ဖိုမကိစ္စ သံဝါသပြုပြီးနောက် မိန်းမကိုယ်မှာ ဆုတ်ပြဲဒဏ်ရာ သွေးထွက်နာ
ဇီဝက့ကို အရွယ်ရောက်ပြီးသူ ဖိုမကိစ္စမကင်းသူတိုင်း တိုင်ပင်ကြ တဲ့အထဲမှာ “မိမိတို့ လိင်ဆက်ဆံဖော်နဲ့ လိင်ဆက်ဆံပြီးတိုင်း အမျိုးသမီးတွေ မှာ သွေးဆင်းတယ် ၊ဘာဖြစ်တာလဲဆရာ ။စိုးရိမ်ရသလား ။” စသဖြင့် အမေးရှိ ကြတယ် ။အဲ့တော့ မေးလာတဲ့ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်က သွေးဆင်းတဲ့ အကြောင်းများစွာထဲက မိန်းမကိုယ်မှာ ဆုတ်ပြဲဒဏ်ရာရလို့ သွေးထွက်တဲ့အကြောင်း လေးကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြလိုက်ပါတယ် ။
ဘယ်လို လူတွေမှာ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ် ဆုတ်ပြဲဒဏ်ရာ ရတတ်သလဲ
  • အင်နဲ့အားနဲ့ လိင်ဆက်ဆံမှုပြုကြတဲ့အခါ
  • လိင်တုပစ္စည်းများ ၊ဒါမှမဟုတ် တခြား ပြင်ပမှ အရာဝတ္ထုများကို မိန်းမကိုယ်ထဲ ထည့်သွင်း လိင်ဆက်ဆံမိရင်
  • အမျိုးသမီးများအနေနဲ့ ပထမဆုံး လိင်ဆက်ဆံမှုပြုတဲ့အခါ
  • မဟိုမုန်းလ်ဖြစ်တဲ့ အီစထရိုဂျင်နည်းနေတဲ့အခါ (ဥပမာ-သွေးဆုံးပြီးသူများ ၊ကလေး နို့တိုက်နေသော မိခင်များ)
  • မီးယပ်ပိုင်းဆိုင်ရာရောဂါများကို ခွဲစိတ်မှုပြုထားသူများ
  • မီးယပ်ပိုင်းဆိုင်ရာရောဂါများကို လေဆာကုထုံးဖြင့် ကုသမှု ခံယူဖူးသူများ
  • အမျိုးသား၏ ကျားတန်ဆာ အရွယ်အစား ကြီးမားတဲ့အခါ
  • တချို့သော လိင်ဆက်ဆံတဲ့ အနေအထား(position)
များကြောင့်အထက်ပါ အခြေအနေတွေမှာ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်မှာ ဆုတ်ပြဲဒဏ်ရာ
ပိုရတတ်ပါတယ် ။
ဘယ်လိုလက္ခဏာတွေပြသလဲ
  • လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်က သွေးဆင်းမယ်
  • အများအားဖြင့် နာကျင်မှု မရှိတတ်
မိန်းမကိုယ်မှာ ဘယ်နေရာတွေက ပိုပြီး ဒဏ်ရာရတတ်လဲ
အများအားဖြင့် မိန်းမကိုယ်ရဲ့ ညာဘက် နောက်ဘက်နဲ့ ဘေးဘက်တွေမှာ ပိုပြီး ဆုတ်ပြဲဒဏ်ရာ ရတတ်ပါတယ် ။
ဘယ်လိုအချိန်မှာ သင့်မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲ
  • သွေးဆင်းတာများရင် ၊သွေးအတုံးအခဲများပါရင်
  • သွေးဆင်းတာ ရက်ရှည်လာရင်
  • မိန်းမကိုယ်က နာကျင် ကိုက်ခဲရင် ၊ဆီးစပ်ကိုက်ရင်
  • အဖြူဆင်း ၊အနံ့အသက်မကောင်းရင်
နောက်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
မိန်းမကိုယ် ဆုတ်ပြဲဒဏ်ရာရစေမယ့် အပြုအမူများဖြစ်တဲ့ လိင်ဆက်ဆံမှုကို အားနဲ့ အရမ်းပြုမူခြင်း ၊လိင်တုပစ္စည်းများ ၊ပြင်ပမှ အရာဝတ္ထုများဖြင့် မိန်းမကိုယ်ထဲ ထိုးသွင်း ဆက်ဆံခြင်းများ ရှောင်ပါ ။
အမျိုးသမီး အင်္ဂါခြောက်သွေ့နေက ချောဆီများ သုံးပါ ။
သက်သောင့် သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့သာ လိင်ဆံဆက်မှုပြုပါ ။
ခေတ်သစ် ဇီဝက
ပိုရတတ်ပါတယ် ။
ခေတ်သစ် ဇီဝက
Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး
ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)
1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး
ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)
1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
Leave a Reply
Your email address will not be published. Required fields are marked *