နာစရာရှိရင် အချစ်နဲ့ဖြေကြမယ်
ချစ်ခြင်းမေတ္တာဟာ နာကျင်မှုကိုကုစားပေးနိုင်တယ်ဆိုတာသိပါသလား။သင့်အတွက်တော့ ဖြစ်နိုင်ပါ့မလားဆိုတဲ့သံသယနဲ့ထူးဆန်းကောင်း
ထူးဆန်းနေပါလိမ့်မယ်။ချစ်ခြင်းမေတ္တာဟာ နာကျင်မှုကို Morphine လိုဆေးတွေနည်းတူသက်သာစေပါတယ်တဲ့။Morphineဆိုတာမျိုးဟာ
အဆင့်မြင့်တဲ့အကိုက်အခဲပျောက်ဆေးထဲမှာ ပါပါတယ်။Euphoria လို ပျော်ရွှင်နေတဲ့စိတ်မျိုးရစေပြီးနာကျင်မှုတွေကိုသက်သာစေပါတယ်။
ချစ်ခြင်းမေတ္တာဟာ Morphine လိုမျိုး ဂုဏ်သတ္တိရှိတယ်လို့ သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရတွေ့ရှိရပါတယ်။
လူတွေမှာနိစ္စဓူဝနာကျင်ကိုက်ခဲတယ်ဆိုတဲ့ဝေဒနာနဲ့ကင်းပြတ်လို့ကိုမရနိုင်ပါဘူး။ခေါင်းကိုက်တာ သွားကိုက်တာ ကိုယ်တွေလက်တွေနာတာ ခွဲထားတဲ့ချုုပ်ရိုးကနာတာ စသဖြင့်မရိုးနိုင်အောင်ပါ။
အကိုက်အခဲပျောက်ဆေးဟာရောင်းအား အကောင်းဆုံးဆေးတွေဖြစ်ပါတယ်။ဆေးတို့ရဲ့ထုံးစံအတိုင်းဘေးထွက်ဆိုးကျိုးတွေလည်း
ရှိတတ်ပါတယ်။ချစ်ခြင်းမေတ္တာဟာ Oxytocin ,Endorphin နဲ့ Dopamine လိုမျိုး hormone တွေကိုထွက်စေပါတယ်။ဒီ hormone တွေဟာ နာကျင်မှုတွေကိုသက်သာစေပြီး ချစ်တဲ့သူတွေကြား နားလည်မှု ယုံကြည်မှု ဆွဲဆောင်မှုတွေကိုဖြစ်စေပါတယ်။
နာကျင်မှုတစ်ခုခုခံစားနေရတဲ့ချစ်သူကို ကြင်နာတဲ့စကားတစ်ခွန်းလေးဖြစ်ဖြစ် အနမ်းလေးတစ်ပွင့်ဖြစ်ဖြစ် ပွေ့ဖက်လိုက်တာမျိုးလေးပဲဖြစ်ဖြစ်လုပ်ပေးပြီး သက်သာရာရအောင်ကူညီပေးနိုင်ပါတယ်။ချစ်ခြင်းမေတ္တာဟာ နာကျင်မှုတွေအတွက် ဖြေဆေးတစ်ခုပါ။
ဒေါက်တာပွင့်ဖြိုးကျော်
နာစရာရွိရင္ အခ်စ္နဲ႔ေျဖၾကမယ္
ခ်စ္ျခင္းေမတၱာဟာ နာက်င္မႈကိုကုစားေပးနိုင္တယ္ဆိုတာသိပါသလား။သင့္အတြက္ေတာ့ ျဖစ္နိုင္ပါ့မလားဆိုတဲ႔သံသယနဲ႔ထူးဆန္းေကာင္း
ထူးဆန္းေနပါလိမ့္မယ္။ခ်စ္ျခင္းေမတၱာဟာ နာက်င္မႈကို Morphine လိုေဆးေတြနည္းတူသက္သာေစပါတယ္တဲ႔။Morphineဆိုတာမ်ိဳးဟာ
အဆင့္ျမင့္တဲ႔အကိုက္အခဲေပ်ာက္ေဆးထဲမွာ ပါပါတယ္။Euphoria လို ေပ်ာ္ရႊင္ေနတဲ႔စိတ္မ်ိဳးရေစျပီးနာက်င္မႈေတြကိုသက္သာေစပါတယ္။
ခ်စ္ျခင္းေမတၲာဟာ Morphine လိုမ်ိဳး ဂုဏ္သတၱိရွိတယ္လို႔ သိပၸံနည္းက်စမ္းသပ္ခ်က္ေတြအရေတြ႕ရွိရပါတယ္။
လူေတြမွာနိစၥဓူဝနာက်င္ကိုက္ခဲတယ္ဆိုတဲ႔ေဝဒနာနဲ႔ကင္းျပတ္လို႔ကိုမရနိုင္ပါဘူး။ေခါင္းကိုက္တာ သြားကိုက္တာ ကိုယ္ေတြလက္ေတြနာတာ ခြဲထားတဲ႔ခ်ဳဳပ္ရိုးကနာတာ စသျဖင့္မရိုးနိုင္ေအာင္ပါ။
အကိုက္အခဲေပ်ာက္ေဆးဟာေရာင္းအား အေကာင္းဆံုးေဆးေတြျဖစ္ပါတယ္။ေဆးတို႔ရဲ႔ထံုးစံအတုိင္းေဘးထြက္ဆိုးက်ိဳးေတြလည္း
ရွိတတ္ပါတယ္။ခ်စ္ျခင္းေမတၱာဟာ Oxytocin ,Endorphin နဲ႔ Dopamine လိုမ်ိဳး hormone ေတြကိုထြက္ေစပါတယ္။ဒီ hormone ေတြဟာ နာက်င္မႈေတြကိုသက္သာေစျပီး ခ်စ္တဲ႔သူေတြၾကား နားလည္မႈ ယံုၾကည္မႈ ဆြဲေဆာင္မႈေတြကိုျဖစ္ေစပါတယ္။
နာက်င္မႈတစ္ခုခုခံစားေနရတဲ႔ခ်စ္သူကို ၾကင္နာတဲ႔စကားတစ္ခြန္းေလးျဖစ္ျဖစ္ အနမ္းေလးတစ္ပြင့္ျဖစ္ျဖစ္ ေပြ႔ဖက္လိုက္တာမ်ိဳးေလးပဲျဖစ္ျဖစ္လုပ္ေပးျပီး သက္သာရာရေအာင္ကူညီေပးနုိင္ပါတယ္။ခ်စ္ျခင္းေမတၱာဟာ နာက်င္မႈေတြအတြက္ ေျဖေဆးတစ္ခုပါ။
ေဒါက္တာပြင့္ျဖိဳးေက်ာ္