ံလိင်ဆက်ဆံပြီးနောက် မိန်းမကိုယ် ဆုတ်ပြဲဒဏ်ရာ

Post coital tearဆိုတာ ဘာပါလိမ့် ?

ဖိုနဲ့မ လိင်ဆက်ဆံပြီးနောက်မှာ မိန်းမကိုယ်မှာ ထိခိုက်ဒဏ်ရာ ဆုတ်ပြဲ ဒဏ်ရာရခြင်း ဖြစ်ပါတယ်… ပုံမှန်အားဖြင့် အမျိုးသမီး
တစ်ယောက်ဟာ ဒီလိုဖြစ်ဖို့ရာ ရှားပါတယ်… သို့သော် တခါတရံမှာ လိင်ဆက်ဆံပြီးနောက် ဆုတ်ပြဲဒဏ်ရာရပြီး မိန်းမကိုယ်မှ သွေးနီရဲရဲ ဆင်းခြင်း၊ နာကျင်ခြင်း၊ သွေးဆင်းများပြီး ဖြူဖျော့လာခြင်း၊ရင်တုန်ခြင်းတွေအပြင် အသက်အန္တရာယ်ကိုထိခိုက်ခြင်း စတာတွေ ကြုံတွေ့ရနိုင်ပါတယ်… ဒါကြောင့် ဒီလို ကြုံရတဲ့အခါမှာ နီးစပ်ရာဆေးရုံကို အမြန်သွားရောက်ပြသရပါမယ်…

ဒီလိုမိန်းမကိုယ် ဆုတ်ပြဲခြင်းဟာ …

– လိင်ဆက်ဆံတဲ့အခါမှာ အမျိးသားအင်္ဂါကို အမျိုးသမီးအင်္ဂါထဲ ထည့်၍ ဖြစ်စေ၊ fingers လက်ချောင်း (သို့) toys ပစ္စည်းကိရိယာ တစ်ခုခုထည့်၍ဖြစ်စေ ၊ ကြမ်းကြမ်းတမ်းတမ်းထိုးသွင်းကာ သာယာမှု ပိုရအောင် ပြုလုပ်ကြလေ့ရှိပါတယ်… ဒီအခါမှာ အချစ်ကြမ်းသူတို့အတွက် သတိထားစရာကတော့ မတော်တဆ မိန်းမကိုယ် ဆုတ်ပြဲသွားနိုင်ခြင်းပါ…

– ပထမဆုံးအကြိမ်းလိင်ဆက်ဆံတဲ့ အမျိုးသမီးတွေမှာ အပျိုမှေးလို့ ခေါ်တဲ့ hymen ပေါက်ထွက်သွားတဲ့အခါမှာလည်း သွေးထွက်တာ ဖြစ်နိုင်ပါတယ်…ဒီလိုသွေးထွက်ခြင်းဟာ တစ်ရက်နှစ်ရက်ကြာမြင့်နိုင်ပါတယ်… တချို့အမျိုးသမီးတွေမှာတော့ အပျိုမှေးပါးတာကြောင့် ငယ်စဉ် ခုန်ပေါက်ဆော့ကစားတုန်းကရင် အပျိုမှေးမရှိတော့တာ ဖြစ်နိုင်ပါတယ်… ဒါကြောင့် ဆုတ်ပြဲခြင်း (သို့) သွေးထွက်ခြင်း မည်သည့်အကြောင်းကြောင့်ဆိုတာ သေချာ စစ်ဆေးသင့်ပါတယ်..

– သွေးဆုံးပြီး အမျိုးသမီးတွေ … လတ်တလော နို့တိုက်နေရတဲ့ မိခင်တွေမှာ.. estrogen ခေါ် ဓာတ်တစ်မျိုးနည်းပါးနေတဲ့အတွက် secretion နည်းတာ၊ခြောက်သွေ့တာတွေကြောင့် ဆုတ်ပြဲတာမျိုး ဖြစ်နိုင်ပါတယ်.

ယခင် တင်ပဆုံရိုးကျိုးထားဖူးသူ ခွဲစိတ်မှုခံယူထားဖူးသူတွေ၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူထားဖူးသူတွေမှာလဲ ကြုံတွေ့နိုင်ပါတယ်…

ဒါပြင်.. အမျိုးသားအင်္ဂါ ကြီးမားလွန်းခြင်း၊ ကာမဆက်ဆံတဲ့ ပုံစံပေါ်လိုက်ပြီးလည်း ဆုတ်ပြဲခြင်းတွေ ကြုံတွေရနိုင်ပါတယ်….

မိန်းမကိုယ်ဆုတ်ပြဲခြင်းဟာ မိန်းမကိုယ်ရဲ့ နံရံတွေနဲ့ posterior fornix မှာ ပိုဖြစ်နိုင်ပါတယ်…

ဒီလိုဆုတ်ပြဲခြင်းတွေဟာ တခါတရံမှာ သွေးထွက်လွန်ခြင်းတွေကြောင့် မေ့ဆေးသုံးကာ ခွဲစိတ်ကုသမှုတွေထိ ပြုလုပ်ရလေ့ရှိပါတယ်… ဒီလို မိန်းမကိုယ်ဆုတ်ပြဲပြီး နောက်ပိုင်းမှာ အချိန်ကာလ ခြောက်ပတ် လောက်ထိ လိင်ဆက်ဆံခြင်း မပြုသင့်ပါဘူး…မတော်လို့ ဆက်ဆံမိတဲ့အခါမှာ.. နာကျင်ခြင်၊ စိတ်ကျေနပ်မှုမရခြင်း၊ မိန်းမကိုယ်အောက်ပိုင်းနှင့်တဝိုက် ကြာရှည်စွာ နာကျင်ခြင်း တွေ ကြုံရတတ်ပါတယ်…

ဒါကြောင့် ဒီလို ကြုံတွေရပြီးပါက ဆရာဝန်နဲ့ သေချာပြသခြင်း၊ အမျိုးသမီးနဲ့ ဆိုင်သော ရောဂါများ ရှိမရှိ၊ တခြားနောက်ဆက်တွဲပြသနာများ ရှိမရှိ စစ်ဆေးခြင်းများပြလုပ်ရပါမယ်…

အချစ်ကြီးတာဟာ ပြသနာမဟုတ်ပေမယ့် အချစ်ကြမ်းတာ တခါတရံမှာ အခက်ကြုံရတတ်ကြောင်း သတိချက်ဖို့ရာ တိုက်တွန်းလျက်….

ပိုင်နီမောင်

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *