ကလေးမွေးပြီး ၄၅ရက်မပြည့်ခင် လိင်ဆက်ဆံမယ်ဆို ဘာတွေဖြစ်နိုင်မလဲ?
ဆရာဝန်များအနေနဲ့ စုံတွဲလင်မယားတွေကြားတွင် မီးဖွားပြီး လေးပတ်ကနေ ခြောက်ပတ်အကြာ ( ၄၅ ရက် အကြာ ) မှ လိင်ဆက်ဆံချစ်တင်းနှောကြရန် အကြံပြုထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒါဟာ သားအိမ်ခေါင်းနဲ့သားအိမ်တို့ကို အနာကျက်ဖို့ အချိန်လုံလုံလောက်လောက် ရစေရန်အတွက်ပဲ ဖြစ်ပါတယ် ။
မွေးပြီးကာစ အချိန်မှာ သားအိမ်အနားသားတွေဟာ ပိုးဝင်ရန် အင်မတန်လွယ်ကူပါတယ် ။ အထူးသဖြင့် အချင်းကပ်ခဲ့တဲ့နေရာမှာပါ ။ ဒါကြောင့် အဲ့လိုအချိန် မွေးလမ်းကြောင်းအတွင်း လစဉ်သုံးပစ္စည်းထည့်တာ လိင်ဆက်ဆံတာတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ရောက်နိုင်ပါတယ် ။ မွေးဖွားပြီး သားအိမ်ကနေ ရေမြွှာရည်လိုတွေဆင်းတာဟာ အနည်းဆုံး နှစ်ပတ်ကနေ ရှစ်ပတ်အထိ ကြာနိုင်ပါတယ် ။
မွေးပြီး လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ သင့်ဆရာဝန်မှ သင်ခန္ဓာကိုယ်အတွင်း အနာကျက်မှု အခြေအနေကို ပြန်လည်စစ်ဆေးပေးပါမည် ။ ထိုအချိန်တွင် ဆရာဝန်မှ လိင်ဆက်ဆံရန် အဆင်သင့်ဖြစ်မဖြစ် ဆုံးဖြတ်ပေးပါလိမ့်မည် ။ ထိုအချိန်တွင် လိင်ဆက်ဆံမှုကို ရှောင်ခိုင်းထားခြင်းသည်ဟာလဲ တခြား ဆက်ဆံနည်းများကိုပါ ရှောင်ခိုင်းခြင်းဟု မဆိုလိုပါ ။
သတိပြု သိမှတ်ဖွယ်အချက်များ
လိင်ဆက်ဆံရန် စောင့်ဆိုင်းနေစဉ်ကာလအတွင်း တခြားစိတ်အာသာဖြေရေး နည်းလမ်းများကို အသုံးပြုကာ လိင်စိတ်ကို လျော့ပါးစေနိုင်ပါတယ် ။ တခြားနည်းများဆိုရာတွင် တစ်ဦးနှင့်တစ်ဦး အာသာဖြေပေးခြင်း ၊ လက်ဖြင့် အာသာဖြေပေးခြင်းတို့ဆိုလိုပါတယ် ။ အဓိက သိမှတ်ရမည် မှာ မိန်းမကိုယ် အတွင်း ထိုးသွင်းမှုကို ရှောင်ရှားရမည်ဖြစ်ပြီး အထူးသဖြင့် မွေးလမ်းကြောင်းချဲ့ထားခြင်း ပြန်ချုပ်ထားခြင်းအခြအနေများတွင် ရှောင်ရှားရန် အထူးလိုအပ်ပါသည် ။ ထို့အပြင်ပါးစပ်နှင့်လိင်ဆက်ဆံပါကလဲ ထိုနေရာများတွင် ပိုးကူးနိုင်သောကြောင့် ရှောင်ရှားရန် လိုအပ်ပါသည် ။
မွေးပြီးစ လိင်ဆက်ဆံရာမှာ နာကျင်နိုင်ပါသလား ?
မွေးပြီးစ မိန်းမကိုယ်ဟာ နာကျင်ယောင်ရမ်းနေသောကြောင့် သင့်အနေဖြင့် လိင်ဆက်ဆံရာတွင် နာကျင်နေနိုင်ပါတယ် ။ ဒါကြောင့် ဖြည်းဖြည်းနဲ့မှန်မှန် အချိန်ယူသင့်ပါတယ် ။ နောက်ပြီး အနေအထားသက်တောင့်သက်သာ ရှိစေရန်လဲ ထိန်းညှိပေးခြင်းက နာကျင်မှုကို လျော့ပါးစေပါတယ် ။ မိန်းမကိုယ်မှာ ခြောက်သွေ့နေတယ်လို့ခံစားရပါက ချောမွေ့စေသော ဂျယ်လ်များ ခရင်မ်များ သုံးနိုင်ပါတယ် ။ အချိန်တော်တော်ကြာတဲ့အထိ နာကျင်မှုကနေ မသက်သာပါက သင့်ဆရာဝန်ထံ ပြန်လည်ပြသရန်လိုအပ်ပါတယ် ။
မွေးပြီးစ လိင်ဆက်ဆံရာမှာ ခံစားမှု ပြောင်းလဲနိုင်ပါသလား ?
သင့်မိနိးမကိုယ် ကြွက်သားညှစ်အားများသည် မွေးပြီးကာစတွင် လျော့ကျနေနိုင်သောကြောင့် သင့်အနေနှင့် စိတ်ပါမှုကိုလျော့ကျစေနိုင်ပါတယ် ။ ဒါဟာ ယာယီပဲ ဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုပါ ။ သားအိမ်ကြွက်သား လေ့ကျင့်ခန်းများလုပ်ပေးပါက ပြန်လည်သန်မာပြီး ညှစ်အားကောင်းလာမည်ပဲ ဖြစ်ပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
ကေလးေမြးၿပီး ၄၅ရက္မျပည့္ခင္ လိင္ဆက္ဆံမယ္ဆို ဘာေတြျဖစ္ႏိုင္မလဲ?
ဆရာဝန္မ်ားအေနနဲ႔ စုံတြဲလင္မယားေတြၾကားတြင္ မီးဖြားၿပီး ေလးပတ္ကေန ေျခာက္ပတ္အၾကာ ( ၄၅ ရက္ အၾကာ ) မွ လိင္ဆက္ဆံခ်စ္တင္းေႏွာၾကရန္ အၾကံျပဳထားပါတယ္ ။ ဘာလို႔လဲဆိုေတာ့ ဒါဟာ သားအိမ္ေခါင္းနဲ႔သားအိမ္တို႔ကို အနာက်က္ဖို႔ အခ်ိန္လုံလုံေလာက္ေလာက္ ရေစရန္အတြက္ပဲ ျဖစ္ပါတယ္ ။
ေမြးၿပီးကာစ အခ်ိန္မွာ သားအိမ္အနားသားေတြဟာ ပိုးဝင္ရန္ အင္မတန္လြယ္ကူပါတယ္ ။ အထူးသျဖင့္ အခ်င္းကပ္ခ့ဲတ့ဲေနရာမွာပါ ။ ဒါေၾကာင့္ အ့ဲလိုအခ်ိန္ ေမြးလမ္းေၾကာင္းအတြင္း လစဥ္သုံးပစၥည္းထည့္တာ လိင္ဆက္ဆံတာေတြကေန ဘက္တီးရီးယားပိုးမႊားေတြ ေပါက္ေရာက္ႏိုင္ပါတယ္ ။ ေမြးဖြားၿပီး သားအိမ္ကေန ေရႁမႊာရည္လိုေတြဆင္းတာဟာ အနည္းဆုံး ႏွစ္ပတ္ကေန ရွစ္ပတ္အထိ ၾကာႏိုင္ပါတယ္ ။
ေမြးၿပီး ေလးပတ္ကေန ေျခာက္ပတ္အတြင္းမွာ သင့္ဆရာဝန္မွ သင္ခႏၶာကိုယ္အတြင္း အနာက်က္မႈ အေျခအေနကို ျပန္လည္စစ္ေဆးေပးပါမည္ ။ ထိုအခ်ိန္တြင္ ဆရာဝန္မွ လိင္ဆက္ဆံရန္ အဆင္သင့္ျဖစ္မျဖစ္ ဆုံးျဖတ္ေပးပါလိမ့္မည္ ။ ထိုအခ်ိန္တြင္ လိင္ဆက္ဆံမႈကို ေရွာင္ခိုင္းထားျခင္းသည္ဟာလဲ တျခား ဆက္ဆံနည္းမ်ားကိုပါ ေရွာင္ခိုင္းျခင္းဟု မဆိုလိုပါ ။
သတိျပဳ သိမွတ္ဖြယ္အခ်က္မ်ား
လိင္ဆက္ဆံရန္ ေစာင့္ဆိုင္းေနစဥ္ကာလအတြင္း တျခားစိတ္အာသာေျဖေရး နည္းလမ္းမ်ားကို အသုံးျပဳကာ လိင္စိတ္ကို ေလ်ာ့ပါးေစႏိုင္ပါတယ္ ။ တျခားနည္းမ်ားဆိုရာတြင္ တစ္ဦးႏွင့္တစ္ဦး အာသာေျဖေပးျခင္း ၊ လက္ျဖင့္ အာသာေျဖေပးျခင္းတို႔ဆိုလိုပါတယ္ ။ အဓိက သိမွတ္ရမည္ မွာ မိန္းမကိုယ္ အတြင္း ထိုးသြင္းမႈကို ေရွာင္ရွားရမည္ျဖစ္ၿပီး အထူးသျဖင့္ ေမြးလမ္းေၾကာင္းခ်ဲ႕ထားျခင္း ျပန္ခ်ဳပ္ထားျခင္းအျခအေနမ်ားတြင္ ေရွာင္ရွားရန္ အထူးလိုအပ္ပါသည္ ။ ထို႔အျပင္ပါးစပ္ႏွင့္လိင္ဆက္ဆံပါကလဲ ထိုေနရာမ်ားတြင္ ပိုးကူးႏိုင္ေသာေၾကာင့္ ေရွာင္ရွားရန္ လိုအပ္ပါသည္ ။
ေမြးၿပီးစ လိင္ဆက္ဆံရာမွာ နာက်င္ႏိုင္ပါသလား ?
ေမြးၿပီးစ မိန္းမကိုယ္ဟာ နာက်င္ေယာင္ရမ္းေနေသာေၾကာင့္ သင့္အေနျဖင့္ လိင္ဆက္ဆံရာတြင္ နာက်င္ေနႏိုင္ပါတယ္ ။ ဒါေၾကာင့္ ျဖည္းျဖည္းနဲ႔မွန္မွန္ အခ်ိန္ယူသင့္ပါတယ္ ။ ေနာက္ၿပီး အေနအထားသက္ေတာင့္သက္သာ ရွိေစရန္လဲ ထိန္းညႇိေပးျခင္းက နာက်င္မႈကို ေလ်ာ့ပါးေစပါတယ္ ။ မိန္းမကိုယ္မွာ ေျခာက္ေသြ႕ေနတယ္လို႔ခံစားရပါက ေခ်ာေမြ႕ေစေသာ ဂ်ယ္လ္မ်ား ခရင္မ္မ်ား သုံးႏိုင္ပါတယ္ ။ အခ်ိန္ေတာ္ေတာ္ၾကာတ့ဲအထိ နာက်င္မႈကေန မသက္သာပါက သင့္ဆရာဝန္ထံ ျပန္လည္ျပသရန္လိုအပ္ပါတယ္ ။
ေမြးၿပီးစ လိင္ဆက္ဆံရာမွာ ခံစားမႈ ေျပာင္းလဲႏိုင္ပါသလား ?
သင့္မိနိးမကိုယ္ ႂကြက္သားညႇစ္အားမ်ားသည္ ေမြးၿပီးကာစတြင္ ေလ်ာ့က်ေနႏိုင္ေသာေၾကာင့္ သင့္အေနႏွင့္ စိတ္ပါမႈကိုေလ်ာ့က်ေစႏိုင္ပါတယ္ ။ ဒါဟာ ယာယီပဲ ျဖစ္တ့ဲအတြက္ စိုးရိမ္စရာမလိုပါ ။ သားအိမ္ႂကြက္သား ေလ့က်င့္ခန္းမ်ားလုပ္ေပးပါက ျပန္လည္သန္မာၿပီး ညႇစ္အားေကာင္းလာမည္ပဲ ျဖစ္ပါတယ္ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ