All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သွေးဆုံးပြီး သွေးပြန်ဆင်းခြင်း

1 Mins read

သွေးဆုံးပြီး သွေးပြန်ဆင်းခြင်း

သွေးဆုံးတယ်ဆိုတာ သင်နောက်ဆုံးအကြိမ် ရာသီလာပြီး နောက်ပိုင်း တစ်နှစ်ကျော်အထိ လုံးဝမလာတော့တဲ့အချိန်ကိုပြောတာပါ ။ အဲ့လို တစ်နှစ်ကျော်နောက်ပိုင်းမှ သွေးပြန်ဆင်းနေတာ အနီ အစက်အပျောက်လေးတွေ စွန်းထင်းတာတွေ့ရတာကို သွေးဆုံးပြီး သွေးပြန်ဆင်းတာလို့ ခေါ်တယ် ။ ဒီလို သွေးပြန်ဆင်းတာဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါ ။

ဒီလိုအခြေအနေမျိုးဖြစ်တဲ့ အခါ ပေါ့ပေါ့ဆဆမနေဘဲ ဖြစ်ပွားတဲ့ အကြောင်းအရင်းသိဖို့ သေသေချာသေချာချာ စမ်းသပ်ရန် ဆရာဝန်ဆီ သွားပြပါ ။ အများအားဖြင့် သာမာန်ကုသနိုင်သော ရောဂါဖြစ်ပေမယ့် တစ်ခါတစ်ရံ ဆိုးဝါးတဲ့ ရောဂါတွေရဲ့ ရောဂါလက္ခဏာ ဖြစ်နေနိုင်ပါတယ် ။

ဒါကြောင့်လဲ စောစောစီးစီး အချိန်မီ သိရှိမှသာ ဆိုးဝါးပြင်းထန်တဲ့ရောဂါတွေ ဥပမာ ကင်ဆာရောဂါတွေမျိုးကနေ လျင်လျင်မြန်မြန် ထိထိ ရောက်ရောက် ကုသနိုင်မှပါ ။

ဘယ်လိုအခြေအနေတွေက သွေးပြန်ဆင်းစေတာလဲ ?

သွေးပြန်ဆင်းတာရဲ့ ၉၀ ရာခိုင်နှုန်းလောက်မှာ ဘာအကြောင်းရင်းကြောင့် ဒီလိုသွေးပြန်ဆင်းရတယ်ဆိုတဲ့ တိတိကျကျအဖြေမရှိပါဘူး ။ များသောအားဖြင့် အရမ်းကြီး စိတ်ပူလောက်စရာမဟုတ်ဘဲ အကယ်၍ ဆိုးဆိုးဝါးဝါးရောဂါဆိုလျှင်လဲ ဓာတ်ခွဲစမ်းသပ်တာတွေကနေ ရောဂါကိုသိနိုင်မှာပါ ။ သွေးပြန်ဆင်းတာတွေရဲ့ အကြောင်းအရင်းအများစုအနေနဲ့

* မိန်းမကိုယ်အတွင်းသားတွေမှာ ယောင်ရမ်းပြီး ဖုံးအုပ်ထားတဲ့အရာတွေ ပါးလာတာ

* သားအိမ်အတွင်း ဖုံးအုပ်ထားတဲ့အရာတွေ ပါးလာတာ

* သားအိမ်ခေါင်း ဒါမှမဟုတ် သားအိမ်အတွင်း သိပ်မစိုးရိမ်ရတဲ့ အလုံးတွေပေါ်လာတာ

* ဟော်မုန်းကုထုံးတွေကြောင့် သားအိမ်နရံတွေထူလာတာ

* သားအိမ် နဲ့ သားအိမ်ခေါင်းအတွင်း မူမမှန်တာ

ဒါပေမယ့် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းမှာတော့ ဒီလိုသွေးပြန်ဆင်းခြင်းဟာ သားအိမ် ကင်ဆာ သို့မဟုတ် သားအိမ်ခေါင်း ကင်ဆာနဲ့ ဆက်စပ်နေတတ်တဲ့အတွက် ပေါ့ပေါ့တန်တန်သဘောမထားဘဲ သေချာစစ်ဆေးဖို့ လိုပါတယ် ။

ဘယ်လို ကုသမှုခံယူမလဲ ?

များသောအားဖြင့် အိုဂျီဆရာဝန်တစ်ဦးဆီ သွားပြရန် ညွှန်ကြားခံရမှာပါ ။ အဲ့ဒီမယ်

* သင့်သွေးဆင်းခြင်းနဲ့ ပတ်သတ်တဲ့ ရောဂါရာဇဝင်

* တစ်ကိုယ်လုံး စစ်ဆေးတာ

* သွေးစစ်တာ

* သင့်မိန်းမကိုယ်အတွင်းပိုင်းနဲ့သားအိမ်ခေါင်းအတွင်းကို သေချာကြည့်ရှုစစ်ဆေးပြီး အတွင်းမှ အရည်တချို့ကို ဓာတ်ခွဲစစ်ဆေးရန် နမူနာ ယူပါလိမ့်မည် ။

နောက်ပြီး တချို့သော စစ်ဆေးမှုတွေကို လုပ်ဖို့လဲ အကြံပြုပါလိမ့်မယ်

* အယ်ထွာဆောင်းရိုက်တာ

* အသားစယူတာ

* သားအိမ်ခြစ်ပြီး အသားစယူတာ အစရှိသည်တို့ ဖြစ်တယ် ။

ကုသမှုအနေနဲ့

* မိန်းမကိုယ်နဲ့ သားအိမ်နံရံအတွင်းပိုင်းဖုံးအုပ်ထားတာတွေ ပါးလာတာမျိုးတွေကြောင့် ဖြစ်တဲ့ ကိစ္စတွေမှာ အီစထရိုဂျင် ဟော်မုန်း တွေပေးလေ့ရှိပါတယ် ။ သောက်ဆေးပြား ၊ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးပြား ၊ ဂျယ်လ် အစရှိသည်ဖြင့် ပုံစံမျိုးစုံလာပါတယ် ။

* အလုံးဖြစ်နေတာမျိုးဆိုရင်တော့ ခွဲစိတ်ပြီး ဖယ်ရပါတယ် ။

* သားအိမ်အတွင်းနံရံတွေထူလာတာမျိုးတွေဆိုရင် ဆေးပေးတာရော ခွဲစိတ်တာရောကို ရောဂါအခြေအနေအလိုက်လုပ်ဆောင်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ
ေသြးဆုံးၿပီး ေသြးျပန္ဆင္းျခင္း

ေသြးဆုံးတယ္ဆိုတာ သင္ေနာက္ဆုံးအႀကိမ္ ရာသီလာၿပီး ေနာက္ပိုင္း တစ္ႏွစ္ေက်ာ္အထိ လုံးဝမလာေတာ့တ့ဲအခ်ိန္ကိုေျပာတာပါ ။ အ့ဲလို တစ္ႏွစ္ေက်ာ္ေနာက္ပိုင္းမွ ေသြးျပန္ဆင္းေနတာ အနီ အစက္အေပ်ာက္ေလးေတြ စြန္းထင္းတာေတြ႕ရတာကို ေသြးဆုံးၿပီး ေသြးျပန္ဆင္းတာလို႔ ေခၚတယ္ ။ ဒီလို ေသြးျပန္ဆင္းတာဟာ ပုံမွန္မဟုတ္တ့ဲ အေျခအေနတစ္ခုပါ ။

ဒီလိုအေျခအေနမ်ဳိးျဖစ္တ့ဲ အခါ ေပါ့ေပါ့ဆဆမေနဘဲ ျဖစ္ပြားတ့ဲ အေၾကာင္းအရင္းသိဖို႔ ေသေသခ်ာေသခ်ာခ်ာ စမ္းသပ္ရန္ ဆရာဝန္ဆီ သြားျပပါ ။ အမ်ားအားျဖင့္ သာမာန္ကုသႏိုင္ေသာ ေရာဂါျဖစ္ေပမယ့္ တစ္ခါတစ္ရံ ဆိုးဝါးတ့ဲ ေရာဂါေတြရဲ႕ ေရာဂါလကၡဏာ ျဖစ္ေနႏိုင္ပါတယ္ ။

ဒါေၾကာင့္လဲ ေစာေစာစီးစီး အခ်ိန္မီ သိရွိမွသာ ဆိုးဝါးျပင္းထန္တ့ဲေရာဂါေတြ ဥပမာ ကင္ဆာေရာဂါေတြမ်ဳိးကေန လ်င္လ်င္ျမန္ျမန္ ထိထိ ေရာက္ေရာက္ ကုသႏိုင္မွပါ ။

ဘယ္လိုအေျခအေနေတြက ေသြးျပန္ဆင္းေစတာလဲ ?

ေသြးျပန္ဆင္းတာရဲ႕ ၉၀ ရာခိုင္နႈန္းေလာက္မွာ ဘာအေျကာင္းရင္းေၾကာင့္ ဒီလိုေသြးျပန္ဆင္းရတယ္ဆိုတ့ဲ တိတိက်က်အေျဖမရွိပါဘူး ။ မ်ားေသာအားျဖင့္ အရမ္းႀကီး စိတ္ပူေလာက္စရာမဟုတ္ဘဲ အကယ္၍ ဆိုးဆိုးဝါးဝါးေရာဂါဆိုလွ်င္လဲ ဓာတ္ခြဲစမ္းသပ္တာေတြကေန ေရာဂါကိုသိႏိုင္မွာပါ ။ ေသြးျပန္ဆင္းတာေတြရဲ႕ အေၾကာင္းအရင္းအမ်ားစုအေနနဲ႔

* မိန္းမကိုယ္အတြင္းသားေတြမွာ ေယာင္ရမ္းၿပီး ဖုံုးအုပ္ထားတ့ဲအရာေတြ ပါးလာတာ

* သားအိမ္အတြင္း ဖုံးအုပ္ထားတ့ဲအရာေတြ ပါးလာတာ

* သားအိမ္ေခါင္း ဒါမွမဟုတ္ သားအိမ္အတြင္း သိပ္မစိုးရိမ္ရတ့ဲ အလုံးေတြေပၚလာတာ

* ေဟာ္မုန္းကုထုံးေတြေၾကာင့္ သားအိမ္နရံေတြထူလာတာ

* သားအိမ္ နဲ႔ သားအိမ္ေခါင္းအတြင္း မူမမွန္တာ

ဒါေပမယ့္ က်န္တ့ဲ ၁၀ ရာခိုင္ႏႈန္းမွာေတာ့ ဒီလိုေသြးျပန္ဆင္းျခင္းဟာ သားအိမ္ ကင္ဆာ သို႔မဟုတ္ သားအိမ္ေခါင္း ကင္ဆာနဲ႔ ဆက္စပ္ေနတတ္တ့ဲအတြက္ ေပါ့ေပါ့တန္တန္သေဘာမထားဘဲ ေသခ်ာစစ္ေဆးဖို႔ လိုပါတယ္ ။

ဘယ္လို ကုသမႈခံယူမလဲ ?

မ်ားေသာအားျဖင့္ အိုဂ်ီဆရာဝန္တစ္ဦးဆီ သြားျပရန္ ၫႊန္ၾကားခံရမွာပါ ။ အ့ဲဒီမယ္

* သင့္ေသြးဆင္းျခင္းနဲ႔ ပတ္သတ္တ့ဲ ေရာဂါရာဇဝင္

* တစ္ကိုယ္လုံး စစ္ေဆးတာ

* ေသြးစစ္တာ

* သင့္မိန္းမကိုယ္အတြင္းပိုင္းနဲ႔သားအိမ္ေခါင္းအတြင္းကို ေသခ်ာၾကည့္႐ွဳစစ္ေဆးၿပီး အတြင္းမွ အရည္တခ်ဳိ႕ကို ဓာတ္ခြဲစစ္ေဆးရန္ နမူနာ ယူပါလိမ့္မည္ ။

ေနာက္ၿပီး တခ်ဳိ႕ေသာ စစ္ေဆးမႈေတြကို လုပ္ဖို႔လဲ အၾကံျပဳပါလိမ့္မယ္

* အယ္ထြာေဆာင္း႐ိုက္တာ

* အသားစယူတာ

* သားအိမ္ျခစ္ၿပီး အသားစယူတာ အစရွိသည္တို႔ ျဖစ္တယ္ ။

ကုသမႈအေနနဲ႔

* မိန္းမကိုယ္နဲ႔ သားအိမ္နံရံအတြင္းပိုင္းဖုံးအုပ္ထားတာေတြ ပါးလာတာမ်ဳိးေတြေၾကာင့္ ျဖစ္တ့ဲ ကိစၥေတြမွာ အီစထ႐ိုဂ်င္ ေဟာ္မုန္း ေတြေပးေလ့ရွိပါတယ္ ။ ေသာက္ေဆးျပား ၊ မိန္းမကိုယ္ထဲထည့္တ့ဲ ေဆးျပား ၊ ဂ်ယ္လ္ အစရွိသည္ျဖင့္ ပုံစံမ်ဳိးစုံလာပါတယ္ ။

* အလုံးျဖစ္ေနတာမ်ဳိးဆိုရင္ေတာ့ ခြဲစိတ္ၿပီး ဖယ္ရပါတယ္ ။

* သားအိမ္အတြင္းနံရံေတြထူလာတာမ်ဳိးေတြဆိုရင္ ေဆးေပးတာေရာ ခြဲစိတ္တာေရာကို ေရာဂါအေျခအေနအလိုက္လုပ္ေဆာင္ပါတယ္ ။

အားလုံးက်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…