All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

Possible infections via oral sex and how to prevent them

1 Mins read

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း

လိင်ပိုင်းဆိုင်ရာနဲ့ပက်သက်လာရင် မပြောမပြီးမတီးမမြည်ဆိုသလိုပါပဲ။ အချို့သောကိစ္စတွေဟာ ပညာပေးအနေနဲ့ ပြောကိုပြောမှ ကျန်းမာရေးအသိနဲ့ဆင်ခြင်နိုင်ကြမှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လိင်စိတ်တက်ကြွသူတွေမှာ အတူနေတဲ့အခါဆက်ဆံတတ်ကြတဲ့ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း အကြောင်းကိုတင်ပြလိုက်ပါတယ်။

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း အမျိုးအစားများစွာရှိပါတယ်။ ဒါတွေကတော့

Cunnilingus : အမျိုးသမီးရဲ့ မိန်းမကိုယ် အဂါၤစပ်နှင့် မိန်းမကိုယ်ရှိအစေ့ငယ် စတဲ့ အမျိုးသမီးလိင်အဂါၤကို လိင်ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးခြင်း

Fellatio : ပါးစပ်ဖြင့် အမျိုးသား၏ လိင်တံကို စုပ်ခြင်း၊ လျှာဖြင့်လျက်ခြင်း

Nippling : လိင်ဆက်ဆံဖော်ရဲ့ နို့သီးခေါင်းကို လျှာဖြင့် ထိုးဆွပေးပြီးဆက်ဆံခြင်း

Anilingus – လျှာနှင့် နှုတ်ခမ်းကို အသုံးပြုပြီး လိင်ဆက်ဆံဖော်ရဲ့ စအိုကို လှုံဆော်ပေးခြင်း စသည်တို့ပဲဖြစ်ပါတယ်။

Nipplingဟာ ထွေထွေထူးထူး ပြောစရာမရှိပေမယ့် ကျန်တဲ့နည်းလမ်းတွေကတော့ ကိုယ့်ရဲ့ဆက်ဆံဖော်သာကျန်းမာရေးမကောင်းဘဲ လိင်မှုဆိုင်ရာ ကူးစက်ရောဂါတွေရှိနေခဲ့မယ်ဆိုရင် ကိုယ့်ကိုလည်းကူးစက်နိုင်ချေရှိပါတယ်။ အဲဒီရောဂါတွေထဲမှာမှ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကြောင့် အဖြစ်အများဆုံးရောဂါတွေကတော့

ဂနို ဆီးပူညောင်းကျရောဂါ
လိင်အင်္ဂါရေယုန်များ
ဆစ်ဖလစ် ကာလသားရောဂါတို့ပဲဖြစ်ပါတယ်။

ကူးစက်နိုင်ခြေနည်းပေမယ့် လုံးဝမကူးဘူးလို့ပြောရခက်တဲ့ရောဂါတွေကတော့

အခြားဆီးပူညောင်းကျရောဂါများ
အိတ်ချ်အိုင်ဗီ HIV ခုခံအားကျဆင်းမှုရောဂါ
အသည်းရောင်အသားဝါ အေပိုး၊ဘီပိုး၊စီပိုးများ (Hepatitis A,B,C အသည်းရောင်အသားဝါပိုးများသည် oral sexမှတဆင့် ကူးစက်နိုင်ခြေအလွန်နည်းပါးသော်လည်း လိင်အင်္ဂါ။ ပါးစပ်တို့တွင် သွေးထွက်ခြင်းရှိပါက ကူးစက်နိုင်သောကြောင့် ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။)
လိင်အင်္ဂါကြွက်နို့ အစရှိတဲ့ရောဂါတွေပဲဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ
ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္း

လိင္ပိုင္းဆိုင္ရာနဲ႔ပက္သက္လာရင္ မေျပာမၿပီးမတီးမျမည္ဆိုသလိုပါပဲ။ အခ်ိဳ႕ေသာကိစၥေတြဟာ ပညာေပးအေနနဲ႔ ေျပာကိုေျပာမွ က်န္းမာေရးအသိနဲ႔ဆင္ျခင္ႏိုင္ၾကမွာျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ လိင္စိတ္တက္ႂကြသူေတြမွာ အတူေနတဲ့အခါဆက္ဆံတတ္ၾကတဲ့ ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္း အေၾကာင္းကိုတင္ျပလိုက္ပါတယ္။

ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္း အမ်ိဳးအစားမ်ားစြာရွိပါတယ္။ ဒါေတြကေတာ့

Cunnilingus : အမ်ိဳးသမီးရဲ႕ မိန္းမကိုယ္ အဂါစၤပ္ႏွင့္ မိန္းမကိုယ္ရွိအေစ့ငယ္ စတဲ့ အမ်ိဳးသမီးလိင္အဂါကႋု လိင္ဆက္ဆံေဖာ္က ပါးစပ္ျဖင့္ ႏႈိးဆြေပးျခင္း

Fellatio : ပါးစပ္ျဖင့္ အမ်ိဳးသား၏ လိင္တံကို စုပ္ျခင္း၊ လွ်ာျဖင့္လ်က္ျခင္း

Nippling : လိင္ဆက္ဆံေဖာ္ရဲ႕ ႏို႔သီးေခါင္းကို လွ်ာျဖင့္ ထိုးဆြေပးၿပီးဆက္ဆံျခင္း

Anilingus – လွ်ာႏွင့္ ႏႈတ္ခမ္းကို အသုံးျပဳၿပီး လိင္ဆက္ဆံေဖာ္ရဲ႕ စအိုကို လႈံေဆာ္ေပးျခင္း စသည္တို႔ပဲျဖစ္ပါတယ္။

Nipplingဟာ ေထြေထြထူးထူး ေျပာစရာမရွိေပမယ့္ က်န္တဲ့နည္းလမ္းေတြကေတာ့ ကိုယ့္ရဲ႕ဆက္ဆံေဖာ္သာက်န္းမာေရးမေကာင္းဘဲ လိင္မႈဆိုင္ရာ ကူးစက္ေရာဂါေတြရွိေနခဲ့မယ္ဆိုရင္ ကိုယ့္ကိုလည္းကူးစက္ႏိုင္ေခ်ရွိပါတယ္။ အဲဒီေရာဂါေတြထဲမွာမွ ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္းေၾကာင့္ အျဖစ္အမ်ားဆုံးေရာဂါေတြကေတာ့

ဂႏို ဆီးပူေညာင္းက်ေရာဂါ
လိင္အဂၤါေရယုန္မ်ား
ဆစ္ဖလစ္ ကာလသားေရာဂါတို႔ပဲျဖစ္ပါတယ္။

ကူးစက္ႏိုင္ေျခနည္းေပမယ့္ လုံးဝမကူးဘူးလို႔ေျပာရခက္တဲ့ေရာဂါေတြကေတာ့

အျခားဆီးပူေညာင္းက်ေရာဂါမ်ား
အိတ္ခ်္အိုင္ဗီ HIV ခုခံအားက်ဆင္းမႈေရာဂါ
အသည္းေရာင္အသားဝါ ေအပိုး၊ဘီပိုး၊စီပိုးမ်ား (Hepatitis A,B,C အသည္းေရာင္အသားဝါပိုးမ်ားသည္ oral sexမွတဆင့္ ကူးစက္ႏိုင္ေျခအလြန္နည္းပါးေသာ္လည္း လိင္အဂၤါ။ ပါးစပ္တို႔တြင္ ေသြးထြက္ျခင္းရွိပါက ကူးစက္ႏိုင္ေသာေၾကာင့္ ထည့္သြင္းစဥ္းစားျခင္းျဖစ္သည္။)
လိင္အဂၤါႂကြက္ႏို႔ အစရွိတဲ့ေရာဂါေတြပဲျဖစ္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *