PMS ဆိုတဲ့ (ဓမ္မတာလာချိန် စိတ်ဖောက်ပြန်ခြင်း)
~~~~~~
PMS – Premenstrual Syndrome ဆိုတာ အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတတ်တဲ့ လက္ခဏာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ မျိုးဉ ကြွေပြီးတဲ့အချိန်နဲ့ ရာသီမလာခင် တပါတ်လောက် အလိုမှာ အဖြစ်များပြီး ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်တတ်တာကြောင့် လို့ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် Cope လုပ်ပုံခြင်း ကွာတဲ့အတွက် ပုံမှန်ပြောလို့မရပါဘူး။ ( ၄~၅ ) ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာတော့ ပိုဆိုးတတ်တာကြောင့် PMDD (Premenstrual Dysphoric Disorder) လို့ သတ်မှတ်ပြီး ကုသမှု ခံယူရတဲ့ လူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ Super Women တွေချည်းပဲမလို့ PMS အကြောင်းကို သိပ်အရေးလုပ်ပြီး ပြောမနေကျပေမယ့် Even Superheroes Have Bad Days ပါ။ ရာသီ မလာခင်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်တွေရှိပါတယ်။
📌 စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာတာတွေ ကတော့
===============
👉 Mood Swings အခုပဲ ပျော်နေတာကနေ ငိုချင်သလိုလို ဖြစ်လာတာ
👉 မြင်သမျှ အကုန်စားချင်နေတာ
👉 စိတ်ဓာတ်ကျလွယ်တာ
👉 ဆတ်ဆတ်ထိမခံတာ (တခုခုဆို သည်းမခံနိုင်တော့တာ)
👉 ဘာကို စိုးရိမ်လို့ စိုးရိမ်နေမှန်း မသိတာ
👉 စိတ်ညစ်လွယ်တာ၊ မျက်ရည်လွယ်လာတာမျိုး
👉 အာရုံစူးစိုက်လို့ မရတာတွေ ဖြစ်တတ်ပြီး
📌 ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကတော့
==============
🧬 Bloating Sensation အသားအရည်တွေက ပြည့်ပြီး ဖောလာသလိုမျိုး ခံစားရတတ်တယ်။
🧬 ဗိုက်အောင့်လာတာမျိုးဖြစ်မယ်။ ပြီးတော့ လူကလဲ နုံးနေမယ်၊ မလှုပ်ချင်တော့ဘူး။
🧬 နို့အုံတွေ နာလာတတ်တယ်။ ခေါင်းတွေ ကိုက်တတ်တယ်။ အချို့က အဲ့အချိန် ဝက်ခြံတွေ ထွက်လာတတ်တယ်။ ဝက်ခြံမပေါက်တတ်တဲ့လူတောင် တစ်လုံးလောက်တော့ ပေါက်လာတတ်တယ်။
🧬 ဒီလိုတွေ ခံစားရတတ်ပေမယ့် အများစုကတော့ Daily Activities တွေ ပျက်ရလောက်တဲ့ထိ မဆိုးပါဘူး။
👩⚕️ ဒီလို လက္ခဏာတွေ သက်သာအောင် ဘာတွေလုပ်သင့်လဲဆိုတော့ – Caffeine လျှော့စားပါ (ကော်ဖီ, Energy Drinks) ၊ ဆား လျှော့စားပါ။- Dark chocolate နည်းနည်း စားပေးပါ၊ အသီးအနှံတွေ များများ စားပါ၊ စိတ်ဖိစီးမှု လျှော့ချပါ။ -ကိုယ့်စိတ်ဖိစီးမှု လျှော့ချလို့ မရရင် ဘဲကို ခေါင်းစားပေး လိုက်ပါ၊ 😆 ကိုယ့်အစားသူ စိတ်ရှုပ်ပေးပါလိမ့်မယ်။ (ဘဲမရှိတဲ့လူတွေကတော့ ဆောရီးပါ။ 😝😝😝)
-နောက်ပြီးတော့ လေ့ကျင့်ခန်းလေး နည်းနည်း လုပ်ပါ။ ကောင်းကောင်း အနားယူပါ။ ကိုယ့်အလုပ် ပျက်လောက်တဲ့ထိ PMS ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Dr_KyawYe_ဆေး(၁)