လိပ်ခေါင်းဟုတ်မဟုတ် စစ်ဆေးကြည့်ပါ။
လိပ်ခေါင်းရဲ့ ရောဂါလက္ခဏာတွေကတော့
ဝမ်းသွားပြီးရင် နီရဲရဲသွေးထွက်လာခြင်း
စအိုယားခြင်း
ဝမ်းသွားပြီးပါကလည်း ဝမ်းဆက်သွားချင်သေးသည့် လက္ခဏာခံစားရခြင်း
အတွင်းခံ သို့မဟုတ် သုတ်လိုက်တဲ့ တစ်သျှူးစက္ကူမှာ အချွဲများပါလာခြင်း
စအိုတဝိုက်တွင် အဖု ကို စမ်းမိခြင်း
စအိုနားတဝိုက် နာကျဉ်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။
သွေးကြောတွေ ရောင်လာပြီး ထုံးသွားရာမှ လိပ်ခေါင်းဖြစ်လာရတာပါ။ ဘာကြောင့်ဖြစ်ရတာလဲတော့ အတိအကျမသိသေးပါဘူး။
လိပ်ခေါင်းဖြစ်စေတဲ့အရာတွေကတော့
ဝမ်းချုပ်ခြင်း
ဝမ်းသွားနေသည့်အချိန် အတင်းညှစ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်
အလေးအပင် မ ခြင်း တို့ပဲဖြစ်ပါတယ်။
လိပ်ခေါင်းကို ဘယ်လိုကာကွယ်(ကုသ)မလဲ ?
လိပ်ခေါင်းကို ကာကွယ်(ကုသ)ဖို့ ဒါတွေကို သင်လုပ်ပေးပါ။
ဝမ်းပျော့အောင်၊ဝမ်းမချုပ်အောင် ရေများများသောက်ပါ၊ အမျှင်ဓာတ်ပါဝင်မှုမျာသော အသီးအနှံများများစားပါ။
စအိုသုတ်တဲ့ အိမ်သာသုံးစက္ကူက စိုနေပါစေ။(ဥပမာ wet tissue ကို သုံးလို့ရပါတယ်။)
(ရေဖြင့်ဆေးခြင်းကလည်း ပိုကောင်းပါတယ်။)
လိပ်ခေါင်းနာကျဉ်လာပါက ပါရာစီတမော သောက်လို့ရပါတယ်။
နာကျဉ်နေတာတွေ၊ယားတာတွေ သက်သာစေဖို့ရေနွေးနွေးဖြင့် ဆေးပေးလို့ရပါတယ်။
ရေခဲကို အဝတ်တစ်ခုနဲ့ပတ်ပြီး စအိုမှာ ကပ်ထားပေးလို့ရပါတယ်။
လိပ်ခေါင်းအပြင်ထွက်လာရင် အထဲကို အသာလေးတွန်းထည့်ပေးလို့ရပါတယ်။
သင့်ရဲ့စအိုဧရိယာတဝိုက်ကို ခြောက်သွေ့ပြီး၊ သန့်ရှင်းနေအောင်ထားပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
ဝမ်းချုပ်စေတဲ့ အရက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ တို့ကို ဖြတ်တောက်ပစ်ပါ။
ဝမ်းသွားပြီးပါက စအိုက ကြမ်းတမ်းစွာ သုတ်မဆေးပါနှင့်။(ရေဖြင့်ဆေးခြင်းက ပိုကောင်းပါတယ်)
ဝမ်းသွားချင်တာကို အောင့်မထားပါနှင့်။
ဝမ်းသွားနေတဲ့အချိန် တအားမညှစ်ပါနှင့်။
ဝမ်းချုပ်စေတဲ့ ဆေးတွေ၊အစာတွေမစားပါနှင့်။
လိပ်ခေါင်းကသွေးထွက်နေပါက အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနှင့်။
အိမ်သာထဲတွင် အချိန်အကြာကြီး ထိုင်မနေပါနှင့်။
လိပ်ခေါင်းက မသက်သာပဲ ပိုဆိုးလာရင် ဆရာဝန်ဖြင့်ပြသကြည့်ပါ။ မိမိခံစားနေရသည်များကို ဆရာဝန်ဖြင့် ပွင့်ပွင့်းလင်းလင်းဆွေးနွေးတိုင်ပင်ပြီး စမ်းသပ်မှုခံယူပါ။ ကုသမှုခံယူပါ။