ဝက်ခြံညှစ်ခြင်း၏ ဆိုးကျိုးများ
ဝက်ခြံထွက်တိုင်း မှန်ကြည့်လိုက်ရင် မျက်နှာပေါ်က ဝက်ခြံဖုရဲရဲလေးက ဖောက်ပစ်၊ ညှစ်ပစ်ချင် စရာပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ပညာရှင်မဟုတ်ဘဲ မိမိဘာသာ ဝက်ခြံဖောက်ခြင်းဟာ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ဝက်ခြံပိုဆိုးလာခြင်း။
ဝက်ခြံဖု ပိုကြီးလာခြင်း။
ဝက်ခြံညှစ်ပြီးနေရာများတွင် အမာရွတ်၊ ချိုင့်ခွက်များကျန်ခဲ့ခြင်း။
ဝက်ခြံဖုမှ ပိုမိုနာကျင်လာခြင်း။
ဝက်ခြံတွင်း ပိုးဝင်ကာ ယောင်ယမ်းလာခြင်း။
မသန့်ရှင်းတဲ့ လက်တွေ၊ ဝက်ခြံညှစ်တံတွေနဲ့ ထိုးစွပြီး ဝက်ခြံညှစ်ကြတာကြောင့်လည်း ဘက်တီးရီးယားပိုးများ ပေါက်ဖွားလာနိုင်တာကြောင့် မိမိကိုယ်တိုင် ဝက်ခြံဖောက်ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)