ဒညင်းသီးအန္တရာယ် သတိချပ်ဖွယ်
ဒညင်းသီးကို မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက လူအချို့က နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ်။ အစိမ်းစားတယ်၊ ကြော်စားတယ်၊ ချက်စားတယ်၊ ပြုတ်စားတယ်၊ ဖုတ်စားတယ်၊ နောက်ဆုံး ဒညင်းသီး အုန်းနို့ဆမ်းဆိုပြီး အချိုပွဲတောင် လုပ်စားလိုက်ကြပါသေးတယ်။ ဘယ်လိုပဲ လုပ်စားစား ဒညင်းသီးစားရင် ပါးစပ်အနံ့ဆိုးတာနဲ့ ဆီးသွားရင် အနံ့နံတာကတော့ လူတိုင်း သိတဲ့အချက်ပါပဲ။
အင်္ဂလိပ်လို djenkol beans လို့ ခေါ်တဲ့ ဒညင်းသီး (၁၀၀) ဂရမ်မှာ djenkolic acid (ဝ.၃-၁.၃) ဂရမ် ပါဝင်ပါတယ်။ အဲ့ဒီ့ djenkolic acid ကပဲ အချို့လူတွေမှာ djenkolism လို့ ခေါ်တဲ့ ဒညင်းသီးအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ ဒညင်းသီး အဆိပ်သင့်တဲ့ လက္ခဏာတွေကတော့ ပျို့မယ်၊ အန်မယ်၊ ခါးတွေ နာလာမယ်၊ ဆီးနည်းလာမယ်၊ ဆီးထဲမှာ သွေးပါလာမယ်၊ နောက်ဆုံး ဆီးလုံးဝမထွက်တော့ဘဲ ကျောက်ကပ်ရဲ့ အလုပ်လုပ်မှု ရပ်ဆိုင်းသွားတဲ့ထိ ဖြစ်နိုင်ပါတယ်။
တစ်ခါက အသက် (၃၂) နှစ် အရွယ် အင်ဒိုနီးရှားနိုင်ငံသား အမျိုးသားတစ်ယောက် ဒညင်းသီး (၁၀) လုံးစားပြီး (၂) နာရီအကြာမှာ အထက်ပါလက္ခဏာတွေ ဖြစ်ပေါ်လာလို့ ဆေးရုံရောက်ခဲ့ရပါတယ်။ အခြားနိုင်ငံမှာလည်း အလားတူပြဿနာမျိုး ဖြစ်ပေါ်ခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။
Djenkolic acid က pH မြင့်တဲ့အနေအထားမှာ ပျော်ဝင်နှုန်းပိုများလို့ တချို့ကတော့ ဒညင်းသီးကို ဆားရည်စိမ်ထားရင် အဆိပ်သင့်တာမျိုး နည်းသွားနိုင်တယ်လို့ ပြောကြပေမယ့် တကယ် အကျိုးရှိမရှိဆိုတာကတော့ သက်သေမပြနိုင်သေးပါဘူး။
ဒညင်းသီးအဆိပ်သင့်ခြင်းက ဖြစ်ချင်တဲ့သူမှာမှ ဖြစ်တယ်၊ မဖြစ်ချင်တဲ့သူကျ ဘယ်လောက်စားစား ဘာမှ မဖြစ်ဘူးဆိုတာက တစ်ကြောင်း၊ ဘယ်နှလုံးစားရင်၊ ဘယ်လိုလုပ်စားရင် အဆိပ်သင့်မယ်ဆိုပြီး ပြောလို့မရတာကတစ်ကြောင်း၊ ဘယ်လိုပဲ ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်ပြောပြော ဖြစ်ပွားနှုန်းနည်းတာကတစ်ကြောင်းကြောင့် ကြိုက်တဲ့သူတွေက မကြောက်ကြပါဘူး။ ဒီတော့ ဒညင်းသီးအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲလို့ မေးလာရင်….
ဖြစ်နိုင်ရင် မစားပါနဲ့။ကြိုက်လွန်းလို့ မနေနိုင်လို့ စားမယ်ဆိုရင်လည်း အပေါ်မှာပြောထားတဲ့ အန္တရာယ်လက္ခဏာတွေကို သတိချပ်ပါ။အဲ့ဒီ့ဝေဒနာတွေ ခံစားရပြီဆိုရင် ဆေးရုံကို ချက်ချင်းသွားပါ။
ဒညင်းသီးစားပြီး အန္တရာယ်ကင်းကြပါစေ။
Dr ဟန်နီစုနိုင်
M.Sc Nutrition & Dietetic (UK)
ဒညင္းသီးအႏၲရာယ္ သတိခ်ပ္ဖြယ္
ဒညင္းသီးကို ျမန္မာႏိုင္ငံအပါအဝင္ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ ထိုင္းႏိုင္ငံေတာင္ပိုင္းက လူအခ်ိဳ႕က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားသံုးၾကပါတယ္။ အစိမ္းစားတယ္၊ ေၾကာ္စားတယ္၊ ခ်က္စားတယ္၊ ျပဳတ္စားတယ္၊ ဖုတ္စားတယ္၊ ေနာက္ဆံုး ဒညင္းသီး အုန္းႏို႔ဆမ္းဆိုၿပီး အခ်ိဳပြဲေတာင္ လုပ္စားလိုက္ၾကပါေသးတယ္။ ဘယ္လိုပဲ လုပ္စားစား ဒညင္းသီးစားရင္ ပါးစပ္အနံ႔ဆိုးတာနဲ႔ ဆီးသြားရင္ အနံ႔နံတာကေတာ့ လူတိုင္း သိတဲ့အခ်က္ပါပဲ။
အဂၤလိပ္လို djenkol beans လို႔ ေခၚတဲ့ ဒညင္းသီး (၁၀၀) ဂရမ္မွာ djenkolic acid (၀.၃-၁.၃) ဂရမ္ ပါဝင္ပါတယ္။ အဲ့ဒီ့ djenkolic acid ကပဲ အခ်ိဳ႕လူေတြမွာ djenkolism လို႔ ေခၚတဲ့ ဒညင္းသီးအဆိပ္သင့္ျခင္းကို ျဖစ္ေစပါတယ္။ ဒညင္းသီး အဆိပ္သင့္တဲ့ လကၡဏာေတြကေတာ့ ပ်ိဳ႕မယ္၊ အန္မယ္၊ ခါးေတြ နာလာမယ္၊ ဆီးနည္းလာမယ္၊ ဆီးထဲမွာ ေသြးပါလာမယ္၊ ေနာက္ဆံုး ဆီးလံုးဝမထြက္ေတာ့ဘဲ ေက်ာက္ကပ္ရဲ႕ အလုပ္လုပ္မႈ ရပ္ဆိုင္းသြားတဲ့ထိ ျဖစ္ႏိုင္ပါတယ္။
တစ္ခါက အသက္ (၃၂) ႏွစ္ အရြယ္ အင္ဒိုနီးရွားႏိုင္ငံသား အမ်ိဳးသားတစ္ေယာက္ ဒညင္းသီး (၁၀) လံုးစားၿပီး (၂) နာရီအၾကာမွာ အထက္ပါလကၡဏာေတြ ျဖစ္ေပၚလာလို႔ ေဆးရံုေရာက္ခဲ့ရပါတယ္။ အျခားႏိုင္ငံမွာလည္း အလားတူျပႆနာမ်ိဳး ျဖစ္ေပၚခဲ့တဲ့ အေထာက္အထားေတြ ရွိပါတယ္။
Djenkolic acid က pH ျမင့္တဲ့အေနအထားမွာ ေပ်ာ္ဝင္နႈန္းပိုမ်ားလို႔ တခ်ိဳ႕ကေတာ့ ဒညင္းသီးကို ဆားရည္စိမ္ထားရင္ အဆိပ္သင့္တာမ်ိဳး နည္းသြားႏိုင္တယ္လို႔ ေျပာၾကေပမယ့္ တကယ္ အက်ိဳးရွိမရွိဆိုတာကေတာ့ သက္ေသမျပႏိုင္ေသးပါဘူး။
ဒညင္းသီးအဆိပ္သင့္ျခင္းက ျဖစ္ခ်င္တဲ့သူမွာမွ ျဖစ္တယ္၊ မျဖစ္ခ်င္တဲ့သူက် ဘယ္ေလာက္စားစား ဘာမွ မျဖစ္ဘူးဆိုတာက တစ္ေၾကာင္း၊ ဘယ္ႏွလံုးစားရင္၊ ဘယ္လိုလုပ္စားရင္ အဆိပ္သင့္မယ္ဆိုၿပီး ေျပာလို႔မရတာကတစ္ေၾကာင္း၊ ဘယ္လိုပဲ ေက်ာက္ကပ္ပ်က္စီးတဲ့အထိ ျဖစ္ႏိုင္ပါတယ္ေျပာေျပာ ျဖစ္ပြားနႈန္းနည္းတာကတစ္ေၾကာင္းေၾကာင့္ ႀကိဳက္တဲ့သူေတြက မေၾကာက္ၾကပါဘူး။ ဒီေတာ့ ဒညင္းသီးအႏၲရာယ္ကို ဘယ္လိုကာကြယ္ရမလဲလို႔ ေမးလာရင္….
ျဖစ္ႏိုင္ရင္ မစားပါနဲ႔။ႀကိဳက္လြန္းလို႔ မေနႏိုင္လို႔ စားမယ္ဆိုရင္လည္း အေပၚမွာေျပာထားတဲ့ အႏၲရာယ္လကၡဏာေတြကို သတိခ်ပ္ပါ။အဲ့ဒီ့ေဝဒနာေတြ ခံစားရၿပီဆိုရင္ ေဆးရံုကို ခ်က္ခ်င္းသြားပါ။
ဒညင္းသီးစားၿပီး အႏၲရာယ္ကင္းၾကပါေစ။
Dr ဟန္နီစုႏိုင္
M.Sc Nutrition & Dietetic (UK)