ဗိုက်ခွဲမွေးပြီးလျှင် ဆောင်ရန် ရှောင်ရန်များ
ကိုးလလွယ် ဆယ်လဖွားအပြီး မိခင်များအတွက်တော့ ကလေးတစ်ယောက်မီးဖွားပြီးချိန်ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ပါပဲ ။
မီးဖွားရာမှာ ဗိုက်ခွဲမွေးထားရတဲ့ မိခင်များဟာ ရိုးရိုးမွေးထားတဲ့ မိခင်များထက် အနားယူရန် အများကြီး လိုအပ်ပါတယ် ။ သို့အတွက် ဗိုက်ခွဲမွေးဖွားရသော မိခင်များအတွက် ဆောင်ရန် ရှောင်ရန် အချက်များကို တင်ပြလိုက်ရပါတယ် ။
၁ ။ အနားကောင်းကောင်းယူပါ
ဗိုက်ခွဲမွေးခြင်းဟာ အကြီးစား ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ် ။ အဲ့အတွက် တခြား ခွဲစိတ်မှုများကဲ့သို့ လုံလောက်သော အနားယူမှု လိုကိုလိုအပ်ပါတယ် ။ ဗိုက်ခွဲမွေးဖွားပြီး နောက်ဆက်တွဲ ပြသနာ တစ်စုံတစ်ရာမရှိပါက ဆေးရုံတွင် သုံးလေးရက်ခန့်နေပြီး အိမ်တွင် ခြောက်ပတ်လောက် အထိ အနာကျက်စေရန် အနားယူရပါမယ် ။
ဒါဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ် ။ သင်အလွန်ပင်ပန်းအနားယူချင်ပေမယ့် သင့်ဆီက နွေးထွေးမှု သင့်ရဲ့ ဂရုစိုက် နို့ချိုတိုက်ကျွေးမှုကို အမြဲတစေ တောင်းဆိုနေမယ့် ကလေးငယ်ကြောင့် မလွယ်ပါဘူး ။ ဒါကြောင့် ကလေးအိပ်နေချိန်မှာ လိုက်အနားယူပါ ။ မိသားစုကို ကလေးသေးခံလဲခြင်းလိုမျိုးမှသည် တခြားဝေယျာဝစ္စအလုပ်တွေမယ် ကူညီစေပြီး ရနိုင်သလောက် အနားယူခြင်းဖြင့် အဆင်ပြေအောင် လုပ်ဆောင်နိုင်ပါတယ် ။
၂ ။ မိမိခန္ဓာကိုယ်ကို ဂရုစိုက်ခြင်း
အနားယူစဉ် မိမိကိုယ်ကို အထူးဂရုစိုက်ပါ ။ လှေကား အဆင်းအတက်လုပ်ခြင်းများ တတ်နိုင်သရွေ့ ရှောင်ကျဉ်ပါ ။
ကလေးချီခြင်းမှ အပ တခြားအလေးအပင်ပစ္စည်းများ မခြင်း ရွှေ့ခြင်းများကို ရှောင်ကြဉ်ပါ ။
နှာချေတိုင်း ချောင်းဆိုးတိုင်း ဗိုက်မှ ခွဲထားသည့်နေရာကို ဖိပေးပါ ။
လုံးဝ လူကောင်းပကတိအတိုင်းဖြစ်စေရန် ရှစ်ပတ်တာကာလအထိ အချိန်ယူရနိုင်သည့်အတွက် လေ့ကျင့်ခန်းလုပ်ခြင်း ၊ အလုပ်ခွင်ပြန်ဆင်းခြင်း ၊ ကားမောင်းခြင်းတို့ကို လုပ်ဆောင်ရန် သင့်မသင့် ဆရာဝန်နှင့်ပြသတိုင်ပင်ရန် လိုအပ်ပါတယ် ။
ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးကိုရှောင်ရှားသင့်ပြီး လမ်းလျှောက်ပေးခြင်းမျိုးသာ လုပ်ဆောင်သင့်ပါတယ် ။ ထို့အပြင် ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် ရေများများသောက်ပေးရန် လိုအပ်ပါတယ် ။
ခွဲစိတ်ဒဏ်ရာမှ နာသောအခါတွင်လဲ မိမိသဘောဖြင့် အနာသက်သာဆေးများ မသောက်သင့်ဘဲ သက်ဆိုင်ရာ ဆရာဝန်ဖြင့် တိုင်ပင်သင့်ပါတယ် ။
အထူးသဖြင့် နို့တိုက် မိခင်များတွင် ရင်သွေးအား ထိခိုက်စေနိုင်သောကြောင့် မည်သည့်ဆေးမှ အလွယ်တကူ မသောက်သင့် မလိမ်းသင့်ဘဲ အထူးဂရုစိုက်သင့်ပါတယ် ။
၃ ။ အာဟာရမျှတအောင် စားသောက်ပေးခြင်း
လုံလောက်ပြီး မျှတသော အာဟာရဟာ ဗိုက်ခွဲမွေးပြီးစ မိခင်တစ်ဦးအတွက် အနာမြန်မြန် ကျက်ရန် ၊ ပုံမှန်အနေအထား အမြန်ဆုံးရောက်ရန် အဓိကအချက်ပဲဖြစ်ပါတယ် ။
နို့တိုက်မိခင်တစ်ဦးအနေနဲ့ ကောင်းမွန်တဲ့ အာဟာရများ အစားအစာများကို စားသုံးပေးမှသာလျှင်လဲ မိမိကလေးကျန်းမာ ဖွံ့ဖြိုးစေရန် အထောက်အကူရရှိစေမှာပဲ ဖြစ်ပါတယ် ။
ထို့အပြင် ရေ ၊ အရည်အမျိုးမျိုးကို အများအပြားသောက်ပေးခြင်းဟာ နို့ထွက်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါတယ် ။
ဘယ်အချိန် ဆရာဝန်ဆီ အမြန်ဆုံးပြန်လည်ပြသ သင့်သလဲ ?
* ခွဲစိတ်ထားသော ချုပ်ရိုးတစ်လျှောက် နီရဲပြီး ယောင်ကိုင်းနေမယ် ၊ ပြည်တွေထွက်နေမယ်
* ချုပ်ရိုးတစ်လျှောက်နာနေမယ်
* အဖျားဝင်မယ်
* မိန်းမကိုယ်ကနေ အနံ့ဆိုးတွေနဲ့ အရည်တွေ ဆင်းမယ်
* သွေးအလွန်အမင်းဆင်းမယ်
* ရင်ဘတ်အောင့် အသက်ရှူရခက်ခဲမယ်
အစရှိသည်တို့ ဖြစ်ပွားလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြန်လည်ပြသရန် လိုအပ်ပါတယ် ။
Dr. ရှိန်းသူဟန်
* အဖျားဝင်မယ်
Dr. ရှိန်းသူဟန်
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ
1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Why do doctors ask for an ultrasound during pregnancy?
1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
Leave a Reply
Your email address will not be published. Required fields are marked *