မီးဖွားချိန်နောက်ကျခြင်းနှင့် ဆိုးကျိုးများ

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ပုံမှန်အားဖြင့် 37ပတ်ကနေ 42ပတ်အတွင်းမီးဖွားကြရပါတယ်။ 42ပတ်ထက်ကျော်လွန်ပြီး မီးမဖွားနိုင်သေးရင်တော့ မီးဖွားချိန်နောက်ကျတယ်လို့ သတ်မှတ်နိုင်ပါတယ်။ မီးဖွားချိန်နောက်ကျလာတာနဲ့အမျှ မိခင်ကောကလေးအတွက်ပါ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်42ပတ်ကျော်လာတာနဲ့ အချင်းမှာ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ အချင်းကနေ အာဟာရတွေ၊ သွေးတွေ၊ oxygenတွေဟာ ရင်သွေးဆီကို ကောင်းမွန်စွာမရောက်တော့ပဲ ရင်သွေးမှာ အာဟာရလျော့နည်းလာပါတယ်။

ဝမ်းဗိုက်ထဲမှာရင်သွေးက နေတာကြာလာတဲ့အခါ အရွယ်ကကြီးလာတဲ့အပြင် ရေမွှာရေပမာဏကလည်း နည်းပါးလာပါတယ်။ ရေမွှာနည်းနေရင် မိခင်ဝမ်းဗိုက်ကို ထိခိုက်တာမျိူးရှိလာတဲ့အခါ ကာကွယ်ပေးမယ့် ရေမွှာနည်းနေတာကြောင့် ကလေးကိုပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဖွံ့ဖြိုးလာပါတယ်။ ကလေးငယ်ဟာဝမ်းဗိုက်ထဲမှာနေတာကြာလာရင်းနဲ့ ကိုယ်တိုင်စွန့်ထုတ်ထားတဲ့ အညစ်အကြေးတွေက ရှူမိတာ၊ အဆုတ်ထဲဝင်ရောက်တာတွေ ရှိလာနိုင်ပါတယ်။ အဲလိုဖြစ်ရင်တော့ ရင်သွေးရဲ့အဆုတ်ယောင်တာ၊ အသက်ရှူမဝတာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ကြာလာတာနဲ့ မိခင်အတွက်လည်း အန္တရာယ်များလာပါတယ်။ ကလေးအရွယ်အစားကကြီးနေလို့
မွေးရခက်ခဲတာ၊ ရိုးရိုးမွေးဖို့စီစဉ်ထားပြီးမှ အရေးပေါ်ခွဲစိတ်ပြီးမွေးလိုက်ရတာ၊ လေစုပ်မွေးရတာ၊ ညှပ်ဆွဲမွေးရတာတွေကလည်း မကြာခဏကြုံတွေရပါတယ်။ မွေးချိန်ကြာနေတဲ့အခါ ကလေးမွေးပြီးသားအိမ်မကျုံ့တာ၊ သွေးသွန်တာတွေလည်းဖြစ်နိုင်ပါတယ်။

မီးဖွားချိန်နောက်ကျတာဟာ ကိုယ်ဝန်ဆောင်မိခင် အယောက်100မှာ 3ယောက်ကနေ 12ယောက်အထိဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တောင်ချိန်42ပတ်ထက်ကျော်တဲ့အထိ မီးမဖွားသေးရင်တော့ လိုအပ်တဲ့စမ်းသပ်မှုတွေ၊ ကုသမှုတွေပြုလုပ်ထားသင့်ပါတယ်။ ဒါမှသာ မိခင်ကောကလေးအတွက်ပါ စိတ်ချရမှာဖြစ်ပါတယ်။

Dr.ZZ

မီးဖြားခ်ိန္ေနာက္က်ျခင္းႏွင့္ ဆိုးက်ဳိးမ်ား

ကိုယ္ဝန္ေဆာင္မိခင္ေတြဟာ ပံုမွန္အားျဖင့္ 37ပတ္ကေန 42ပတ္အတြင္းမီးဖြားၾကရပါတယ္။ 42ပတ္ထက္ေက်ာ္လြန္ၿပီး မီးမဖြားႏိုင္ေသးရင္ေတာ့ မီးဖြားခ်ိန္ေနာက္က်တယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။ မီးဖြားခ်ိန္ေနာက္က်လာတာနဲ႔အမွ် မိခင္ေကာကေလးအတြက္ပါ ဆိုးက်ဳိးေတြရိွလာႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္42ပတ္ေက်ာ္လာတာနဲ႔ အခ်င္းမွာ ေျပာင္းလဲမႈေတြျဖစ္လာပါတယ္။ အခ်င္းကေန အာဟာရေတြ၊ ေသြးေတြ၊ oxygenေတြဟာ ရင္ေသြးဆီကို ေကာင္းမြန္စြာမေရာက္ေတာ့ပဲ ရင္ေသြးမွာ အာဟာရေလ်ာ့နည္းလာပါတယ္။

ဝမ္းဗိုက္ထဲမွာရင္ေသြးက ေနတာၾကာလာတဲ့အခါ အရြယ္ကႀကီးလာတဲ့အျပင္ ေရမႊာေရပမာဏကလည္း နည္းပါးလာပါတယ္။ ေရမႊာနည္းေနရင္ မိခင္ဝမ္းဗိုက္ကို ထိခိုက္တာမ်ဴိးရိွလာတဲ့အခါ ကာကြယ္ေပးမယ့္ ေရမႊာနည္းေနတာေၾကာင့္ ကေလးကိုျပင္းျပင္းထန္ထန္ ထိခိုက္ႏိုင္ပါတယ္။ ဒါ့အျပင္ ေရာဂါပိုးေတြလည္း အလြယ္တကူ ဝင္ေရာက္ႏိုင္ပါတယ္။

ကိုယ္ဝန္လရင့္လာတာနဲ႔အမွ် ရင္ေသြးငယ္ရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေတြက ဖြံ႕ၿဖိဳးလာပါတယ္။ ကေလးငယ္ဟာဝမ္းဗိုက္ထဲမွာေနတာၾကာလာရင္းနဲ႔ ကိုယ္တိုင္စြန္႔ထုတ္ထားတဲ့ အညစ္အေၾကးေတြက ႐ႉမိတာ၊ အဆုတ္ထဲဝင္ေရာက္တာေတြ ရိွလာႏိုင္ပါတယ္။ အဲလိုျဖစ္ရင္ေတာ့ ရင္ေသြးရဲ႕အဆုတ္ေယာင္တာ၊ အသက္႐ႉမဝတာေတြ ျဖစ္လာႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ၾကာလာတာနဲ႔ မိခင္အတြက္လည္း အႏၲရာယ္မ်ားလာပါတယ္။ ကေလးအရြယ္အစားကႀကီးေနလို႔
ေမြးရခက္ခဲတာ၊ ႐ိုး႐ိုးေမြးဖို႔စီစဥ္ထားၿပီးမွ အေရးေပၚခြဲစိတ္ၿပီးေမြးလိုက္ရတာ၊ ေလစုပ္ေမြးရတာ၊ ညႇပ္ဆြဲေမြးရတာေတြကလည္း မၾကာခဏႀကံဳေတြရပါတယ္။ ေမြးခ်ိန္ၾကာေနတဲ့အခါ ကေလးေမြးၿပီးသားအိမ္မက်ံဳ႕တာ၊ ေသြးသြန္တာေတြလည္းျဖစ္ႏိုင္ပါတယ္။

မီးဖြားခ်ိန္ေနာက္က်တာဟာ ကိုယ္ဝန္ေဆာင္မိခင္ အေယာက္100မွာ 3ေယာက္ကေန 12ေယာက္အထိျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေတာင္ခ်ိန္42ပတ္ထက္ေက်ာ္တဲ့အထိ မီးမဖြားေသးရင္ေတာ့ လိုအပ္တဲ့စမ္းသပ္မႈေတြ၊ ကုသမႈေတြျပဳလုပ္ထားသင့္ပါတယ္။ ဒါမွသာ မိခင္ေကာကေလးအတြက္ပါ စိတ္ခ်ရမွာျဖစ္ပါတယ္။

Dr.ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *