မွေးဖွားရက်ကျော်ခြင်း( သို့) Due date ကျော်ခြင်း
ကိုယ်ဝန်အပ်ပြီဆိုတာနဲ့ ဆရာဝန်က ရာသီလာတဲ့ပထမဆုံးရက်မှစတင်၍ ၉လနဲ့ ၇ရက်ပေါင်းပြီး မွေးဖွားရမည့်ရက်ကို တွက်ချက်ပေးလိုက်ပါတယ်။
ဒီရက်ကို မွေးဖွားခန့်မှန်းရက် ( သို့) Due Date လို့ အလွယ်သိထားကြပါတယ်။ ဒီရက်ကို သေချာဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်ဟာ ကိုယ်ဝန်မဆောင်ခင် ရာသီလစဉ် ပုံမှန်လာသူဖြစ်ရပါမယ်။ ကိုယ်ဝန်တားဆေး၊ ထိုးဆေး သောက်နေခြင်းမရှိတဲ့အချိန်မှာ ကိုယ်ဝန်ရတာ ဖြစ်ရပါမယ်။ ဒီအချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် တွက်ချက်လိုက်တဲ့ ခန့်မှန်းမွေးဖွားရက်ကို ယုံကြည်စိတ်ချနိုင်ပါတယ်။
Due Date ကျော်တယ် ဆိုတာ ခန့်မှန်းမွေးဖွားရက်ထက် ” ၂ပတ်” ကျော်တာကို ဆိုလိုတာပါ။
ဒီလို Due date ကျော်ခြင်းအတွက် ဘာတွေသတိထားသင့်လဲ?
တစ်ချို့ကလည်း မွေးရမယ့်ရက် မမွေးဘဲ ကျော်လည်း အချိန်တန်မွေးမှာဘဲလို့ တွေးတဲ့သူများလည်းရှိပါလိမ့်မယ်။ တကယ်တော့ ခန့်မှန်းမွေးဖွားရက် မမွေးတာဟာအန္တရာယ်ရှိနိုင်ပါတယ်။ အဲ့ဒီအန္တရာယ်တွေကတော့
- ၁) အချင်းမှ ကလေးဆီသွေးပို့ဆောင်မှုနည်းသွားတာမို့ ကလေးအသက်ရှုမဝတာ
- ၂) ကလေး ဦးခေါင်းခွံ ပျော့ပျောင်းမနေတော့တာမို့ မွေးဖွားချိန်မှာ မွေးဖွားရခက်တာ
- ၃) ညှပ်ဆွဲ၊ လေစုပ်မွေးဖွားရနိုင်ခြေများတတ်တာ
- ၄) ရေမွှာရေနည်းသွားတတ်တာ
- ၅) မွေးဖွားပြီးချိန်တွင်ကလေး အဆုတ်အားနည်းတတ်တာ
- ၆) ကလေးမှာ အချိုဓာတ်နည်းတာ တွေဖြစ်တတ်ပါတယ်။
ဒါဆို ဘယ်လို သတိထားမလဲ?
- ဆရာဝန်တွက်ပေးလိုက်တဲ့ ခန့်မှန်းမွေးဖွားရက်ကို အမြဲ သတိထား မှတ်သားပါ။
- ဆရာဝန် ချိန်းသော ရက်ချိန်းအတိုင်း ပုံမှန် စမ်းသပ်စစ်ဆေးပါ။
- ဆရာဝန်မှ လိုအပ်၍ ဆေးရုံတက်ခိုင်းလျှင် မပေါ့ဆဘဲ တက်ပါ။
ဘယ်လို ကုသနိုင်မလဲ?
- ဆရာဝန်မှ သေချာအောင် စမ်းသပ်စစ်ဆေးမှုလုပ်၍ လိုအပ်ပါက
- သားအိမ်ညှစ်ဆေးသွင်း၍ ဗိုက်နာအောင်ပြုလုပ်ပြီးမွေးဖွားစေခြင်း
- ဗိုက်ခွဲ၍ မွေးဖွားစေခြင်းတို့ ဖြင့် မွေးဖွားနိုင်ပါတယ်။
ဗိုက်ဗိုက်တို့ရေ Due Date လေးကို သေချာမှတ်ပြီး ကလေးကို ဂရုစိုက်ကြပါစို့။
မယ်တင်( ဆေး ၁)
ေမြးဖြားရက္ေက်ာ္ျခင္း( သို႔) Due date ေက်ာ္ျခင္း
ကိုယ္ဝန္အပ္ၿပီဆိုတာနဲ႔ ဆရာဝန္က ရာသီလာတဲ့ပထမဆံုးရက္မွစတင္၍ ၉လနဲ႔ ၇ရက္ေပါင္းၿပီး ေမြးဖြားရမည့္ရက္ကို တြက္ခ်က္ေပးလိုက္ပါတယ္။
ဒီရက္ကို ေမြးဖြားခန္႔မွန္းရက္ ( သို႔) Due Date လို႔ အလြယ္သိထားၾကပါတယ္။ ဒီရက္ကို ေသခ်ာဖို႔ဆိုရင္ေတာ့ ကိုယ္ဝန္ေဆာင္မိခင္ဟာ ကိုယ္ဝန္မေဆာင္ခင္ ရာသီလစဥ္ ပံုမွန္လာသူျဖစ္ရပါမယ္။ ကိုယ္ဝန္တားေဆး၊ ထိုးေဆး ေသာက္ေနျခင္းမရွိတဲ့အခ်ိန္မွာ ကိုယ္ဝန္ရတာ ျဖစ္ရပါမယ္။ ဒီအခ်က္ေတြနဲ႔ ကိုက္ညီမယ္ဆိုရင္ တြက္ခ်က္လိုက္တဲ့ ခန္႔မွန္းေမြးဖြားရက္ကို ယံုၾကည္စိတ္ခ်ႏိုင္ပါတယ္။
Due Date ေက်ာ္တယ္ ဆိုတာ ခန္႔မွန္းေမြးဖြားရက္ထက္ ” ၂ပတ္” ေက်ာ္တာကို ဆိုလိုတာပါ။
ဒီလို Due date ေက်ာ္ျခင္းအတြက္ ဘာေတြသတိထားသင့္လဲ?
တစ္ခ်ိဳ႕ကလည္း ေမြးရမယ့္ရက္ မေမြးဘဲ ေက်ာ္လည္း အခ်ိန္တန္ေမြးမွာဘဲလို႔ ေတြးတဲ့သူမ်ားလည္းရွိပါလိမ့္မယ္။ တကယ္ေတာ့ ခန္႔မွန္းေမြးဖြားရက္ မေမြးတာဟာအနၱရာယ္ရွိႏိုင္ပါတယ္။ အဲ့ဒီအနၱရာယ္ေတြကေတာ့
- ၁) အခ်င္းမွ ကေလးဆီေသြးပို႔ေဆာင္မႈနည္းသြားတာမို႔ ကေလးအသက္ရႈမဝတာ
- ၂) ကေလး ဦးေခါင္းခြံ ေပ်ာ့ေပ်ာင္းမေနေတာ့တာမို႔ ေမြးဖြားခ်ိန္မွာ ေမြးဖြားရခက္တာ
- ၃) ညႇပ္ဆြဲ၊ ေလစုပ္ေမြးဖြားရႏိုင္ေျခမ်ားတတ္တာ
- ၄) ေရမႊာေရနည္းသြားတတ္တာ
- ၅) ေမြးဖြားၿပီးခ်ိန္တြင္ကေလး အဆုတ္အားနည္းတတ္တာ
- ၆) ကေလးမွာ အခ်ိဳဓာတ္နည္းတာ ေတြျဖစ္တတ္ပါတယ္။
ဒါဆို ဘယ္လို သတိထားမလဲ?
- ဆရာဝန္တြက္ေပးလိုက္တဲ့ ခန္႔မွန္းေမြးဖြားရက္ကို အျမဲ သတိထား မွတ္သားပါ။
- ဆရာဝန္ ခ်ိန္းေသာ ရက္ခ်ိန္းအတိုင္း ပံုမွန္ စမ္းသပ္စစ္ေဆးပါ။
- ဆရာဝန္မွ လိုအပ္၍ ေဆးရံုတက္ခိုင္းလၽွင္ မေပါ့ဆဘဲ တက္ပါ။
ဘယ္လို ကုသႏိုင္မလဲ?
- ဆရာဝန္မွ ေသခ်ာေအာင္ စမ္းသပ္စစ္ေဆးမႈလုပ္၍ လိုအပ္ပါက
- သားအိမ္ညႇစ္ေဆးသြင္း၍ ဗိုက္နာေအာင္ျပဳလုပ္ၿပီးေမြးဖြားေစျခင္း
- ဗိုက္ခြဲ၍ ေမြးဖြားေစျခင္းတို႔ ျဖင့္ ေမြးဖြားႏိုင္ပါတယ္။
ဗိုက္ဗိုက္တို႔ေရ Due Date ေလးကို ေသခ်ာမွတ္ၿပီး ကေလးကို ဂရုစိုက္ၾကပါစို႔။
မယ္တင္( ေဆး ၁)