ဒီအချိန်မှာမကြမ်းသင့်ပါ
ဘယ်အချိန်မှာ ဘယ်လိုမကြမ်းသင့်တာကိုပြောတာလဲ?
ကိုယ်ဝန်ဆောင်စဉ် ချစ်တင်းနှောချိန်မှာ ယခင်ကလို ကြမ်းတမ်းဆန်းပြားတဲ့အနေအထားတွေ နည်းစနစ်တွေသုံးပြီး ချစ်တင်းမနှောသင့်တာကိုဆိုလိုခြင်းဖြစ်ပါတယ်။
နည်းစနစ်တွေအနေနဲ့တော့
ပါးစပ်နှင့်လိင်ဆက်ဆံရာတွင် မိန်းမကိုယ်အတွင်းလေမှုတ်သွင်း ခြင်း မပြုသင့်ပါ။ ကိုယ်ဝန်ဆောင်စဉ် ပါးစပ်နဲ့လိင်ဆက်ဆံခြင်း ပြုလုပ်နိုင်ပေမယ့် လေမှုတ်သွင်းခြင်းကိုတော့ ရှောင်သင့်ပါတယ်။
လိင်ဆက်ဆံစဉ် မိန်းမကိုယ်အတွင်းသို့ လိင်ဆန္ဒဖြေဖျောက်ပေးသည့်ကိရိယာများ ထိုးထည့်အသုံးပြု၍ ဆက်ဆံခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
စအိုနဲ့လိင်ဆက်ဆံခြင်း (အထူးသဖြင့် လိပ်ခေါင်းရောဂါရှိတဲ့ အမျိုးသမီးတွေ၊အချင်းရှေ့ရောက်သူတွေမှာ) ကိုလည်း ကိုယ်ဝန်ဆောင်စဉ်မှာ မပြုလုပ်တာ ပိုအန္တရာယ်ကင်းပါတယ်။
ရှောင်ကြဉ်သင့်တဲ့အနေအထားကတော့
အမျိုးသမီးပက်လက်လှန်လျက် အနေအထားကိုရှောင်ကြဉ်သင့်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သားအိမ်ထဲက သန္ဓေသား ကြီးထွားလာတာနဲ့အမျှ မိခင်အနေနဲ့ပက်လက်လှန်အနေအထားမှာရှိနေမယ်ဆိုရင် သန္ဓေသားဟာ သွေးကြောမပြီးကို ဖိထားသလို ဖြစ်ပြီး အချင်းဆီကို သွေးရောက်တာနည်းသွားပြီး သန္ဓေသားကို
ထိခိုက်နိုင်တာကြောင့်ပါ။
(ဒါကြောင့်ချစ်တင်းနှောချိန်မှာသာမက ပုံမှန်အိပ်ချိန်မှာလည်း ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ပက်လက်လှန်အိပ်ခြင်းကို တတ်နိုင်သမျှရှောင်ပြီး ဘေးစောင်းအိပ်တဲ့အလေ့အထပြုလုပ်သင့်ပါတယ်။)
အမျိုးသားရဲ့လိင်အင်္ဂါဟာ အမျိုးသမီးရဲ့ သားအိမ်ခေါင်းထိ ထိနိုင်တဲ့ အတွင်းထဲထိ လိင်ဆက်ဆံခြင်းမျိုးကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားနိုင်ရင် ပိုအန္တရာယ်ကင်းပါတယ်။
နောက်ဆုံးတစ်ချက်ကတော့
လိင်ဆက်ဆံပြီးချိန်မှာ မိန်းမကိုယ်ကို သနိ့ရှင်းစင်ကြယ်အောင် ဆေးကြောခြင်းဖြင့် မိခက်နဲ့ကလေးထံသို့ မလိုလားအပ်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါပိုးမွှားများအန္တရာယ်ကျရောက်ခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒေါက်တာမျိုး (UM1)
ဒေါက်တာမျိုး (UM1)
Related posts
အမျိုးသား ကျန်းမာရေး
အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ
1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး
ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)
1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး
ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)
1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
Leave a Reply
Your email address will not be published. Required fields are marked *