လိင်အင်္ဂါအရေပြား နောက်သို့ ဆွဲချ၍ မရခြင်း လိင်အင်္ဂါ နှင့် အရေပြားကိုပုံမှန် နေရာမှန်ရောက်အောင် ပြန်ဆွဲမချနိုင်ခြင်း
ရာသီဥတု ပူအိုက်တဲ့ ညနေခန်းတစ်ခုမှာ ပိုင်နီမောင်တစ်ယောက် ဆေးခန်းထိုင်နေရင်း သားအမိနှစ်ယောက်ဆေးခန်းလာပြပါလေရဲ့..
မေ – ကျွန်မသားလေးရဲ့ ငယ်ပါထိပ်က ယောင်နေတယ်.. ပြီးတော့ နာနေတယ်လို့ ပြောတယ် ဆရာ… ဆီးသွားတဲ့အခါမှာလဲ ထိပ်လေးက အရမ်းဖောင်းလာလို့ စိုးရိမ်လို့ လာပြတာပါ…
အော် အင်း.. ထိုင်ပါဦး… ကလေးကို စမ်းသပ်ကြည့်ပါရစေ…
ပိုင် – ဟုတ်ပ..အမေရေ… ကလေးရဲ့ ငယ်ပါ ထိပ်လေးက ယောင်နေတယ်..ပြီးတော့ နာတယ်ဆိုတော့… ဒါမျိုးက တချို့လူတွေမှာ ဖြစ်တတ်တဲ့ ‘ငယ်ပါ’အပေါ်က အရေပြားကို ဆွဲချလို့ မရခြင်း(phimosis)လို့ ခေါ်တာမျိုး ဖြစ်နေတတ်တယ်….
မေ -စိုးရိမ်ရလား ဆရာ
ပိုင် – ဒီလိုတော့ ရှိတယ်… ကလေးရဲ့ အသက်ရယ်.. ငယ်ပါထိပ်က ဘယ်လောက်ထိ ပိတ်နေလဲ… ဘယ်လို လက္ခဏာတွေ ရှိလဲ ပေါ်မှာ မူတည်တယ်…
ဒီလို ငယ်ပါထိပ်အရေပြားကို နောက်ကိုဆွဲချမရတာဟာ ပုံမမှန်တာတစ်ခုကြောင့် ဖြစ်နိုင်သလို တချို့မှာလဲ အသက် ငယ်တုန်းမို့ အရေပြားကို နောက်ကို ဆွဲချမရတာမျိုး ဖြစ်တတ်ပါတယ် …တချို့ယောကျာ်းလေးတွေမှာဆိုရင် အသက် ၁၇ နှစ်ထိလောက် ဖြစ်တတ်တယ်… အဲ့ထက်ကြီးတဲ့ ယောကျာ်းလေးတွေဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်တယ်…
မေ – ဒါဆို ကျွန်မကလေးက ခု အသက်ဆယ်နှစ်ဆိုတော့ စောင့်ကြည့်ရဦးမှာပေါ့နော်..
ပိုင် – အဲ့လိုတော့ ပြောရမှာပေါ့..
မေ – ဒါဆို ဒီကြားထဲများ ကလေးနေမကောင်းမှာစိုးတော့ သတိထားသင့်တဲ့ ” လက္ခဏာ”လေးတွေ ပြောပြပါလား… ဆရာ
ပိုင် – ဆီးပေါက်တဲ့အခါမှာ အရေပြားထိပ်လေးက ပူဖောင်းလို အရမ်းဖောင်းနေမယ်…ပြီးရင် ဆီးချောင်းကလည်း ပုံမှန်ထပ် သေးမယ်နည်းမယ်…. ဆီးထဲမှာ သွေးပါလာတာတို့ ဖြစ်တတ်တယ်…
ဒါ့ပြင် အရေပြားထိပ်မှာ အရမ်းပိတ်နေတော့ ရောဂါပိုးဝင်ပြီး ဆီးသွားတဲ့အခါ ဆီးကျဉ်မယ်ဆီးပူမယ်..ဗိုက်အောက်ပိုင်းတွေ နာမယ်.. ဆီးအိမ်ထဲ ဆီးမရှိပေမယ့် စိတ်ထဲမှာ ဆီးသွားချင်သလို ဖြစ်နေမယ်… ငယ်ပါထိပ်အရေပြားမှာ အဖြူရောင်အမာရွတ်လို ကွင်းလေး တွေ့ရတတ်တယ်…
အသက်ကြီးတဲ့အမျိုးသားတွေမှာ အရေပြားထိပ်မှာ နာတာမျိုးရှိမယ် .. တခါတလေမှာ.. ထိပ်ကနေ အကျိအခွဲျတွေ ပါလာတတ်တယ်…လိင်ဆက်ဆံတဲ့ အခါမှာလဲ နာကျင်တာမျိုး ရှိတတ်တယ်…
မေ – ဆရာ ပြောသွားသလိုဆို အသက်ကြီးတဲ့ သူတွေမှာလဲ ဖြစ်တာပေါ့နော်..
ပိုင် – ဒါပေါ့ … ဒါပေမယ့် အသက်ကြီးတဲ့ လူတွေမှာ အဖြစ်များတာကတော့ paraphimosis လို့ခေါ်တယ်…
” သူက တူမလိုနဲ့ ကွဲပြားတယ်”…အရေပြားထိပ်ကို ဖြတ်ထားခြင်း မရှိတဲ့၊အရေပြားသာမန်ထပ်ပိုရှည်တဲ့သူတွေမှာ ဖြစ်တတ်တယ်… အရေပြားထိပ်ကို နောက်ကိုဆွဲပြီး ပုံမှန်နေရာမှန် ပြန်မရောက်ပဲ ပြန်မဆွဲချနိုင်တော့တာ ကျန်နေတတ်တာမျိုးပေါ့.. ဒီအခါမှာ ငယ်ပါထိပ်ရယ် အရေပြားရယ်ဟာ ယောင်လာမယ်..နာလာမယ်.. သွေးမရောက်တော့ပဲ ညိုပုပ်လာတတ်တယ်
ဒါပြင်
- လိင်အင်္ဂါတစ်ဝိုက် အနာရောဂါဖြစ်ဖူးသူ
- လိင်အင်္ဂါကို ထိခိုက်ဒဏ်ရာရဖူးသူ
- အရေပြားထိပ်ကို အားနှင့် နောက်သို့ ဆွဲချထားဖူးခြင်း
- အရေပြားထိပ်ဟာ သာမန်ထက် ပိုပီး တင်းကြပ်နေခြင်း
- အရေပြားထိပ်ကို အနောက်သို့ အချိန်ကြာကြာဆွဲချထားခြင်း စတဲ့သူတွေမှာ ပိုအဖြစ်များတယ်
မေ – ဒါဆို စိုးရိမ်ရတာပေါ့နော် ဆရာ..
ပိုင် – ဒါပေါ့ ဒီ paraphimosis ကတော့ စိုးရိမ်ရတယ်…
မေ – ကုလို့ကော ရလား ဆရာ ..
ပိုင် – ရပါတယ်… အဲ့နေရာတစ်ဝိုက်ကို ရေခဲအုပ်ထားနိုင်တယ် သွေးတွေ ပြည်တွေ ရှိရင် စုတ်ထုတ်ရမယ် ယောင်တာကို သက်သာအောင် ဆေးထိုးပေးလို့ရတယ်၊ဆေးလိမ်းလို့ရတယ်
ဒါတွေလုပ်ပီးလို့ သက်သာသွားရင်၊အယောင်ကျသွားရင် ထိပ်အရေပြားကို ပုံအမှန်နေရာရောက်အောင် ပြန်လုပ်ပေးမယ်..ဒီအခါမှာ အရမ်းနာကျင်တတ်တာမို့ အကိုက်အခဲပျောက်ဆေးတွေ ကြိုသောက်ထားသင့်တယ်
ဒါမှမဟုတ်ပဲ မသက်သာခဲ့ရင် ခွဲစိတ်မှု ပြုလုပ်ရတတ်တယ်…. လိင်အင်္ဂါအရေပြားထိပ်ကို လှီးဖြတ်ပြီး(circumcisionလုပ်ပြီး) ကုသရတတ်တယ်…ဒီလို လုပ်ခြင်းအားဖြင့် နောက်တစ်ခါ ထပ်ဖြစ်ဖို့ ကာကွယ်ပြီး ဖြစ်သွားမယ်…
မေ – ဒါဆို ခု ကျွန်မရဲ့သားလေးက အရမ်းလဲ မဆိုးဘူးဆိုတော့ သေချာဂရုစိုက်ရင် ရပီပေါ့နော်…
ပိုင် – အင်း ဒီလိုပြောရမှာပေါ့..
ဒါပေမယ့် သူရဲ့ ထိပ်အရေပြားလေးဟာ သာမန်ထက် ပိုရှည်နေရင် …
- တကိုယ်ရည် သန့်ရှင်းမှုရှိရမယ်…
- ဆီးသွားတာ ပုံမှန် လား …
- ငယ်ပါအရေပြား အရောင်ပြောင်းသွားသလား
- ယားယံမှု ၊နာကျင်မှုရော ရှိလား
အစရှိတာတွေကိုတော့ သတိပြုရမယ်နော့…ဒီကြားထဲမှာ ပြောခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်လဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်တယ်..
မေ – ကျေးဇူးပါ ဆရာရယ်..
ပိုင်နီမောင်
Reference : healthline
လိင္အဂၤါအေရျပား ေနာက္သို႔ ဆဲြခ်၍ မရျခင္း လိင္အဂၤါ ႏွင့္ အေရျပားကိုပံုမွန္ ေနရာမွန္ေရာက္ေအာင္ ျပန္ဆဲြမခ်ႏိုင္ျခင္း
ရာသီဥတု ပူအိုက္တဲ့ ညေနခန္းတစ္ခုမွာ ပိုင္နီေမာင္တစ္ေယာက္ ေဆးခန္းထိုင္ေနရင္း သားအမိႏွစ္ေယာက္ေဆးခန္းလာျပပါေလရဲ႕..
ေမ - ကြၽန္မသားေလးရဲ႕ ငယ္ပါထိပ္က ေယာင္ေနတယ္.. ၿပီးေတာ့ နာေနတယ္လို႔ ေျပာတယ္ ဆရာ... ဆီးသြားတဲ့အခါမွာလဲ ထိပ္ေလးက အရမ္းေဖာင္းလာလို႔ စိုးရိမ္လို႔ လာျပတာပါ...
ေအာ္ အင္း.. ထိုင္ပါဦး... ကေလးကို စမ္းသပ္ၾကည့္ပါရေစ...
ပိုင္ - ဟုတ္ပ..အေမေရ... ကေလးရဲ႕ ငယ္ပါ ထိပ္ေလးက ေယာင္ေနတယ္..ၿပီးေတာ့ နာတယ္ဆိုေတာ့... ဒါမ်ိဳးက တခ်ိဳ႕လူေတြမွာ ျဖစ္တတ္တဲ့ 'ငယ္ပါ'အေပၚက အေရျပားကို ဆဲြခ်လို႔ မရျခင္း(phimosis)လို႔ ေခၚတာမ်ိဳး ျဖစ္ေနတတ္တယ္....
ေမ -စိုးရိမ္ရလား ဆရာ
ပိုင္ - ဒီလိုေတာ့ ႐ွိတယ္... ကေလးရဲ႕ အသက္ရယ္.. ငယ္ပါထိပ္က ဘယ္ေလာက္ထိ ပိတ္ေနလဲ... ဘယ္လို လကၡဏာေတြ ႐ွိလဲ ေပၚမွာ မူတည္တယ္...
ဒီလို ငယ္ပါထိပ္အေရျပားကို ေနာက္ကိုဆဲြခ်မရတာဟာ ပံုမမွန္တာတစ္ခုေၾကာင့္ ျဖစ္ႏိုင္သလို တခ်ိဳ႕မွာလဲ အသက္ ငယ္တုန္းမို႔ အေရျပားကို ေနာက္ကို ဆဲြခ်မရတာမ်ဳိး ျဖစ္တတ္ပါတယ္ ...တခ်ိဳ႕ေယာက်ာ္းေလးေတြမွာဆိုရင္ အသက္ ၁၇ ႏွစ္ထိေလာက္ ျဖစ္တတ္တယ္... အဲ့ထက္ႀကီးတဲ့ ေယာက်ာ္းေလးေတြဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသၾကည့္သင့္တယ္...
ေမ - ဒါဆို ကြၽန္မကေလးက ခု အသက္ဆယ္ႏွစ္ဆိုေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့ေနာ္..
ပိုင္ - အဲ့လိုေတာ့ ေျပာရမွာေပါ့..
ေမ - ဒါဆို ဒီၾကားထဲမ်ား ကေလးေနမေကာင္းမွာစိုးေတာ့ သတိထားသင့္တဲ့ " လကၡဏာ"ေလးေတြ ေျပာျပပါလား... ဆရာ
ပိုင္ - ဆီးေပါက္တဲ့အခါမွာ အေရျပားထိပ္ေလးက ပူေဖာင္းလို အရမ္းေဖာင္းေနမယ္...ၿပီးရင္ ဆီးေခ်ာင္းကလည္း ပံုမွန္ထပ္ ေသးမယ္နည္းမယ္.... ဆီးထဲမွာ ေသြးပါလာတာတို႔ ျဖစ္တတ္တယ္...
ဒါ့ျပင္ အေရျပားထိပ္မွာ အရမ္းပိတ္ေနေတာ့ ေရာဂါပိုးဝင္ၿပီး ဆီးသြားတဲ့အခါ ဆီးက်ဥ္မယ္ဆီးပူမယ္..ဗိုက္ေအာက္ပိုင္းေတြ နာမယ္.. ဆီးအိမ္ထဲ ဆီးမ႐ွိေပမယ့္ စိတ္ထဲမွာ ဆီးသြားခ်င္သလို ျဖစ္ေနမယ္... ငယ္ပါထိပ္အေရျပားမွာ အျဖဴေရာင္အမာရြတ္လို ကြင္းေလး ေတြ႔ရတတ္တယ္...
အသက္ႀကီးတဲ့အမ်ိဳးသားေတြမွာ အေရျပားထိပ္မွာ နာတာမ်ိဳး႐ွိမယ္ .. တခါတေလမွာ.. ထိပ္ကေန အက်ိအခဲြၽေတြ ပါလာတတ္တယ္...လိင္ဆက္ဆံတဲ့ အခါမွာလဲ နာက်င္တာမ်ိဳး ႐ွိတတ္တယ္...
ေမ - ဆရာ ေျပာသြားသလိုဆို အသက္ႀကီးတဲ့ သူေတြမွာလဲ ျဖစ္တာေပါ့ေနာ္..
ပိုင္ - ဒါေပါ့ ... ဒါေပမယ့္ အသက္ႀကီးတဲ့ လူေတြမွာ အျဖစ္မ်ားတာကေတာ့ paraphimosis လို႔ေခၚတယ္...
" သူက တူမလိုနဲ႔ ကဲြျပားတယ္"...အေရျပားထိပ္ကို ျဖတ္ထားျခင္း မ႐ွိတဲ့၊အေရျပားသာမန္ထပ္ပို႐ွည္တဲ့သူေတြမွာ ျဖစ္တတ္တယ္... အေရျပားထိပ္ကို ေနာက္ကိုဆဲြၿပီး ပံုမွန္ေနရာမွန္ ျပန္မေရာက္ပဲ ျပန္မဆဲြခ်ႏိုင္ေတာ့တာ က်န္ေနတတ္တာမ်ိဳးေပါ့.. ဒီအခါမွာ ငယ္ပါထိပ္ရယ္ အေရျပားရယ္ဟာ ေယာင္လာမယ္..နာလာမယ္.. ေသြးမေရာက္ေတာ့ပဲ ညိဳပုပ္လာတတ္တယ္
ဒါျပင္
- လိင္အဂၤါတစ္ဝိုက္ အနာေရာဂါျဖစ္ဖူးသူ
- လိင္အဂၤါကို ထိခိုက္ဒဏ္ရာရဖူးသူ
- အေရျပားထိပ္ကို အားႏွင့္ ေနာက္သို႔ ဆဲြခ်ထားဖူးျခင္း
- အေရျပားထိပ္ဟာ သာမန္ထက္ ပိုပီး တင္းၾကပ္ေနျခင္း
- အေရျပားထိပ္ကို အေနာက္သို႔ အခ်ိန္ၾကာၾကာဆဲြခ်ထားျခင္း စတဲ့သူေတြမွာ ပိုအျဖစ္မ်ားတယ္
ေမ - ဒါဆို စိုးရိမ္ရတာေပါ့ေနာ္ ဆရာ..
ပိုင္ - ဒါေပါ့ ဒီ paraphimosis ကေတာ့ စိုးရိမ္ရတယ္...
ေမ - ကုလို႔ေကာ ရလား ဆရာ ..
ပိုင္ - ရပါတယ္... အဲ့ေနရာတစ္ဝိုက္ကို ေရခဲအုပ္ထားႏိုင္တယ္ ေသြးေတြ ျပည္ေတြ ႐ွိရင္ စုတ္ထုတ္ရမယ္ ေယာင္တာကို သက္သာေအာင္ ေဆးထိုးေပးလို႔ရတယ္၊ေဆးလိမ္းလို႔ရတယ္
ဒါေတြလုပ္ပီးလို႔ သက္သာသြားရင္၊အေယာင္က်သြားရင္ ထိပ္အေရျပားကို ပံုအမွန္ေနရာေရာက္ေအာင္ ျပန္လုပ္ေပးမယ္..ဒီအခါမွာ အရမ္းနာက်င္တတ္တာမို႔ အကိုက္အခဲေပ်ာက္ေဆးေတြ ႀကိဳေသာက္ထားသင့္တယ္
ဒါမွမဟုတ္ပဲ မသက္သာခဲ့ရင္ ခဲြစိတ္မႈ ျပဳလုပ္ရတတ္တယ္.... လိင္အဂၤါအေရျပားထိပ္ကို လွီးျဖတ္ၿပီး(circumcisionလုပ္ၿပီး) ကုသရတတ္တယ္...ဒီလို လုပ္ျခင္းအားျဖင့္ ေနာက္တစ္ခါ ထပ္ျဖစ္ဖို႔ ကာကြယ္ၿပီး ျဖစ္သြားမယ္...
ေမ - ဒါဆို ခု ကြၽန္မရဲ ့သားေလးက အရမ္းလဲ မဆိုးဘူးဆိုေတာ့ ေသခ်ာဂ႐ုစိုက္ရင္ ရပီေပါ့ေနာ္...
ပိုင္ - အင္း ဒီလိုေျပာရမွာေပါ့..
ဒါေပမယ့္ သူရဲ႕ ထိပ္အေရျပားေလးဟာ သာမန္ထက္ ပို႐ွည္ေနရင္ ...
- တကို္ယ္ရည္ သန္႔႐ွင္းမႈ႐ွိရမယ္...
- ဆီးသြားတာ ပံုမွန္ လား ...
- ငယ္ပါအေရျပား အေရာင္ေျပာင္းသြားသလား
- ယားယံမႈ ၊နာက်င္မႈေရာ ႐ွိလား
အစ႐ွိတာေတြကိုေတာ့ သတိျပဳရမယ္ေနာ့...ဒီၾကားထဲမွာ ေျပာခဲ့တဲ့ လကၡဏာေတြ ေတြ႔ရတယ္ဆိုရင္လဲ ဆရာဝန္နဲ႔ အျမန္ဆံုးျပသင့္တယ္..
ေမ - ေက်းဇူးပါ ဆရာရယ္..
ပိုင္နီေမာင္
Reference : healthline