ခြေဖနောင့်အတက်ထွက်ခြင်း

ခြေဖနောင့်အတက်ထွက်ခြင်းဖြစ်လာပြီဆိုရင် ခြေဖနောင့်အောက်တည့်တည့်နေရာမှာ နာကျင်ခြင်းခံစားရလေ့ရှိပါတယ်။ ဒီအခြေအနေဟာ ဖနောင့်အောက်က အရွတ်ပြားလေးရောင်ယမ်းလို့ နာကျင်ခြင်းဖြစ်ပေါ်စေတာပါ။ဖနောင့်ရိုးဟာ မူလသဘာဝလိုလုံးချောမနေဘဲ အတက်ထွက်သလို အဖုအထစ်လေးတွေရှိလာတဲ့အခါ အောက်ကအရွတ်ပြားကိုယောင်ယမ်းစေတာပါ။

အများအားဖြင့် အသက်၄၀ကျော် လမ်းများများလျှောက်ရသူ၊ ဖြစ်တတ်ပြီးအသက်ငယ်အားကစားသမားတွေမှာလည်းတွေ့ရတတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ ဖနောင့်နာကျင်ခြင်းဟာ အိပ်ရာထခါစ (သို့) အကြာကြီးထိုင်ရာမှလမ်းစလျှောက်တဲ့အချိန်တွေမှာ နာကျင်မှုအဆိုးဆုံးဖြစ်တတ်ပါတယ်။မနက်နိုးလာလို့ လမ်းလျှောက်တဲ့အခါ သက်သာနေတတ်ပြီး ညနေစောင်းကြမှပြန်နာလာတတ်ပါတယ်။ ဖနောင့်နေရာကိုထိလိုက်ရင်လဲ နာကျင်တတ်ပါတယ်။

ဒီလိုလက္ခဏာတွေရှိရင်တော့ ဆရာဝန်က သင့်ဖနောင့်ကို ဓာတ်မှန်ရိုက်စစ်ဆေးပေးနိုင်ပါတယ်။ဓာတ်မှန်မှာ အရိုးအတက်ရှိနေတတ်ပြီး ဒီအရိုးအတက်က ခွဲဖို့မလိုတတ်ပါဘူး။ ဒီပြသနာဟာ ၆လမှ ၁၈လအတွင်း သူ့ဘာသူလည်းပျောက်သွားနိုင်ပါတယ်။ တကယ်လို့ နာကျင်လာခဲ့မယ်ဆိုရင်တော့

  • မဖြစ်မနေ လမ်းများများလျှောက်ခြင်း၊ ပြေးခြင်းတို့ကို မလုပ်သင့်ပါ။
  • ရေအေးထဲ တစ်လှည့် ရေနွေးထဲတစ်လှည့် စက္ကန့်၃၀ခန့်စီတစ်လှည့်စီ ၁၅မိနစ်ထိ မနက်၊ ည စိမ်ပြီး သက်သာစေနိုင်ပါတယ်။
  • ခြေဖဝါးကို ကြိုးသို့ သဘက်ဖြင့်အပေါ်ကိုကော့စေသော( Stretching exercise)လုပ်စေခြင်း။
  • ဖနောင့်နေရာတွင် ခြေဖဝါးအခု( Heel cushion) ထား၍ စီးခြင်းတို့ဖြင့်သက်သာစေနိုင်ပါသည်။

အကယ်၍ နာကျင်ခြင်းမခံမရပ်နိုင်အောင်ဖြစ်နေပါကဆရာဝန်မှသင့်အား ခြေဖဝါးအတွင်း ဆေးထိုး၍ အယောင်ကျအောင်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးထိုးခြင်းဟာ အလွန်လိုအပ်မှ ဆရာဝန်က အကျိုးအပြစ်ချင့်ချိန်ထိုးပေးမှာဖြစ်ပါတယ်။

ဒီလောက်ဆို ခြေဖနောက့်အတက်ထွက်ခြင်းအကြောင်းလေးသိပြီလို့ထင်ပါတယ်။

မယ်တင်( ဆေး ၁)

ေျခဖေနာင့္အတက္ထြက္ျခင္း

ေျခဖေနာင့္အတက္ထြက္ျခင္းျဖစ္လာၿပီဆိုရင္ ေျခဖေနာင့္ေအာက္တည့္တည့္ေနရာမွာ နာက်င္ျခင္းခံစားရေလ့ရွိပါတယ္။ ဒီအေျခအေနဟာ ဖေနာင့္ေအာက္က အရြတ္ျပားေလးေရာင္ယမ္းလို႔ နာက်င္ျခင္းျဖစ္ေပၚေစတာပါ။ဖေနာင့္ရိုးဟာ မူလသဘာဝလိုလံုးေခ်ာမေနဘဲ အတက္ထြက္သလို အဖုအထစ္ေလးေတြရွိလာတဲ့အခါ ေအာက္ကအရြတ္ျပားကိုေယာင္ယမ္းေစတာပါ။

အမ်ားအားျဖင့္ အသက္၄၀ေက်ာ္ လမ္းမ်ားမ်ားေလၽွာက္ရသူ၊ ျဖစ္တတ္ၿပီးအသက္ငယ္အားကစားသမားေတြမွာလည္းေတြ႕ရတတ္ပါတယ္။ လကၡဏာေတြအေနနဲ႔ ဖေနာင့္နာက်င္ျခင္းဟာ အိပ္ရာထခါစ (သို႔) အၾကာႀကီးထိုင္ရာမွလမ္းစေလၽွာက္တဲ့အခ်ိန္ေတြမွာ နာက်င္မႈအဆိုးဆံုးျဖစ္တတ္ပါတယ္။မနက္ႏိုးလာလို႔ လမ္းေလၽွာက္တဲ့အခါ သက္သာေနတတ္ၿပီး ညေနေစာင္းၾကမွျပန္နာလာတတ္ပါတယ္။ ဖေနာင့္ေနရာကိုထိလိုက္ရင္လဲ နာက်င္တတ္ပါတယ္။

ဒီလိုလကၡဏာေတြရွိရင္ေတာ့ ဆရာဝန္က သင့္ဖေနာင့္ကို ဓာတ္မွန္ရိုက္စစ္ေဆးေပးႏိုင္ပါတယ္။ဓာတ္မွန္မွာ အရိုးအတက္ရွိေနတတ္ၿပီး ဒီအရိုးအတက္က ခြဲဖို႔မလိုတတ္ပါဘူး။ ဒီျပသနာဟာ ၆လမွ ၁၈လအတြင္း သူ႔ဘာသူလည္းေပ်ာက္သြားႏိုင္ပါတယ္။ တကယ္လို႔ နာက်င္လာခဲ့မယ္ဆိုရင္ေတာ့

  • မျဖစ္မေန လမ္းမ်ားမ်ားေလၽွာက္ျခင္း၊ ေျပးျခင္းတို႔ကို မလုပ္သင့္ပါ။
  • ေရေအးထဲ တစ္လွည့္ ေရေႏြးထဲတစ္လွည့္ စကၠန္႔၃၀ခန္႔စီတစ္လွည့္စီ ၁၅မိနစ္ထိ မနက္၊ ည စိမ္ၿပီး သက္သာေစႏိုင္ပါတယ္။
  • ေျခဖဝါးကို ႀကိဳးသို႔ သဘက္ျဖင့္အေပၚကိုေကာ့ေစေသာ( Stretching exercise)လုပ္ေစျခင္း။
  • ဖေနာင့္ေနရာတြင္ ေျခဖဝါးအခု( Heel cushion) ထား၍ စီးျခင္းတို႔ျဖင့္သက္သာေစႏိုင္ပါသည္။

အကယ္၍ နာက်င္ျခင္းမခံမရပ္ႏိုင္ေအာင္ျဖစ္ေနပါကဆရာဝန္မွသင့္အား ေျခဖဝါးအတြင္း ေဆးထိုး၍ အေယာင္က်ေအာင္လုပ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီေဆးထိုးျခင္းဟာ အလြန္လိုအပ္မွ ဆရာဝန္က အက်ိဳးအျပစ္ခ်င့္ခ်ိန္ထိုးေပးမွာျဖစ္ပါတယ္။

ဒီေလာက္ဆို ေျခဖေနာက့္အတက္ထြက္ျခင္းအေၾကာင္းေလးသိၿပီလို႔ထင္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *