All Articlesပိုးသေဆေးများ

Pocef (ပိုးသတ္ေဆး အမ်ိဳးအစား)

1 Mins read
All Articlesပိုးသေဆေးများ

Pocef (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read

ပါဝင်သောဆေး-Cefpodoxime proxetil၊
ဆေးပုံစံ- ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-သာမန်မှ အလယ်အလတ်အဆင့် အသက်ရူလမ်းကြောင်းပိုးဝင်ခြင်း (နားပြည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ အစာမျိုပြွန်ရောင်ခြင်း)၊ အရေပြားနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ။
သုံးစွဲရန်အညွှန်း- ရောဂါအခြေအနေနှင့် လူတစ်ဦးချင်းပေါ်မူတည်၍ ဆေးပမာဏမတူညီပါ။ ၁၀၀-၂၀၀မီလီဂရမ် ၁၂ နာရီခြားဆီ ၅ရက်မှ ၁၀ ရက်ထိ သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ပင်နီဆလင်၊ cephalosporin ပိုးသတ်ဆေးနှင့် မတည့်သူများ။
သတိပြုရမည့်အချက်များ- ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၅လ အောက်ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ရက်ကြာအားကောင်းသော ဆီးဆေးများနှင့် တွဲမသုံးသင့်ပါ။ ဆေးသောက်သည့်ကာလ ၁၀ ရက်ထက်ကျော်ပါက သွေးဆဲလ်အရေအတွက်ပြန်စစ်ရန်လိုအပ်ပါသည်။ ဆီးသွားနည်းခြင်းဖြစ်တတ်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ အရေပြားတွင် မှိုရောဂါများဖြစ်ခြင်းနှင့် အခြားသောအရေပြားအကွက်ဖြစ်ခြင်းများ၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ်အက်ဆစ်ချေဖျက်ဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။ Probenecid ဆေး၏ ကျောက်ကပ်မှ စွန့်ထုတ်မှုကို ကျစေပါသည်။ ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများ၏ အာနိသင်ကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *