မျိုးဥအိမ်ထဲမှာရေအိတ်လေးတွေအများကြီးရှိနေတဲ့ရောဂါ

မိန်းကလေးငယ်လေးတွေ အထူးသဖြင့် အပျိုဖော်ဝင်စအရွယ်တွေမှာဒီ မမျိုးဥအိမ်မှာရေအိတ်လေးတွေအများကြီးရှိနေတဲ့ရောဂါကိုဆေးပညာအခေါ်Polycystic Ovary ( PCOS)လို့ခေါ်ပါတယ်။

အမျိုးသမီး ၁၀ယောက်မှာ ၁ယောက်ထိအဖြစ်များတဲ့ရောဂါပါ။ ဒီလိုဖြစ်ပွားရတဲ့အကြောင်းရင်းကတော့

ခန္တာကိုယ်ထဲမှာ ယောကျာ်းဟော်မုန်း ( Androgen) များလို့ဖြစ်ရတာပါ။ ဟော်မုန်းမညီမျှမှုကြောင့် မမျိုးဥ အိမ်ထဲမှာမမျိုးဥလေးတွေက လစဉ် မကြွေကျနိုင်ဘဲ ရှိတတ်ပါတယ်။ ခံစားရတတ်တဲ့လက္ခဏာတွေကတော့ ဒီလက္ခဏာ ၃ ခုထဲက ၂ခုနဲ့တိုက်ဆိုင်နေပြီဆိုရင်တော့ဒီ ရေအိတ်ရောဂါ ( PCOS) ဖြစ်နေပြီလို့ပြောလို့ရပါတယ်။

၁)ရာသီမမှန်ခြင်း

ရာသီလစဉ်မလာတာ၊ ရာသီ တစ်ခါနဲ့ တစ်ခါကြားကို ၃၅ ရက်ကျော်အောင်ကြာတာ၊ တနှစ်လုံးမှာ ရာသီ၉ခါလောက်ပဲလာတာမျိုးကိုဆိုလိုပါတယ်။

၂) အမျိုးသားဟော်မုန်းများတဲ့လက္ခဏာပြခြင်း

အမျိုးသမီးဖြစ်ပေမယ့်လည်း အမျိုးသားများကဲ့သို့ ထိပ်ပြောင်တာ၊နှုတ်ခမ်းမွှေးပေါက်တာ၊ ခြေလက်တို့မှာ အမွှေးထူတာတွေ ရှိနေတတ်ပါတယ်။

၃) မမျိုးဥ အိမ်မှာရေအိတ်ရှိနေခြင်း

ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်ကြည့်ရင် မမျိုးဥ အိမ်မှာရေအိတ်လေးတွေရှိနေတတ်ပါတယ်။ ဒါကြောင့်ပဲ မမျိူးဥမကြွေဘဲကလေးမရနိုင်တာမျိုး အိမ်ထောင်ရှင်အမျိုးသမီးတွေမှာတွေ့ရပါတယ်။

ဒီရောဂါရဲ့နောက်ဆက်တွဲအနေနဲ့

  • ကလေးမရနိုင်ခြင်း
  • ကလေးပျက်ကျခြင်း
  • အသည်းအဆီဖုံးယောင်ယမ်းခြင်း
  • သွေးတွင်းအဆီဓာတ်များခြင်း
  • အစားအသောက်မမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ပူပင်စိတ်များခြင်းတို့ဖြစ်နိုင်ပါတယ်။

ကုသမှုအနေနဲ့

PCOS ဖြစ်နေတဲ့လူနာတွေအတွက် နေထိုင်မှူပုံစံကအင်မတန်အရေးကြီးပါတယ်။ဝနေတဲ့ ခန္တာကိုယ်ကို ထပ်တိုးပြီးဝမလာစေဖို့ဆိုရင် ကယ်လ်လိုရီနည်းတဲ့အစားအစာတွေကိုရွေးစားပေးရမှာဖြစ်ပါတယ်။ အသီးအနှံများများစားပေးမယ်။ အချိုရည်တွေ၊ အသင့်စားတွေရှောင်မယ်။လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ဖြေးဖြေးမှန်မှန်လျှော့နိုင်မှာပါ။ကိုယ်အလေးချိန်လျော့သွားတာနဲ့အတူ ခံစားရတဲ့လက္ခဏာတွေလည်းသက်သာလာနိုင်ပါတယ်။

ရာသီပုံမှန်ဖြစ်ဖို့ဆိုရင် ဆရာဝန်က

_ ဟော်မုန်းပါဝင်တဲ့ ကိုယ်ဝန်တားဆေးမျိုးပေးနိုင်ပါတယ်။

ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်မယ်ဆိုရင်

_ မမျိုးဥ ကြွေဆေးမျိုးပေးနိုင်ပါတယ်။

မယ်တင်( ဆေး ၁)

မ်ိဳးဥအိမ္ထဲမွာေရအိတ္ေလးေတြအမ်ားႀကီးရွိေနတဲ့ေရာဂါ

မိန္းကေလးငယ္ေလးေတြ အထူးသျဖင့္ အပ်ိဳေဖာ္ဝင္စအရြယ္ေတြမွာဒီ မမ်ိဳးဥအိမ္မွာေရအိတ္ေလးေတြအမ်ားႀကီးရွိေနတဲ့ေရာဂါကိုေဆးပညာအေခၚPolycystic Ovary ( PCOS)လို႔ေခၚပါတယ္။

အမ်ိဳးသမီး ၁၀ေယာက္မွာ ၁ေယာက္ထိအျဖစ္မ်ားတဲ့ေရာဂါပါ။ ဒီလိုျဖစ္ပြားရတဲ့အေၾကာင္းရင္းကေတာ့

ခနၱာကိုယ္ထဲမွာ ေယာက်ာ္းေဟာ္မုန္း ( Androgen) မ်ားလို႔ျဖစ္ရတာပါ။ ေဟာ္မုန္းမညီမၽွမႈေၾကာင့္ မမ်ိဳးဥ အိမ္ထဲမွာမမ်ိဳးဥေလးေတြက လစဥ္ မေႂကြက်ႏိုင္ဘဲ ရွိတတ္ပါတယ္။ ခံစားရတတ္တဲ့လကၡဏာေတြကေတာ့ ဒီလကၡဏာ ၃ ခုထဲက ၂ခုနဲ႔တိုက္ဆိုင္ေနၿပီဆိုရင္ေတာ့ဒီ ေရအိတ္ေရာဂါ ( PCOS) ျဖစ္ေနၿပီလို႔ေျပာလို႔ရပါတယ္။

၁)ရာသီမမွန္ျခင္း

ရာသီလစဥ္မလာတာ၊ ရာသီ တစ္ခါနဲ႔ တစ္ခါၾကားကို ၃၅ ရက္ေက်ာ္ေအာင္ၾကာတာ၊ တႏွစ္လံုးမွာ ရာသီ၉ခါေလာက္ပဲလာတာမ်ိဳးကိုဆိုလိုပါတယ္။

၂) အမ်ိဳးသားေဟာ္မုန္းမ်ားတဲ့လကၡဏာျပျခင္း

အမ်ိဳးသမီးျဖစ္ေပမယ့္လည္း အမ်ိဳးသားမ်ားကဲ့သို႔ ထိပ္ေျပာင္တာ၊ႏႈတ္ခမ္းေမႊးေပါက္တာ၊ ေျခလက္တို႔မွာ အေမႊးထူတာေတြ ရွိေနတတ္ပါတယ္။

၃) မမ်ိဳးဥ အိမ္မွာေရအိတ္ရွိေနျခင္း

ကြန္ျပဴတာဓာတ္မွန္( Ultrasound) ရိုက္ၾကည့္ရင္ မမ်ိဳးဥ အိမ္မွာေရအိတ္ေလးေတြရွိေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ မမ်ိဴးဥမေႂကြဘဲကေလးမရႏိုင္တာမ်ိဳး အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြမွာေတြ႕ရပါတယ္။

ဒီေရာဂါရဲ႕ေနာက္ဆက္တြဲအေနနဲ႔

  • ကေလးမရႏိုင္ျခင္း
  • ကေလးပ်က္က်ျခင္း
  • အသည္းအဆီဖံုးေယာင္ယမ္းျခင္း
  • ေသြးတြင္းအဆီဓာတ္မ်ားျခင္း
  • အစားအေသာက္မမွန္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ ပူပင္စိတ္မ်ားျခင္းတို႔ျဖစ္ႏိုင္ပါတယ္။

ကုသမႈအေနနဲ့

PCOS ျဖစ္ေနတဲ့လူနာေတြအတြက္ ေနထိုင္မႉပံုစံကအင္မတန္အေရးႀကီးပါတယ္။ဝေနတဲ့ ခနၱာကိုယ္ကို ထပ္တိုးၿပီးဝမလာေစဖို႔ဆိုရင္ ကယ္လ္လိုရီနည္းတဲ့အစားအစာေတြကိုေရြးစားေပးရမွာျဖစ္ပါတယ္။ အသီးအႏွံမ်ားမ်ားစားေပးမယ္။ အခ်ိဳရည္ေတြ၊ အသင့္စားေတြေရွာင္မယ္။ေလ့က်င့္ခန္းပံုမွန္လုပ္မယ္ဆိုရင္ ကိုယ္အေလးခ်ိန္ကို ေျဖးေျဖးမွန္မွန္ေလၽွာ့ႏိုင္မွာပါ။ကုိယ္အေလးခ်ိန္ေလ်ာ့သြားတာနဲ႔အတူ ခံစားရတဲ့လကၡဏာေတြလည္းသက္သာလာႏိုင္ပါတယ္။

ရာသီပံုမွန္ျဖစ္ဖို႔ဆိုရင္ ဆရာဝန္က

_ ေဟာ္မုန္းပါဝင္တဲ ့ ကိုယ္ဝန္တားေဆးမ်ိဳးေပးႏိုင္ပါတယ္။

ကေလးလိုခ်င္တဲ့ အိမ္ေထာင္ရွင္အမ်ိဳးသမီးျဖစ္မယ္ဆိုရင္

_ မမ်ိဳးဥ ေႂကြေဆးမ်ိဳးေပးႏိုင္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *