ကလေးအချင်းအရှေ့ရောက်နေသောအခါ
ကိုယ်ဝန်ဆောင်စဉ် ဆန်းကြယ်တဲ့ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ်။မမျိုးဥ နဲ့ သုတ်ပိုးလေးပေါင်းပြီး သန္တေသားသေးသေးလေးဖြစ်လာပါတယ်။ဒီသန္တေသားလေး သားအိမ်ထဲမှာအခြေကျဖို့ ကို သားအိမ်နံရံမှာ သန္တေသားအတွက်” အချင်း” လို့ခေါ်တဲ့ အမြစ်ကလေးက သန္တေသားနဲ့ မေမေကို ဆက်သွယ်ပေးထားပါတယ်။အချင်းကတစ်ဆင့် ချက်ကြိုးကိုဖြတ်ပြီးမေမေ့ရဲ့အာဟာရတွေကိုသန္တေသားလေးဆီပို့ဆောင်ပေးပါတယ်။
ဒီအချင်းဟာ ပုံမှန်ဆိုရင် သားအိမ်ရဲ့အပေါ်ဖက်ခြမ်းမှာ တွယ်ကပ်လေ့ရှိပါတယ်။ဒါကို တော့ပုံမှန်အချင်းတွယ်ကပ်ခြင်းလို့ခေါ်ပြီး အချင်းဟာ သားအိမ်အပေါ်မှာမတွယ်ဘဲ သားအိမ်အောက်ဖက်ခြမ်းကလေးမွေးလမ်းကြောင်းအဝနားမှာရှိနေတယ်ဆိုရင် အချင်းရှေ့ရောက်ခြင်းလို့သတ်မှတ်ပါတယ်။ကလေးအချင်းအရှေ့ရောက်တဲ့အခါ ပုံမှန်မဟုတ်တဲ့အတွက်မကောင်းနိုင်ဘူးဆိုတာ စဉ်းစားရုံနဲ့တင်သိနိုင်ပါတယ်။ ဘာတွေမကောင်းလဲဆိုရင်တော့ကိုယ်ဝန်ဆောင်စဉ်ရော ၊ မွေးဖွားချိန်မှာရော သွေးဆင်းစေပါတယ်။အနေအထားမမှန်တဲ့အချင်းကနေ သွေးစိမ့်ထွက်တာကြောင့်ပါ။အချင်းရှေ့ရောက်တဲ့ အနေအထားဟာ မိန်းမကိုယ်အဝကို ဘယ်လောက်ပိတ်ထားလဲပေါ်မူတည်ပြီး ခွဲမွေးရမမွေးရလည်းကွာခြားသွားပါတယ်။
သိပ်မဆိုးတဲ့အချင်းအရှေ့ရောက်ခြင်းမှာတော့ ကလေးကို ရိုးရိုးမွေးနိုင်ပေမယ့်မွေးလမ်းကြောင်းကိုလုံးဝပိတ်ထားတယ့် အလျင်းဆိုရငတော့မဖြစ်မနေခွဲမွေးရ
နိုင်ပါတယ်။ဒီအချင်းအရွှေရောက်ခြင်းကို အထူးသဖြင့် ကလေးမကြာခဏမွေးသူတွေ( အချင်းကပ်စရာနေရာမရှိတော့တာကြောင့်)အမွှာကိုယ်ဝန်ဆောင်သူတွေယခင်ကိုယ်ဝန်ကိုခွဲစိတ်ပြီးမွေးထားသူတွေမှာတွေ့ရများပါတယ်။ အန္တရာယ်အနေနဲ့ကတော့ သွေးဆင်းတာကြောင့်
  • မိခင်မှာသွေးအားနည်းခြင်းဖြစ်နိုင်ပါတယ်။
  • ကလေးဆီသွေးရောက်နည်းတာကြောင့် ကလေးကြီးထွားမှုရပ်တာဖြစ်နိုင်ပါတယ်။
  • အချင်းကအရှေ့ကခံနေတာကြောင့်ကလေးအနေအထားမမှန်ဘဲ ဆုံပိုင်းဖြစ်နေတာ
  • မွေးချိန်မတိုင်ဘဲ စောမွေးတာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်အချင်းအရှေ့ရောက်တဲ့ကိုယ်ဝန်လွယ်ထားရတဲ့မိခင်တွေဟာအခြားကိုယ်ဝန်ဆောင်တွေထက်ပိုပြီး ဗိုက်ပြဖို့ရက်ချိန်းပိုသွားရတာ။ကလေးကြီးထွားနှုန်းသိဖို့ မကြာခဏ ကွန်ပြူတာဓာတ်မှန်(Ultrasoun) ရိုက်ရတာသွေးအားနညိးမနည်းသိဖို့ သွေးဖောက်စစ် ရ တာမျိုးတွေ ပိုလုပ်ရတတ်ပါတယ်။ ဒါပေမယ့် အချင်းရှေ့ရောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပိုဂရုစိုက်ပြီးဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာမယ်ဆိုရင် ကျန်းမာဖွံ့ဖြိုးတဲ့ကလေးလေးတွေမွေးဖွားနိုင်မှာပါပဲ။
မယ်တင်( ဆေး ၁)
မယ်တင်( ဆေး ၁)
MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...
1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ
1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်
1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…
Leave a Reply
Your email address will not be published. Required fields are marked *