ မီးဖြားၿပီး အခ်ိန္ေတြမွာလဲ မိခင္ေရာ ကေလးပါ က်န္းမာေရး ပိုမိုေကာင္းမြန္ႏိုင္တာမို႔ လိုက္နာက်င့္သံုးသင့္ပါတယ္လို႔ အၾကံဳျပဳလုိက္ရပါတယ္...
က်န္းမာေသာ ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား ျဖစ္ႏိုင္ၾကပါေစလို႔ ေတာင္းဆုျပဳလ်က္
ပိုင္နီေမာင္